Thursday, March 22, 2007

Diet and Weight Loss(3)

*စင်ကာပူမင်းသမီးOngရဲ့ အကြံပေးချက်များ
စင်ကာပူရုပ်ရှင်မင်းသမီး အွန်း(Ong)ရဲ့ ကျန်းမာရေးအတွက် အကြံပေးချက်ခြောက်ချက်အကြံပေးချက်တွင်နှစ်ပိုင်းပါရှိပြီး ပထမပိုင်းတွင် လေ့ကျင့်ခန်း၊ဒုတိယပိုင်းတွင် ဓာတ်စာ ဖြစ်ပါသည်။ လေ့ကျင့်ခန်းအပိုင်းတွင် အချက်သုံးချက်ပါရှိပြီး ဓာတ်စာအပိုင်းတွင်လည်း သုံးချက်ပါရှိပေသည်။ လေ့ကျင့်ရန်သုံးချက်မှာ - (၁) ရုပ်မြင်သံကြားကြည့်နေစဉ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရန် တီဗီပြီးမှ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဒီတစ်သက်ဘယ်တော့မှ လုပ်ဖြစ်မည် မဟုတ်ပေ။ သို့ဖြစ်၍ တီဗီကြည့်ရင်း အညောင်းပြေ အညာပြေကိုယ်လက်လေ့ကျင့်ခန်း လုပ်နိုင်ပါသည်။ ထမင်းစားပြီးချိန်တွင်တော့ ရှောင်ကြဉ်ရပေမည်။ ယခုခေတ်တွင် ဗီဒီယိုအခွေနှင့်အတူ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း၊ အေရိုးဗစ်အခွေများ လည်းပေါ်နေပြီမို့ ဖန်သားပြင်ကိုကြည့်၍ လေ့ကျင့်ခန်းလုပ်ရန် အဆင်ပြေနိုင်ပေသည်။ လေယာဉ်စီးရင်းနှင့်ထိုင်လျက်လေ့ကျင့်၍ရသော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများလည်း ရှိနေသည်။ထိုင်ရင်း ထရင်း အိပ်ရင်း လဲလျောင်းရင်း လမ်းသွားရင်း အရိယာပုတ်လေးမျိုး လုံးတွင် လေ့ကျင့်ခန်းလုပ်သွားနိုင်ပေသည်။ (၂)အပတ်စဉ် သတ်မှတ်ထားသည့် နေရာတစ်ခုမှာ လမ်းလျှောက် လေ့ကျင့်ခန်းပြုလုပ်ရန်၊ ဥပမာ- အိမ်ထဲတွင် ဖြစ်စေ၊ခြံထဲတွင်ဖြစ်စေ၊အများပိုင် ပန်းခြံ၊အပန်းဖြေဥယျာဉ်ထဲတွင် ဖြစ်စေလမ်းလျှောက်လေ့ကျင့်ခန်းလုပ်နိုင်ပေသည်။ (၃)တတိယလေ့ကျင့်ခန်းမှာ ညစာစားပြီး ထမင်းလုံးစီပြီးသည်နှင့် နီးနီးနားနား ၀န်းကျင်တစ်လျှောက်မှာ ရွရွလေးလမ်း လျှောက်ရင်း အစာခြေရန်ဖြစ်ပါသည်။ သို့မှသာ တေဇောဓာတ်အားကောင်း၍ ၀မ်းမီးအား ကောင်းပြီး စားသမျှအစာကြေကာ ခွန်အားပြည့်ဖြိုး အလှတိုးလာမည်ဖြစ်ပေသည်။ဒုတိယပိုင်းမှာ ဓာတ်စာဖြစ်ပေသည်။(ဓာတ်စာဆို၍ အချို့ဆေးဆရာတွေပေးသည့် ငါးသလောက် မစားနဲ့၊ ငါးကြင်းသား၊တညင်းသီး မတို့နဲ့ သံပရာသီးစား အဲဒါမျိုးတွေ မဟုတ်ပါ။) အစာစားရာတွင် လိုက်နာရမည့် စည်းကမ်းချက်များဖြစ်ပါသည်။ (၁) ပထမအချက် ဘူဖေး စပရက်ဒ်စ်(Buffet Spreads)ခေါ် ဟိုစပ်စပ် ဒီစပ်စပ် ပေါက်တတ်ကရ အမည်များ လျှောက်စားခြင်း မပြုရန်ဖြစ်ပါသည်။ ချင့်ချင့်ချိန်ချိန် စားရန်ပင်၊အစာလည်းဆေး ဆေးလည်းအစာပါပဲ။ လှချင်ရင် စည်းနဲ့ကမ်းနဲ့စားပါ ဟူ၍တိုက်တွန်းထားပါသည်။ (2)ဒုတိယအချက် အဆီဓာတ်ပေါကြွယ်ဝသော အသားဓာတ်များသော အနီရောင်ရှိသော အသားကြမ်းများကို သတိထားစားရန်ဖြစ်ပါသည်။ သွေးထဲမှာ ကိုလက်စထရောများလျှင် အန္တရာယ် ရှိပေသည်။ နိုင်ငံတကာတွင် ကိုလက်စထရော လျှော့နေသော အချိန်၌မိမိလည်း လိုက်လျှော့ပါ။ သို့မှသာ ခေတ်မီမည်ရာရောက်၍ အန္တရာယ်ကင်းမည်။ ပြီးတော့ လှသွေးပိုကြွယ်လာမည် ဖြစ်သည်။ (၃) လတ်ဆတ်သော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များစားရန် အရည်ရွှမ်းသော အသီး၊လတ်ဆတ်သော အသီးတို့သည် ခန္ဓာကိုယ်၏ရေဓာတ်နှင့် ခွန်အား ဓာတ်ကိုဖြည့်စွမ်းပေးနိုင်ပေသည်။ အသားတွင်းမှ(အသားဓာတ်) ပရိုတင်းပါသည်ဟု မမှတ် ယူစေလိုပါ။ ပရိုတင်းဓာတ်ကြွယ်ဝသော ဟင်းသီးဟင်းရွက်၊အာလူးနှင့် ပဲအမျိုးမျိုးတို့တွင် လည်း အသားဓာတ်ကြွယ်ဝပေသည်။လတ်ဆတ်သော အနေအထားတွင် စားရန်သာ အရေးကြီးပေသည်ဟု ညွှန်းဆိုထားပါသည်။

No comments: