Monday, February 9, 2015

အိတ်ခ်ျအိုင်ဗီပိုးကို ဖုန်းအက် ပရီကေးရှင်းဖြင့် ဆယ်ငါး မိနစ်အတွင်း စစ်ဆေးနိုင်ပြီ


အာရှ-ပစိဖိတ် HIV ၂၀၃၀ မှာ ပပျောက်နိုင်

အာရှနဲ့ ပစိဖိတ် နိုင်ငံတွေအတွင်း ၂၀၃၀ ခုနှစ် နောက်ဆုံးထားပြီး HIV/AIDS ကင်းစင်ရေး ပူးပေါင်းလုပ်ဆောင်ကြဖို့ အာရှနှင့် ပစိဖိတ်ရေးရာ ကုလသမဂ္ဂ စီးပွါးရေးနဲ့ လူမှုရေးကော်မရှင် UNESCAP က ဒီကနေ့ သတင်း ထုတ်ပြန် လိုက်ပါတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံမှာတော့ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲနဲ့ HIV လူနာတွေအပေါ် ပြည်သူလူထုရဲ့ အမြင်တွေကြောင့် ဒီမျှော်မှန်းချက်ပြည့်မှီနိုင်ဖို့ အခက်အခဲတွေတော့ ရှိနေပါသေးတယ်။ အကြောင်း စုံကိုတော့ ဆက်သွယ်မေးမြန်း သတင်းရယူထားတဲ့ နန်းလောဝ်က ပြောပြမှာပါ။ အာရှနဲ့ ပစိဖိတ်နိုင်ငံတွေထဲက လူဦးရေ ၆ သန်းလောက်ဟာ HIV ပိုး ကူးစက် ခံနေရပြီး သူတို့တွေထဲက ၃၃ ရာခိုင်နှုန်းလောက်သာ ကုသမှု ရနေကြ တာပါ။

မြန်မာနိုင်ငံ အတွင်းမှာတော့ HIV ကူးစက်ခံ ထားရသူပေါင်း နှစ်သိန်းနီးပါးလောက် ရှိနေပြီး သူတို့တွေထဲက AIDS ကြောင့် အသက်သေဆုံးသူပေါင်း တစ်သောင်းတစ်ထောင်လောက် ရှိတယ်လို့ UNAIDS က ခန့်မှန်းထားပါတယ်။ ဒါပေမယ့်လည်း တိုင်းရင်းသားဒေသတွေမှာ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ၊ ဘာသာစကား အခက်အခဲ၊ ကျန်းမာရေး ၀န်ဆောင်မှု အားနည်းတာနဲ့ လူတွေနဲ့ မသိနားမလည်မှုကြောင့် အပြင်၊ ကိုယ့်ကို ကိုယ်ရောဂါပိုး ကူးစက် ခံထားရမှန်း မသိသူတွေ အများကြီးရှိနေသေးတဲ့ အတွက် HIV ကူးစက်မှု ကျဆင်းရေး အခက်အခဲတွေ အများကြီးရှိနေပါသေးတယ်။ UNESCAP ရဲ့ မျှော်မှန်းချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ဖြစ်နိုင်မှု ရှိမရှိကို အမျိုးသမီး တွေရဲ့ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးကို လုပ်ဆောင်နေတဲ့ Marie Stope International ရဲ့ အကြီးအကဲ ဒေါက်တာစစ်နိုင်က ခုလိုပြောပါတယ်။
"ဖြစ်ရမှာပေါ့ ဆရာမရယ်။ မြန်မာနိုင်ငံအနေနဲ့လည်း အခက်အခဲတွေ ရှိပါတယ်။ မပြည့်စုံဘူးဆိုတဲ့ ကြားထဲက အတိုင်းအတာတခုအထိ လုပ်ထားနိုင်တာပေါ့နော်။ အဲ့တော့ ဖြစ်နိုင်ခြေရှိပါတယ်။ အခု ၂၀၁၅၊ နောက် ၁၅ နှစ်ဆိုတော့ ဖြစ်နိုင် တာပေါ့။ ဒါပေမဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း ကနေ ချော်ကျ သွားနိုင်တယ်။ ပျက်သွားနိုင်တယ် ဒါမျိုးတွေ ရှိတဲ့ အခါကျတော့ ပြောရမယ် ဆိုရင်တော့ အကြီးအကျယ် သဘာဝဘေးအန္တရာယ် အကြီးအကျယ် ခံရရင် ဒါကိုယ် လုပ်တိုင်း ဖြစ်မှာမဟုတ်ဘူးပေါ့။ နောက်တခါ ထားပါတော့ ပြည်တွင်းစစ်လိုမျိုး အကြီးအကျယ်ကြီး ဖြစ်လာရင် ကိုယ်ဘာလုပ်လုပ် ဒီရောဂါနဲ့ပတ်သက်လို့ ပြန်ပြန့်တာတွေ ပွားတာတွေ ရှိနိုင်တာပေါ့နော်။ ဥပမာ ပြောရမယ် ဆိုရင် ထားပါတော့လေ ဥပဒေကြောင်းအရ ပြင်ဆင်ပြောင်းလဲရမယ့် ဟာမျိုးတွေ တိုးတက်အောင် လုပ်ရမယ့်ဟာမျိုးတွေ မလုပ်ဖြစ်ဘူးဆိုရင်တော့ ဘယ်လိုခေါ်မလဲ အနှောင့်အယှက် အခက်အခဲလေးတွေ ရှိနိုင်တာပေါ့။

"တဆက်တည်းမှာဘဲ စာသင်ကျောင်းတွေမှာ HIV/AIDS နဲ့ပတ်သက်လို့ သင်ကြားပေးတာမျိုး ရှိနေပေမယ့်လည်း အရံသင်ရိုးညွန်းတမ်း သဘောလိုဖြစ်နေပြီး သင်ကြားမှု အပိုင်းမှာရော ကျောင်းသား နဲ့ မိဘတွေဘက်ကပါ သင်ယူမှု အပိုင်းကို စိတ်ဝင်စားမှု အားနည်းနေသေးတဲ့အတွက် လည်း အတော့်ကို အားပေးရဦးမယ်လို့ ဒေါက်တာ စစ်နိုင်က ဆက်ပြောသွားပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုယ်တိုင်လည်း HIV ရောဂါပိုးရှိတဲ့သူ လည်းဖြစ်တဲ့ ရောဂါသည်တွေ အရေး မြန်မာနိုင်ငံအတွင်းကနယ် အတော်များများမှာ ကွန်ယက်ဖွဲ့ပြီး လုပ်ကိုင်ပေးနေတဲ့ Phoenix အဖွဲ့ကို ဦးဆောင်တည်ထောင်သူ ကိုသီဟကြိုင်က နယ်ကလူနာတွေရဲ့ဆေးကုသမှု အပိုင်းနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ သူက VOA ကို ခုလိုပြောပါတယ်။
"သူတို့က လူနာဆက်ဆံတဲ့နေရာမှာ ကျနော်တို့ NGO တွေ သွားပြီဆိုရင် တခုခုဖြစ်ရင် ကွန်ပလိမ်းလုပ်လို့ရတယ်။ ဒီဆေးရုံတွေကို သွားတဲ့အခါမှာတော့ ကျနော်တို့ဘက်က အမြင်မှာတော့ ခုန NGO တွေလို အင်အားတောင့်တောင့် တင်းတင်းကြီးနဲ့ လုပ်ပေးနိုင်လောက်အောင်ကလည်း လူအင်အားအနေနဲ့ကတော့ ကျနော်မြင်တာတော့ သိပ်ပြီးတော့ မရှိဘူး။ အမြင်ပေါ်မှာလည်းပဲ HIV လူနာတွေကို ဆက်ဆံတဲ့အခါမှာ အဓိက အပြောအဆိုပဲပေါ့။ အပြော အဆိုလေးတွေမှာ အဆင်မပြေဖြစ်တဲ့ အခါကျတော့ လူနာအနေနဲ့ နဂိုကမှ HIV ဖြစ်လို့ အားငယ်နေရတဲ့အထဲ သူတို့ကို အဲ့လိုပြောလိုက်ရင် သူတို့က ပိုပြီးတော့ အပြောအဆိုအဆင်မပြေရင် ပိုအားငယ်ပြီးတော့ ဆေးတွေဘာတွေ ယူချင်စိတ် မရှိကြတော့ဘူး။ အဲတ့ာလေးတွေ အခုထက်ထိ ကြားနေ တွေ့နေရတယ်။

"ရောဂါပိုးရှိနေသူ လူနာအများစုက အစိုးရဆေးရုံဆေးခန်းထက်စာရင် NGO အဖွဲ့တွေဆိုကိုသာ ပိုပြီး သွားချင်ကြတယ်လို့လည်း ဆိုပါတယ်။ အစိုးရရဲ့ Decentralize ဆိုတဲ့ အစီအစဉ်နဲ့ နယ်မြို့ကြီးတွေရဲ့မြို့နယ် ဆေးရုံတွေမှာ လည်း ART ဆေးတွေကို အလကား ပေးနေပြီဖြစ်တဲ့အတွက် ဆေးယူလိုရင် ယူလို့ရနေပြီလို့ ကိုသီဟကြိုင်က ဆက်ပြောပါတယ်။ မြန်မာပြည်တွင်းက HIV/AIDS နဲ့ ပတ်သက်လို့ အစိုးရရဲ့ လုပ်ကိုင်နေတဲ့ အပိုင်းနဲ့ ပတ်သက်လို့ ကျန်းမာရေး ၀န်ကြီးဌာနကို ဆက်သွယ်မေးမြန်းဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ UNESCAP ရဲ့ ၂၀၃၀ ခုနှစ်မှာ AIDS ကင်းစင်ရေး အတွက် ဒီသီတင်းပတ်အတွင်း ဘန်ကောက်မှာ လုပ်တဲ့ အာရှပစိဖိတ် ညီလာခံကို တက်ရောက်ခဲ့တဲ့ နိုင်ငံပေါင်း ၃၀ က တက်ရောက်လာသူတွေက ဒီမျှော်မှန်းချက်ပြည့်မှီရေး အတွက် အားသွန် ခွန်စိုက်လုပ်ဆောင်သွားဖို့ ကတိက၀တ်ပြုသွားကြပါတယ်။
မြန်မာသတင်များ စုစည်းမှု -  အာရှ-ပစိဖိတ် HIV ၂၀၃၀ မှာ ပပျောက်နိုင် 

အိတ်ခ်ျအိုင်ဗီပိုးကို ဖုန်းအက် ပရီကေးရှင်းဖြင့် ဆယ်ငါး မိနစ်အတွင်း စစ်ဆေးနိုင်ပြီ
 နယူးယော့ခ်။   ။ အိပ်ခ်ျအိုင်ဗီပိုးနှင့် ကာလသားရောဂါပိုး ရှိမရှိကို စမတ်ဖုန်းအက်ပရီကေးရှင်းဖြင့် ဆယ်ငါး မိနစ်အတွင်း စစ်ဆေးနိုင် ပြီဖြစ်၍ လူအသက်ပေါင်း များစွာကိုကယ် တင်နိုင်တော့ မည်ဖြစ်ကြောင်း အမေရိကန်၊ နယူးယော့ခ်မြိုရှိ ကိုလံဘီယာ တက္ကသိုလ်မှ သိပ္ပံပညာ ရှင်များက အခိုင်အမာပြော ကြားသည်။

လက်ချောင်း တွင်သွေးစို့ ရုံဖြစ်စေမည့် ကွန်ပျူတာ များတွင် သုံးသည့် ဟာ့ဒ်ဝဲလ်  ကိရိယာ  ငယ်လေး  တစ်ခုဖြစ်  သည့် finger-prick dongle  ကိရိယာနှင့်အ တူသွေး အဖြေကို စစ်ဆေး ထုတ်လုပ်နိုင် သည့်ဆော့ဖ်ဝဲလ်ကို ကိုလံဘီယာ တက္ကသိုလ်မှ ဇီဝဆေးပညာ ရှင်များက တီထွင် ထုတ်လုပ် ခဲ့ခြင်းဖြစ်သည်။

စမတ်ဖုန်းများနှင့် ကွန်ပျူတာ များတွင်ပါ တပ်ဆင် အသုံးပြုနိုင် မည့်ဖြစ်သည့်finger-prick dongle ကိရိယာနှင့်သွေး စစ်ဆေး အဖြေ ထုတ်နိုင် သည့်ဆော့ဖ်ဝဲ လ်အက်ပ ရီကေးရှင်း တို့သည် ဓာတ်ခွဲခန်း စမ်းသပ် မှုနေရာ တွင် အပြည့်အဝ အစားထိုး အသုံးပြုနိုင်မည် ဟုဆိုပြီး ယင်း ကိရိယာဖြင့်သွေး အဖြေကို ဆယ့်ငါး မိနစ် အတွင်း ရရှိနိုင် မည်ဖြစ်သည်။
ယခုကိရိယာသည် ဓာတ်ခွဲခန်းများတွင် လက်ရှိအသုံးပြုနေ သည့်သွေးစစ်ဆေး ကိရိယာများထက် တန်ကြေး အဖိုးနှုန်း မှာလည်း အဆပေါင်း ၅၄ဝနီးပါး ချိုသာ ပြီး လူနာများ တွင်လည်း စမ်းသပ် စစ်ဆေးပြီး ဖြစ် သည်။ ယင်း ကိရိယာကို ထုတ်လုပ်ရန် ကုန်ကျ စရိတ်သည် ပေါင် ၂၂ ဒသမ ၅ဝပေါင် ရှိရာ လက်ရှိ ဓာတ်ခွဲ ခန်းသုံးသွေး စစ်ပစ္စည်း ကပေါင် ၁၂,၁၅ဝပေါင် ရှိသည်။
ယခုတီထွင်မှုက ဓာတ်ခွဲခန်းကြီး တစ်ခုလုံးကို ဖုန်းတစ်လုံးပေါ် တင်လိုက်နိုင်ခြင်းဖြစ် သည်ဟု ဇီဝဆေး ပညာ အင်ဂျင်နီယား ရင်းပါမောက္ခ ဆမ်မြူ ရယ်ဆီယာ ကပြောသည်။

ယင်းသို့ စမတ်ဖုန်း အက်ပရီကေးရှင်းဖြင့် ဆယ့်ငါး မိနစ်အတွင်း အိပ်ခ်ျအိုင်ဗီနှင့်ကာလသားရောဂါ ပိုးတို့ကိုစစ်ဆေးသိရှိနိုင် မည်ဖြစ်၍ လူများကကြို တင်ရှောင် ရှားသင့် သည်တို့ ကိုရှောင်ရှားနိုင် မည်ဖြစ်ရာ အသက်ပေါင်း များစွာကို ကယ်တင်နိုင်ခြင်းဖြစ်လာ မည်ဟု၎င်း ကပြောသည်။

မေးလ်အွန်လိုင်း
Mizzima - အိတ်ခ်ျအိုင်ဗီပိုးကို ဖုန်းအက် ပရီကေးရှင်းဖြင့် ဆယ်ငါး မိနစ်အတွင်း စစ်ဆေးနိုင်ပြီ 

HIV ဝေဒနာရှင် များနှင့် SexWorker များအား စိတ်ဓာတ် မြှင့်တင်ပေးရန် အမေရိကန် INGO တစ်ခုနှင့် MANA တို့ ပူးပေါင်း ဆောင်ရွက်မည်

ပြည်တွင်းရှိ HIV ရောဂါ ဝေဒနာရှင်များနှင့် SexWorker များအား စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးခြင်း အစီအစဉ် များကို အမေရိကန် နိုင်ငံ အခြေစိုက် INGO အဖွဲ့ အစည်း တစ်ခုနှင့် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း (MANA) တို့ ပူးပေါင်း၍ ယခုလမှ စတင်ကာ တစ်လလျှင် တစ်ကြိမ်နှုန်း ဖြင့် လစဉ် ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း MANA မှ သိရသည်။
အမေရိကန် နိုင်ငံက အဖွဲ့ မှာ ဆရာဝန်တွေနဲ့ ပညာရှင် တချို့ပါမယ်။ သူတို့တွေနဲ့ ကျွန်တော်တို့ အဖွဲ့ ဝင်တွေ ပူးပေါင်းပြီး HIV ဝေဒနာရှင် တွေ၊ SexWorker တွေနဲ့ တွေ့ဆုံ မယ်။ သူတို့တွေ အတွက် စိတ်ဓာတ် ခွန်အားတွေ ရရှိလာအောင် ပညာပေး ဆွေးနွေး ပြောဆိုမှုတွေ လုပ်သွားမှာပါ ဟု MANA လူငယ် အားမာန် အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင် အတွင်း၊ လူမှု ပတ်ဝန်းကျင်နှင့် ထိတွေ့ ဆက်ဆံမှု များတွင် စိတ်ဓာတ်ကျ၊ အားငယ်မှုများ မရှိစေရန် ဆွေးနွေး အားပေးမှုများ၊ လိုက်နာ ကျင့်သုံးသင့်သည့် အချက်များကို စကားဝိုင်းများ သဖွယ် ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ ပြည်တွင်း၌ HIV ရောဂါ ဝေဒနာ ခံစားနေရသူ နှစ်သိန်း ၀န်းကျင်ရှိ နေပြီး ၎င်း တို့ထဲမှ အများစုမှာ ပတ်ဝန်းကျင်နှင့် ထိတွေ့ ဆက်ဆံရာတွင် စိတ်အားငယ်မှုများ ခံစားနေကြရကြောင်း HIV ရောဂါ ဝေဒနာရှင်များ အရေး ကူညီ ဆောင်ရွက်ပေး နေသည့် အဖွဲ့ အစည်း တချို့ထံမှ သိရသည်။ HIV ရောဂါ ဝေဒနာ ခံစားနေကြရသူများ အနေဖြင့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနှင့် လုပ်ငန်းခွင်များ အတွင်းတွင်လည်း ခွဲခြား ဆက်ဆံခံ နေရမှုမှာ ဒေသ တချို့တွင် ရှိနေသေးကြောင်း Myanmar Positive Woman Group မှ သိရသည်။

အရင်ကတော့ ရောဂါရှိတယ် ဆိုရင် ခွဲခြား ဆက်ဆံခံရတာတွေ ရှိတယ်။ အခု နောက်ပိုင်းမှာ အသိပညာပေးမှု တွေလည်း တိုးတက်လာတော့ အရင်က ထက်စာရင် နည်းသွားပြီ။ တချို့တော့ရှိနေ သေးတယ် ဟု HIV ဝေဒနာရှင်များနှင့် ပတ်သက်၍ အကူအညီပေး ဆောင်ရွက်မှုများ တက်ကြွစွာ ပါဝင် လှုပ်ရှားနေသူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။
ယခုအခါတွင် ပြည်တွင်းရှိ HIV/AIDS ရောဂါ ဝေဒနာရှင်များ အတွက် ခွဲခြား ဆက်ဆံခံနေရ မှုများ ပပျောက်ရေး၊ ဆေးဝါး ရရှိရန် လမ်းညွှန်ပေးခြင်း၊ အလုပ်အကိုင် ရရှိရေး အတွက် အလုပ်ရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်းများ၊ ဆေးဝါး ရရှိရေး လမ်းညွှန် ဆောင်ရွက် ပေးခြင်းများကို HIV/AIDS ဆိုင်ရာ အကူအညီပေးရေး ကွန်ရက် ခုနစ်ခု နှင့် အဖွဲ့ ငယ် တချို့မှ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်၊ အောင်ဖြိုးဆွေ

No comments: