Tuesday, March 6, 2007

Today Reading- 01

ဒီနေ့ကျွန်တော်ဖတ်ဖြစ်တဲ့ တင်မြင့်ရဲ့ ၀တ်ထုထဲမှာပါတာလေးတွေ ရေးပြချင်ပါသေးတယ်။ မူးယစ်ဆေးစွဲနေတဲ့ ဇာတ်လိုက်က ဆေးဖြတ်ချင်တယ်။ဒါပေမဲ့ ဆေးရောင်းတဲ့အဖွဲ့က ဖြုန်းအား ကောင်းသူကို ဆေးမပြတ်စေချင်ဘူး။ဘယ်လို မြူဆွယ်တယ်။ ခြိမ်းခြောက်တယ် ဆိုတာတွေ မူးယစ်သံသရာတွေကို ပြောပြချင်လို့ပါ။
(၁)
“ဆေးစွဲနေတဲ့လူတွေထဲမှာ မိဘမချောင်လည်တဲ့လူတွေလည်းရှိတယ်။ အဲဒီလိုလူတွေက သားလိုမိဘချမ်းသာသူတွေကို ဆေးစွဲသွားအောင်လုပ်ပြီး..သူတို့အတွက်ပါ သားက ဆေး ဒကာခံရတာလေ။အဲဒီအကွက်ထဲ သားဝင်သွားတာပါ။ဒါကြောင့် ပဲခူးမှာ သားဆေးဖြတ်ရင် သူတို့က သားကိုပြန်ပြီး ဆေးပြန်စွဲအောင် လုပ်ကြမှာပဲ။ဒါကြောင့် ဒီကဆရာဝန်ကြီးကိုယ်တိုင် က သားဆေးဖြတ်ရင် ပဲခူးမှာ မဖြတ်နဲ့တဲ့”
(၂)
“မင်းဆေးမဖြတ်ရဘူး။ငါက အဖွဲ့ခေါင်းဆောင်အနေနဲ့ တားမြစ်တယ်”
“ဘာဆိုင်လဲ”
“သိပ်ဆိုင်တာပေါ့၊ မင်းဟာ ငါတို့အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ပြီ။ငါတို့အဖွဲ့ရဲ့ လှုပ်ရှားမှုနဲ့ လုပ်ဆောင်မှုအားလုံး မင်းသိနေပြီ။ဒီလိုအတွင်းသိ အဖွဲ့ဝင်တစ်ယောက်ဆေးဖြတ်တာဟာ တို့အဖွဲ့က ထွက်သွားရာရောက်တယ်၊အပြင်မှာ တောင်ပြောမြောက်ပြောနဲ့ သတင်းပေး သဘောဖြစ်သွားတယ်၊ဒါဟာ အဖွဲ့ကို သစ်စာဖောက်တာပဲ”
“မင်းကောင်းကောင်းသိပါတယ် အောင်နေမျိုး ငါတို့အဖွဲ့ဟာ စကားအပိုပြောလေ့မရှိဘူး။ လက်တွေ့သမားတွေ၊နောက်တစ်ချက်က ငါက ပဲခူးမှာအဖွဲ့ခေါင်းဆောင်ဆိုပေမဲ့ ငါ့ထက် အဆင့်မြင့်တဲ့သူရှိသေးတယ်။ ငါတို့အဖွဲ့ရဲ့မူအရတော့ အဖွဲ့ထဲဝင်လာတဲ့လူဟာ အသက်ရှင်ပြီး ပြန်မထွက်သွားစေရဘူးပဲ”
လူကိုချုပ်ကိုင်ထားစေပြီး အင်္ကျီချွတ်ခါ ကျောပြင်ရင်ဘတ်နေရာများကို စီးကရက်မီးနှင့်ထိုး မည်။ဒုတိယ ခြေထောက်ညို့သကြီးပေါ်တွင် ဒလိမ့်တုံးလှိမ့်မည်။ ယခင်လူတွေတုန်းကတော့ ထိုနှစ်နည်းနှင့်ပင် ကြောက်ပါပြီဗျ..အဖွဲ့ကမထွက်တော့ပါဘူးဗျ။အဖွဲ့အပေါ် ဘယ်တော့မှ သစ်စာမဖောက်တော့ပါဘူးခင်ဗျ...ဟုဝန်ချတောင်းပန်သည်နှင့် ပြန်လွှတ်ပေးသည်။
(၃)
“ဆေးဖြတ်တယ်ဆိုတာ အဓိကလိုအပ်ချက်က ဆေးဖြတ်ချင်သူကိုယ်တိုင်ရဲ့ တကယ့်ဆန်ဒက အရင်းခံပါတယ်ဖေဖေ၊တကယ်ပြတ်ချင်လို့ ဘာဖြစ်ဖြစ်တောင့်ခံမယ်ဆိုရင် ရက်တိုတိုနဲ့ ပြတ်သွားမှာပဲ။ သူ့ကိုကုသပေးရတဲ့ဆရာဝန် လုပ်ပေးရတာက ဆေးကိုဖြတ်ပြီး သူမှီဝဲနေက အချိန်မှာ မမှီဝဲရလို့ သူ့ခန်ဓာရဲ့ သွေးကြောတွေ ဆေးတောင်းခံလာချိန်မှ ခံနိုင်ရည်ရှိအောင် လိုအပ်တဲ့ ဆေးထိုးပေးရမယ်။သောက်ဆေးပေးရမယ်၊ စိတ်ပိုင်းဆိုင်ရာနဲ့ သူ့စိတ်တွေ အာရုံ ပြောင်းသွားအောင် လုပ်ဆောင်ပေးရမယ်။ဥပမာ - ကျားထိုးတာဝါသနာပါရင်ကျားထိုး ပလေ့စေဆိုတဲ့သဘောပေါ့ဖေဖေ..သူ့အာရုံက ဆေးမှီဝဲတာတို့မေ့ပျောက်သွားစေဖို့ပဲ”
“ဆေးဖြတ်တယ်ဆိုတာ..နှစ်နည်းရှိတယ်။ပထမနည်းက အစိမ်းဖြတ်နည်း၊ဒုတိယနည်းကတော့ အနုနည်းဆိုပါတော့။ ပထမအစိမ်းဖြတ်နည်းကတော့ ကြမ်းတယ်..ဒါပေမဲ့ ဆေးအပြတ်မြန် တယ်။ဒုတိယနည်းကတော့...နုတယ် အဖြတ်ခံရသူအတွက်သက်သာတယ်။ဒါပေမဲ့အချိန်ကာ လကြာမယ်။”
“အခန်းထဲထည့်ထားပြီး တံခါးကိုပိတ် သော့ခတ်ထားမယ်၊ ဆေးသုံးခွင့်လုံးဝမပေးဘူး။ ယတိပြတ် ဖြတ်တာပဲ။ အချိန်ကျရင် အောင်အောင်ရဲ့ ခန်ဓာသွေးကြောတွေက ဆေးတောင်း ခံလာမယ်။ အဲဒီမှာ အောင်အောင်မခံမရပ်နိုင်အောင်ခံစားရမယ်၊ အဲဒီမခံမရပ်ခံစားရတာကို မမနွေးက ခံနိုင်ရည်ရှိအောင် ဆေးထိုးပေးမယ်။သောက်ဆေးသောက်စေမယ်။အဲဒါ အစိမ်းဖြတ်နည်းပဲ။အပြတ်မြန်တယ်။”
“နေ့စဉ်...စီးကရက်အလိပ် သုံးဆယ်သောက်နေရာက တစ်နေ့ကို ငါးလိပ်စီလျှော့သွားမယ်၊ အဲဒီမှာ စားဆေး ထိုးဆေးကတော့ မမနွေးသင့်တော်သလိုဆောင်ရွက်ပေးမယ်။နောက်ဆုံး လုံးဝဆေးလိပ်မသောက်တဲ့အထိပေါ့။ အဲဒါက ရက်သိပ်ကြာတယ်၊လူတော့ သပ်သာတာ ပေါ့လေ။”
ကျွန်တော်ဖတ်ဖြစ်တဲ့စာအုပ်လေးထဲက ရေးထည့်ပေးလိုက်တာပါ။ အားလုံးမဟုတ်ပေမယ့် ဆေးသမား သဘာဝလေးတစ်ချို့သိစေချင်လို့ဆိုပါတော့လေ။

No comments: