Monday, March 19, 2007

bloody nose

နွေရာသီမှာ နှာခေါင်းသွေးလျှံရင်
လူတွေဟာ နှာခေါင်းသွေးလျှံတာနဲ့ အမြန်ဆုံး သွေးတိတ်အောင်လုပ်ဖို့လိုတယ်။ သွေးလျှံတဲ့အကြောင်းရင်းတွေသိအောင် လုပ်ဖို့လို တယ်။ သွေးလျှံတဲ့အကြောင်းအရင်းတွေသိအောင်လုပ်တာကနောက်၊ သွေးတိတ်အောင်လုပ်ရမှာက အရင်ပါ။
အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး ရှေးဦးသူနာပြုစုနည်းကတော့ သွေးလျှံသူဟာ အရှေ့ဘက်ကိုကိုင်းပြီး ထိုင်ရက်သားမလှုပ်ဘဲ နှာခေါင်းပေါက်ကို ပိတ်ထားရမယ်။ ပါးစပ်ဟပြီး (၁၀)မိနစ်ခန့် အသက်ရှူရမယ်။အဲဒီ(၁၀)မိနစ်အတွင်းမှာ နှာခေါင်းကို ဖွင့်လိုက်၊ ပိတ်လိုက်မလုပ်ဘဲ ဆက်တိုက်နှာခေါင်းပိတ်ထားဖို့လိုတယ်။နဖူးပေါ်မှာလည်း ရေခဲအိပ်ကလေး အုံကပ်ပေးထားရမယ်။ နှာခေါင်းပိတ်ထားတဲ့ အတွက် သွေးထွက်လာရင် အနောက်ကိုစီးဆင်းပြီး ပါးစပ်ပေါက်က ထွက်ကျလာမှာဖြစ်လို့ မိမိရဲ့သွေးပမာဏ ဘယ်လောက်ကုန်ဆုံးသွားပြီလဲဆိုတာ သိနိုင်တယ်။(ပါးစပ်ကနေ အပြင်ကိုထွက်ကျလာတဲ့ သွေးပမာဏကိုပြောတာပါ။) (၁၀)မိနစ်လောက် နှာခေါင်းပိတ်ထားလို့ သွေးထွက်စရာမရှိရင် သွေးပြန်ရပ်သွားနိုင်ပါတယ်။ တကယ်တမ်းပြောရရင် ပထမ(၁၀) မိနစ်ကတည်းက သွေးမတိတ်ရင်တော့ ဆရာဝန်ထံသွားသင့်နေပါပြီ။ ဆေးရုံဆေးပေးခန်းဝေးတဲ့ အရပ်နဲ့ တောင်ပေါ်ဒေသတွေမှာ (၁၀)မိနစ်ခန့် (၃)ကြိမ်ဆက်တိုက်လုပ်လို့မှ မသက်သာရင်တော့ တက်ထရာဆိုက်ကလင်း(မျက်စဉ်းဆေးကရင်မ်)ကို ဂွမ်းမှသုတ်ပြီး နှာခေါင်းပေါက်ရဲ့ တစ်ဖက်တစ်ချက်ဆီမှာ သုတ်လိမ်းပေး၍ နောက်ထပ်တစ်ကြိမ် အထက်ကအတိုင်း ထပ်လုပ်ပါ။သွေးတိုးလို့ နှာခေါင်းသွေးလျှံတာပဲဖြစ်ဖြစ်၊သွေးမတိတ်ရောဂါတစ်ခုခုရှိလို့ဖြစ်ဖြစ် တစ်ခြားအကြောင်းအရာကြောင့်ပဲ ဖြစ်ပါစေ သာမန်ထက်ပိုနေတယ်ဆိုရင် သွေးမတိတ်ဖူးဆိုရင် ဆေးခန်း၊ဆေးရုံကိုသာသွားပါ။ကျွန်တော်က ဆေးခန်း မရောက်ခင် သွေးထွက်နည်းအောင် တိတ်သွားအောင်လုပ်တဲ့နည်းလေးကိုပြောပြလိုက်တာပါ။

No comments: