Monday, March 19, 2007

Summer feelings

မကြာခင်မှာ နွေရောက်တော့မယ်။ ကျောင်းတွေလည်းပိတ်တော့မယ်၊ ခွဲခွာရမယ့်သူတွေ လွမ်းကြရတော့မယ်။ဒီနွေမှာ ကတိစကားဆိုဖူးကြမယ်။ဥသြငှက်ရဲ့ အသံကို စာဖွဲ့ကြမယ်။ ပူပြင်းတဲ့နွေလတွေကို အထီးကျန်စွာဖြတ်သန်းရတဲ့သူ တွေလည်းရှိမယ်။ နွေကိုမကုန်ဆုံးစေချင်တဲ့ ပျော်ရွှင်သူလူသားတွေလည်းရှိမယ်။ ဒီလိုခံစားမှုတွေအကြောင်းကို ကဗျာတွေ စာတွေနဲ့ အမျိုးစုံတင်စားဖွဲ့နွဲ့ကြတယ်။ များပြားစွာရှိနေတဲ့ နွေခံစားမှုတွေ အနက်က သီချင်းတွေက ပြောတဲ့ နွေရဲ့အကြောင်းကို အခုတစ်လောခံစားမိနေတယ်။ အခု ကျွန်တော့်ရဲ့ ခံစားချက်နဲ့တိုက်ဆိုင်နေတဲ့ သီချင်းလေးကို ဝေမျှလိုက်မယ်နော်။
“နွေဦး”
တေးရေး/တေးဆို - ဟန်ထူးလွင်
~မနက်ခင်း အလင်းထဲ တစ်ယောက်တည်းထိုင်ရင်း
စဉ်းစားနေမိတယ်
မင်းလည်း ဘယ်ကိုရောက်နေ နွေဦး သစ်ရွက်ကြွေနဲ့ စိတ်ကူး
ငါရူးသွားလိမ့်မယ် ငါရူးသွားလိမ့်မယ်
~မနေ့ကလိုဘဲ ဒီအတိတ်ဟာ ပူလောင်ဆဲ
ဥသြငှက်သံကြားမှ နင့်ကိုငါလွမ်းတယ်
ပတ်ကြားအက်နေတဲ့ရင်ဘတ် နွေခေါင်ခေါင်ထဲ
မနေ့ကလိုဘဲ ငါလွမ်းတယ် မနှစ်ကလိုဘဲ ငါလွမ်းတယ်
~လေညှင်းပြတင်းပေါက်ကို ဖြတ်လာရင်း
ငါမျက်စိမှိတ်ထားတယ် မင်းလည်း တဒင်္ဂလေးပဲ
နွေဦး မင်းငါ့ကိုမချစ်တော့ဘူး
ငါရူးသွားလိမ့်မယ် ငါရူးသွားလိမ့်မယ် နွေဦး
ပုံရိပ်တွေမှုန်ဝါးလို့ ပျောက်ကွယ်
မှုန်ဝါးနေ မှုန်ဝါးနေ မှုန်ဝါးလို့ ပျောက်ကွယ်။
သီချင်းလေးတွေနားထောင်ရင်း နွေဦးရာသီမှာ ဘာကို ဘယ်ကိုလွမ်းနေမှန်းမသိပါဘူးဗျာ။ သူငယ်ချင်းတို့လည်း အဲဒီသီချင်းလေးနားထောင်ရင်း လွမ်းမောကြည့်ကြပါဦး။

No comments: