၁။ ဆရာ မင်္ဂလာပါရှင့်။ ကျမခြေသလုံးနှစ်ဖက်စလုံးမှာ ပင့်ကူပုံသွေးကြောလေးတွေအများကြီးပေါ်လာလို့ပါ။
အရင်ကထက်ပိုများလာလို့ပါရှင့်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ညာခြေထောက်မှာ သွေးကြောထုံးရောဂါဖြစ်လို့
ခွဲစိတ်ထားရပါတယ်။ အသက်က ၃၅ ထဲရောက်ပါပြီရှင့်။ အရင်ကအရမ်းပိန်ပြီး အခုနည်းနည်းဝလာပါတယ်။
ခြေသလုံးမှာပေါ်နေတဲ့ သွေးကြောမျှင်တွေကို ခွဲစိတ်ပြီးဖယ်ထုတ်လို့ ရပါသလားဆရာ။ နောက်ထပ်မဆိုးလာအောင်
ဘယ်လိုကာကွယ်ရမလဲ သိချင်ပါတယ်ရှင့်။
၂။ ဒီဟာက ဆရာပြောသလိုမျိုးထဲကလားဆရာ။ ဘာကြောင့်ဖြစ်သလဲဆိုတာလေးရှင်းပြပေးစေချင်ပါတယ်ဆရာ။
ဆရာ ဒီသွေးပြန်ကြောက ဝတဲ့သူတွေမှာအဖြစ်များတာလာလို့ပါဆရာ။
• ဆေးစာဘန်းစကားနဲ့ Telangiectasia လို့လဲခေါ်တယ်။ အဖြစ်များပါတယ်။
အကြည့်ရဆိုးတာကလွဲရင် စိုးရိမ်စရာမရှိပါ။ သွေးလှည့်ပတ်မှု ပုံမှန်ဖြစ်မနေရင်ဖြစ်နိုင်တယ်။
• ဖြစ်တဲ့နေရာမှာ အပြာရောင်နဲ့ အနီရောင်သွေးပြန်ကြောလေးတွေက
ပင့်ကူအိမ်တွေလိုမြင်နေရမယ်။ ကိုယ်အောက်ပိုင်း (ဒူးနောက်၊ ခြေသလုံး၊ ပေါင်) တွေမှာအဖြစ်များတယ်။
နေရာတကာမှာဖြစ်နိုင်ပါတယ်။
• Varicose veins ခေါ်တဲ့ သွေးပြန်ကြောထုံးရောဂါ (စာတပုဒ်ရေးထားပါတယ်)
နဲ့ ဆင်တူတယ်။ ဒါပေမဲ့ အရေပြားမျက်နှာပြင်နဲ့ ပိုနီးပြီး သေးငယ်တယ်။
• လူပေါင်း ၁၅၆၆ ယောက်ကိုစစ်ဆေးတော့ ၈၄% မှာရှိနေတာတွေ့ရတယ်။
ညာဖက်ခြေထောက်တွေမှာသာ တွေ့ရတယ်။
• ဘာလို့ဖြစ်ရသလဲ - သွေးပြန်ကြောတွေအပေါ်မှာ ဖိအားသက်ရောက်ခံရလို့ပါ။
ဒိထက်တော့ တိတိကျကျ မသိရသေးပါ။ မျိုးရိုးလိုက်သလိုရှိတယ်။ အကြာကြီးမတ်တပ်ရပ်ရသူတွေမှာ
ပိုဖြစ်ကြတယ်။
• တချို့မှာ အဲလို ပင့်ကူအိမ်သွေးပြန်ကြောလေးတွေနဲ့အတူ
ခြေထောက်ရောင်တာ၊ ခြေထောက်လေးနေတယ်လို့ ခံစားရတာ၊ ခြေထောက်ညောင်းနေတာတွေပါတွဲရှိတတ်တယ်။
• မဖြစ်ချင်ရင် သွေးပြန်ကြောလေးတွေအပေါ်ဖိအားနည်းစေပါ။ ရပ်နေရတာကို
ပြုပြင်ဆင်ခြင်ပါ။ ကိုယ်အလေးချိန်ထိန်းပါ။ အကြာကြီး ရပ်-ထိုင်လုပ်ရသူတွေ မိနစ် ၃ဝ တခါ
လမ်းလျှောက်ပေးတာကောင်းတယ်။ ထိုင်ရင်လဲ ခြေထောက်တွေကို ချိတ်မထိုင်ပါနဲ့။
• Lightweight compression stocking with a gradient
of 15 or 20 milliliters of mercury ခြေအိပ် မကျပ်တာ ဝတ်ဆင်ပါ။ ခြေထောက်ကို နားချိန်မှာ
မြှင့်ပေးထားပါ။ နေရာင်ထိရတာကြာသူတွေက Slather on sunscreen နေလောင်ခံသုံးပါ။
• Laser treatment လေဆာကုသနည်းနဲ့ Sclerotherapy နည်းတွေနဲ့ကုသနိုင်တယ်။
Sclerotherapy နည်းနဲ့ ကုသပေးရတာ ပိုများတယ်။ သွေးပြန်ကြောထဲဆေးထိုးပေးတယ်။ သွေးမလာစေတော့အောင်
လုပ်ပြစ်တယ်။ သွေးပြန်ကြောကပိတ်ပြီး အမာရွတ်လိုဖြစ်လာမယ်။ ကြာရင် ပျောက်သွားမယ်။ ၅ဝ-၉ဝ%
ပျောက်တယ်။
No comments:
Post a Comment