Thursday, March 15, 2007

Love....

လူတစ်ယောက်....လူတစ်ယောက် နေ့စဉ်သေဆုံးနေသလို နေ့စဉ်မွေးဖွားနေတဲ့လူ့လောကမှာ ပြည့်စုံစွာနဲ့ မွေးဖွားလာ သူတွေရှိသလို လိုအပ်ချက်တွေနဲ့မွေးဖွားလာသူလည်းအများသားပါ။ဒီနေ့ကျွန်တော်ဖတ်ဖြစ်တဲ့ စာအုပ်ထဲမှာတွေ့ လိုက်ရတဲ့ မာသာထရီးဇာ ရဲ့ပြောစကားကတော့မှတ်သားစရာပါ။ဥပမာ- လမစေ့ဘဲမွေးလာတဲ့ကလေးတွေကို မေတ္တာ အပြည့်နဲ့ ထွေးထွေးပိုက်ပိုက်ပြုစုခြင်းအားဖြင့် အသက်ရှင်သန်မှုနှုန်ပိုများပြီး၊သာမန်ပြုစုလျှင်တော့ အသက်ရှင်နှုန်း နည်းတာကိုတွေ့နိုင်ပါတယ်။မာသာထရီးဇာရဲ့ပြောစကားလေးကိုဖတ်ကြည့်ပါဦးနော်..။
မေတ္တာ ငတ်မွတ်လို့သေဆုံးနေရသူတွေ
ဒီနေ့ ကမ္ဘာမှာ
အကြီးကျယ်အဆိုးဝါးဆုံး ရောဂါဟာ
တီဘီလည်းမဟုတ်ဘူး၊
အနာကြီးရောဂါလည်း မဟုတ်ဘူး။
နှစ်သက်လိုလားသူ မရှိတာ၊
မေတ္တာထားခြင်း ကြည့်ရှုစောင့်ရှောက်ခြင်း ကင်းမဲ့တာ၊
ပေယျာလကန်အပြုခံရတာတွေပဲ။
ကိုယ်ကာယရောဂါတွေကို
သာမန်ဆေးဝါးများ ပေးလို့ရပေမယ့်၊
အထီးကျန်ခြင်း
စိတ်ပျက်အားလျော့ခြင်း
မျှော်လင့်ချက် ကုန်ဆုံးခြင်း ဝေဒနာတွေကိုတော့
မေတ္တာတရားနဲ့သာ ကုစားနိုင်ပါတယ်။
ဒီနေ့ကမ္ဘာမှာ
ပေါင်မုန့်တစ်ဖဲ့အတွက် အသက်ငင်နေသူတွေ
အမြောက်အမြားရှိနေတာ မှန်သလို
မေတ္တာအကြင်နာလေး
နည်းနည်းမှ မခံစားရလို့
သေဆုံးကြမယ့် လူတွေကလည်း
ဒုနဲ့ဒေးပါ။
Mother Teresa

No comments: