Saturday, March 3, 2007

True or False

တစ်ခါတစ်လေ လူတွေရဲ့ အထင်နဲ့အမြင်ဟာ တော်တော်လွဲချော်တတ်ပါတယ်။ဒါပေမယ့် လည်း လူ့သဘာဝ ကိုယ်နဲ့ခင်မင်ရင်းနှီးရာ ပတ်ဝန်းကျင် အသိုင်းအ၀န်းက ပြောကြတာတွေကို (အကျိုးအကြောင်း ဆက်စပ်မှု ရှိမရှိ မသိဘဲ၊မစဉ်းစားမိဘဲ) “အဟုတ်” ထင်လိုက်တတ် ပါတယ်။ အဲဒီလို တလွဲအယုံတွေ၊အထင်တွေကြောင့် မလိုအပ်ဘဲ ပြတ်သနာတွေ ကြီးထွား ကုန်တတ်ပါတယ်။သူတို့ဆီက မူးယစ်ဆေးဝါးဆိုတာနဲ့ ပတ်သက်ပြီး “ထင်”စားလိုက်ကြပုံ တွေက ဆင်ခြင်မှတ်သား သင်ခန်းစာယူစရာပါ။
(1) မူးယစ်ဆေးဝါး ချတယ်ဆိုတာ ပိုက်ဆံတတ်နိုင်မှ
မူးယစ်ဆေးဝါးတစ်မျိုးဖြစ်တဲ့ LSDဆေးပြားတစ်ပြားရဲ့ တန်ဖိုးဟာ အမေရိကန် ၅ဒေါ်လာ လောက်ပဲကျတာမို့ သူတို့လူငယ်အတော်များများဝယ်သုံးနိုင်ပါတယ်။ ဟမ်ဘာဂါတစ်လုံးနဲ့ ကိုကာကိုလာ အအေးတစ်ပုလင်းစာ ဒါမှမဟုတ် ပေါက်ပေါက်ဆုပ် တစ်ဘူးနဲ့ ဗီဒီယိုတစ်ခွေ ငှားရမ်းခသာသာ လောက်ပဲရှိပါတယ်။
(၂) တစ်ခါတစ်လေ ဆေးခြောက်ချလို့ မစွဲပါဘူး။
ကိုကိန်းတို့၊ဟီးရိုးအင်းတို့ထက်စာရင်တော့ ဆေးခြောက်က စိတ်ချရတာပေါ့။ လေ့လာသူတွေ အဆိုအရကတော့ ဆေးခြောက်ကို စတင်စမ်းသုံးကြည့်ရာကနေ တခြားမူးယစ်ဆေးတွေ “ငြိ” သွားရတာပါလို့ တကယ်လို့ ဆေးစွဲသူတွေက ပြောပါတယ်တဲ့။
(၃) စိတ်အပန်းဖြေတဲ့ သဘောနဲ့ ဆေးသုံးတာသိပ်အန်တရယ်မရှိနိုင်ပါဘူး။
မူးယစ်ဆေးအားလုံးဟာ အန်တရယ်ရှိပါတယ်။သုံးသူအားလုံးကို စိတ်ပိုင်းဆိုင်ရော ရုပ်ပိုင်းပါ အပြောင်းအလဲဖြစ်စေပါတယ်။ ကြာကြာသုံးလာတာနဲ့အမျှ အန်တရယ်ဖြစ်စေတဲ့ လက်ခဏာ တွေ ပိုပိုဆိုးလာပြီး ဆေးစွဲခြင်း ဆိုတဲ့အဆင့်ကို ရောက်စေပါတယ်။ တကယ်တော့ ဘယ်မူးယစ်ဆေးဝါးမှ စိတ်မချရပါဘူး။ဒါကြောင့် ဘယ်မူးယစ်ဆေးဝါးကိုမှ မစမ်းမိ၊မသုံးမိဖို့ အင်မတန်အရေးကြီးပါတယ်။
(၄) လူတစ်ယောက် ဆေးသုံးချင်ရင် အစိုးရအနေနဲ့ ခွင့်ပြုသင့်ပါတယ်။
လူတစ်ဦးတစ်ယောက်ချင်းရဲ့ လုံခြုံစိတ်ချရမှုနဲ့ သာယူမှုတို့အတွက် အနှောင့်အယှက်ဖြစ်စေ မယ့် အရာမှန်သမျှကို ဘယ်အစိုးရကမှ ခွင့်ပြုမှာ မဟုတ်ပါဘူး။

No comments: