ကျွန်တော်တို့ မည်သည့်နယ်ပယ်မှာဖြစ်ပါစေ၊ trainer တစ်ယောက်ဟာလွန်စွာမှ အရေးပါပြီးတန်ဖိုးကြီးလှပါတယ်{ငွေကြေးကိုဆိုလိုတာမဟုတ်ပါ}။trainer မရှိတဲ့မည်သည့်အသင်းဖွဲ့မဆို ဦးတည်ချက်မဲ့၊ရည်မှန်းချက် အောင်မြင်မှုတွေဟာ ပရမ်းပတာ ဖြစ်နေမှာအသေအချာပါပဲ။ကျွန်တော်ဟာ gym လောကနယ်ပယ်ကဖြစ်တဲ့အတွက် gym trainer တွေအရေးပါမှုကိုပဲ အသားပေးပြီးဖော်ပြချင်ပါတယ်။ကျွန်တော်လေ့လာတွေ့ရှိသလောက် အားမနာတမ်းပြောရမယ်ဆိုရင် gym ပိုင်ရှင်တွေက trainer တွေအပေါ်ဆက်ဆံတာတစ်မျိုး၊ ကစားသမားတွေကဆက်ဆံတာတစ်မျိုး တွေ့ရှိနေရပါတယ်။gym ပိုင်ရှင်တွေက trainer တွေအပေါ်မှာ အခကြေးငွေပေးပြီး ငှါးရမ်းထားတာဖြစ်တဲ့အတွက် သြဇာလွှမ်းမိုးပြီး၊ကြိုးဆွဲရာကို က စေချင်ကြပါတယ်။
ဒီထက်ပိုပြီးပြောရရင် အခိုင်းစေတစ်ယောက်လို၊အထွေထွေလုပ်သားတစ်ယောက်လို သတ်မှတ်နေပုံပါပဲ။ကစားသမားတွေအနေနဲ့ကလည်း ကူဖော်လောင်ဘက်တစ်ယောက်လို၊လုပ်အားပေးတစ်ယောက်လိုထင်မြင်ယူဆနေကြပါတယ်။trainer ဟာ trainer ပဲဖြစ်ပါတယ်။trainer တစ်ယောက်ဖြစ်တဲ့အတွက် သာမန်ကစားသမားတွေထက်တော့ အသိအမြင်၊ဗဟုသုတ၊လေ့ကျင့်တဲ့နည်းစနစ်တွေကို ပိုမိုပြီး သိရှိတာအသေအချာပါပဲ။ဒါကြောင့်ကျွန်တော့်အနေနဲ့ trainer တစ်ယောက်ရဲ့ တန်ဖိုးကို gym ပိုင်ရှင်တွေနဲ့ ကစားသမားတွေအကြား တစ်ဦးနဲ့တစ်ဦးအပြန်အလှန် အလေးထား၊ လေးစားစေဖို့ ရေးသားဖော်ပြလိုက်ရပါတယ်။
ဒဏ်ရာရခြင်းကိုကာကွယ်ပေးနိုင်ခြင်း
Gym တွေမှာရှိတဲ့ equipments တွေ ရဲ့ step by step အသုံးပြုပုံ၊ နေရာယူမှု ကိုယ်နေဟန်ထားတို့ကို လွဲမှားစွာအသုံးမပြုနိုင်ရန်အတွက်trainer တစ်ဦးဟာ လမ်းညွှန်ပြီး ပြသပေးနိုင်ပါတယ်။ ဥပမာ..trainer ရဲ့ လမ်းညွှန်ပြသမှုကိုမယူပဲ စက်ပစ္စည်း equipments များကို မိမိသဘောနဲ့ ကစားမယ်ဆိုရင် မှန်ကန်မှုမရှိနိုင်ပါဘူး။မိမိ၏ဆုပ်ကိုင်ထားတဲ့ လက်အကျဉ်းအကျယ်၊တင်ပါးတွေ စောင်းနေမယ် ပုံသဏ္ဏာန်မမှန်မှု၊ခြေထောက်တွေအနေအထားဟာ ကျဉ်းလွန်း/ကျယ်လွန်းနေမယ်ဆိုရင် အနေအထားမမှန်ကန်မှုကြောင့် ဒဏ်ရာအနာတရ ဖြစ်ဖို့ ဖိတ်ခေါ်နေသလိုပါပဲ။
မိမိ ဟာ trainer တစ်ယောက်ရဲ့လမ်းညွှန်ပြသမှုနဲ့ကစားတယ်ဆိုရင်တော့၊trainer ဟာ ဘေးကရပ်နေလျက်၊မိမိကစားတာကိုစောင့်ကြည့်နေပြီး၊မှန်ကန်တဲ့ပုံစံကိုပြောပြပေးနိုင်တဲ့အပြင် အကြိမ်/အကျော့တွေကိုလည်း စနစ်တကျပြုလုပ်ပေးမှာအသေအချာပါပဲ။မှန်ကန်တဲ့ပုံနဲ့ကစားတာဖြစ်တဲ့အတွက် ကြွက်သားတွေ၊အရိုးအဆစ်တွေ ဒဏ်ရာရမှု ကင်းဝေးစေမှာအမှန်ပါပဲ။
ကျေနပ်ဖွယ်ရှိသောအကျိုးရလဒ်ကိုရရှိခြင်း
မိမိရဲ့ body ကိုပြောင်းလည်းဖို့အတွက် နည်းစနစ်တွေကိုသိရှိပြီး မိမိဘာသာ တစ်ဦးတည်း အားထည့်ပြီး ကစားနေသော်လည်း trainer မပါရင် ရလဒ်က ကြေနပ်ဖွယ်မဖြစ်နိုင်ပါဘူး။မိမိကစားနေတဲ့ လေ့ကျင့်ခန်းဟာ နည်းစနစ်မှန်နိုင်ပါတယ်၊ဒါပေမဲ့ မိမိရဲ့ကိုယ်နေဟန်ထား ပုံသဏ္ဍာန်ကို ပြန်ကြည့်ဖို့ အတော်ပဲခဲယဉ်းလှပါတယ်။ မိမိရဲ့ posture မှန်/မမှန်ကို ဘေးကကြည့်တဲ့ trainer ကသာလျင်သိရှိနိုင်ပြီး ပြောင်းလည်းပေးနိုင်ပါတယ်။trainer တစ်ဦးဟာကစားသမားရဲ့ ခန္ဓာကိုယ်အချိုးစားကိုကြည့်ပြီး၊ဒဏ်ရာရမှုမရှိစေပဲ နေ့စဉ်/အပတ်စဉ် ပြုလုပ်ရမဲ့ လေ့ကျင့်ခန်းတွေကို လမ်းညွှန်မှုပေးနိုင်တဲ့အတွက်ကြောင့် မိမိရဲ့ ရည်မှန်းချက်ကို ရရှိမှာမလွဲပါပဲ။ဥပမာ..မိမိအနေနဲ့ ရင်သေးနေသလား၊ အပေါ်ပိုင်းကြီးနေသလား၊အောက်ပိုင်းသေးနေသလား စသည်ဖြင့် analyse လုပ်နိုင်ပြီး၊လေ့ကျင့်ခန်းတွေကိုရွေးချယ်ပေးနိုင်တာဟာ trainer ကပဲရွေးချယ်ပြုလုပ်ပေးနိုင်ပါတယ်။ဒါဟာ trainer တစ်ဦးရဲ့ အရည်အချင်းပါ။trainer တစ်ဦးဟာ တစ်ခြား motivations တွေ၊ လှုံ့ဆော်မှုတွေနဲ့ တွန်းအားပေးမှုတွေကြောင့်အချိန်ကြာလာတာနဲ့အမျှ မိမိရဲ့ ခန္ဓာကိုယ်အချိုးအစားပြောင်းလည်းတာလာကိုသိရှိပြီး စိတ်ချမ်းသာပျော်ရွှင်မှုရရှိစေတာအမှန်ပါပဲ။
အတွေ့အကြုံဗဟုသုတ သာလွန်ခြင်း
Trainer တစ်ယောက်ဟာ အတွေ့အကြုံနဲ့ ဗဟုသုတပိုင်းမှာ သာမန်ကစားသမားတွေထက်သာလွန်တာအမှန်ပါပဲ။trainer တစ်ယောက်ရဲ့ လုပ်သက်ကြာလာတာနဲ့အမျှ အတွေ့အကြုံဟာ ပိုမိုစမြဲပါပဲ။ဒါအပြင် trainer တွေဟာ ကစားသမားတွေကို ပြသ ပြောဆိုနိုင်ဖို့ လေ့လာမှုအသစ်၊နည်းစနစ်အသစ် up to date တွေကို စဉ်ဆက်မပြတ်လေ့လာနေရသူတွေပါ။နည်းစနစ်အသစ်တွေကိုပဲ လေ့လာ နေတာလားဆိုရင်လည်း မဟုတ်သေးပါ။ အဟာရပိုင်းဆိုင်ရာ nutrition tip တွေကိုလည်း လမ်းညွှန်မှု့ပေးနိုင်ဖို့ လေ့လာနေရပြန်ပါတယ်။
Trainer တစ်ဦးဟာ အရည်အချင်းပြည့်ဝနေမှ ကစားသမားတွေရဲ့ exercise guidelines တွေ ကိုပေးနိုင်ပြီး ရည်မှန်းချက်ပန်းတိုင်ကိုဖြည့်စည်းပေးနိုင်တာဖြစ်ပါတယ်။ဒါ့အပြင် trainer တစ်ဦးဟာ ကစားသမားရဲ့ ခံနိုင်ရည်၊သက်လုံနဲ့ ခွန်အားကို သာမန်လူတစ်ဦးထက် ပိုသိပါတယ်။ကစားသမားကို ပြင်းအားမြှင့်ပေးဖို့လိုအပ်သလား၊လျော့ပေးရမလား စသည်ဖြင့် အကဲဖြတ်နိုင်ပြီး လိုတိုး၊ပိုလျော့ လမ်းညွှန်မှု့ပေးနိုင်သူတွေဖြစ်ပါတယ်။trainer တစ်ဦးနဲ့တစ်ဦးရဲ့ လှုံ့ဆော်မှု motivation ကတော့မတူညီနိုင်ပါဘူး။motivation မတူတဲ့အတွက် ကစားသမားတွေအပေါ်မှာ မတူညီကွဲပြားတဲ့ exercise method တွေတော့ဖြစ်နိုင်ပါတယ်။ဒါပေမဲ့နောက်ဆုံး ရလဒ်ကတော့တူညီနေမှာပါ။လိုအပ်ရင်လိုအပ်သလို လေ့ကျင့်ခန်းတွေကိုပြောင်းလည်းပေးနိုင်ပြီး နောက်တဆင့်တက်ဖို့ကိုလည်း လမ်းညွှန်ပြသပေးနိုင်သူတွေပါ။ဒါ့အပြင် trainer တွေဟာ gym ကိုလာတဲ့ မတူညီတဲ့လူတွေကို မတူညီတဲ့ လေ့ကျင့်ခန်းတွေကို ညွှန်ကြားပြသပေးနိုင်သူတွေဖြစ်ပါတယ်။ဥပမာ..သက်ငယ်၊အသက်လတ်နဲ့ သက်ကြီး ကစားသမားတွေရဲ့ပြုလုပ်ရမဲ့ လေ့ကျင့်ခန်းတွေဟာမတူညီနိုင်ပါဘူး။ဒါတွေကို နည်းပြတွေကသာသိရှိနိုင်ပါတယ်{ကျွန်တော်/ကျွန်မ ကြတော့ ဒီလေ့ကျင့်ခန်းလုပ်ခိုင်းတယ်၊သူကျတော့ ဒါလုပ်နေတယ်... စသည်ဖြင့်ပါ}။ဒါဟာ...နည်းပြရဲ့ အရည်အချင်းပါ။
နည်းပြတွေဟာ physical exercise တင်မကပါဘူး mental စိတ်ခွန်အားတွေကိုလည်းပေးနိုင်သူတွေပါ။မိမိ မရဘူးလို့ထင်ထားတာတွေကို နည်းပြရဲ့ လှုံ့ဆော်မှုနဲ့ စိတ်အားတက်ကြွပြီး ပြီးမြောက်အောင်ဆောင်ရွက်နိုင်ဖို့ အကောင်းဆုံးတွန်းအားပေးသူတွေဆိုရင်လည်း မှားမယ်မထင်ပါဘူး။ဒါ့အပြင် နည်းပြတွေဟာ တရားမဝင်တဲ့ ကုသရေး ဆရာဝန်တွေဆိုရင်လည်းငြင်းမရပါဘူး။ဘာကြောင့်လည်းဆိုရင် မိမိ ကစားသမားရဲ့ physical, mental တွေမှာ အားနည်းတဲ့အပိုင်းတွေကို ကျမ်းမာသန်စွမ်းလာအောင်စွမ်းဆောင်ပေးနိုင်သူတွေဖြစ်ပါတယ်။နည်းပြတွေရဲ့တန်ဖိုးကို ရေးရရင် ကုန်အံ့မထင်ပါ။ ကျွန်တော်ဆိုလိုတာ gym နည်းပြ ကိုပဲဆိုလိုခြင်းမဟုတ်ပါ။မည်သည့်နယ်ပယ်က နည်းပြမဆို အားလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။trainer တစ်ဦးအနေနဲ့လည်း ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေရှိဖို့တော့လိုအပ်ပါတယ်။
အပြန်အလှန်အားကိုးအားထားပြုခြင်း
ကျွန်တော့်အနေနဲ့ လေ့လာတွေ့ရှိချက်နောက်တစ်ခုရှိပါသေးတယ်။gym ပိုင်ရှင်တွေကိုပမထဦးစွာအပြုသဘောနဲ့ပြောချင်ပါတယ်။gym ပိုင်ရှင်တွေအနေနဲ့ အရည်အချင်းပြည့်ဝတဲ့ နည်းပြကို ငှားရမ်းအသုံးပြုခဈေးများတဲ့အတွက်ကြောင့်ငှါးရမ်းဖို့ လက်တွန့်နေတတ်ပါတယ်။အဲဒါကြောင့်လွယ်ကူစွာပဲ အတော်သင့်ကစားတတ်တဲ့သူ/ခန္ဓာကိုယ်အချိုးစားပြေပြစ်တဲ့သူတွေကို အခကြေးငွေနည်းစွာအသုံးပြုပြီး အလုပ်လုပ်စေပါတယ်။အဲဒီမှာ နည်းပြသက်တမ်းမရှိမှု၊နည်းပြတစ်ယောက်ရဲ့ ရှိသင့်တဲ့ ဗဟုသုတနည်းပါးမှုတွေ ကြောင့် ကစားသမားနဲ့နည်းပြကြားမှာ ယုံကြည်မှု၊ဆက်ဆံရေးမပြေပြစ်မှုတွေကိုကြုံတွေ့ရပါတယ်။
တစ်ချို့ owner တွေဆိုရင်{မည်သူ့ကိုမှမရည်ရွယ်ပါ}နီးစပ်ရာ လူကို ခေါ်မွေးပြီး အထိုက်အလျောက် လေ့ကျင့်ခန်းတွေကိုသင်ပေးပြီး၊နည်းပြပြန်လုပ်ခိုင်းတာမျိုးတောင်ရှိပါတယ်။အဲဒီမှာ နည်းပြတစ်ယောက်ရဲ့အရည်အချင်းမပြည့်ဝ မှုတွေကြောင့် ကစားသမားတွေရဲ့ ယုံကြည်မှု၊အားထားမှု တွေကိုမရရှိတဲ့အတွက် အထိုက်အလျောက်အစဉ်မပြေမှုတွေကိုတွေ့ရှိနေရပါတယ်။ဒါ့ကြောင့် အပြန်အလှန်ယုံကြည်မှုတွေရရှိဖို့ owner တွေအနေနဲ့လည်း အရည်အသွေးပြည့်ဝတဲ့နည်းပြများကိုသာ ရွေးချယ်မှုပြုသင့်ပါတယ်။owner တွေအနေနဲ့လည်း စီးပွားရေး ကြောင့်ဖြစ်စေ၊ ဝါသနာပါလို့ဖြစ်စေ fitness နယ်ပယ်ထဲကိုဝင်ရောက်တော့မယ်ဆိုရင်၊ fitness နယ်ပယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေကို အထိုက်အလျောက်လေ့လာမှတ်သားသင့်ပါတယ်။
အဲဒါမှ အရည်အချင်းပြည့်ဝတဲ့ နည်းပြတွေကို မိမိပင်ကိုယ်အသိစိတ်နဲ့ မည်သူတစ်ဦးတစ်ယောက်၏တိုက်တွန်းချက်မှ မပါပဲမှန်ကန်စွာ ရွေးချယ်ငှါးရမ်းနိုင်မှာဖြစ်ပါတယ်။အကြံပြုတင်ပြခြင်းသာဖြစ်ပါတယ်။
နည်းပြတွေအနေနဲ့ကလည်း ကစားသက်လေးအထိုက်အလျောက်ရှိ၊body ကလည်းအထိုက်လျောက်ကောင်းနေပြီဆိုရုံနဲ့ နည်းပြအဖြစ်မလုပ်သင့်ပါဘူး။မိမိမှာနည်းပြအရည်အချင်းပြည့်စုံပြီလား၊ဗဟုသုတတွေ အတန်အသင့်ရှိပြီလား{ကစားတဲ့စနစ်အပိုင်း၊program အပိုင်း၊အဟာရ nutrition ပိုင်း}ပြန်လည်သုံးသတ်ရပါမယ်။လိုအပ်နေသေးရင်လေ့လာရမယ်၊မှတ်သားရမယ်{life long learning} အမြဲမပြတ်ပြုလုပ်ဆန်းစစ်နေရပါမယ်။အဲဒါမှအရည်အချင်းပြည့်ဝတဲ့နည်းပြတစ်ယောက်ဖြစ်မှာပါ။ထိုက်လျောက်တဲ့အခကြေးငွေရလို့နည်းပြလုပ်တယ်ဆိုတာမျိုးမလုပ်သင့်ပါဘူး။အဲဒီလိုလုပ်မယ်ဆိုရင် ကစားသမားတွေရဲ့ ယုံကြည်မှုမရရှိခြင်း၊owner ရဲ့ အထင်မြင်သေးခြင်းကိုခံရခြင်း၊ အမျိုးမျိုးသော ဆက်ဆံရေးမပြေပြစ်ဘူးဆိုတဲ့ ပြဿနာပေါင်းစုံကိုရရှိမှာဖြစ်ပါတယ်။မိမိဟာ အရေးပါချင်တယ်၊အရာရောက်ချင်တယ်ဆိုရင်တော့ trainer တစ်ယောက်မှာလိုအပ်နေတဲ့အရည်အချင်းတွေ skilfully ဖြစ်နေဖို့ လွန်စွာမှ အရေးကြီးတဲ့အဓိကလိုအပ်ချက်ပဲဖြစ်ပါတယ်။
ကစားသမားတွေအနေနဲ့ကလည်း အရည်အချင်းပြည့်ဝနေတဲ့ နည်းပြတွေရဲ့ သွင်သင်မှု၊ပြသညွှန်ကြားမှုတွေကို မခိုမကပ်ပဲ လိုက်နာလေ့ကျင့်ဆောင်ရွက်သင့်ပါတယ်။နည်းပြနဲ့ ကစားသမားကြားမှာလည်းယုံကြည်မှုထားသင့်ပါတယ်။နားမလည်တဲ့ မတူညီတဲ့ exercise. တွေကိုပွင့်လင်းစွာပဲမေးမြန်းသင့်ပါတယ်။ကိုယ်ရဲ့ရည်မှန်းချက်၊အားနည်းချက်နဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကို ပွင့်လင်းစွာမေးမြန်းဆွေးနွေးသင့်ပါတယ်။
အဲဒါမှတစ်ဦးနဲ့တစ်ဦးအပြန်အလှန် ယုံကြည်မှုကိုတည်ဆောက်နိုင်ပြီး၊ရေရှည်မှာလက်တွဲအောင်မြင်နိုင်မှာဖြစ်ပါတယ်။တစ်ချို့ကစားသမားတွေကတော့ ပြောကြပါတယ် ကျွန်တော်/ကျွန်မတို့ တွေ့ဘူးတဲ့နည်းပြတွေဟာ အရည်အချင်းသိပ်ပြီးမရှိ ဘူးလို့ပြောကြပါတယ်။ဟုတ်ချင်ဟုတ်ပါလိမ်မယ်(မည်သည့်နည်းပြကိုမှမရည်ရွယ်ပါ)။သို့သော် အကောင်းဆုံးဖြစ်သင့်တာကတော့ နည်းပြနဲ့ ကစားသမားကြားမှာ အပြန်အလှန်ဆွေးနွေးတိုင်ပင်ပြီး ရည်မှန်းချက်ကို အရောက်လှမ်းဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့ fitness နယ်ပယ်ကြီးပြောင်းလည်းတိုးတက်ဖို့အတွက် owner တွေအနေနဲ့ကလည်း လိုက်နာစောင့်ထိန်းရမဲ့နည်းတွေကိုသိရှိဖို့လိုအပ်သလို၊ နည်းပြတွေအနေနဲ့ကလည်း မိမိရဲ့အရည်အချင်းတွေပြည့်ဝနေဖို့လိုအပ်ပါတယ်။ကစားသမားတွေအနေနဲ့ကလည်း လိုက်နာရမဲ့ ဝတ္တရား၊စောင့်ထိန်းရမည့်ကျင့်ဝတ်တွေကို နားလည်ပြီး ကျင့်သုံးဖို့လိုအပ်ပါတယ်။
ကျွန်တော်ရဲ့ရည်ရွယ်ချက်ဟာ..မည်သူ့ကိုမှ ဝေဖန်တိုက်ခိုက်ခြင်းမဟုတ်ပါ။ ပိုင်ရှင်ရယ်၊နည်းပြရယ်၊ကစားသူတွေရဲ့ ကြားမှာ တစ်ဦးကိုတစ်ဦး အပြန်အလှန်၊ လေးစားပြီး နားလည်မှုအပြည့်နဲ့ respect ရှိစေချင်တဲ့သဘောပါ။အဲဒါမှ ကျွန်တော်တို့ fitness နယ်ပယ်ကြီး စည်းလုံးအောင်မြင်ပြီး ရလဒ်ကောင်းတွေ ရရှိဖို့အပြုသဘောဆောင်၍ အကြံပြု ရေးသားဖော်ပြခြင်းဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါတယ်။
* ကျွန်တော်ထပ်မံ၍ အသိပေးတင်ပြချင်တာက...ကျွန်တော်သည် မည်သည့် owner ၊ မည်သည့် နည်းပြ နှင့် မည်သည့် အားကစားသမားကိုမှ ဝေဖန်တိုက်ခိုက် ပြောနေခြင်းမျိုး မဟုတ်ပါကြောင်းအလေးအနက် ဝန်ခံအပ်ပါသည်။ကျွန်တော်တို့ fitness နယ်ပယ်ကြီး ဒီ ထက်ဖွံ့ဖြိုးတိုးတက်ရန်နှင့် `ကျွန်းကိုင်းမှီ၊ကိုင်းကျွန်မှီ´ဆိုတဲ့အတိုင်း အပြန်အလှန် နားလည်မှု၊လေးစားမှုတွေရှိပြီး၊fitness နယ်ပယ်ကြီး အောင်မြင်တိုးတက် ရန် အပြုသဘောဆောင်၍ အကြံပြု ရေးသားခြင်းသာဖြစ်ပါကြောင်း ထပ်လောင်းအသိပေး ဝန်ခံအပ်ပါတယ်ခင်ဗျား။
လေးစားစွာဖြင့်
Htinkyaw Wazi
Olympia Fitness Centre ( သုဝဏ္ဏ )
MFTA Certifined Trainer
No comments:
Post a Comment