Tuesday, January 9, 2018

Tech Gadget's In-Depth Review : Huawei Nova 2i


Maybe the most hyped or most advertised phone for now? We're reviewing Huawei Nova 2i.

Huawei ကနေ Vivo ၊ Oppo တို့နဲ့ အပြိုင် 18:9 Display ဖုန်းဈေးကွက်ထဲကို ဝင်လာတဲ့ဖုန်း၊ Honor ရော Huawei ဖုန်းမျိုးစုံ ထုတ်ထားပေမယ့် မြန်မာနိုင်ငံကိုတော့ Huawei Nova 2i ပဲဝင်လာခဲ့ပါတယ်။ အစက Review လုပ်ဖို့ သိပ်လည်း စိတ်မဝင်စားပေမယ့် လုပ်ဖြစ်သွားတာက နေ့တိုင်းကြော်ငြာတွေ တွေ့နေရလို့ပဲ ပြောရမှာပါ။

ကဲ၊ စကြတာပေါ့။

#Design

စမတ်ဖုန်းတစ်လုံးရဲ့ ဒီဇိုင်းကတော့ ကိုယ့်အကြိုက်နဲ့ ကိုယ်ပါ။ အဲ့ဒါကြောင့်လည်း အရင်ကဘာမှမပြောတာများပေမယ့် အခုနောက်ပိုင်း 18:9 ဖုန်းတွေအကုန်လုံးပါး ဒီဇိုင်းက ဒီတစ်ခုထဲကိုပဲ အခြေခံတာပါ။ အဲ့တော့ ဖုန်းအရှေ့ဘက်ကို ပြောစရာမရှိ၊ ကျန်တဲ့နေရာတွေသွားတာပေါ့။

Why MicroUSB? ဒါပေမယ့်လည်း အခုနောက်ပိုင်း Mid Range တွေမှာ USB Type C သုံးတာရှားနေသေးတော့လည်း။ Power Button နဲ့ Volume Button တွေက ရှိသင့်တာထက် ပိုပြီး Clicky sound တွေထွက်တယ်၊ နှိပ်ရတာ Mid Range ဖုန်းတစ်ခုဆိုတာ တန်းသိတဲ့ Feeling မျိုးပါ။ အနောက်က Metal Body တော့မဆိုးပါဘူး။ အပြာရောင်လိုချင်ပေမယ့် ရလိုက်တာ အနက်နဲ့ ရွှေပဲဆိုတော့ အပြာလည်းလှမှာပါ။ အမည်းရောင်မှာတော့ နောက်က Body မှာ လက်ဆီပေတာကို ကြုံရပါတယ်။ Fingerprint အဆင်ပြေတယ်။

ဒါပေမယ့် မကြိုက်တာက Camera Hump ပါ။ အခုဖုန်းတိုင်းလိုလိုမှာ Camera ကို ထွက်နေအောင်လုပ်တာက Trend ဖြစ်နေလားတော့မသိ - Mid Range ဖုန်းတစ်လုံးမှာ Sapphire Protection ပါဝင်ဖို့ မကျိန်းသေတဲ့အတွက် အခုလိုအပြင်ထွက်နေတာကတော့ မကောင်းပါဘူး။ ကျန်တဲ့ ဒီဇိုင်းပိုင်း အကုန်လုံးနီးပါး အဆင်ပြေတယ် - အရမ်းကြီး အပြစ်ပြောစရာမရှိ။

Tech Gadget's Rating : 3.5 out of 5 Stars. (A Solid Design)

#Performance

ကင်မရာ ၄ လုံး ကိစ္စ ခဏထားပြီး Performance ပိုင်းအရင်သွားပါမယ်။ HiSilicon Kirin 659 CPU က Benchmark တွေ Run ရင်သာ Snapdragon 625 ဝန်းကျင်ရှိတာ - တကယ်သုံးတဲ့အချိန်မှာတော့ မကောင်းပါဘူး။ Antutu Benchmark က 64000 Marks ဝန်းကျင်ရှိပါတယ်။

Maybe, Huawei ရဲ့ Laggy EMUI ကြောင့်ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် ဒီ Nova 2i က လက်ရှိ Review လုပ်ဖြစ်သမျှဖုန်းတွေထဲမှာ ပထမဆုံး Vain Glory ဂိမ်းမှာ ရုပ်ထွက် Details မကောင်းတဲ့အပြင် ဆော့လို့မရအောင် Lag တာ၊ Battle ဝင်တဲ့အချိန်တွေမှာ Screen က Flash ဖြစ်တာတွေပါကြုံခဲ့ရပါတယ်။ Oppo F5/F5 Youth အဆင်ပြေတယ်၊ Vivo V7/V7+ အဆင်ပြေသေးတယ်၊ Redmi 5/5 Plus အဆင်ပြေတယ် (*Review Coming Soon)၊ Meizu M6 Note အဆင်ပြေပါသေးတယ်။ Yes, Only Nova 2i :3

ဒါပေမယ့် အခုပြောနေတာက Vain Glory ပါ - Mobile Legend နဲ့ တခြား Graphic သိပ်မကောင်းတဲ့ ဂိမ်းတွေအဆင်ပြေပါတယ်။ နောက်ပြီး ထူးဆန်းတာက Vain Glory ဆော့နေတုန်း Heat တက်သလို Battery ကလည်း Mobile Data ၊ 60% Brightness မှာ မိနစ် ၂၀၊ နာရီဝက်ကို Battery 15% ကနေ 20% အထိကုန်ပေမယ့် Need For Speed : No Limits လို ဂိမ်းတွေကြတော့ Graphic Quality က SD 625 ဖုန်းတွေနဲ့တူပေမယ့် Heat တက်တာ၊ Battery သိသိသာသာစားတာမရှိပြန်ပါဘူး။ အဲ့တော့ ပြောသင့်တာက Kirin 659 CPU က ပုံမှန် Workload နဲ့ Normal Gaming အဆင်ပြေပေမယ့် High End Game တွေကတော့ Snapdragon ကိုမမှီသေးပါဘူး။

Game မဟုတ်ပဲ အခြားသုံးရတာကရော? Internet သုံးတဲ့အချိန်မှာ သိသိသာသာ Lag တာမျိုးမရှိပေမယ့် Heat ကတော့ နည်းနည်းကြာကြာသုံးတာနဲ့ ရှိပါတယ်။

ဒါပေမယ့် တခါတလေတွေးမိတာက Kirin 659 CPU ကို တခြား Pure Android လိုမျိုး OS မှာထည့်ရင်ဘယ်လိုနေမလဲဆိုတာပါ။ Huawei ရဲ့ EMUI က အခု 18:9 Ratio အတွက် App တွေကို 18:9 နဲ့ Force လုပ်ပြီး ပြောင်းဖို့ Setting ပါတယ်။ ဒါပေမယ့် တခါတလေ App တွေ 18:9 Full Screen ပြောင်းတဲ့အချိန်မှာ Lag ဖြစ်နေတုန်းပါ။

အဲ့တော့ Huawei Kirin 659 CPU ထက် Snapdragon 625 က ပိုကောင်းလာဆိုရင် High End Game တွေဆော့တဲ့သူမဟုတ်ရင် ဘယ်ဖုန်းက ပိုကောင်းတယ်ဆိုတာကိုပြောဖို့ ခက်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ ရွေးပါဆိုရင် Snapdragon CPU သုံးထားတဲ့ဖုန်းကိုပဲ Recommend ပေးရဦးမှာပါ။

Tech Gadget's Rating : 3 out of 5 Stars (Almost same level as SD 625, almost)

#Camera

ကင်မရာ ၄ လုံးတောင် :3

16MP + 2MP back camera ၊ 13MP + 2MP front camera.

အရင်ဆုံးပြောသင့်တာက Nova 2i ရဲ့ ကင်မရာတွေက Hardware ကို အဖြစ်လောက်နဲ့ Software ပိုင်း အလွန်အကျူးလုပ်ထားတာပါ။ Low Light ပုံတွေ Noise ပါတယ် - ဒါကလည်း Mid Range ထဲမှာ Low Light ကောင်းတဲ့ Meizu M6S ဖုန်းတွေနဲ့ ယှဉ်မှပါ။ Mi 5X နဲ့ Low Light တူတယ်ဆိုပေမယ့် Nova 2i ရဲ့ Software Optimization ကကြောက်စရာပါ။ ညဘက်ရိုက်လိုက်ရင် Software နဲ့ သိသိာသာလင်းအောင်လုပ်ထားတာသိသာပြီးတော့ ရိုက်ပြီးရင် Sharpening Image ဆိုပြီး သိသိသာသာ Sharpness ကို ဆွဲတင်ပစ်ပါတယ်။ အဲ့တော့ တခါတလေ OnePlus 5T ရဲ့ 20MP Low Light lens လောက်ကို ရိုက်နိုင်ပါတယ် - ဒါပေမယ့် Noise ပရဗွ၊ Zoom ဆွဲလိုက်တာနဲ့ Details ပျောက်သွားပြီး Sharpness အဆုံးထိတင်ထားတဲ့ ပုံတွေပဲရမှာပါ။ ဒါပေမယ့် ဘာပုံတင်တင် Filter ခံပြီး တင်တတ်တဲ့သူတွေ၊ SnapSeed နဲ့ Sharpness လေးတင်လိုက်မှ ဆိုတဲ့သူတွေကတော့ အဆင်ပြေပါတယ်။

Daytime ကရော? အဆင်ပြေတယ်ပြောတာပဲ အမှန်ဆုံးဖြစ်မှာပါ။ သာမန် Auto Mode ၊ Point & Shoot တွေမှာ သိသိသာသာဆိုးတဲ့ သိသိသာသာကောင်းတဲ့ဖုန်းလို့ ပြောလို့မရပဲ ပုံမှန်ပါပဲ။ Sharpness တွေတင်လိုက်တာ၊ Saturation အရမ်းများနေတာတွေက မကြိုက်ပေမယ့် လူအများစုက ဒါတွေပဲကြိုက်ကြတော့ ဒီဈေးမှာ ဒီ ကင်မရာက ဈေးနဲ့မတန်ဘူးလို့ ပြောလို့မရတဲ့အဆင့်ရှိပါတယ်။ ဒီဈေးထက်လည်း ပိုမကောင်းပါဘူး။

Portrait ကတော့ Secondary 2MP lens က Background Information တွေယူပြီး ဝါးလိုက်တာပါ။ အဲ့တော့ Huawei GR5 2017 နဲ့တူတူပါပဲ။ သိသိသာသာမကွာသလို ကြိုက်တဲ့ထဲလည်းမပါပါဘူ။ ဒါပေမယ့် Nova 2i မှာ ကိုယ် Background ကို ဘယ်လောက်ဝါးမလဲဆိုတဲ့ DoF ကို ချိန်လို့ရတယ်၊ နောက်ပြီး နဂိုရှိနေတဲ့ Saturated Colors နဲ့ပေါင်းတော့ တခါတလေတော့ တော်တော်ကောင်းတဲ့ပုံတွေရပါတယ်။ Portrait က Tele Lens သုံးထားတဲ့ဖုန်းတွေကို မမှီပေမယ့် အဆိုးရွားဆုံးဖုန်းမဟုတ်ပါဘူး။

ကြိုက်မိတာက Pro Photo or Manual Mode ပါ။ Shutter Speed က 8s ပဲရပေမယ့် ISO 50 - 3200 ၊ Exposure 4 Stops ၊ Manual White Balance Control ၊ Focus Control နဲ့ RAW Support တွေက Mid Range ဈေးနဲ့ Manual ကောင်းကောင်းရိုက်ချင်တဲ့သူတွေအတွက် အဆင်ပြေတဲ့ဖုန်းတစ်ခုပါ။

နောက်တစ်ခုက Features တွေပါ - Nova 2i ဖုန်းဟာ Mid Range ဖုန်းတွေထဲမှာ Image Quality အကောင်းဆုံးဖုန်းတစ်ခုမဟုတ်ပေမယ့် Features ပိုင်းအစုံဆုံးဖုန်းတစ်ခုပါ။ Audio Control ၊ Smile Shutter ၊ Object Tracking ၊ Light Painting ၊ Live Photo လိုမျိုး Features တွေအစုံပါလာတာက ဘာပဲပြောပြော ကောင်းတဲ့အချက်တစ်ခုပါ။

Tech Gadget's Rating : 3.5 out of 5 Stars (2.5 for Image Quality, 0.5 for Manual Control, 0.5 for Features)

#Display

Display ကတော့ မကောင်းပါဘူး။ Maybe ကျွန်တော်တို့ OLED panel တွေပဲ အကြည့်များလို့ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် Huawei Nova 2i ရဲ့ Display က အရောင်တော်တော်လေးဖွယ်တဲ့အဆင့်ပါ။ Full HD YouTube Video တစ်ခု တူတူယှဉ်ဖွင့်ရင် Resolution တူတဲ့ Samsung A8 ၊ OnePlus 5T တို့က Details အပြည့်ပြန်ရတယ် - ဒါပေမယ့် Nova 2i မှာ FHD Resolution ပေမယ့် Details တွေကျန်ခဲ့တယ်။ (ယှဉ်ပြန်ပြီ - ဈေး ၂ ဆကွာတာတွေနဲ့ :3)

ဘာလို့ယှဉ်ရလဲဆိုရင် Nova 2i မှာ FHD Video တစ်ခုတင်ဖွင့်တုန်းက ပုံမှန်ထက် သိသိသာသာပိုပြီး Details နည်းနေသလို ခံစားရလို့ပါ။ High End ၊ Mid Range ကွာတဲ့အတွက် အရောင်ဖွယ်တာတွေ၊ Viewing Angle တွေကလက်ခံနိုင်ပေမယ့် Details ကတော့ FHD+ Panel တစ်ခုက FHD Video ကိုတော့ Details အပြည့်နဲ့ ပြနိုင်သင့်ပါတယ်။

အဲ့တော့ Nova 2i က YouTube Video တွေနဲ့ ရုပ်ရှင်ကြည့်ဖို့ ဘယ်တော့မှရွေးချယ်မခံရတဲ့ဖုန်းတစ်ခုဖြစ်လာပါတယ်။

ဒါပေမယ့် တခြားသုံးတဲ့နေရာတွေမှာရော?

မဆိုးပါဘူး။ Maximum Brightness က ဘာပဲပြောပြော လုံလောက်တဲ့အထိလင်းတယ်၊ ပုံမှန် စာဖတ်တာ၊ Facebook သုံးတာတွေအတွက်ကတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် အဲ့ဒီအတွက်ကတော့ ဖုန်းအကုန်လုံးနီးပါးနဲ့ တူတူပဲလို့ပြောရမှာပါ။

Tech Gadget's Rating : 3 out of 5 Stars.

ကျန်တဲ့အချက်တွေပဲဆက်ပြောသွားပြီး အပြီးသတ်တာပေါ့။

#Software

Huawei EMUI က Home Screen or App Drawer စိတ်ကြိုက်ရွေးလို့ရတာကို သဘောကျမိသလို Fingerprint ကိုလည်း အသုံးချလို့ရတဲ့ Features တွေပါတာကိုလည်း ကြိုက်မိတဲ့ UI တစ်ခုပါ။ ဒါပေမယ့် Screen ဖွင့်ဖို့ Double Tap မရသေးသလို 18:9 Display တွေမှာ အသက်ဖြစ်တဲ့ On Screen Navigation Keys တွေကို Auto Hide လို့မရသေးပါဘူး။ အဲ့ဒီ Navigation Keys နေရာကလည်း Transparent မဟုတ်ပဲ အမည်းဆိုတော့ ကြည့်ရဆိုးပါတယ်။ Dual App ပါလာတယ်။ ကျန်တဲ့အပိုင်း သိပ်ပြောစရာမရှိပေမယ့် EMUI က Icon Design တွေအရရော Performance အရရော သိပ်မတိုးတက်လာသေးတဲ့ UI ပါ။ အရင်တုန်းက Huawei ဖုန်းတွေရဲ့ Feeling ပဲ ထိန်းသိမ်းထားလေလား မသိ :3

#Battery

Battery က 3240mAh ပါတယ်ဆိုပေမယ့် သာမန်အဆင့်ပါ။ တစ်ရက် Screen On Time ၃ နာရီ၊ ၄ နာရီကျော်လောက်သုံးပြီးရင် အားပြန်သွင်းရတယ်။ အားသွင်းတာကလည်း သာမန်ပါပဲ - ၂ နာရီဝန်းကျင်။ Fast Charging ကတော့ မမျှော်လင့်ပါနဲ့။ Charger ခေါင်းကတော့ 2 Pin အစောင်းဆိုတော့ နည်းနည်းတိုင်ပတ်တဲ့ခေါင်းပါ။

#Audio

Speaker တော်တော်လေးကို တိုးပါတယ်။ ကောင်းတဲ့ထဲလည်း မပါပေမယ့် ဒီဈေးနဲ့ကတော့ ဒီလောက်ဝန်းကျင်က အပြစ်ပြောလို့မရပါဘူး။ 3.5mm Audio လည်း ဒီအတိုင်းပါပဲ။

အဲ့တော့ အဆုံးသတ်ကြတာပေါ့။ Huawei Nova 2i က ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိတဲ့ 18:9 Display သုံးထားတဲ့ Mid Range ဖုန်းတစ်ခုပါ။ 18:9 Display သုံးထားတဲ့ဖုန်းကို ပြောင်းချင်တယ်ဆိုရင်လည်း အခုအချိန်မှာ Oppo, Vivo ဖယ်လိုက်ရင် Redmi 5 Plus ပဲရှိပါသေးတယ်။ So, Redmi 5 Plus and save 1 lakh?

အဲ့လိုလည်း မဟုတ်ပြန်ပါဘူး။ RM5 Plus နဲ့ ၁ သိန်းလောက်ဈေးကွာနေသေးပေမယ့် Nova 2i ရဲ့ ကင်မရာတစ်ခုထဲနဲ့တင် ကွာတဲ့ဈေးက ပေးပျော်တယ်လို့ ပြောလို့ရပါတယ်။ Yea, wise men will still go for Mi Note 3 for camera but ကိုယ်က 18:9 Display ဖုန်းသုံးချင်တယ်၊ ဖုန်းနဲ့ Video လည်း သိပ်မကြည့်ပဲနဲ့ သာမန်ဖုန်းသုံး၊ ဂိမ်းအနိမ့်တွေဆော့ပြီး ကင်မရာကိုလည်း Manual သေချာရိုက်၊ ပြန် Edit ဖို့အတွက်ပဲ ဖုန်းဝယ်ဖို့ စဉ်းစားနေရင်တော့ Huawei Nova 2i က List ရဲ့ ထိပ်ဆုံးမှာရှိနေမှာပါ။

အနည်းဆုံးတော့ ဒီမှာ Huawei Brand ဟာ Vivo နဲ့ Oppo Brand တွေထက်တော့ တော်သေးတယ်ဆိုတော့။ :3

P.S : မှတ်မိပါသေးတယ်။ Nova 2i Article ရေးတုန်းက တခြားပိုကောင်းတဲ့ Redmi Note 5 လိုမျိုး 18:9 Display ဖုန်းတွေထွက်လာမှာဆိုတော့ စောင့်ဖို့ ပြောခဲ့မိတာ... အခုကတော့ Redmi Note 5 မဖြစ်လာတော့ပဲ Redmi 5 Plus ဆိုတော့ လောလောဆယ်မှာ Nova 2i က Top of the list 18:9 Mid Range Phone ဖြစ်နေပြန်တာပေါ့ :3

That is it. Thanks for reading.

#TechGadgetMM #TG_InDepthReviews

Credit: Tech Gadget Myanmar Page

No comments: