Thursday, March 22, 2007

Diet and Weight Loss tips for youth!

အခု ကိုယ်ဖတ်ဖြစ်တဲ့ စာစောင်ထဲကဖတ်ဖြစ်တာလေး ပြန်ဝေမျှချင်ပါတယ်။ လူငယ်တွေအတွက် အလေးချိန်တိုးစေနိုင်မယ့် အပြုအမူ၊အနေအထိုင်၊စားသောက်မှုတွေကို မြေလှန်ပြောင်းလဲပစ်ဖို့ ၀န်မလေးသင့်သလို ကျန်းမာစွာနဲ့ ခန္ဓာကိုယ် အလေးချိန်လျှော့ စေဖို့ နည်းပေါင်း(၁၅)နည်းကို ဖော်ပြပေးလိုက်ပါတယ်။ အရင်ဖော်ပြခဲ့တာတွေနဲ့ မတူတာကလူငယ်တွေပြုမူတဲ့အပြုအမူတွေပေါ် မူတည်ပြီးအကြံပေးထားတာပါ။
(၁)အစားအသောက်တွေကို စားမယ်ဆိုရင် လတ်လတ်ဆတ်ဆတ် ၀ယ်စားပါ။ စားမယ့် စားစရာတွေကို ကြိုပြီးဝယ်မထားပါနဲ့။ဝယ်ထားမိရင်လည်း မြင်လွယ်တဲ့နေရာမှာ မထားမိ အောင် ကြိုးစားပါ။
(၂)ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် အစားအသောက်တွေကို မြင်သာတဲ့ နေရာမှာထားပါ။ဥပမာ- အရည်ရွှမ်းသော အသီးအနှံများ၊အသီးအရွက်များ။
(၃)နံနက်စာကို ပြည့်ပြည၀၀ကောင်းကောင်းမွန်မွန် စားပါ။ကိုယ်အလေးချိန် တိုးသူတွေ ဟာ မနက်စာကို ဂရုတစိုက် မစားတတ်တာကို တွေ့ရပါတယ်။
(၄)ကယ်လိုရီများများပါတဲ့ ဖျော်ရည်တွေကိုလည်း သတိထားရှောင်ပါ။တချို့ဖျော်ရည်တွေ ဟာ တစ်ဘူးမှာ ကယ်လိုရီ ၄၅၀လောက် ရှိတဲ့အတွက် ဖြစ်ပါတယ်။
(၅)ချက်ပြုတ်ပြီး ပြင်ဆင်ထားတဲ့ ဟင်းလျာတွေကို စားပွဲပေါ်မှာ ထမင်းစားချိန် မဟုတ်ဘဲ ပြင်ဆင်မထားပါနှင့်။
(၆)အဆီမပါတဲ့ ဟင်းရည်ကို များများသောက်ပေးပါ။ဒါမှလည်း ထမင်းဟင်းကို များများ စားခြင်းမှ ရှောင်နိုင်ပါလိမ့်မယ်။
(၇)အသား၊ငါး ဟင်းလျာကို ဘယ်နှဖတ် ယူစားမလဲဆိုတာ သတ်မှတ်ထားပါ။ လိုတာထက် ပိုမစားမိအောင် သတိထားပါ။
ဂ)အလုပ်မရှိဘဲ မီးဖိုဆောင်ထဲမနေပါနှင့်။အစားအသောက်ရှိတဲ့နေရာမှာ အနေကြာရင် အမှတ်မထင် မဆာဘဲနဲ့ ဟိုအစား ကောက်စား၊သည်အစားကောက်စားမိတတ်ကြပါတယ်။
(၉) အစားအသောက်ကို အနံ့အရသာ ခံပြီးစားပါ။ဒါမှလည်း စိတ်ကျေနပ်မှုရှိပြီး အနံ့ရှူရုံနဲ့ လည်း ၀သွားနိုင်ပါတယ်။အငမ်းမရ ပလုတ်ပလောင်း စားတတ်သူတွေ အစားပိုဝင်တတ်ပါ တယ်။
(၁၀)စိတ်ဖိစီးမှုဒဏ်ခံရချိန်မှာ အစားအသောက်ဖိစားဖို့ မကြိုးစားပါနှင့်။ အသက်ကို ပြင်းပြင်းနဲ့မှန်မှန် ရှူပြီး အနားယူသင့်သလို ရေနွေးကြမ်းပူပူကို အေးအေးဆေးဆေး သောက်နေနိုင်ပါတယ်။
(၁၁)အစားအသောက်စားနေစဉ်မှာ စာဖတ်ခြင်း၊တီဗွီကြည့်ခြင်း၊စာရင်းဇယားလုပ်ခြင်းများ ကိုရှောင်ပါ။
(၁၂)ညစာ စားပြီးတဲ့ အခါမှာ အိမ်အပြင်ထွက်ပြီး လမ်းလျှောက်ပါ။အညောင်းအညာ ပြေပြီး အစာလည်း ကြေပါလိမ့်မယ်။
(၁၃)အစာစားပြီးတိုင်း သွားတိုက်ကျင့်လုပ်ထားပါ။ ခံတွင်းသန့်ရှင်းနေတဲ့အခါမျိုးမှာ အစာ ထပ်စားချင်စိတ်ကို စောင့်ထိန်းထားနိုင်တဲ့အတွက်ပါပဲ။
(၁၄) ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေကို သတ်မှတ်ချက်ထားပြီး စားသောက်ပါ။ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊လက်ဖက်ရည်များဟာ သောက်စမှာ အကြောအခြင်များ နိုးကြွ ပြီး အလုပ်လုပ်လို့ ကောင်းတယ်လို့ထင်ရပေမယ့် ကြာလာတဲ့အခါ တွေဝေပြီး စိတ်မကြည် မလင်ဖြစ်တတ်သလို အလိုဆန္ဒတွေကိုလည်း မဆင်မခြင် လိုက်လျောတတ်ပါတယ်။
(၁၅)ကောင်းမွန်တဲ့ အစားအစာတွေဟာ သိမ်းထားဖို့မဟုတ်ပါ။ကိုယ်လည်း စား၊ ပတ်ဝန်း ကျင်မှာရှိတဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကိုလည်း ပေးလှူပါ။

No comments: