Friday, January 19, 2018

ကြက်တောင်ပံပျားရည်ကြော် _ ပုစွန်စတော်ဘယ်ရီသုပ်

အဆာ​ပြေအဖြစ်စားစား ဟင်းပွဲအဖြစ် တည်ခင်းလျှင်လည်းရတဲ့ ဟင်းလျာ နှစ်မျိုးကို ကူးယူပြီး Share ပေးလိုက်ပါတယ်။ ပျားရည်​ ကြက်တောင်ပံကြော်နည်းကတော့ နှစ်မျိုးပါ။

ပုစွန်စတော်ဘယ်ရီသုပ် 
(Strawberry Salad with Prawn)
----------------------


 ချဉ်ချဉ်စပ်စပ် နှစ်သက်သူများအတွက် အဆာပြေစာအဖြစ်သော်လည်းကောင်း၊ ဟင်းပွဲတစ်ပွဲအဖြစ်သော်လည်းကောင်း၊ တည်ခင်းနိုင်မယ့် စတော်ဘယ်ရီအသုပ်လေး ဖြစ်ပါတယ်။ စားနေကျနဲ့မတူဘဲ အနံ့အရသာ တစ်မူထူးတဲ့ ချဉ်ငန်စပ် စတော်ဘယ်ရီသုပ်လေးကို သုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
• ပုစွန် - ၁ဝ ကောင်
• စတော်ဘယ်ရီအကြီး  - ၅ လုံး
• ကြက်သွန်နီ - ၁ လုံး
• ပူဒီနာ - လက်တစ်ဆုပ်
• ငရုတ်သီးစိမ်း -  ၅ တောင့်
• သကြားညို  - စားပွဲဇွန်း ၁ ဇွန်း
• ငံပြာရည်  - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• သံပရာရည် -  လက်ဖက်ရည်ဇွန်း  ၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့် 
၁။ ဦးစွာ ပုစွန်ကို အခွံနွှာပြီး ကျောခွဲသန့်စင်ကာ ရေဆေးထားပါ။ စတော်ဘယ်ရီကို လိုသလို စိတ်ထားပါ။
၂။ ကြက်သွန်နီပါးပါးစိတ်၊ ငရုတ်သီးသေးသေးစိတ်ထားပါ။ ပူဒီနာကို ခြွေထားပါ။
၃။ အိုးသေးသေးတစ်အိုးဖြင့် ရေဆူအောင်တည်ထားပါ။ ရေဆူပွက်ပါက သံပရာသီးတစ်စိတ် ညှစ်ထည့်ကာ ရေဆေးသန့်စင်ထားသော ပုစွန်ထည့်ပြီး ၃ မိနစ်ခန့်ပြုတ်ပါ။ ပြီးလျှင် ဆယ်ယူပြီး ရေခဲရေစိမ်ထားပေးပါ။
၎။ ပန်းကန်တစ်ခုထဲ ကြက်သွန်နီ၊ စတော်ဘယ်ရီ၊ ငရုတ်သီးစိမ်းနှင့် ပူဒီနာတို့ကို ထည့်ပါ။ ရေခဲရေစိမ်ထားသော ပုစွန်ကို ရေစစ်ပြီးထည့်ပါ။
၅။ ငရုတ်သီးစိမ်း၊ ငံပြာရည်၊ သံပရာရည်နှင့် သကြားတို့ကိုထည့်ပြီး သမအောင် မွှေပေးပြီး ချဉ်ငန်စပ် ပုစွန်စတော်ဘယ်ရီသုပ်ကို တည်ခင်းသုံးဆောင်နိုင်ပါပြီ။
---------------------------------
Sofia

ကြက်တောင်ပံပျားရည်ကြော်



ကြက်တောင်ပံ  5ချောင်းရေဆေးသန့်စင်အမွှေးပြောင်အောင်နုတ်ပါ။

ပါဝင်ပစွည်း
ပျားရေ 4tbs
tomotato  2tbs
ဆား 1/2 tea spoon
ငရုပ်ကောင်း1/4 tea spoon
ချွန်းတိုးတိုအသီးရွှက်မှုန့်1tea spoon
တရုတ်နံနံ5gm
ကြက်ဥ1လုံး
ဂျုံ  100gm

ပြုလုပ်ပုံ
1-ကြက်တောင်ပံအဆစ်ဖြတ်ပါ၊ဆားငရုပ်ကောင်းအသီးရွှက်မှုန့်
ပျားရည် 1tbsထည့်ပါနယ်ပါ။ 5မီးနစ်နှပ်ထား။
2- ကြက်ဥ ဖောက်1/2ထည့်နယ်ပါ၊နောက်ဂျုံထည့်နယ်ပါ။
3-ဒယ်အပူပေးပါဆီထည့်ပါအနေတော်၊ ဆီ100°ပူလာထည့်ကြော်ပါ။
4-စက္ကန့်20မွှေပါ နောက်မီးလျှော့ပါ၊ 1မီးနစ်နေဆယ်ဇွန်းခွက်ထုပေးပါပြန်ကြော်ပါ။နီရောင်သန်းကျက်ဆည်ပါ။
5- ဆီပြန်ဇလုံသို့မဟုတ်ဒန်အိုးထဲဆီစစ်ဇကာခံသွန်ပါ၊
ဒယ်ဆေးပါဆီ1tbs spoon ထည့်ပါ။ခရမ်းချဉ်သီးဆော့မီးမီးဆီသတ်ပါ။တောင်ပံထည့်မွှေပါပျားရည်3tbs  spoonထည့်ပါ။

ရနံ့မွှေးပြန့်နေတဲ့ကြက်တောင်ပံပျားရည်ရပြီနော်၊
ပန်းကန်ထဲထည့်ပါတရုတ်နံနံခပ်ကြမ်းကြမ်းလီးထားလေးပါးပါးဖြူးပါ၊ အသင့်သုံးဆောင်နိုင်ပါပြီ။
                              chef ko sai tgi


ကြက်တောင်ပံပျားရည်ကြော်
-----------------------


ဒီလအတွက် ရွေးချယ်ဖြစ်တာကတော့ ကိုရီးယားကြက်ကြော်ကို ကုန်ကြမ်းအလွယ်တကူရနိုင်အောင် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပြောင်းပြီး ကြော်ထားတဲ့ ကြက်တောင်ပံကြော်လေးပါ။ အရသာကတော့ တော်တော်ဆင်တူပြီး စားပြီးရင်း စားချင်ဖြစ်စေမှာပါ။ အသားမစားတဲ့ အိမ်က သမီးကတောင်စားတဲ့ ကြက်ကြော်လေးဖြစ်လို့ မေမေတို့ရဲ့ သားသား၊ မီးမီးတွေလည်း အကြိုက်ဖြစ်စေမှာ အသေအချာပါပဲ။

ကြက်တောင်ပံ ၂၅  ကျပ်သား နယ်ရန်
  ကြက်သွန်ဖြူလတ်လတ်ဆတ်ဆတ်ကို အနှစ်တိုက်ထားသော
  ကြက်သွန်ဖြူအနှစ်  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  ချင်းလတ်လတ်ဆတ်ဆတ်အရည်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  ဆား  -  သင့်တော်ရုံ
  ငရုတ်ကောင်းအဖြူ  -  အနည်းငယ်
  ကြက်ဥ  -  ၁ လုံး
  နွားနို့အအေး  -   ထမင်းစားဇွန်း ၂ ဇွန်း
 အားလုံကိုရောနယ်ပြီး ၁ နာရီခန့် အနည်းဆုံး ရေခဲသေတ္တာထဲ ထည့်နှပ်ထားပါ။ မနက်ကြော်မယ်ဆိုလျှင် ညကတည်းက နှပ်ထားလျှင် ပိုကောင်းပါတယ်။

ဆော့စ်လုပ်ရန်
  သကြားအညို  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  ဗနီကာ  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  ပျားရည်  - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  ခရုဆီ  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  ပဲငံပြာရည်အကြည်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  ရေ  -  ပန်းကန်လုံး လေးပုံသုံးပုံ
  ပျားရည်မှလွဲပြီး အားလုံးကို နှံ့အောင် ရောသမမွှေထားပါ။
  နှမ်း
  နှမ်းဆီ
  ပြောင်းကော်မှုန့်  -  ကြက်သားကိုလူးရန် လိုသလောက်

ပြုလုပ်နည်းအဆင့်ဆင့်
 ကြက်သားနှပ်ပြီးသားကို ပြောင်းကော်မှုန့်နှင့် လူးပါ။ တစ်တုံးစီ အမှုန့်ကို ကြက်သားထဲထည့်ဖြူးပြီး မနယ်ပါနှင့်။ ဆီပူပူမှာ ကြက်သားမြုပ်အောင်ကြော်ပါ။ (နှစ်ခါပြန် ကြော်ပါ)
* ပထမတစ်ခါကြော်ပြီး ဆီစစ်ပါ။ နောက်တစ်ခါ မိနစ်အနည်းငယ်ခန့် ပြန်ကြော်ပြီး ဆီစစ်ထားပါ။
 ဆော့စ်အတွက် မွှေထားတာကို ဆူပွက်ပြီး ပျစ်လာသည်အထိ မီးအေးအေးဖြင့် ကျိုပါ။ ထို့နောက် ပျားရည်ထည့်မွှေပြီး ဆီစစ်ထားတဲ့  ကြက်ကြော်ထည့်ကာ ဆော့စ်များ နှံ့အောင်ကြော်၍ နှမ်းဖြူးပြီး သမအောင်မွှေကာ မီးအနည်းဆုံးဖြင့်သာ ကြော်ပါ။ ထို့နောက် မီးပိတ်ပြီး နှမ်းဆီဆမ်းကာ မွှေပြီးသုံးဆောင်နိုင်ပါပြီ။ ကြက်သားအပြင်က ကြွပ်ပြီး အတွင်းသားက အိအိလေးနှင့် ချင်း၊ ကြက်သွန်ဖြူအရသာလေး မွှေးမွှေးချိုချိုလေးနဲ့ ကလေးတို့အကြိုက် ကြက်သားကြော်လေးရပါပြီ။
 အားလုံးပဲ ကောင်းသောနေ့လေး ပိုင်ဆိုင်နိုင်ကြပါစေ။
-------------------------------
May's Healthy Food

No comments: