Thursday, March 8, 2007

True or False

လူ့အဖွဲ့အစည်းမှာ နားမကြားသူတွေအတွက်နေရာ တစ်နေရာရှိသည်။ အဲသည်နေရာက နားကြားသူတွေ နှင့် တစ်ပြေးညီသောအဆင့်လည်းဖြစ်၏။
ကျွန်တော်/ကျွန်မတို့ကို မသနားပါနဲ့၊ ဂရုတော့စိုက်ကြပါ။ကျွန်တော်/ကျွန်မတို့ကို ကျောင်းတွေမှာ၊အလုပ် ခွင်မှာ၊ဒါမှမဟုတ် ကစားတဲ့နေရာမှာ နားကြားသူတွေကို ဆက်ဆံသလို ဆက်ဆံပါ။ ပြီးတော့ ဟောသည် မှားယွင်းတဲ့ အယူအဆတွေကို စွန့်ပစ်လိုက်ကြပါ။

မှားယွင်းသော အယူအဆများ
နားမကြားသူများသည် “နားမကြားသည့်အပြင် စကားလည်း မပြောတတ်ကြ” သို့မဟုတ် “နားမကြား သည့်အပြင် ဆွံ့လည်းဆွံ့အကြသည်”
နားမကြားသူ တစ်ယောက်သည်“နားမကြားသည့်အပြင် စကားလည်းမပြောတတ်” သို့မဟုတ် “နားမကြား သည့်အပြင် ဆွံ့လည်းဆွံ့အသေးသည်”ဟူသော အသုံးအနှုန်းက ရည်ညွှန်းသကဲ့သို့ အသိဥာဏ်မရှိဟူရွေ့ အဓိပ်ပါယ် မရပေ။ အီသည်မှာ အများဆုံးတွေ့နေရသည့်မှားယွင်းသော အယူအဆဖြစ်သည်။
နားမကြားသူများသည် စကားပီပီသသ မပြောနိုင်ပေ
နားမကြားသူများသည် မှန်ကန်သော အထောက်အကူပစ်စည်းများနှင့် သင့်လျော်သော ဆောင်ရွက်ချက် တွေဖြင့် စကားပြောနိုင်စွမ်းရှိလာနိုင်၏။ ပီပီသသလည်းပြောနိုင်၏။
သင်္ကေတ ဘာသာစကားသည် နိုင်ငံတကာ ဘာသာစကားတစ်ခုဖြစ်သည်
One Worldလုံး အသုံးပြုသည့် သင်္ကေတဘာသာစကား ဟူရွေ့မရှိပေ။နိုင်ငံအသီးသီးက မိမိ၏ ယဉ်ကျေးမှု ပေါ် အခြေခံလျက် သင်္ကေတ ဘာသာအမျိုးမျိုးကို အသုံးပြုကြသည်။
နားမကြားသူများသည် ဆောင်ရွက်မှု စွမ်းရည် နိမ့်ကျသည်
နားမကြားသူတစ်ယောက်သည် နားကြားဖို့လိုအပ်သော လုပ်ငန်းမှအပ နားကြားသူတစ်ယောက် လုပ်နိုင် စွမ်းရှိသော အလုပ်ဟူသမျှကို လုပ်နိုင်သည်။
နားကြားရေး အထောက်အကူ ပစ်စည်းများသည် နားမကြားခြင်းကို အပြည့်အ၀ ကုသပေးနိုင်၏။
မမှန်ပါ။နားကြားရေး အထောက်အကူပစ်စည်းများ(နားကြပ်)သည် ပတ်ဝန်းကျင်မှ အသံတွေကိုသာ အကျယ်ချဲ့ပေးနိုင်ပေသည်။
နားမကြားခြင်းကို အထူးဂရုစိုက်ပါ
နားမကြားသူများအား ကူညီရန်အတွက် စင်ကာပူ နားမကြားသူများအသင်းက ဆောင်ရန်၊ရှောင်ရန် ပြုစုထားသည့်စားရင်းတစ်ခုရှိသည်။
ဆောင်ရန်
-ရှင်းရှင်းလင်းလင်း ပြောပါ။စာရေးစက်ကူတွေနှင့်ခဲတံယူသွားပါ။
-နားမကြားသူတစ်ယောက်နှင့် စကားပြောသောအခါ မျက်စိဖြင့် ဆက်သွယ်ပါ။
-သူအာရုံစိုက်လာစေဖို့ နားမကြားသူလက်မောင်းကို အသာပုတ်ပါ။
ရှောင်ရန်
-မြန်မြန်မပြောပါနဲ့။ မပီမသ မပြောပါနဲ့။ အော်မပြောပါနဲ့။
-နားမကြားသူတစ်ယောက်နှင့် စကားပြောတဲ့အခါ သင့်မျက်နှာကို အုပ်မထားပါနှင့်။
-နားမကြားသူတစ်ယောက် အာရုံစိုက်လာအောင် သူ့အားစက်ကူတွေ သို့မဟုတ် အခြားပစ်စည်းတွေနှင့် မပေါက်ပါနှင့်။-နားကြားသူတွေကြားမှာရှိသော နားမကြားသူတစ်ယောက် အား လျစ်လျူမရှုပါနဲ့။

No comments: