Friday, March 23, 2007

News

သတင်း
(၁) ရှေးနှစ်ပေါင်း ၁၈၀ကျော်ကနည်းပညာကို အခြေခံ၍ ရေကို ဓာတ်ကူလောင်စာအဖြစ် အသုံးပြုသည့် မီးဖိုထုတ်လုပ်ရန် စီစဉ်နေ*
ရေကို ဓာတ်ကူလောင်စာအဖြစ် အသုံးပြုသည့်မီးဖိုကိုထုတ်လုပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ စာတမ်းဖတ်ပွဲတစ်ရပ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစွမ်းဆောင်ရှင်တစ်ဦးဖြစ်သူ ရွှေနဂါးဦးတင်ဝင်းကပြောကြားခဲ့သည်။ ဓာတ်ကူလောင်စာအဖြစ်ရေကို အသုံးပြုခြင်းနည်းပညာမှာရှေးနှစ်ပေါင်း ၁၈၀ကျော်က အသုံးပြုခဲ့သော နည်းပညာကို အခြေခံ၍ပြန်လည်းဆန်းသစ်ထားခြင်းဖြစ်ကြောင်း၊တွင်းထွက် လောင်စာဆီထုတ်လုပ်မှု၊ သုံးစွဲမှုဖွံ့ဖြိုးတိုးတက်ခြင်းမရှိသည့်ကာလကမော်တော်ယာဉ်များတွင် အီသနောနှင့်ရေ ကိုတွဲဖက်၍အသုံးပြုခဲ့ရကြောင်း၊ဘွိုင်လာများတွင်လည်း မီးထိုးဆီနှင့် တွဲဖက်၍ရေနွေးငွေ့ကို ဓာတ်ကူလောင်စာ အဖြစ်သုံးစွဲလျက်ရှိကြောင်းကို ဦးတင်ဝင်းက အဆိုပါစာတမ်းဖတ်ပွဲ၌ထည့်သွင်းပြောခဲ့သည်။ ထုတ်လုပ်ရန်စီစဉ် လျက်ရှိသည့် ယင်းမီးဖိုမှာရေကို သီးနှံဆီဖြင့်လည်းကောင်း၊အီသနောဖြင့်လည်း ကောင်း၊ကာဗွန်မှုန့်နှင့် Sodium Stearateတို့ဖြင့်လည်းကောင်း အချိုးကျပေါင်းစပ်၍အသုံးပြုနိုင်ကြောင်းသိ ရသည်။၎င်းမီးဖိုမှာ လတ်တလော အခြေအနေတွင် စမ်းသပ်သုတေသနပြုသည့်အဆင့်တွင်ရှိပြီး လာမည့်ဧပြီလ နှောင်းပိုင်းတွင် စတင်ထုတ်လုပ် နိုင်ရန်ရည်ရွယ်ထားကြောင်းသိရှိရသည်။ ရေကိုအသုံးပြုသည့်မီးဖိုသည် ထင်း။ မီးသွေးတို့ကို အသုံးမပြုရခြင်း ကြောင့် သစ်တောပြုန်းတီးမှုကိုကာကွယ်နိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း နိုင်မည်ဖြစ်ကြောင်းသိရှိ ရပါသည်။
(၂)စစ်ကိုင်းမြိှု့ရှိကွမ်းယာဆိုင်များတွင် ပလတ်စတစ်အိပ်များအစား စက်ကူအိတ်များအသုံးပြုရန် မြို့နယ်စည်ပင်မှ ထုတ်ပြန်ကြေညာ*
စစ်ကိုင်းမြို့ရှိလမ်းဘေးနှင့် အိမ်ဝင်းအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ကွမ်းယာဆိုင်များတွင် ကွမ်းယာထုပ်ပိုး ရာ၌ ပလတ်စတစ်အိတ်အစား စက်ကူအိပ်များအသုံးပြုရန် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ကြေ ငြာထားကြောင်းသတင်းရှိရသည်။
စစ်ကိုင်းမြို့ရပ်ကွက်အသီးသီးတွင် ကွမ်းယာဆိုင်ပေါင်းထောင်နှင့်ချီ၍ရှိရာ မြို့သန့်ရှင်းသာယာလှပရေးအတွက် ယခုကဲ့သို့ ပလတ်စတစ်အိတ်များအစား စက်ကူ(သို့မဟုတ်) ဖက်ရွက်များခံ၍ထုပ်ပိုးရောင်းချရန် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ပလတ်စတစ်အိတ်တွေက နှစ်၁၀၀လောက်ကြာမှ ပျက်စီးနိုင်တော့အခုလို စက်ကူအိတ်တွေအစားထိုးသုံးသင့် တာကြာပါပြီ။ဒါပေမဲ့ ဆိုင်တိုင်းပြောင်းသုံးဖို့က တော်တော်ခက်ခဲတဲ့ကိစ္စပါ”ဒေသခံတစ်ဦးက ပြောကြားသည်။
ထုတ်ပြန်ကြောငြာချက်အားလိုက်နာခြင်းမရှိသော ဆိုင်များကို စည်ပင်သာယာရေး ဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
(၃)ကျောက်ဖြူမြို့အနီးတွင် မီးတောင်ပေါက်ကွဲမှုဖြစ်ပွား*
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးတွင် ဖေဖော်ဝါရီလ ၁၉ရက်နေ့ နံနက်၁၀နာရီခန့်က မီးတောင်ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ယင်းပေါက်ကွဲမှုဖြစ်ပွားသောမီးတောင်သည် ကျောက်ဖြူမြို့နှင့်သုံးမိုင်ခန့်ဝေးသော စိုင်ခြုံအရပ်တွင်တည်ရှိပြီး အမြင့်ပေ ၅၀မှ ၆၀ခန့်သာရှိသော တောင်ကုန်းတစ်ခုဖြစ်ပြီး ပေါက်ကွဲစဉ်က မီးတောင်ချော်ရည်များ အမြင့်ပေ ၁၀၀ခန့်အထိမြင့်တက်သွားခဲ့ပြီး ပေ၁၅၀ခန့်အထိ ချော်ရည်များပြန့်ထွက်စီးကျခဲ့သည်ဟု သိရသည်။
“ဒီပေါက်ကွဲမှုဖြစ်ပွားရတာဟာ မြေအောက်သဘာဝဓာတ်ငွေ့တွေရဲ့ တွန်းကန်အားကြောင့် ဖြစ်ပါတယ်။ ပြီးတော့ စိုင်ခြုံဒေသဟာ ရေနံထွက်ရှိတဲ့ ဒေသတစ်ခုဖြစ်တာကြောင့် ဓာတ်ငွေ့တွန်းအားကြီးမားလာတာကြောင့်ဖြစ်ပါ တယ်။လွန်ခဲ့တဲ့ လေးငါးလလောက်ကတည်းက ဒီတောင်ဟာ ပေါက်ကွဲနိုင်တဲ့အခြေအနေမှာရှိနေတဲ့အတွက် တောင်အနီးကိုသွားရောက်သူတွေ မရှိသလောက်ပါ။ဒါကြောင့်ထိခိုက်ဒဏ်ရာရသူမရှိပါဘူး”ဟု မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ ပြည်နယ်မှူးဦးချစ်ကျော်က ပြောကြားခဲ့ပါသည်။
အဆိုပါမီးတောင်သည် ၂၀၀၄ခုနှစ်ကလည်းပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟုသိရသည်။
ယခုသတင်းများအား No.22 Vol.2 March 7 Wednesday 2007ထုတ်Weekly Eleven Journalမှ တစ်ဆင့်ပြန် ဖော်ပြထားခြင်းဖြစ်ပါသည်။

No comments: