Tuesday, February 17, 2015

အကြားအာရုံ သန္ဓေတား ဆေးလိပ်သောက်



 အကြားအာရုံ ဆုံးရှုံးရခြင်းရဲ့ အကြောင်းအရင်းများ


အနှေးနဲ့ အမြန်သာရှိတာပါ။ လူတိုင်းဟာ အကြားအာရုံ ဆုံးရှုံးကြတာချည်းဖြစ်ပါတယ်။

အကြားအာရုံ ဆုံးရှုံးတယ်ဆိုတာ အသက်ကြီးလာတာနဲ့ အမျှ  သဘာဝအလျောက် ဖြစ်လာတဲ့ အကျိုးသက်ရောက်မှု တစ်ခုပါပဲ။ ကျွန်ုပ်တို့ရဲ့ အကြားစွမ်းရည်ဟာ အသက် ၃၀ သို့မဟုတ် ၄၀  နောက်ပိုင်းအချိန် ကနေစလို့ ပိုမိုဆိုးဝါးလာပြီး ကျွန်ုပ်တို့ အသက် (၈၀) လောက်ရောက်တဲ့အခါမှာ ထက်ဝက်ကျော်ဟာ အကြားအာရုံဆုံးရှုံးမှု သိသိသာသာ ခံစားလာကြရပါတယ်။ ဒါပေမယ့် အကြားအာရုံချို့ တဲ့သူ အားလုံးရဲ့ ထက်ဝက်ကျော်ဟာ သူတို့ အလုပ်လုပ် ခဲ့တဲ့ နှစ်တွေကြောင့်ပါ။

အကြားအာရုံ ဆုံးရှုံးရခြင်းရဲ့ ဖြစ်နေကျ  နောက်အကြောင်း အရင်းတစ်ချက်က ဆူညံသံနဲ့ ထိတွေ့နေခြင်းပါ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ဟာ ဆူညံပွက်လောရိုက်နေတဲ့ ပတ်ဝန်းကျင် ကမ္ဘာတစ်ခုမှာ နေထိုင်ကြတယ်။ ဒီဆူညံမှုက အလုပ်ကနေဒါမှမဟုတ်မိမိဆန္ဒအလျောက်ထိတွေ့ခြင်းလည်း ဖြစ်နိုင်တယ်… တေးဂီတဖျော်ဖြေပွဲ၊
 နိုက်ကလပ်၊ ဒစ္စကိုကပွဲ နဲ့ စတူဒီယိုတွေကတဆင့် ဆူညံမှု စသဖြင့်ပေါ့။ နောက်တစ်ခုက နာကြပ်အသုံးမပြုခြင်းကြောင့်လည်း ဖြစ်နိုင်တယ်။ နောက်ပြီး အသေးစား MP3 စက်တွေ အသုံးများလာခြင်းကြောင့် လည်း အကြားအာရုံ ပျက်စီးခြင်းတွေဖြစ်စေပါတယ်။ အဲဒီစက်တွေဟာ ကျယ်လောင်သည့် အသံ အနေအထားကို ပေးစွမ်းနိုင်ပြီး အသုံးပြုတွေအနေနဲ့ လိုအပ်တာထက်ပို
ကျယ်တဲ့ အသံအနေအထားနဲ့ ထိတွေ့ နားထောင်မိတဲ့ အန္တရာယ်ကို ဖြစ်စေပါတယ်။

နောက်ပြီးတော့ ရောဂါ၊ ကူးစက်ရောဂါတွေသို့မဟုတ် မူးယစ်ဆေးဝါးတွေကြောင့်လည်း အကြားအာရုံ ဆုံးရှုံးခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ မျိုးရိုးလိုက်တာလည်း ဖြစ်နိုင်သလို နားရွက်နဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းတစ်ခုခု ထိခိုက် ခြင်းရဲ့ရလဒ် သို့မဟုတ် ဦးခေါင်းမှာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာ ရရှိခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Credit : Trend Myanmar

အမျိုးသားတွေအတွက် သန္ဓေတားဆေးတစ်မျိုး


ကွန်ဒုံးသုံးတာ သဘောမကျတဲ့ အမျိုးသားတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာမလိုပဲ
သန္ဓေတားတဲ့ နည်းလမ်းသစ် တစ်ခုကို စီမံဆောင်ရွက်နေဆဲဖြစ်ပါတယ်။
အမျိုးသား သုတ်ပိုးအောင်ခြင်း အဟန့်အတားဖြစ်စေဖို့အတွက် အနည်းဆုံး လုပ်ငန်းနှစ်ခုကို စီမံဆောင်ရွက်နေဆဲဖြစ်ပါတယ်။

တစ်ခုမှာ သုတ်ရည်ထက်ဝက်လောက်ကို နွမ်းသွားစေမယ့် H2-gamendazole ဖြစ်ပါတယ်။ သာမန်အားဖြင့်ဆိုရင် အချိန်မတန်ထွက်တဲ့ သုတ်ရည်ဆဲလ်တွေဟာ ဝှေးစေ့အတွင်း အမြီးနဲ့ ဦးခေါင်းဖွံ့ဖြိုးလာပေမယ့် H2-gamendazole မှ ၄င်းတို့ကို ဖွံ့ဖြိုးခြင်းမှ ထိန်းချုပ်ပေးပါတယ်။

သုတ်ပိုးမရှိရင် မမျိုးဥလည်း သန္ဓေအောင်မှာ မဟုတ်ကြောင်း အမေရိကနိုင်ငံ ကန်းဆက်စ်တက္ကသိုလ် Medical Centre မှ မျိုးပွားမှုပိုင်းဆိုင်ရာ ဇီဝဗေဒပညာရှင်တစ်ခုဦးဖြစ်တဲ့ Joseph Tash ကဆိုပါတယ်။
Tash က ဒါကို ၂၀၀၁ ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

နောက်တစ်မျိုးမှာတော့ ခန္ဓာကိုယ်ကို သုတ်ရည် ထုတ်ဖို့ မေ့မြောသတိမမူမိအောင် လှည့်စားပေး
မယ့် JQ1 ပဲဖြစ်တယ်။JQ1 ဟာ ကင်ဆာဆဲလ်ထဲမှာရှိတဲ့ bromodomain အသားဓာတ်တွေကို ဟန့်တားပိတ်ဆို့ပေးကြောင်း တွေ့ရပါတယ်။

JQ1 ကြောင့် ထိန်းချုပ်ထားခြင်း မရှိတဲ့ မူမမှန် ဆဲလ်တွေရဲ့ အစိတ်အပိုင်းတွေ ရပ်ဆဲသွားပါတယ်။
JQ1 နဲ့ ကြွက်တွေကို စမ်းသပ်ရာမှာ ကောင်းစွာမိတ်လိုက်နိုင်ပြီး သားပေါက်မှု လုံးဝမရှိဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် ဒီဆေးဝါးရရှိတဲ့အချိန် မတိုင်ခင်ထိ နှစ်အနည်းငယ် ကြာနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Credit : Trend Myanmar

ဆေးလိပ်အလွန်အကျွံသောက်ခြင်းဟာ သင့်အချစ်ရေးနဲ့ အိမ်ထောင်ရေးကိုပါ ထိခိုက်စေနိုင်

သင့်ရဲ့အကျင့်ဆိုးကြောင့် အချစ်ရေး၊ အိမ်ထောင်ရေးကိုပါ ထိခိုက်ခံတော့မှာလား စဉ်းစားပါ။ ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါပေမယ့် မဖြတ်နိုင်သေးလို့ သောက်နေတာမျိုးဆိုရင်လည်း လျှော့သောက် ဖို့ အကြံပေးချင်ပါတယ်။
 လျှော့သောက်ဖို့ မဖြစ်နိုင်ဘူး။ ပိုတောင် တိုးသောက်ဖြစ်နေတယ်ဆိုရင်တော့ တစ်ချက်ပြန်စဉ်း
စားရမှာက ငါ့အကျင့်ဆိုးဟာ ငါ့အချစ်ရေး၊ အိမ်ထောင်ရေးကို ဖျက်ဆီးပစ်နိုင်သလား ဆိုတာပါပဲ။ ဒီမေးခွန်းအတွက် အဖြေကတော့ ဟုတ်တယ်ဆိုတာပါပဲ။ ဆေးလိပ်သောက်တာနဲ့ အချစ်ရေးနဲ့
ဘယ်လိုများ ဆက်စပ်နေသလဲ ကြည့်ရအောင်။

၁။အိမ်ထောင်ရှင်တွေအတွက် ညအိပ်စက်ခါနီး စိတ်အနှောင့်အယှက် ဖြစ်စေပါလိမ့်မယ်။

ဆေးလိပ်အလွန်အကျွံသောက်တဲ့ အိမ်ထောင်ဖက်နဲ့ အတူအိပ်စက်ရတာ တစ်ဖက်လူအတွက် တကယ်စိတ်ပျက်စရာပါ။ အင်္ကျံအ၀တ်အစား၊ ဆံပင်စတာတွေမှာ စွဲနေတတ်တဲ့ ဆေးလိပ်နံ့ေ
တွကြောင့် မအိပ်ခင် ဘာလုပ်ပါ၊ ညာလုပ်ပါ စသဖြင့် သတိပေးရတာ အခါခါ ဖြစ်လာပါလိမ့်မယ်။
ဒါကို မလုပ်နိုင်တော့လို့ ဒီအတိုင်းအိပ်မယ်ဆိုရင်တော့ တစ်ယောက်နား၊ တစ်ယောက်ကပ်မအိပ်ချင်လောက်အောင် ဖြစ်လာနိုင်ပါတယ်။ ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် မအိပ်ဖြစ်တော့ဘူး၊ နီးနီးကပ်ကပ်မရှိတော့ဘူးဆိုရင် ဒါဟာလည်း သံယောဇဉ်ကြိုး လျော့ရဲသွားစေတဲ့အရာဆိုတာ မမေ့ပါနဲ့။

၂။စီးကရက်တွေနံ့တွေ အမြဲစွဲကပ်နေတဲ့ အ၀တ်အစားတွေကို ဘယ်သူကများ နီးနီးကပ်ကပ်ရှိချင်တော့မှာလဲ။

သေချာတာကတော့ သင်ဟာ စီးကရက်အလွန်အကျွံသောက်တတ်သူဆိုရင် သင့်ချစ်သူဟာ သင့်နားမှာကပ်ဖို့၊ သင့် ကိုယ်သင်းရနံ့လေးတွေအကြောင်း ပြောဖို့ စိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး။ သူ့နားကပ်ခံဖို့လည်း ၀န်လေးလာပါလိမ့်မယ်။ အနားကပ်လိုက်လို့ စီးကရက်နံ့တွေစွဲသွားမှာမျိုး သူမလိုလားပါဘူး။

၃။ကျန်းမာရေးမကောင်းတဲ့သူနဲ့ ချစ်သူဖြစ်ရတာ ပျော်စရာဘယ်ကောင်းနိုင်ပါ့မလဲ။

စီးကရက်သောက်တတ်တဲ့သူဟာ လည်ချောင်းနဲ့ပတ်သက်တဲ့ရောဂါ၊ အူ၊ အဆုတ်၊ နှလုံးရောဂါစ
တာတွေ တစ်ခုမဟုတ် တစ်ခု ခံစားရမှာ အသေအချာပါပဲ။ ဒီတော့ ရောဂါဖြစ်နေတဲ့သူ၊ ချောင်းတစ်ဟွတ်ဟွတ်ဖြစ်နေတဲ့သူ၊ နှလုံးမကောင်းလို့ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တဲ့သူရဲ့ အချစ်ရေးဟာ ဘယ်လောက်ထိ ပျော်စရာကောင်းမှာလဲ စဉ်းစားကြည့်ပါဦး။

၎။ကိုယ့်အိမ်ထောင်ဖက်နဲ့ အတူနေတဲ့အခါ သာယာပျော်ရွှင်မှု မရနိုင်တော့ပါဘူး။

ဒါကတော့ ရှင်းပါတယ်။ စီးကရက်အလွန်အကျွံသောက်ရင် အမောခံနိုင်ဖို့ မလွယ်တော့ပါဘူး။ ကိုယ့်အိမ်ထောင်ဖက်နဲ့အတူနေတဲ့အခါ အရင်လို မစွမ်းဆောင်နိုင်တော့တာမျိုး၊ ခဏခဏ နားရ
တာမျိုး၊ လွယ်ကူစါာမောပန်းတာမျိုးတွေ ကြုံလာရပါလိမ့်မယ်။

၅။ဘ၀မှာ မျှော်လင့်ထားတဲ့အရာတွေအတွက် မလုပ်နိုင်လို့ စိတ်ဓာတ်ကျရတာတွေ များလာမယ်။
ကိုယ့်ချစ်သူနဲ့နှစ်ဦးအတူ ဘာတွေလုပ်မယ်ဆိုပြီး စိတ်ကူးယဉ်ထားတာမျိုးတွေ ရှိတယ်ဟုတ်။
ဘ၀တစ်ခုလုံး အတူဖြတ်သန်းဖို့ ဆုံးဖြတ်ထားတာတွေကလည်း သင့်ရဲ့ ဆိုးရွားတဲ့ ဒီအကျင့်ဆိုးကြောင့် အကောင်အထည်ဖော်နိုင်ဖို့ ခဲယဉ်းလာတာမျိုးတွေ ကြုံရနိုင်ပါတယ်။ ဒါ့အပြင် အခက်အခဲကြီးကြီး
မားမား ကြုံရတဲ့အခါတိုင်းမှာလည်း သင်ဟာ စိတ်ဓာတ်ကြံ့ခိုင်မှုအပိုင်း အားနည်းလာသလို စိတ်ဓာတ်ကျရတာမျိုးတွေသာ ဖြစ်လာပါလိမ့်မယ်။


Credit :
Trend Myanmar

No comments: