Saturday, March 3, 2007

“ချစ်တယ်” လို့ပြောလိုက်တယ်

ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ဆန့်ကျင်ဘက်ကို ဖြစ်နေတာ။ဒါပေမဲ့ ကျွန်တော့်ရင်ထဲမှာ နာကျင်မှုကိုခံစားရလွန်းလို့ ယောက်ျားတန်မဲ့ မျက်ရည်တွေက မရပ်မနားကိုကျချင်နေ တော့တာ။ အရာရာက ပြောင်းလဲခဲ့ပါပြီ။အပြင်ပန်းအနေနဲ့တော့ ကျွန်တော် ကြိုးစား ပြီးနေပေမယ့် အတွင်းဘက်မှာ တော့အထီးကျန်မှု၊နာကြည်းမှုအပြည့်နဲ့ပေါ့။ ကျွန်တော်က တော့ အပြုံးနဲ့ ဖုံးကွယ်ထားပေမယ့် ရူးကြောင်ကြောင် ဖြစ်နေတာ အမှန်ပါ။
ကျွန်တော်ဆိုတဲ့ ကောင်လေးဟာ အမြဲတမ်း ခံစားရတာကို အမှန်တိုင်းပြောတတ်သူပါ။ ခုတော့လိမ်ပြောနေခဲ့ပါပြီ။ “ချစ်ပါတယ်”လို့ပြောခဲ့တဲ့ ကိတ်စမှာတော့ လိမ်ညာမှုတစ်ခုပါပဲ။ ကျွန်တော်လေ လူတွေစကားကိုလွယ်လွယ်ပြောသံကြားရရင် ဒေါသဖြစ်တတ်သူပေါ့။ သူတို့တစ်တွေ “ချစ်တယ်”လို့လွယ်လွယ်ပြန်ပြောတတ်ကြာတာလေ။ ခုလည်း အဓိတ်ပါယ် သိပ်မရှိလှတဲ့ “ချစ်တယ်”ဆိုတာကို တကယ်မချစ်ဘဲ အထီးကျန်ဆန်တဲ့ဘ၀ ကလွတ်မြောက် အောင် ကျွန်တော် သူမကိုပြောခဲ့တာ။ကိုယ့်ကိုယ်ကိုယ်လည်း အမှန်တိုင်းပြောခဲ့တယ်ဆိုပြီး အတင်းကို ယုံခိုင်းနေမိခဲ့ပါရဲ့။
တစ်ချိန်လုံး ကျွန်တော် အမှန်တရားကို ဖုံးကွယ်ခဲ့ပါတယ်။ကျွန်တော် တကယ်ချစ်ခဲ့တာ မဟုတ်ပါဘူး။ကျွန်တော့်ရဲ့ ယုံကြည်မှုတွေကို အားလုံးဆန့်ကျင်ခဲ့ပြီး ကျွန်တော် တကယ်ချစ်ခဲ့သူကို ပြောမပြ၀ံ့ခဲ့တာ....။

1 comment:

Yan said...

ရွှေမင်းသားလေးရေ…
Blog လေးက မဆိုးပါဘူး။ ကောင်းပါတယ်. ဖြည်းဖြည်းချင်းနဲ့ useful widget လေးတွေ ဆွဲထည့်သွားလိုက်ပေါ့. ဘယ်လို Tool လေးတွေရနိုင်လဲဆိုတာ တစ်ခြား Blogger တွေရဲ့ Site ကနေလေ့လာနိုင်သလို ကျွန်တော်တို့ Forum မှာ Admin ကြီးရေးထားတဲ့ Free essential tools for blogger blogs မှာလည်း ရနိုင်ပါတယ်။ ဒီလိုကဗျာမျိုးလေးတွေရေးသားနိုင်တဲ့ Blogger မျိုးလေးတွေကို Forum ရဲ့ Poem Corner ကိုဖိတ်ခေါ်ပါတယ်ဗျာ…