Friday, March 16, 2007

Quote

ကျွန်တော်တစ်ခါတစ်လေ Magazineတွေဖတ်တဲ့အခါ ကျော်ကြားသူတွေရဲ့ အင်တာဗျူးတွေကို ဂရုတစိုက်ဖတ်လေ့ ရှိပါတယ်။ သူတို့ဘယ်မေးခွန်းကိုဘယ်လိုဖြေတယ်၊သူတို့ဘာတွေဖြေကြတယ်ဆိုတာကို သိရသလိုသူတို့ စရိုက် ဓလေ့ စတာတွေကို သူတို့အဖြေတွေကတစ်ဆင့် သိရပါတယ်။ နောက်ပြီးသူတို့ ငယ်စဉ်က အတွေးတွေ ကိုသိရသလို သူတို့ ကျိုးစားလေ့လာပုံတွေကို သိရှိနိုင်ပါတယ်။ကျွန်တော် ကြိုက်တဲ့စကားလေးတွေကို စာအုပ်တစ်အုပ်နဲ့မှတ်သားလေ့ရှိပါ တယ်။အဲဒီထဲကမှ နည်းနည်းလောက်ကို သူငယ်ချင်းတို့ကိုပြောပြမယ်ဖတ်ကြည့်နော်။
(၁)
“ကျွန်တော်တို့လည်း ကိုယ့်ထက်တော်တဲ့လူနဲ့ တွေ့ရင်လက်တွန့်တာပဲ၊ ဒါမဆန်းပါဘူး။ ကိုယ့်ထက်သာတဲ့လူလည်း ရှိမယ်၊ ကိုယ့်ထက်နိမ့်တဲ့လူလည်းရှိမယ်။ကိုယ့်ထက်သာတဲ့လူရှိလို့ မတီးတော့ရင် ကိုယ်ပဲမတိုးတက်မှာ၊ကိုယ့်ထက်နိမ့် တဲ့လူကိုကြည့်ပြီး ကိုယ့်ကိုယ်ကို ကျေနပ်အားရပြီးမလေ့ကျင့်ဘဲနေရင်လည်း ကိုယ်ပဲမတိုးတက်မှာဘဲ၊ အဲဒီတော့ ကိုယ့်ဂီတာတီးခဲ့တာ ကိုယ်တီးချင်လို့တီးခဲ့တာ၊ ဘယ်သူ့ကိုမှကြည့်ပြီးမတီးဘဲနေစရာအကြောင်းမရှိဘူး ဒါဘဲ”
Lay Phyu
(ပေါ်ဦးသစ် - ကျွန်တော်ဖြတ်သန်းခဲ့သော လေးဖြူ စာအုပ်မှ)
(၂)
ကိုယ်ဝါသနာပါပြီး ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်ကြတဲ့ လူငယ်တိုင်းအတွက် အောင်မြင်နိုင်ဖို့ လိုအပ်ချက်
“အဓိက ကတော့ စိတ်ဆန္ဒပေါ့။ဖြစ်ချင်တဲ့ စိတ်ဆန္ဒရယ်၊အဲဒီစိတ်ဆန္ဒနောက်ကို လိုက်လုပ်နိုင်မယ့် စိတ်ခွန်အား၊ လူ့ခွန်အား ပြီးတော့ တော်ရုံနဲ့မဖြစ်တဲ့အခါမှာ နောက်မဆုတ်တဲ့ ဇွဲသတ္တိမျိုးပေါ့။ အဲဒါမျိုးတွေ အခြေခံလိုအပ်ပါတယ်။”
Sai Sai Khan Hlaing
(Emperor Magazine – Feb 2005 Page 20)
(၃)
လူငယ်တစ်ယောက် အောင်မြင်ဖို့၊အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းနိုင်ဖို့
“အသိ၊အတွေ့အကြုံများတဲ့သူတွေနဲ့ပေါင်းပါ။ သူတို့တွေပြောတဲ့စကားကို နားထောင်ပါ။ မယုံပါနဲ့ဦး၊ ကိုယ့်ဘ၀နဲ့ နှိုင်းယှဉ်ကြည့်လိုက်ပါ။ ယူသင့်တယ်ဆိုရင်ယူ၊ယူပြီးရင်လုပ်၊လုပ်ပြီးရင် အဲဒီလူနဲ့တစ်ခါပြန်တိုင်ပင်။ ကျွန်တော်တော့ လုပ်နေပြီ ဖြစ်သလား၊မဖြစ်ဘူးလား။မဖြစ်သေးရင် ဘာဆက်လုပ်မလဲ။ ကျွန်တော် တိုးတက်စေချင်တယ်ဗျာ။ တိုးတက်တယ်ဆိုတာ ဘတ်စ်ကားတိုးတက်တာကို ပြောတာမဟုတ်ဘူးနော်၊ အသိ၊ အသိဥာဏ်ကို တိုးတက်စေချင် တာ”
Kyaw Hein
(Emperor Magazine – Feb 2005 Page 26)
(၄)
“အရေးကြီးတဲ့ အရာတိုင်းကို ထောင့်စေ့အောင် စဉ်းစားတွေးခေါ်ပြီးမှလုပ်ပါ။ ဘ၀ဆိုတာ ကက်ဆက်ခွေတစ်ခုလို နောက်ပြန်လှည့်လို့မရဘူး။”
Myint Moe Aung (တေးရေး)
ကဲသူငယ်ချင်းတို့ မှတ်သားထားတဲ့ စကားလေးတွေကိုလည်း ဝေမျှပါဦးနော်။

No comments: