Saturday, March 3, 2007

Continue

(၅) စိတ်အားငယ်သူတွေသာ ဆေးစွဲတာပါ။
ဆေးစွဲခြင်းကသာ စိတ်အားငယ်ခြင်း၊စိတ်ပျော့ခြင်းတို့ကို ဖြစ်စေတာပါ။ ဘယ်သူကမှ ငါဆေး သမားဖြစ်ရမယ်လို့ ရည်ရွယ်ပြီး ဆေးသုံးခဲ့တာ မဟုတ်ပါဘူး။
(၆) မူးယစ်ဆေးသုံးစွဲမှုဟာ မူးယစ်ဆေးသမားတစ်ယောက်ကိုပဲ ထိခိုက်နစ်နာစေတာပါ။
ဆေးစွဲသူ ဆေးသမားနဲ့ မိသားစုဝင်အားလုံးဟာ အရမ်းထိခိုက်ခံစားရပါတယ်။ ကိုယ့်မိသားစု ၀င် တစ်ယောက်ဟာ မျက်စိအောက်မှာတင် မျက်ဝါးထင်ထင် ပျက်စီးသွား၊ခံစားသွားရတာကို မြင်လိုက်ရလို့ ဘယ်သူမှ မပျော်နိုင်ပါဘူး။ အလုပ်ရှင်တစ်ယောက်အတွက် ဆိုရင်လည်း သူ့ရဲ့ အလုပ်သမားတစ်ယောက်ဆေးစွဲခဲ့ရင် အလုပ်ထိခိုက်၊ပျောက်ရှ၊ပျက်စီး၊ဆုံးရှုံး၊ထိခိုက်နစ်နာမှု တွေ ပြန်လည်ပေးဆပ်ရတာတွေဟာ မလိုအပ်တဲ့ ကုန်ကျမှုတွေပါ။ တရားဥပဒေအရ ဖြေရှင်းပေးရတာတွေ၊ဆေးဝါးကုသစရိတ်တွေ ဒါတွေဟာ နိုင်ငံတော်ရဲ့ နစ်နာမှုတွေပါပဲ။
(၇) မူးယစ်ဆေးရောင်းဝယ် ဖောက်ကားမှုဟာ လူတွေအပေါ် ဘာမှ မသက်ရောက်နိုင်ပါဘူး။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေဟာ ခြိမ်းခြောက်မှု၊လာဘ်ထိုးမှု အမျိုးမျိုးကို ကျူးလွန်တတ်ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေပါတယ်။ ခိုးဆိုးတိုက်ခိုက်မှု၊ လူသတ်မှုကနေ လူမှုအသိုက်အ၀န်း တစ်ခုလုံးကိုပါထိခိုက်နစ်နာစေပါတယ်။
(၈) ကိုယ့်သားသမီး ဆေးချတာ မိဘတိုင်း သိနိုင်ပါတယ်။ရိပ်မိနိုင်ပါတယ်။
ဈေးပေါပေါနဲ့ ရတဲ့မူးယစ်ဆေးအချို့ဟာ ဒီနေ့ဈေးကွက်ထဲမှာ ရှိနေပါပြီ။ ဒါကြောင့် လူငယ် တွေအနေနဲ့ ဒါတွေကို ၀ယ်သုံးဖို့ငွေသိပ်များများစားစား မလိုပါဘူး။ မိဘတွေဆီက အတင်း တောင်းစရာ၊ခိုးစရာ၊ ၀ှက်စရာ မလိုဘူး။ပြီးတော့ အန်တရယ်ဖြစ်လောက်တဲ့ လက်ခဏာတွေနဲ့ သက်ရောက်မှုတွေက အချိန်အကြာကြီး သုံးတော့မှ မြင်သာတတ်တာမို့ ခဏပန်း၊တစ်ခါ တစ်လေ သုံးကြတဲ့ လူငယ်တွေမှာ သိပ်မြင်ရမှာ မဟုတ်ပါဘူး။
ဒါကြောင့် မိဘတွေအနေနဲ့ အဲဒီလို အခြေအနေမျိုးမှာ သူတို့ရဲ့ သားသမီးတွေ ဆေးချတာကို အလွယ်တကူ သိနိုင်မှာ မဟုတ်ပါဘူး။ ဆေးချပြီး ပြတ်သနာတွေ တက်လာတော့မှသာ အဖြစ်အပျက်အားလုံးကို သိရတာပါ။ ဒါကြောင့် လူကြီးတွေ၊မိဘတွေ၊ သားသမီးနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် သိပ်သိတယ်ဆိုပြီး အထင်မကြီးလေနဲ့။ဒါတွေကတော့ သူတို့ဆီက မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ “အထင်”လေးတစ်ချို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာလည်း ဒီထက်မနည်းတဲ့ “အထင်”တလွဲလေးတွေအများကြီးရှိမှာပါ။ မူးယစ်ဆေးဝါးရောင်းသူ ထုတ်သူ သုံးစွဲသူဘယ်သူတွေဟာ ထိခိုက်နစ်နာမှုအများဆုံးလည်း။ သုံးစွဲသူ နဲ့မိသားစုပါ။ ဒီအထဲမှာလူငယ်တွေ အများဆုံး....အနာဂတ်ရဲ့ မျိုးစေ့တွေ၊ အိပ်မက်တွေ၊အလင်းရောင်တွေ၊မျှော်လင့်ချက်တွေကို တင်စားထားတဲ့ လူငယ်တွေ ဘယ်လောက်နစ်မျောလွင့်ပါ နေပြီလဲဆိုတာ အလေးအနက်ထား စဉ်းစားကြရဖို့။

No comments: