Thursday, March 22, 2007

Diet and Weight Loss(2)

*မိမိကိုယ်ကို ၀မ၀သိချင်ရင်
ခါးနှင့်တင်ရှိသင့်သည့်အချိုး(Waist to Hip Ratio)ကို လိုချင်သိချင်ရင် ခါးပတ်လည် အတိုင်းအတာ(စင်တီမီတာ) ကို တင်ပတ်လည်အတိုင်းအတာ(စင်တီမီတာ)နှင့်စားကြည့် ပါ။ အမျိုးသားတွေအတွက်ရှိသင့်တဲ့ ခါးနဲ့တင်အချိုး(Healthy Waist To Hip Ratio) ဟာ 1.0အောက်ဖြစ်ပြီး အမျိုးသမီးများအတွက်ကတော့ 0.8အောက်ဖြစ်ပါသည်။ အမျိုးသားဖြစ်စေ၊အမျိုးသမီးဖြစ်စေ သည်အချိုးနဲ့ကိုက်ညီစွာရှိနေမယ်ဆိုရင် ၀လာပေမဲ့ အလှမပျက်သေးဘူးလို့ဆိုရမှာဖြစ်ပါတယ်။ လူတစ်ယောက်အတွက်ရှိသင့်တဲ့ ခန္ဓာကိုယ်အလေးချိန်ကို ခန္ဓာကိုယ်ဒြပ်ထုညွှန်းကိန်း(Body Mass Index)အနေနဲ့ အောက်ပါအတိုင်းတွက်ယူသိရှိနိုင်ပါတယ်။ ခန္ဓာကိုယ်ဒြပ်ထုညွှန်းကိန်းကို လိုချင်လျှင် ခန္ဓာကိုယ်အလေးချိန်(ကီလို) ကို အရပ်အမြင့်(မီတာ) နှင့်စားပါ။နောက်တစ်နည်းအနေနဲ့ကတော့ (ပေါင်x၀.၄၅)ကီလို ကို (လက်မx၀.၂၅၄)မီတာ နှင့်စားရင်လည်းရနိုင်ပါတယ်။ အရွယ်ရောက်သူတစ်ဦးအတွက်ရှိသင့်တဲ့ ခန္ဓာကိုယ်ဒြပ်ထုညွှန်းကိန်းဟာ ၂၀မှ၂၄.၉အတွင်း ဆိုရင် အလွန်ကျန်းမာရေးကောင်းသူပဲဖြစ်တယ်။ ၂၀အောက်ရှိသူနဲ့ ၂၅အထက်ရှိ သူတွေဟာ ကိုယ်လက်မအီမသာနှင့်တရှောင်ရှောင်ရောဂါဖြစ်လေ့ရှိသူများပဲဖြစ်ပါတယ်။ သည်အဆင့်ဟာ အလေးချိန်ကို ထိန်းသိမ်းပြီးလျော့သင့်တဲ့အဆင့်ပဲဖြစ်ပါတယ်။ ခန္ဓာ ကိုယ် ဒြပ်ထုညွှန်းကိန်း ၃၀ကျော်သွားပြီဆိုရင် မိမိကိုယ်ကို အလွန်ဝနေကြောင်းသိရပါ မယ်။
*ဗိုက်ပူသူတွေအတွက်ဘယ်လိုနေထိုင်စားသောက်သင့်သလဲ
့ပုံမှန်စား၊ပုံမှန်လေ့ကျင့်လှုပ်ရှားပါ။ အစားလည်းကောင်းကောင်းစားပါတယ်။လေ့ကျင့်ခန်းလည်းပုံမှန်လုပ်တယ်။ဒါပေမဲ့ ဗိုက်က တော့ပူတာပါပဲတဲ့။ဒါဆိုရင် ဘယ်လိုလုပ်ရမလဲ - ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့နဲ့ လှပဖို့အတွက် အစာကိုလည်းမှန်ကန်တဲ့နည်းလမ်းနဲ့ပုံမှန်စား သလို၊လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာလည်း ခန္ဓာကိုယ်မှာလိုအပ်တဲ့ အနေအထားအလိုက် လေ့ကျင့်ခန်းတွေကို ရွေးချယ်ပြီးပြုလုပ်သင့်ပါတယ်။နောက်တစ်ခုက စားတာသောက်တာ တစ်ခုထဲကြောင့် ခန္ဓာကိုယ်အချိုးအစားမလှတာ မဟုတ်ဘူးနော်။ စားလာတဲ့ အစားအသောက်တွေနဲ့ ခန္ဓာကိုယ်အချိုးအစား လှုပ်ရှားမှုမညီလို့သာ၊ ၀တာတို့ ဗိုက်ပူတာ တို့ဖြစ်တာလေ။ဆင်ချင်ရမယ့်အချက်တွေကို လေ့လာကြည့်ရအောင်လား။ လုပ်သင့်တာ၊ မလုပ်သင့်တာနှစ်မျိုးခွဲခြား ကြည့်ရအောင်နော်။
ဘယ်လိုစားမလဲ
(၁)အစားအသောက်ပုံမှန်စားသောက်ပါ။အထူးသဖြင့်နံနက်စာစားတဲ့အချိန်မှာ နေ့စဉ် ပုံမှန် စားသောက်တဲ့အလေ့အကျင့်ကို ပြုလုပ်ပါ။ညနေစာကိုတော့ များများနဲ့တအားကြီး မစားမိဖို့တော့လိုတယ်။မနက်ပိုင်းမှာ လှုပ်ရှားမှုတွေများသလောက်၊ညပိုင်းမှာ လှုပ်ရှားမှု နည်းတဲ့အတွက် ညစာများများစားထားမိရင် အစာမကျေရင်ပြည့်ရင်ကယ်ဖြစ်တတ်တယ် နော်။နောက်တစ်ခုက ကယ်လိုရီဓာတ်သိပ်နည်းလွန်းတဲ့အစာ စားသောက်တာမျိုးကို မစားသင့်ဘူး။စားသင့်တဲ့ ကယ်လိုရီပါအောင်တော့ စားရမယ်နော်။ (၂)အသား၊အသီး၊အသီးအရွက်နဲ့ Cholesterolနည်းတာကိုစားသုံးသင့်ပါတယ်။ (၃)ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။အစာစားပြီး ခဏလောက်မတ်တပ်ရပ်ပါ။ ဟိုနားဒီနားလမ်း လျှောက်ပါ။ လှဲအိပ်တာတို့၊မှိန်းတာတို့ မလုပ်ရဘူးနော်။ (၄)အစာစားသောက်တဲ့အခါ များများနဲ့ မြန်မြန်စားသောက်တဲ့အကျင့်ရှောင်ပါ။ဖြေးဖြေး မှန်မှန်စားသောက်ဖို့လိုပါတယ်။ ၀မ်းဗိုက်ထဲမှာ လေတွေနဲ့ပြည့်ပြီး နေမထိထိုင်မသာ ဖြစ်တတ်ပါတယ်။ နောက်တစ်ခုသတိထားရမှာက Stressကိုလည်းပိုများစေတယ်နော်။ (၅)ပိန်ဆေးတွေသောက်ပြီး ပိန်အောင်လုပ်တာအန္တရယ်ကြီးပါတယ်။ အစာမစားတဲ့ဆေး တွေသောက်ပြီး အစာလျှော့စားရင် လေနာ၊ဗိုက်ကအောင့်၊လေရောဂါတွေဖြစ်ပြန်ရော။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အစာကိုစားပြီး၊စားထားတဲ့ အစာနဲ့ညီမျှတဲ့ လေ့ကျင့်ခန်း လှုပ်ရှားမှုတွေ လုပ်ထားဖို့လိုတယ်ဆိုတာ ထပ်သတိပေးချင်တယ်။(၆)ဆေးလိပ်ကိုဖြတ်၊အရက်ကိုတတ်နိုင်သမျှရှောင်ပါ။ကော်ဖီကလူကိုဒုက္ခပေးတယ်နော်။ (၇)ရေများများသောက်ဖို့လိုတယ်။တစ်နေ့ကိုရေနှစ်လီတာခန့် သောက်ရပါမယ်။ (၈)အစာစားတဲ့အခါ မှန်မှန်စားသောက်ဖို့လိုတယ်။အစာ စားတဲ့အခါ ဆီများအစပ်များတဲ့ အစာကိုရှောင်ပါ။ဝမ်းဗိုက်ကလေတေါကို ပိုပွပြီးဝမ်းဗိုက်ကို ပိုပူစေတယ်လေ။ (၉)၀မ်းဗိုက်ကိုMessageလုပ်ဖို့လိုပါတယ်။ဝမ်းဗိုက်ထဲမှာလေတွေပြည့်နေတာ ပူဖောင်းထဲ လေသွင်းထားသလိုဖြစ်နေတယ်လေ။Messageလုပ်လိုက်တာနဲပ လေတွေက တခြားနေရာ ကို ရွေ့သွားလိမ့်မယ်။ဝမ်းဗိုက်ထဲမှာလေတွေ လျော့သွားတော့ ပိုပြီးနေလို့ထိုင်လို့ကောင်း မယ်လေ။ အဲဒါတွေကတော့ ဗိုက်မှာအဆီစုနေတဲ့ ဗိုက်ပူသူတွေလိုက်နာသင့်တဲ့ အချက်လေးတွေပါပဲ။ အစာလျော့စားတာတင်မကဘဲ လေ့ကျင့်ခန်းပါတွဲလုပ်မယ်ဆိုရင် အထိရောက်ဆုံးနဲ့ အလျင်အမြန်ဆုံးကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရရှိမှာမလွဲပါဘူး။

No comments: