Wednesday, March 7, 2007

News

(၄)ကော်ဖီနှင့်အရက်
ကာလီဖိုးနီးယားပြည်နယ် အုတ်ကလင်မြို့ရှိ ကိုင်ဇာပါမင်နှင့် အဖွဲ့၏သုတေသနပြုချက် အရ တစ်ရက်လျှင် ကော်ဖီတစ်ခွက် သောက်လျှင်ပင် အရက်သမားမှာ အရက်ကြောင့် အသည်း ကျွမ်းမှုမှ ၂၀ရာခိုင်နှုန်း ကာကွယ်နိုင်ကြောင်း။ခွက်များများသောက်လေ ၈၀ရာခိုင်နှုန်းခန့် ကာကွယ်ပေးနိုင်ကြောင်း တွေ့ကြရသည်။
ကော်ဖီသည် အသည်းကို ကာကွယ်ပေးနိုင်ရွေ့ အရက်ကြောင့် ဆေးရုံတက်ရမှု၊ သေဆုံးမှု များမှ ကာကွယ်ပေးနိုင်ကြောင်း တွေ့ကြရသည်။မည်သည့်အတွက် ယင်းသို့ ကာကွယ်မှု ပေးနိုင်သည်ကို ဆက်လက် သုတေသနပြုနေကြသည်ဆိုသည်။
မှတ်ချက် - သာမန်လူများတစ်နေ့ သုံးခွက်ကိုနွားနို့ရောရွေ့ သောက်သင့်ကြောင်း၊ ပိုသောက် လျှင် အန်တရယ်ဖြစ်နိုင်ကြောင်း သိပ်ပံပညာရှင်များက ထောက်ခံပြီးဖြစ်သည်။
(၅) သံလွင်ဆီနှင့် ကင်ဆာ
မြေထဲပင်လယ်ဒေသမှ လူများသည် သံလွင်ဆီကို အသုံးများကြရွေ့ နှလုံးသွေးကြော ရောဂါမှ ကင်းဝေးတတ်သည်ကို လူသိများပါသည်။၂၀၀၆ ခုနှစ်ဒီဇင်ဘာလ ၂၃ရက်နေ့ သတင်းအရ ဒိန်းမတ်ပြည်မှ သိပ်ပံပညာရှင်များသည် အသက်၂၀မှ ၆၀အတွင်းမှ ကျန်းမာသူ၁၈၂ဦးကို နှစ်ပတ်မျှ အစားအစာတွင်းနှိုက် သံလွင်ဆီကျွေးရွေ့ စမ်းသပ်ကြည့်ကြောင်းသိရသည်။ သံလွင်ဆီ ၂၈မီလီမီတာကို နေ့စဉ်ကျွေးပြီး စမ်းသပ်ကြည့်ရာ လူ့ခန်ဓာကိုယ်မှ ကလာပ်စည်း များကို ပျက်စီးစေ၊ကင်ဆာဖြစ်စေတတ်သော SOXODGခေါ် ဓာတ်များလျော့နည်းသွားသည် ကိုတွေ့ကြရသည် ဆိုသည်။
ဥရောပ မြောက်ပိုင်းတွင် သံလွင်ဆီစားသုံးမှုနည်းရွေ့ တောင်ပိုင်းတွင် စားသုံးမှုများသည်။ ထို့ကြောင့် မြောက်ပိုင်းတွင် ကင်ဆာအဖြစ်များရွေ့ တောင်ပိုင်းတွင် အဖြစ်နည်းရခြင်းဟု ကောက်ချက်ချကြသည်။

No comments: