Thursday, March 22, 2007

Diet and Weight Loss(4)

ဝတဲ့သူတွေဟာ သူတို့ရဲ့နေထိုင်မှုဟန်ပန်(LifeStyle)နှင့်လိုက်လျောညီထွေရှိမယ့် နည်းလမ်းအသွယ် သွယ်နှင့် ကိုယ်အလေးချိန်ချဖို့အမျိုးမျိုးအဖုံဖုံကြိုးစားနေကြပါတယ်။ ဒါပေမဲ့ စိတ်အချရဆုံး နှင့်အကောင်းဆုံးပေါင်ပိုတွေ လျှော့ချပစ်တဲ့ နည်းလမ်းကတော့ မျှတသင့်တင့်တဲ့ ကယ်လိုရီ ထိန်းသိမ်း စားသုံးမှုနှင့်အတူ ပုံမှန်လေ့ကျင့်ခန်းပူးတွဲ လုပ်ဆောင်ခြင်းပါပဲ။ ၀ိတ်ချချင်လို့ အဲ....ကိုယ်အလေးချိန်ချချင်လို့ ကိုယ်စားနေကျအစီအစဉ်ကို ပြောင်းဖို့မလိုပါ ဘူး။စားနေတဲ့ ပမာဏကိုသာ ပြောင်းဖို့လိုပါတယ်။ကိုယ်အလေးချိန် နည်းနည်းပါးပါးချချင်ရုံ ကတော့ တစ်နေ့ကယ်လိုရီ၂၃၀၀စားရမယ်လို့ သတ်မှတ်ထားတာကို ၁၀၀၀လောက်လျှော့ချ ပြီးစားလိုက်ရုံနှင့်ရပါတယ်။တကယ်လို့ အတော်ကလေး ကျသွားစေချင်ရင်တော့ တစ်နေ့ ကယ်လိုရီ၁၂၀၀နှုန်းနှင့် ရက်ကြာကြာလေးစားသွားမှ ဖြစ်နိုင်ပါလိမ့်မယ်။ အခြေခံဝိတ်ချရမယ့်ကျင့်စဉ်က သကြားဓာတ်နှင့် ပြည့်ဝဆီကို လျှော့စားပြီး အမျှင်ဓာတ် (ဖိုင်ဘာဓာတ်)နှင့်ကစီဓာတ်(ကော်ဓာတ်)ပိုစားပေးဖို့ပါပဲ။ကိုယ်ခန္ဓာရဲ့ လှုပ်ရှားလုပ်ဆောင် မှုကိုကောင်းကောင်း အားဖြည့်ပေးနိုင်လောက်တဲ့ အဟာရဓာတ်ပြည့်အစားအစာတွေကို စားနေရင်းက သင့်အတွက်လိုအပ်တဲ့ ကယ်လိုရီအလုံအလောက်ရဖို့လိုပါတယ်။ (အချုပ်က အဟာရဓာတ်လည်းကြွယ်ဝစေ၊ကယ်လိုရီလည်း လုံလောက်စေမယ့် တစ်ချက် ခုတ် နှစ်ချက်ပြတ် အစားအစာမျိုးကိုစားဖို့ပါပဲ)
*အလေးအနက်ထားပါ
ကိုယ်အလေးချိန်မြန်မြန်ထက်ထက်ကျသွားတဲ့ ကိစ္စဟာလိုလားစရာပါ။ဒါပေမဲ့ နောက်ဖြစ် လာမယ့် အကျိုးဆက်တွေကို ထည့်သွင်းစဉ်းစားထားဖို့ကလည်း အရေးကြီးပါသေးတယ်။ ခံတွင်းတွေ့တတ်တဲ့ အစားအစာနှင့်စားသောက်ပုံအကျင့်ဓလေ့ကိုပြုပြင်ပြီး အကျင့်လုပ်ပေး သွားဖို့လိုပါသေးတယ်။ပြီးတော့လည်း ခန္ဓာကိုယ်ရဲ့လှုပ်ရှားဆောင်ရွက်မှုတွေကိုလည်း ပြန်ပြန်ပြီး အကဲဖြတ်(စစ်ဆေး)ဆန်းစစ်နေရပါလိမ့်မယ်။ဒါမှသာ ကိုယ်အလေးချိန်ချနိုင်ပြီး သွယ်သွယ်လျလျကိုယ်လုံးအလှကိုထိန်းထားနိုင်မှာဖြစ်ပါတယ်။သုံးလေးငါးရက်လောက် အတွင်းမှာ မျက်လှည့်ပြလိုက်သလို အောင်မြင်မှုရမယ်လို့တော့ မျှော်လင့်ထားနိုင်မယ် မဟုတ်ဘူး.။ သို့ပေမဲ့ သင့်တင့်မျှတအောင် အစားကောင်းကောင်းစားမယ်၊ပုံမှန်လေ့ကျင့်ခန်းယူမယ်ဆိုရင် တော့ သုံးလေးပတ်အတွင်းမှာ အရင်နှင့်မတူ တိုးတက်မှုတွေကိုတွေ့လာရပါလိမ့်မယ်။အောင် အောင်မြင်မြင်နှင့်ကိုယ်အလေးချိန်လျှော့ချတယ်ဆိုတာ ခန္ဓာကိုယ်ကြံ့ခိုင်အောင်လုပ်ယူတာ မျိုးနှင့်တူလှပါတယ်။ကိုယ်လိုချင်တဲ့အနေအထားတစ်ခု ရရှိဖို့ရည်မှန်းချက် ပန်းတိုင်တစ်ခု ထားရပါလိမ့်မယ်။ဒီပန်းတိုင်ရှိပါမှ ရှေ့ဆက်ဖို့တွန်းအားပေးတဲ့ လှုံ့ဆော်မှုတစ်ရပ်ရရှိစေမှာ ပေါ့။
ကိုယ်အလေးချိန်ဘယ်လောက်ထိကျနိုင်သလဲ
ကိုယ်အလေးချိန်ကျဖို့ဆိုရင် သင့်ရဲ့ခန္ခာကိုယ်က နေ့စဉ်လောင်ကျွမ်းပစ်လိုက်တာထက် ပိုနည်းတဲ့ ကယ်လိုရီပမာဏကိုစားပေးရပါမယ်။ဒါပေမဲ့ တစ်ဦးနှင့်တစ်ဦး ဒီပမာဏချင်း တော့ကွာပါမယ်။ပမာဏ အတိအကျသိရဖို့က သင့်ရဲ့တစ်ကိုယ်ရေ ခန္ခာဖွဲ့စည်းတည် ဆောက်မှုပေါ်မှာ မူတည်နေပါတယ်။သင့်ကိုယ်ခန္ခာမှာ အဆီဘယ်လောက်များနေသလဲ၊ သင့်ခန္ခာကိုယ်ရဲ့ အစာချေဖျက်ပြီး ခွန်အားဓာတ်ထုတ်လုပ်နိုင်တဲ့ စနစ်ကဘယ်အနေ အထားမှာရှိသလဲ၊၀ိတ်စလျှော့မယ့်အချိန်က ကိုယ်အလေးချိန်ဘယ်လောက်ရှိသလဲ စတာ တွေပါပဲ။ အကြမ်းဖျင်းအနေနှင့်တော့ ကိုယ်အလေးချိန်စချချိန်က ဟဲဗီးဘော်ဒီကြီးဖြစ် လေ၂၁ရက်ကနေ တစ်လအတွင်းဘောဒီဝိတ် ပိုအကျများလေဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လက်တို့ ခြေတို့လိုနေရာမျိုးတွေကျတော့ ကိုယ်အလေးချိန်ချရတာ ရက်ပိုကြာတတ်ပါ တယ်။ဒါမျိုးကျတော့ လေ့ကျင့်ခန်းယူရတာ တကယ့်ကိုအထောက်အကူရစေပါတယ်။ ဒုက္ဓပေးနေတဲ့ ပြုပြင်ဖို့ လိုအပ်တဲ့နေရာကို အထူးပြုလေ့ကျင့်ခန်းယူပေးရင် ကိုယ်အလေး ချိန်မြန်မြန်ထက်ထက် ကျသွားစေနိုင်ပါတယ်။
*အပြင်ထွက်စားတိုင်း ထိမ်းထိမ်းသိမ်းသိမ်းစားသွားဖို့
ကိုယ်ကလည်း အစားအစာကို ချင့်ချိန်ဆင်ခြင်စားသောက်နေရတယ်။အပြင်ထွက်စားဖို့က လည်းရှိတယ် ဒီလိုအချိန်တွေမှာဘာလုပ်ရမလဲဆိုတဲ့ ပြဿနာက အတော်ပညာသားပါတဲ့ ကိစ္စပါ။၁၉၈၀ပြည့်လွန်နှစ်တွေက ကိုယ်လုံးသွယ်သွယ်လေးတွေ တအားခေတ်စားချိန် အထွတ်အထိပ်ကာလမှာ စားသောက်ဆိုင်တစ်ချို့က သူတို့ဆိုင်ရဲ့မီနူးမှာချင့်ချိန်စာ ရွေးချယ် စားနိုင်အောင်စီစဉ်ပေးခဲ့ကြပါသေးတယ်။ဒါပေမဲ့ခုချိန်မှာ ဒီလိုဝန်ဆောင်မှုတွေပေး တဲ့ဆိုင်တွေနည်းသွားပါပြီ။ဒါကအစားဆင်ခြင်ချိန်ဆစားသုံးတာ ခေတ်မစားတော့လို့ပါပဲ။ ချင့်ချိန်စားသောက်တာလည်း မပျက်ရအောင်၊စိတ်ထဲမှာဒါကိုအမြဲစဉ်းစားနေရတဲ့ ဖိစီးမှုမျိုး လည်းမပေါ်ရအောင် အပြင်ထွက်စားတဲ့အခါဒီပြဿနာဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်။ (၁)ဟင်းရွက်သုပ်ကိုစမှာစားပါ။ (၂)ပေါင်မုန့်မစားပါနှင့်။ဒါမှမဟုတ်လည်း ပေါင်မုန့်ကိုထောပတ်မသုတ်ဘဲစားပါ။ဒါလည်းပဲ ခံတွင်းတွေ့နိုင်ပါတယ်။ (၃)၀ိုင်တစ်ခွက်ပဲသောက်ပါ။ရေကိုတော့ များများသောက်ပါ။ (၄)အဓိကဟင်းလျှာတစ်မည်ကိုသာရွေးချယ်စားသုံးပါ။ငါးကင်လို၊ကြက်ကင်လို ဟင်းလျာ မျိုးပေါ့။ဆော့(Sauce)ဆိုတဲ့စားမြိန်ရည်များများ၊ထောပတ်နိုင်နိုင်နှင့်ချက်ထားတာမျိုးတွေ ရှောင်ပါ။ (၅)အဆီနည်းတဲ့ သာမန်အချိုပွဲတစ်ပွဲစားပါ။သီးစုံရေခဲသုပ်(Sorbet)ကတော့ အကောင်း ဆုံးပါပဲ။ (၆)ဆေးလက်ဖက်ခြောက်ရည်ကို အစာပိတ်သောက်ပါ။(ပက်ပါမင့်ပါတာက လူကိုပိုလန်း ဆန်းစေပြီး ဗိုက်တောင့်တာ၊ဗိုက်အောင့်တာ၊အစာမကြေတာကို သက်သာစေပါတယ်။) တကယ်လို့ ကော်ဖီတစ်ခွက်လောက်သောက်ရမှဆိုရင်လည်း နို့နှင့်ဖျော်သောက်ရတဲ့ Cappuccinoမသောက်ဘဲ ကော်ဖီခါးခါး ဒါမှမဟုတ် ကော်ဖီကြမ်းပဲသောက်ပါ။
*၀ိတ်ကျတာတိုင်းတာဖို့
တစ်ပတ်တစ်ကြိမ် အိပ်ရာထခါစမှာ ဦးဆုံးအနေနှင့်ပေါင်ချိန်ကြည့်နိုင်ပါတယ်။မျှော်မှန်း ထားတဲ့ ၀ိတ်ချဇယားတစ်ခုကို ကိုယ်အလေးချိန်ကျသွားတာ(တက်သွားတာ)မှတ်သားဖို့ ရေးဆွဲထားရင် သင့်ကိုစိတ်ဓာတ်တက်ကြွအောင်ပံ့ပိုးပေးနိုင်ပါတယ်။ဒါမှ မဟုတ်ရင် လည်းပေါင်ချိန်စက်ကိုမေ့လိုက်ပစ်လိုက်ပါ။ အင်္ကျီတွေဝတ်ရတာချောင်လာသလားကျပ် သွားသလားဆိုတာကိုပဲ ဆန်းစစ်ခံစားကြည့်ပေါ့။ကျပ်ကျပ်တင်းတင်းဝတ်ခဲ့ရတဲ့အင်္ကျီ တွေချောင်ချောင်ချိချိဖြစ်လာပြီဆိုပါစို့။ဒါဟာ ကိုယ်ရည်စစ်သွားတာ သေချာတဲ့ လက္ခ ဏာတစ်ခုပဲပေါ့။နောက်တစ်နည်းကတော့ ခါးရင်တင် အတိုင်းအတာမှတ်တမ်းတစ်ခု ထားချင်ထားပေါ့။ပြီးရင် ၂၁ရက်အကြာမှာ ဘယ်လိုတိုးတက်ပြောင်းလဲလာသလဲ စစ်ဆေးကြည့်ပေါ့။ဘယ်နည်းက အလုပ်ဖြစ်သလဲဖြစ်တာကို လုပ်ပေါ့နော်။
*ပိန်ချင်သူတွေအတွက် လိုက်နာစရာ
-ဖြစ်နိုင်ရင် မနက်ပိုင်းမှာ များများစားပေးပါ။ကယ်လိုရီတွေလောင်ကျွမ်းချိန်ရပြီး ခွန်အားဖြည့်စွမ်းနိုင်စေဖို့ပါ။ -အစားလျှော့စားပါ။တစ်ခါတစ်လေရင်တုန်ပန်းတုန် စာလောင်လာတဲ့အထိအဆာခံနေ လိုက်ပါ။ -ရေများများသောက်ပါ။ -သရေစာကြိုက်ခဲ့ရင် လတ်ဆတ်တဲ့သစ်သီးဝလံအစိမ်း၊ဟင်းသီးဟင်းရွက်အစိမ်းနှင့် စပျစ်သီးခြောက်တွေကို အနီးအနားမှာ ဆောင်ထားပါ။ -ပိန်ဆေးတွေ(Silmming Pills)၊ ဆီးရွှင်ဆေးတွေ(diuretics)၊ ၀မ်းနုတ်ဆေးတွေ(Laxatives)ကို ကိုယ်အလေးချိန်မြန်မြန်ကျအောင်ဆိုပြီး မှီဝဲဖို့ မကြိုးစားပါနှင့်။ ဒါတွေ ကကိုယ်ခန္ဓာရဲ့ သဘာဝသဟဇာတဖြစ်စဉ်(body's natural equilibrium)ကိုက ပြောင်းကပြန်ဖြစ်စေပြီး မူလအတိုင်း ပြန်တည့်မတ်ဖို့ အချိန်အတော်လေးယူတတ်တာ မျိုးဖြစ်ပါတယ်။ -ပုံမှန်လေ့ကျင့်ခန်းယူပါ။ကိုယ်လက်လှုပ်ရှားမှုနည်းနည်းလေးပိုလုပ်ရင် ကယ်လိုရီတွေကို ကုန်ခန်းသွားအောင် အသုံးပြုတတ်ပါတယ်။ဒါက ကိုယ်အလေးချိန်ချဖို့မှာ မရှိမဖြစ်ပါ။ -အရင်အတိုင်းပြန်ပြန် ၀သွားတတ်တာကြောင့် စိတ်ပျက်မသွားပါနှင့် မကြာခဏလမ်း ကြောင်းပြောင်းသွားတာဟာ ဖြစ်တတ်တာမျိုးပါ။တတ်နိုင်တာနှင့် လေ့ကျင့်ခန်းပြန်ယူ၊ ချင့်ချိန်စားသောက်တာပြန်လုပ်ရင် အချိန်ကြာတာနှင့်အမျှ ပင်ပန်းခံထားတာ အလဟ ဿမဖြစ်နိုင်ပါဘူး။
*ဆေးလိပ်ဖြတ်လိုက်ရင် ကိုယ်အလေးချိန်တက်လာမလား
ကနဦးမတော့ ကိုယ်အလေးချိန်နည်းနည်းတော့တက်လာနိုင်စရာရှိပါတယ်။ ဒါပေမဲ့ လိုလို လားလားကြီးကို ကြံ့ခိုင်ကျန်းမာချင်တယ်ဆိုရင်တော့ ဆေးလိပ်ဖြတ်ပစ်ဖို့ကလွဲလို့ရွေး ချယ်စရာလမ်းမရှိပါဘူး။ဆေးရွက်ကြီးဟာအဆိပ်ပါ။ဆေးလိပ်သောက်သူတစ်ဦးဖြစ်နေလို့ ကတော့ ဆေးလိပ်ဖြတ်လိုက်တာဟာကျန်းမာကြံ့ခိုင်တဲ့ရှင်သန်ခြင်းဘ၀ပုံစံနှင့် ဆက်လက် နေထိုင်သွားဖို့အတွက်တကယ့်ကိုကြီးကျယ်တဲ့ ခုန်ပျံကျော်လွှားဆုလာဘ်ကြီးတစ်ခုပါ။ ကိုယ်အလေးချိန်ကျစေမယ့်အစားအသောက်ဆင်ခြင်တာကို နောက်မဆုတ်တမ်းလိုက်နာ လုပ်ဆောင်သွားမယ်ဆိုပါက ဆေးလိပ်ဖြတ်လိုက်လို့ တစ်နေ့လုံးပါးစပ်တလှုပ်လှုပ်နှင့် ပါးစပ် အအားမထားစားချင်နေမယ်ဆိုလည်းရပါတယ်။ဟင်းသီးဟင်းရွက်စိမ်းစိမ်းနှင့် စပျစ်သီးခြောက်တွေကို လက်တစ်ကမ်းမှာထားပြီး ၀ါးနေလိုက်ရုံပါပဲ။
*နပ်ကျော်စားရင် ၀ိတ်ကျမလား
ပုံမှန်စားနေကျအတိုင်း မစားဘဲ အနပ်ကျော်စားစားသွားရင် ၀ိတ်မြန်မြန်ကျသွားမလား အနပ်ကျော်စားပြီး အငတ်ခံတာမျိုး မကြိုးစားကြည့်ပါနှင့်။တစ်နပ်အငတ်ခံနေလိုက်တယ်ဆို ပါတော့ ဗိုက်တအားဆာပြီး နောက်စားလည်းစားရော အလွန်အကျွံပိုစားမိတတ်ပါတယ်။ ဒီလိုနှင့်ကိုယ်ခန္ဓာရဲ့ အစာခြေစနစ်ကို နှေးကွေးသွားစေပြီး ဒါကကိုယ်အလေးချိန်ကျဆင်း တာကို လုံးဝနှောင့်နှေးသွားပါလိမ့်မယ်။
*ရှောင်ရန်နှင့်စားသင့်သောအရာ
လုံးဝရှောင်ကြဉ်ဖို့ရာ ချောကလက်၊ဘီစကွတ်၊ဆီကြော်ကိတ်၊အချိုရည်အမျိုးမျိုး၊ကိတ်မုန့်၊ရေခဲမုန့်၊အချိုကဲသီးနှံ ပြုတ်။ဒီနေရာမှာ သကြားပါတဲ့ အရာအားလုံးကိုဆိုလိုချင်ပါတယ်။ဒါတွေဟာ ကယ်လိုရီ သက်သက်လောက်ပါပဲ။ဆိုပါစို့ ချောကလက်တောင့်တစ်တောင့်မှာ ကယ်လိုရီပမာဏ ၂၃၀ပါပါတယ်။ အဟာရတန်ဖိုး(food value)လုံးဝမပါသလောက်ပါပဲ။ စားသုံးသင့်တဲ့ အစာတစ်ချို့ လတ်ဆတ်တဲ့ အသီးအရွက်အဆာပလာတွေနှင့် စီမံထားတဲ့ ဆင်းဒွစ်တစ်ခုဟာ ကိုယ် အလေးချိန်ချချင်သူတွေအတွက်တော့ သင့်တော်တဲ့ ကျန်းမာရေးအတွက် နေ့လယ်စာ ပေါ့။ အဟာရဓာတ်ကြွယ်ဝတဲ့ ဂျုံမှုန့်ညက်လို ကစီဓာတ်များတဲ့ အစားအစာတွေဟာ အဆီနည်း တဲ့ဆော့စ်စားမြိန်ရည်တွေနှင့်တွဲစားရင် ကိုယ်အလေးချိန်တိုးပြီးဝလာတာမျိုးမဖြစ်စေနိုင် ပါဘူး။ အဟာရပညာရှင်တွေနှင့် အခြားဆေးဝါးပညာရှင်တွေက လတ်လတ်ဆတ်ဆတ် သစ်သီး ၀လံတွေနေ့တိုင်းစားပေးဖို့ အကြံပြုကြပါတယ်။

No comments: