Thursday, March 8, 2007

Coffee

ကော်ဖီရဲ့ နောက်ခံသမိုင်းကြောင်း
အီသီယိုပီးယန်းလူမျိုး(Ethiopian)ဆိတ်ကျောင်းသမားလေးက စခဲ့တာပေါ့။ သူ့နာမည်ကို တစ်လုံးအဖျား ဆွတ်ခေါ်ရင် “အင်ဒီ”လို့ခေါ်ပါသတဲ့။
အရိပ်ကောင်းတဲ့ အပင်တစ်ပင်ပင်အောက်မှာ နားနေရင်း သူ့ဆိတ်တွေကို လွှတ်ထားလေ့ရှိပါတယ်။ အဲဒီ အပင်တွေထဲက အနီရောင်အသီးကလေးတွေ ဝေနေတတ်တဲ့ ဘယ်ရီ(Red Berries)ပင်တွေဟာ နောင်သူ့ အရွက်တွေ အသီးတွေနဲ့ စမ်းသပ်မှုတွေ လုပ်တဲ့အခါ အတော်သဘာဝကျတဲ့ “Goatus Ethiopicus” ဆိုတဲ့ ရုက်ခဗေဒ အမည်ကိုတောင် ပေးခဲ့ရသတဲ့။
ပြန်စပြောရရင် အင်ဒီကျောင်းနေတဲ့ ဆိတ်တွေဟာ အပင်တွေလွတ်ရာ ကွင်းပြင်ဘက်ထွက်ပြီး အတော် တက်တက်ကြွကြွ ခုန်ပေါက်ပြေးလွှားနေတာမြင်ရပါလေရော။ ခါတိုင်းနဲ့ မတူအောင်ကို သွက်သွက် လက်လက်ဖြစ်နေကြတယ်။ အင်ဒီအံ့သြမိတာပေါ့။ တောရိုင်းanimals တစ်ကောင်ကောင်ကို တွေ့ပြီး ချောက်ချောက်ချားချား ဖြစ်ကုန်ကြတာလားဆိုတာတွေးတယ်။ ကိုယ်တိုင်ထကြည့်အကဲခတ်တော့ ဆိတ် တွေဟာ အန်တရယ်တစ်ခုခုကြောင့် ဟုတ်ဟန်မတူဘဲ မြူးထူးပျော်ရွှင်နေတာမျိုး တွေ့နေရတယ်။ ဘာကြောင့်လဲ ..အနီရောင် အသီးလေးတွေနဲ့ ဆက်စပ်မှုရှိနေသလား၊ကိုယ်တိုင် လက်တစ်ဆုပ်စာ ဘယ်ရီသီးနီနီလေးတွေကို ၀ါးပြီးမျိုချကြည့်တယ်။ ဘယ်လောက်မှ မကြာခင် ထူးခြားတဲ့ အာရုံတစ်ခုကို သူခံစားမိလိုက်တယ်။ဒါတွေ ၀ါးမိစားမိတဲ့ဆိတ်တွေ ဘယ်တုန်းကနဲ့မှ မတူအောင်မြူးနေကြတာ ဒါကြောင့်ကိုး။
ဒီလု နောက်ခံဖြစ်ရပ်မျိုးနဲ့ ကော်ဖီဆိုတာပေါ်လာတာပါ။ ခရစ်နှစ်တော်တော် စောစောမှာပဲ ကော်ဖီဟာ အီသီယိုပီးယားက စတင်တယ်လို့ဆိုပါတယ်။ တခြားအယူအဆတစ်ခုကလည်း အာရေဗျ(Arabia)နိုင်ငံမျိုး ကစတယ်လို့ဆိုပြန်ပါတယ်။ ဘာကြောင့်ဆို အာရေဗျလူမျိုးတွေဟာ ဒီကော်ဖီစေ့တွေကို သူတို့နိုင်ငံမှအပ ဘယ်နိုင်ငံကမှ မစိုက်မပျိုးနိုင်အောင်၊ဘယ်ကိုမှ မပျံ့နှံ့အောင် ထိန်းချုပ်ထားခဲ့တဲ့ အကြောင်းရှိခဲ့လို့ပါပဲ။
သို့သော်လည်း ၁၆၉၀ပြည့်နှစ်ထဲမှာ ဒတ်ခ်ျတွေက ရုက်ခဗေဒဥယျာဉ်တွေအတွက် ပျိုးပင်အချို့ရရှိသွားကြ တယ်။တစ်ဆင့်တစ်ဆင့် ဂျာဗားမှာရော ဥရောပနိုင်ငံ ပြင်သစ်စတဲ့နိုင်ငံတွေဆီ ရောက်ကုန်ပါလေရော။ တောင်အမေရိကတိုက် အထိပျံ့နှံ့ခဲ့တယ်ဆိုပဲ။ မူရင်းနိုင်ငံတွေက ဘယ်လိုပဲကန့်သတ်ထိန်းချုပ်နေစေဦး တော့ လာဘ်မြင်တဲ့ ဘရာဇီး လူမျိုးသံတမန်တွေက တစ်ဆင့် ဘရာဇီးနိုင်ငံအထိပေါက်ရောက်ပြီး ဘရာဇီး ကော်ဖီလုပ်ငန်းဆိုတာ မွေးဖွားလာတဲ့အထိပါပဲ။အမှုန့်ကြိတ် ပြင်ဆင်ထုပ်ပိုးရောင်းချကြပေါ့။ကနေ့မှာဖြင့် Indiaအနောက်ပိုင်း၊ဂျာဗား၊တောင်အမေရိကနဲ့ အာဖရိကမှာပါ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေ လေပြီ။နိုင်ငံတကာ ရောင်းကုန် ထုတ်ကုန်အဖြစ် တွင်ကျယ်နေရာယူနေလေပြီ။

No comments: