Monday, January 22, 2018

လေ့ကျင့်ခန်းလုပ်တာ ရပ်နားလိုက်ရင် ဝလာမှာလား?

သင်လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ရပ်နားလိုက်လျှင် ဘာတွေဖြစ်လာနိုင်မလဲ?
What happens to your body when you stop exercising (workout)?


+++++++++++++++++++++++++++++++++++

မျက်မှောက်ကာလတွင် လေ့ကျင်ခန်းပြုလုပ်ခြင်းဆိုတဲ့အလေ့အထကို လူကြီး၊လူငယ်မရွေးစိတ်ပါဝင်စားလာကြတာဟာကောင်းမွန်သောပြောင်းလဲခြင်းအလေ့အထတခုအဖြစ်ကြိုဆိုကြရမှာဘဲဖြစ်ပါတယ်။ ၈၀% ရာခိုင်နှုန်းမှာ လေ့ကျင့်ဖို့စိတ်အားထက်သန်နေပေမယ့်လည်း တကယ်တန်းပြုလုပ်ဖို့၊ စတင်ဖို့အတွက် ၅၀/၅၀ ဒွိဟစိတ်ဖြစ်ပေါ်နေတဲ့အကြောင်းကတော့ "လေ့ကျင့်ခန်းရပ်နားလိုက်ရင်ဝလာမှာလား?" ဆိုတဲ့စိတ်ဘဲဖြစ်ပါတယ်။ ဥပမာ။ အမြဲတမ်းမလုပ်နိုင်ဘဲ သွားမလုပ်နဲ့ပိုဝလာမယ်နော် (သို့) သိသိသာသာကိုယ်ရည်စစ်ပြောင်းလဲလာသူများကိုဆိုလျှင် ကြည့်နေပါဦး၊ လေ့ကျင့်ခန်းနားလိုက်တာနဲ့ လေပိုက်နဲ့ထိုးလိုက်သလို ဝတုတ်ပြဲလာမှာ။ လေ့ကျင့်ခန်းလုပ်မနေပါနဲ့ ဝတယ်ပိန်တယ်ဆိုတာ မျိုးရိုးဗီဇပြောင်းမရပါဘူး။ စသည်ဖြင့် သင့်ပါတ်ဝန်းကျင်မှာ ကြားဖူးနေကြအရပ်စကားများရဲ့ လွမ်းမိုးမူ့ကလည်း ဒွိဟစိတ်ဖြစ်စေဖို့လုံလောက်တဲ့ သက်သေများလည်းရှိကောင်းရှိနေနိုင်ပါတယ်။ မည်သို့ပင်ဆိုစေ ဤဆောင်းပါးဟာ သင့်ရဲ့ပြောင်းလဲခြင်းဆီဦးတည်နေသောစိတ်ကို ပြတ်သားစွာဆုံးဖြတ်ချက်ချနိုင်စေရန်ရည်ရွယ်ရေးသားလိုက်ရပါတယ်။

မေး။ လေ့ကျင့်ခန်းလုပ်တာ ရပ်နားလိုက်ရင် ဝလာမှာလား?

ဖြေ။ မဝပါဘူး၊ ဒါပေမယ့်လည်း ဝလာနိုင်ပါတယ်။ ဟုတ်ပါတယ်၊ အဖြေကတော့ Yes နဲ့ No နှစ်မျိုးလုံးပါဘဲ။ ဒါဟာသင်သိချင်၊ဖတ်ချင် (သို့)သင်နှစ်သက်မယ့်အဖြေတော့မဖြစ်နိုင်တာတော့အသေအချာပါဘဲ။

၁။ ဘာကြောင့် မဝလာနိုင်ရတာလဲ?
၂။ ဘာကြောင့်ဝလာနိုင်ရတာလဲ?

အထက်ပါအချက် ၂ ချက်ရဲ့အဖြေကို သိရှိဖို့ဆိုရင်တော့ ပထမဦးစွာ အဆီဘယ်လိုတည်ဆောက်ဖြစ်ပေါ်လာတာလဲ?ဆိုတာကိုအရင်ချဉ်းကပ်လေ့လာကြည့်ရပါမယ်။ အဆီ(Fat)ကိုလစ်ပစ်(Lipid) သို့မဟုတ် ဖက်တီးအက်ဆစ် (Fatty Acid)လို့ခေါ်တဲ့ဇီဝမော်လီကျူးများဖြင့်တည်ဆောက်ထားပါတယ်။ လစ်ပစ် (Lipid)ဟာဂရိလူမျိုးဘာသာစကား လစ်ပိုစ် (Lipos)မှဆင်းသက်လာပြီး အဆီဟုအဓိပ္ပါယ်ရပါတယ်။ (a fat is a lipid but a lipid is not necessarily a fat) လစ်ပစ်(Lipids) များဟာ ခန္ဓာကိုယ်အတွက်စွမ်းအင်ထွက်ပေါ်ရာအရင်းအမြစ်၊ ဟော်မုန်းဓါတ်ထုတ်လွှတ်ခြင်းနှင့်အခြားဆဲလ်များရဲ့အခွံလို့ခေါ်တဲ့ (Plasma Membrane)အတွက်လည်းမရှိမဖြစ်လိုအပ်ပါတယ်။ အဆီ(Fat)ဆဲလ်များစုဖွဲ့ခြင်းဖြင့် အဆီတစ်ရူး(Fat  tissue/ adipose tissue)ဖြစ်ပေါ်လာပါတယ်။ အဆီတစ်ရူးတွင် အဖြူရောင်အဆီ(White Fat) နှင့် အညိုရောင်အဆီ(Brown Fat)အဖြစ်တည်ရှိပါတယ်။ အဖြူရောင်ဟုခေါ်သော်လည်း အနည်းငယ်ဝါကျင့်ကျင့်အရောင်ရှိသောကြောင့် အဝါရောင်အဆီဟုလည်းခေါ်ဆိုကြပါတယ်။ အဆီဟာအရောင်မတူညီကြသလို လုပ်ဆောင်မူ့များလည်းမတူညီကြပါဘူး။

အညိုရောင်အဆီဟာ ကယ်လိုရီအားလောင်ကျွမ်းစေပြီး ကိုယ်ခန္ဓာအတွက်လိုအပ်သောအပူဓါတ်(တေဇောဓါတ်)ကိုဖြစ်စေပါတယ်။ သဘာဝအရ နွေးထွေးနေစေရန် အတွက်ကလေးသူငယ်များတွင် အညိုရောင်အဆီအများအပြားဖြစ်တည်ပြီး၊ အသက်အရွယ်ကြီးပြင်းလာသည့်အလျောက်တဖြေးဖြေးလျော့ပါးလာပါတယ်။ အများသောအားဖြင့် လည်ပင်း၊ လည်ချောင်းတဝိုက်နှင့်သွေးကြောမကြီးပါတ်ဝန်းကျင်တို့တွင် အညိုရောင်အဆီများတည်ရှိနေတတ်ပါတယ်။ လေ့လာတွေ့ရှိမူ့စစ်တမ်း၊မှတ်တမ်းများအရ ပေါင်၁၅၀ရှိသောသူတွင် ပျမ်းမျှခြင်း ပေါင်၂၀ မှ ၃၀ အထိအဆီပမာဏရှိကြပြီး၊ အညိုရောင်အဆီကတော့ ၂-၃ အောင်စအထိဘဲရှိနေတတ်ပါတယ်။ သို့ပေမယ့်လည်း ၎င်း၂ အောင်စပမာဏအလေးချိန်အညိုရောင်အဆီဟာ ပုံမှန်လှုပ်ရှားနေထိုင်သူများအတွက်တနေ့မှာ ကယ်လိုရီ ၃၀၀မှ၅၀၀ အထိလောင်ကျွမ်းအသုံးပြုနိုင်ပါတယ်။

အဖြူရောင်အဆီ(သို့)အဝါကျင့်ကျင့်အရောင်အဆီဟာ အထက်မှာရှင်းလင်းခဲ့သလိုအညိုရောင်အဆီနှင့်အတူမွေးရာပါ၊ အများအပြားပါဝင်လာခဲ့ပြီး လုပ်ဆောင်ပုံနှင့်တည်ရှိပုံများကတော့ အညိုရောင်အဆီနှင့်မတူဆန့်ကျင်ခြားနားပါတယ်။ မွေးကင်းစအရွယ်တွင် အဖြူရောင်အဆီပမာဏဟာအနည်းငယ်သာပါရှိပြီး၊ ဆဲလ်အရွယ်အစားဟာလည်းသေးငယ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှဆဲလ်များရဲ့အရေအတွက်နှင့်အရွယ်အစားဟာလည်းတိုးတက်ကြီးထွားလာကြပါတယ်။ ထိုသို့ဆဲလ်များဆက်လက်ကြီးထွားလာပြီး သတ်မှတ်ထားသောအရွယ်အစားသို့ရောက်ရှိချိန်မှာတော့ ဆဲလ်တလုံးမှနှစ်လုံးအဖြစ်သို့ပြိုကွဲသွားရပါတယ်။ ထိုဖြစ်စဉ်ကြောင့်အဖြူရောင်အဆီများကိုယ်အတွင်းတိုးလာရခြင်း၊ အဆီစုလာရခြင်းဘဲဖြစ်ပါတယ်။ တည်ရှိရာနေရာများကတော့ အရေပြားအောက်နှင့်ကိုယ်တွင်းအဂါင်္အစိတ်အပိုင်းပါတ်ဝန်းကျင်တဝိုက်တွင်ဘဲဖြစ်ပါတယ်။ အဒီပိုစ်တစ်ရူး (Adipose tissue) လို့ခေါ်တဲ့အဆီတစ်ရူးများဟာ ကိုယ်ခန္ဓာအတွက်ဆိုးကျိုးဖြစ်စေတယ်လို့လွဲမှားစွာမှတ်ယူတတ်ကြပါတယ်။ အဖြူရောင်အဆီရဲ့လုပ်ဆောင်ချက်များကတော့ ကိုယ်တွင်းအဂါင်္အစိတ်အပိုင်းများအားတည်ငြိမ်မူ့(stable)ဖြစ်နေစေရန်အတွက်ကူရှင်(Cushion)ကဲ့သို့လည်းအထောက်အပံဖြစ်စေပါတယ်။ နေ့စဉ်စားသုံးယူမူ့များမှပိုလျှံသောကယ်လိုရီများကို ဂလိုက်ကိုဂျင်(Glycogen)အဖြစ်ပြောင်းလဲပြီး၊ ဆဲလ်အတွင်းသိုလှောင်ထားပေးခြင်းဖြင့်၊ စွမ်းအင်အလုံအလောက်မရရှိချိန်၊ အရေးပေါ်စွမ်းအင်လိုအပ်ချိန်များတွင်ဆဲလ်အတွင်းသိုလှောင်ထားသော ပိုလျှံသော ဂလိုက်ကိုဂျင် (Glycogen)များကိုစွမ်းအင်အဖြစ်အလျှင်အမြန်ထုတ်လွှတ်ပေးပါတယ်။ ထို့အတူအသုံးမပြုနိုင်ဘဲကျန်ရှိပိုလျှံနေသောအဆီများကို ကိုယ်တွင်းကလီစာများအားအဆီမဖုံးလွမ်းစေရန် ကောင်းသောဟိုမုန်းဟုခေါ်သော (Adiponectin hormone)ထုတ်လွှတ်မူ့အားလုပ်ဆောင်စေပါတယ်။ ထို့ကြောင့်အဆီဟာသင့်ရဲ့ရန်သူမဟုတ်သလို၊ ကောင်းခြင်းနဲ့ဆိုးခြင်းကိုခွဲခြားသိရှိပြီလို့ယူဆပါတယ်။

ဒါဆိုရင်နောက်တဆင့်အနေနဲ့ အဆီတွေဘယ်လိုစုဝေးလာရတာလဲဆိုတာသိဖို့ထပ်မံလိုအပ်လာပါတယ်။

၁- Adiponectin hormone ဟိုမုန်းလျော့နည်းခြင်း၊ ထုတ်လွှတ်မူ့အားနည်းလာခြင်းကြောင့် ကိုယ်ခန္ဓာအတွင်းအဆီများစုဖွဲ့ကာ ဝလာစေပါတော့တယ်။

၂- အစားအသောက်လွန်ကျူးစွာ စားသုံးခြင်းမှားယွင်းသောနေထိုင်၊အအိပ်၊အစားစားသောက်ပုံ (Excess Nutrient Intake) ကြောင့် ဇီဝကမ္မဖြစ်ပျက်မူ့(Metabolisms)နှေးကွေးလာခြင်းများဖြစ်ပေါ်လာစေပါတယ်။

၃- ကိုယ်တွင်းဝင်ရောက်လာသော ကယ်လိုရီ(စွမ်းအင်)ထက် အသုံးပြုသောစွမ်းအင်နည်းပါးခြင်း။ ခန္ဓာကိုယ်အတွင်းအများအပြားပိုလျှံနေခြင်း။ ဥပမာ။ ကယ်လိုရီလိုအပ်မူ့တွက်ချက်ခြင်းအရတနေ့တာအတွက် ကယ်လိုရီပမာဏ၂၀၀၀ လိုအပ်တယ်ဆိုပါစို့။ ပျမ်းမျှခြင်းအားဖြင့်ကယ်လိုရီ ၂၅၀၀ ရအောင်နေ့စဉ်စားသုံးယူနေမည်ဆိုလျှင်၊ ကယ်လိုရီ ၅၀၀ ဟာပိုလျှံသောကယ်လိုရီပမာဏဖြစ်ပါတယ်။ ကယ်လိုရီ ၅၀၀ ပမာဏဟာ အဆီ ၂၀ အောင်စ ဖြစ်စေနိုင်သောကြောင့်အချိန်တပတ်ကြာသောအခါမှာ ကယ်လိုလီ ၅၀၀x၇ရက်=၃၅၀၀ ကယ်လိုရီဟာ အဆီ၁ ပေါင်အဖြစ်ပြောင်းလဲပြီးခန္ဓာကိုယ်ကိုအလေးချိန် ၁ ပေါင်တိုးတက်စေပါတယ်။

၎- သွေးအတွင်းသကြားဓါတ်မြင့်တက်လာခြင်းကြောင့် အင်ဆူလင်ပမာဏပါမြင့်တက်လာပြီး၊ သကြားဓါတ်ကျဆင်းချိန်တွင် အင်ဆူလင်များမကျဆင်းနိုင်တော့ဘဲ ရပ်တန့်နေခြင်း( Insulin resistance)

၅- အဖြူရောင်အဆီများကိုယ်တွင်းများပြားလာခြင်းစသည်ဖြင့်။

လေ့ကျင့်ခန်းအားမည်သို့သောရည်ရွယ်ချက်မျိုးဖြင့်ပြုလုပ်သည်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် တနေ့မဟုတ်တနေ့၊ တချိန်ချိန်မှာတော့ခေတ္တရပ်နားလိုက်ရတာမျိုးဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ သင်သိထားရမှာကသက်ရှိလူသားအားလုံးအတွက်အဓိကအရေးကြီးမူ့ဟာ ကြွက်သားကြီးမားခြင်း၊ 6 pack ရှိခြင်းမရှိခြင်းထက် ကျန်းမာစွာရှင်သန်နေခြင်းကပိုအရေးကြီးပါတယ်။ ဥပမာ။ သင့်ရဲ့ကိုယ်ခန္ဓာအတွင်းမှာအဆီဆဲလ်ပမာဏ ၁ သိန်းရှိတယ်ဆိုကြပါစို့။ ဒါကြောင့်နေ့စဉ်ပုံမှန်ရှင်သန်ခြင်းအတွက်သင့်ထံမှာ ဆဲလ်အရေအတွက် ၁ သိန်းရှိကိုရှိနေရမှာဘဲဖြစ်ပါတယ်။ သင်ဟာ Gym မှာ နှလုံးခုန်နှုန်းမြန်ဆန်စေသော ကာဒီယို(Cardio)လေ့ကျင့်ခန်းများ၊ အလေးမလေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် အနည်းနှင့်အများတော့ ကိုယ်အလေးချိန်နှင့်အတူ ကိုယ်ခန္ဓာအဆီပမာဏဟာလည်း ၁၅-၂၀% ပျမ်းမျှလျော့ကျလာနိုင်ခြေရှိပါတယ်။ ဒါဟာ သင့်ထံမှာရှိနေတဲ့အဆီဆဲလ်အရေအတွက် ၁ သိန်းမှနေ ၉သောင်းပမာထိလျော့ကျ၊ ပျောက်ဆုံးသွားတာလား? အဖြေကတော့ အန်အိုနိုး(NO)ပါ။ သင့်ရဲ့အဆီဆဲလ်ပမာဏ% လျော့ကျသွားခြင်းဟာ ပျောက်ဆုံးသွားခြင်းမဟုတ်ဘဲ သေးငယ်သွားခြင်းဘဲဖြစ်ပါတယ်။ တနေ့နေ့မှာသင်ဟာ အကြောင်းအမျိုးမျိုးကြောင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာရပ်နားဖို့ဖြစ်လာခဲ့မယ်ဆိုရင်၊ ဖြစ်ပေါ်လာမယ့်ပြောင်းလဲခြင်းများထဲမှ ၁ ချက်ကိုကောက်နှုတ်တင်ပြရလျှင်
- ဇီဝကမ္မဖြစ်ပျက်မူ့ဖြစ်စဉ် (Metabolism)ယုတ်လျော့ကျဆင်းလာမှာဘဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်နေချိန်တွင် သင့်ရဲ့တနေ့တာစွမ်းအင်ကယ်လိုရီလိုအပ်မူ့ဟာ ၂၀၀၀ ဆိုလျှင်၊ လေ့ကျင့်ခန်းရပ်နားချိန်မှာတော့ သင့်ဟာ ပျမ်းမျှခြင်း၁၈၀၀ လောက်ဘဲလိုအပ်တော့မှာပါ။

-သင်ရဲ့ကိုယ်ခန္ဓာကတော့ သင်လေ့ကျင့်ခန်းလုပ်ခြင်း၊ မလုပ်ခြင်းထက် ရှင်သန်ရှင်းကိုဘဲ တစိုက်မတ်မတ်ပြုလုပ်နေမှာဘဲဖြစ်ပါတယ်။ ထို့ကြောင့်သင်လေ့ကျင့်ခန်းပြုလုပ်စဉ်က ကယ်လိုရီလိုအပ်ချက်အတိုင်းရရှိဖို့ သင့်ထံမှတောင်းဆိုနေမှာဘဲဖြစ်ပါတယ်။ ထိုကြောင့်သင်ဟာ လေ့ကျင့်ခန်းပြုလုပ်စဉ်ကအတိုင်းဘဲနေထိုင်စာသုံးနေမည်ဆိုလျှင်၊ ပိုလျံသောကယ်လိုရီများအားကိုယ်ခန္ဓာမှရနိုင်သလောက်လျှင်မြန်စွာလောဘတကြီးစုဆောင်းနေမှာဘဲဖြစ်ပါတယ်။ သင်အလွယ်တကူမြင်အောင်ဥပမာပေးရမယ်ဆိုရင်၊ သင့်ရဲ့အဆီဆဲလ်ဟာ ရာဘာအိတ်ငယ်တခုနဲ့အလားသဏ္ဍာန်တူပါတယ်။ သင်ဟာနေ့စဉ်အပိုအလျှံကယ်လိုရီတွေကိုထိုးကြိတ်သိုလှောင်နေမယ်ဆိုရင်တော့ တဖြည်းဖြည်းဖောင်းကားကြီးထွားလာမှာဘဲဖြစ်ပြီး၊ သတ်မှတ်ထားသောပမာဏရောက်ခဲ့ရင်တော့ ကွဲထွက်သွားမှာဘဲဖြစ်ပါတယ်။ ထိုသို့ကွဲထွက်သွားခြင်းဖြင့် ဆဲလ် ၁ခုမှ၂ခု၊ ဆတိုးအဆီဆဲလ်များကိုယ်ခန္ဓာအတွင်းများပြားလာမှာဘဲဖြစ်ပါတယ်။ ထိုသို့ဆဲလ်များပွားများလာခြင်းဖြင့် သင်ဟာအလျှင်အမြန်ဝလာမှာဘဲဖြစ်ပါတယ်။

ကောင်းပြီ။ဘာကြောင့် လေ့ကျင့်ခန်းလုပ်တာရပ်နားလိုက်ရင်မဝပါဘူးလို့အထက်မှာပြောခဲ့ရတာလဲ?

သင်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်နေစဉ်တွင် ကယ်လိုရီများဟာလောင်ကျွမ်းဆုံးရှုံးခြင်းများဖြစ်စေပါတယ်။ သင့်တင့်သောပြင်းအားဖြင့်လေ့ကျင့်ခန်း ၁ နာရီပြုလုပ်မည်ဆိုလျှင် ပျမ်းမျှခြင်းကယ်လိုရီ ၃၀၀ ခန့်လောင်ကျွမ်းနိုင်ပါတယ်။ ထို့ကြောင့်သင်ဟာကယ်လိုရီလိုအပ်ချက်ကိုသတိပြုမိ၊ ထိန်းချုပ်နေထိုင်နိုင်ခဲ့မည်ဆိုလျှင်ဖြင့် အလွယ်တကူဝလာဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ သင့်ရဲ့ရည်ွယ်ချက်ဟာ ကာယဗလမောင်၊မယ်ဖြစ်ဖို့မဟုတ်ခဲ့ဘူးဆိုရင်ဖြင့် Gym ခန်းမကိုမဖြစ်မနေသွားဖို့မလိုအပ်ပါဘူး။ မည်သို့ပင်ဖြစ်စေ သင်ကြိုးစားတည်ဆောက်ခဲ့ရသော ခန္ဓာကိုယ်ပုံသဏ္ဍာန်မပျက်စီးစေရန်အတွက်(ကြွက်သားသေးငယ်သွားခြင်းကိုထိန်းနိုင်ရန်)၊ လေ့ကျင့်ခန်းရပ်နားထားချိန်များတွင် အစားအသောက်ဟာ အဓိကရေးကြီးဆုံးဘဲဖြစ်ပါတယ်။

၁- ကစီဓါတ်ကိုလျော့ချပါ။ (Cut down on carbohydrate)
ယတိပြတ်ကစီဓါတ်အားဖြတ်ဖို့ပြောခြင်းမဟုတ်ဘဲ၊ လျော့စားခြင်းကိုဆိုလိုပါတယ်။ (စားသုံးရန်-အသား၊ငါး၊ ဥအမျိုးမျိုး၊ အသီးအရွက်။)

၂- ရိုးရှင်းသောကစီဓါတ်အစားအစာများကိုရှောင်ရှားပါ။
ဂျုံမှုန့်၊ အဖြူရောင်သန့်စင်ထားသောပေါင်မုန့်၊ အာလူး။ ထမင်းဖြူ စသည့်အစားအစာများဟာ လွယ်ကူစွာအစာခြေဖျက်နိုင်ပြီး၊ အချိန်တိုစွမ်းအင်သာရရှိစေပြီး အဆီအဖြစ်မြန်ဆန်စေပါတယ်။ (စားသုံးရန်။ ပေါင်မုန့်အကြမ်း၊ ဆန်လုံးညို၊ ကန်စွန်းဥနှင့် ကောက်နှံစပါးမျိုးစုံတို့ဖြစ်ပါတယ်။

၃- အသားဓါတ်များများစားသုံးပါ။
အနည်းဆုံးအသားဓါတ်(ဂရမ်)ပမာဏအားဖြင့် ညီမျှသောသင့်ကိုယ်အလေးချိန်(ကီလိုဂရမ်) ရရှိအောင်စားသောက်ပါ။ ဥပမာ။ သင်ဟာ ၁၀၀ကီလိုအလေးချိန်ရှိသူဆိုလျှင် ၁၀၀ဂရမ်အသားဓါတ်နေ့စဉ်သားသောက်ယူရမှာဖြစ်ပါတယ်။ (စားသုံးရန်။ ကြက်ဥအကာ၊ ကြက်ရင်ဘုံသား၊ ငါး၊ ကုလားဘဲ၊ ပဲကတ္တီဘာ၊ စားတော်ပဲအမျိုးမျိုးတို့ဖြစ်ပါတယ်)

၎- ကောင်းသောအဆီများစားသုံးပါ။
ကောင်းသောအဆီများစားသုံးခြင်းဖြင့် မကောင်းသောအဆီများကိုလောင်ကျွမ်းလျှော့ကျစေပါတယ်။ (စားသုံးရန်။ အခွံမာအသီးများ(သစ်အယ်သီး၊ မြေပဲ၊ သီဟိုဋ္ဌ်စေ့၊ သစ်ကြားသီး၊ ဗန်ဒါစေ့၊ Almonds)၊ မြေပဲထောပါတ်၊ မြေပဲဆီ၊မုန်ညှင်းဆီ၊ သံလွင်ဆီ၊ နေကြာဆီ၊ ဆော်လမွန်ငါးနှင့် အသီးအရွက်အဆံအစေ့များတို့ဖြစ်ပါတယ်။

၅- ဆားနှင့်သကြားဝေးဝေးရှောင်ကျဉ်ပါ။
ကိုယ်ခန္ဓာအလေးချိန်လျှော့ချမည်ဆိုလျှင် ဆားနှင့်သကြားဟာသင့်အတွက်အကြီးမားဆုံးရန်သူဖြစ်ပါတယ်။ သကြားဖြင့်ပြုလုပ်သောမုန့်အမျိုးမျိုးနှင့် အလွယ်တကူရရှိနိုင်သောဆီကြော်အစားအစာများရှောင်ကျဉ်ပါ။

၆- ဟင်းသီး၊ ဟင်းရွက်  အသုပ်စားသုံးပါ။
မုန့်လာဥနီသုပ်၊ သခွားသီးသုပ်၊ ခရမ်းချဉ်သီးသုပ်၊ ဂေါ်ဖီသုပ်နှင့်အခြားအစိမ်းရောင်ရှိသောအရွက်မျိုးစုံအသုပ်တို့အား အနည်းဆုံးတပါတ်တကြိမ်စားသုံးရပါမယ်။ (မှတ်ချက်။ အချိုမှုန့်လုံးဝမပါဝင်ရပါဘူး)

၇- ရေများများသောက်ပါ။
နေ့စဉ်အနည်းဆုံး ၃ လီတာခန့်သောက်သုံးသောအလေ့အကျင့်နေ့စဉ်ပြုလုပ်ပေးပါ။

နိဂုံး
အဆီများစုဝေးလာခြင်း၊ သို့မဟုတ် ဝလာခြင်းဖြစ်စဉ်ဟာ လေ့ကျင့်ခန်းရပ်တန့်ခြင်းဖြင့်သက်ဆိုင်မူ့မရှိတာထပ်မံသက်သေပြ၊ရှင်းပြဖို့မလိုလောက်အောင်စာဖတ်သူနားလည်လောက်ပြီဟုယူဆပါတယ်။ ကိုယ်ခန္ဓာအလေးချိန်မတိုးဖို့၊ ဝိတ်မတက်စေဖို့ဆိုရင်ဖြင့်စားသုံးတဲ့ကယ်လိုရီပမာဟာ လောင်ကျွမ်းပစ်နိုင်သောကယ်လိုရီပမာဏနဲ့ထပ်တူညီနေဖို့ အထူးဂရုစိုက်ရပါမယ်။ (Keep your calorie intake equal to your calorie output) (input=output)လေ့ကျင့်ခန်းရပ်နားလိုက်ခြင်းအားဖြင့် အနည်းနှင့်အများဆိုသလို သင်ရဲ့ခွန်အားသန်မာမူဟာလျော့ကျလာမှာတော့မလွဲမသွေပါဘဲ။ တခါတရံမှာ စဉ်ဆက်မပျက်လေ့ကျင့်နေခြင်းထက် ရက်သတ္တပါတ် ၂ ပါတ်ခန့်အနားယူလိုက်ခြင်းဟာလည်း၊ သင့်ရဲ့ကြွက်သားများဆက်လက်ကြီးထွားစေဖို့များစွာအကျိုးကျေးဇူးဖြစ်ပေါ်စေတတ်ပြန်ပါတယ်။ မည်သို့သောအကြောင်းမျိုးကြောင့်ဘဲဖြစ်စေသင့်ကိုအမြန်ဆုံးပြန်လေ့ကျင့်ဖို့တိုက်တွန်းလိုက်ပါရစေ။ အဘယ်ကြောင့်ဆိုသော် သင်ဟာလဖြင့်ချီပြီးအနားယူခဲ့မည်ဆိုလျှင်၊ လေ့ကျင့်ခန်းပြန်လည်စတင်ချိန်ဟာသင့်အတွက်တော့ ငရဲကမ္ဘာကိုပြန်လည်ရောက်ရှိစေမှာမလွဲဧကန်ပါ။  The hardest part of exercising is detraining/starting again. ပြန်လည်ခံစားရမယ့်ကြွက်သားနာကျဉ်ခြင်းများမှသင်ဘာကြောင့်အနားယူခဲ့ရတာလဲဆိုတာကို ပြန်လည်နောင်တရစေမှာဘဲဖြစ်ပါတယ်။ ထပ်မံအမှာပါးချင်တာကတော့ သင်ပြန်လည်လေ့ကျင့်ခန်းပြုလုပ်တော့မယ် (သို့) ယခုမှစတင်လေ့ကျင့်တော့မယ်ဆိုလျှင် "ဖြေးဖြေးနှင့်မှန်မှန်ပြုလုပ်ရင်း ဒါဏ်ရာမရရှိစေဖို့လည်းအထူးသတိပြုစေချင်ပါတယ်။


ဒေါမနစ် (စင်္ကာပူ)

Credit_GYM_Professor
Photo Source : Google

No comments: