Sunday, February 15, 2015

Pregnancy and HIV ကိုယ်ဝန်နှင့် HIV



ကလေးများ HIV မှတဆင့် AIDS ရောဂါရရှိခြင်း
  ကလေးတွေမှာ HIV ရောဂါ ပိုးဝင်ပြီး AIDS (ခေါ်) ကိုယ်ခံစွမ်းအားကျရောဂါ အဓိကဖြစ်ရတာက ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်တွေဆီကနေတဆင့် ကူးနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။ အခြား ဘယ်လိုနည်းတွေနဲ့ ကူးဆက်နိုင်ပါသေးလဲ။ မိခင်ကနေ ကလေးကို ကူးစက်နိုင်တာကို အဓိက လျော့ချနိုင်ဖို့ ကိုယ်ဝန်ရှိနေစဉ် မိခင်မှာ HIV ရောဂါပိုး ရှိမရှိ စစ်ဆေးပြီး၊ ရှိနေရင် Antiviral Therapy (ခေါ်) ARV ထိန်းချုပ်ဆေး တောက်လျှောက်ပေးထားနိုင်ပါတယ်။ အခြားရော ဘယ်လို နည်းတွေရှိပါသေးလဲ။

ကာကွယ်တဲ့ကြားက မထင်မှတ်ပဲ ရောဂါဖြစ်လာရင်လဲ ကလေးငယ်မှာ အဓိက လက္ခဏာတွေဖြစ်တဲ့၊ ပိန်နေတာ၊ ကိုယ်အလေးချိန် မတက်တာ၊ နာတာရှည် ဝမ်းသွားတာ၊ နာတာရှည် ဖျားတာတွေကို စောင့်ကြည့်ဖို့လိုပါတယ်။ အခြား စောင့်ကြည့်ရမဲ့ သာမန် လက္ခဏာတွေရော ဘယ်လိုရှိပါလဲ။ အရင် ဒီရောဂါကို ကုသဖို့ ဆေးမရှိပေမဲ့၊ အခုတော့ ကလေးတွေကိုလည်း ARV ဆေးပေးပြီးထိန်းကာ၊ အခြားဖြစ်လာတဲ့ရောဂါတွေကို လိုသလို ကုသပေးကာ စိတ်ရှည်ရှည်ထား ရေရှည်ကုသသွားဖို့ လိုပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
VOA - ကလေးများ HIV မှတဆင့် AIDS ရောဂါရရှိခြင်း 

Semen question သုက်ရည် မေးခွန်း
 ကျွန်တော် သုတ်လွတ်တိုင်း သုတ်ရည်ထဲမှာ အဝါရောင် အခဲအရှည်လေးတွေ ပါလာတယ်။ သုတ်လွတ်တဲ့ အကြိမ်ရေ များရင်တော့ အနည်းငယ်သာ ပါလေ့ရှိတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းကဖြစ်နေတာပါ။ နိုင်ငံခြားထွက်ဖို့ ဆေးစစ်တော့လည်း ဘာပိုးမှမရှိပါဘူး၊ ဖျားတာနာ မရှိပါဘူး။ ဆီးလည်းကောင်းပါတယ်။ ကျန်းမာရေးကလည်း ကောင်းပါတယ်။ အသက်က ၂၇ နှစ်ပါ။ ဒီကစ္စနဲ့ ပက်သက်လို့ စိတ်အနှောက်အရှက် ဖြစ်နေပါတယ်၊ အကြံပေးပါဦး။

• White or grey အဖြူကနေ မီးခိုးရောင်ရှိတယ်။ တခါတလေ Yellowish ဝါတာလဲ ပုံမှန်ဘဲ။ Pink or red ပန်းရောင်-အနီရောင် ဖြစ်နေရင် သွေးပါလို့ဖြစ်မယ်။
• Semen (စီမင်) ဟာ ကျားဆီးထွက်ပြွန်ဝကနေ ထွက်လာပြီးနောက်မှာ ချက်ချင်း ခဲသွားရတယ်။ Sticky, jelly-like liquid စေးကပ်-ကျိခွဲနေမယ်။
• Liquefy again ၅-၄ဝ မိနစ်ကြာရင် တခါပြန်အရည်ဖြစ်လာမယ်။
• Jelly-like globules (ဂျယ်လီ) လို အစိုင်အခဲလေးတွေ ဖြစ်နေတာလဲ ရောဂါမဟုတ်ပါ။ နဲနဲ ဝါချင်လဲ ဝါနေနိုင်တယ်။
• Health or Fertility problem ကျန်းမာရေးပြဿနာလဲ မဟုတ်ဘူး။ ကလေးမရစေမဲ့ပြဿနာလဲ မဟုတ်ဘူး။ မခဲနိုင်တာနဲ့ ပြန်အရည်မဖြစ်နိုင်တာဆိုရင် ကလေးမရစေတဲ့ပြဿနာဖြစ်နိုင်တယ်။
• Ejaculation သုက်တခါလွှတ်ရင် ပျမ်းမျှ ထုထည် 2 to 5ml ရှိမယ်။
- 1.5ml သာရှိရင် Hypospermia နဲ့
- 5.5ml ထက် များတာ Hperspermia ပုံမှန်မဟုတ်ဘူး။
- ဒါပေမဲ့ သုက်လွှတ်တဲ့အကြိမ် ဆက်နေရင် ထုထည်နည်းနိုင်ပြီး၊ မလွှတ်တာ သိပ်ကြာနေရင်လဲ များနိုင်တယ်။


• WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ပုံမှန်ဆိုတာ ဒီလို အရည်အသွေးတွေ ရှိရမယ်။ Normal sperm count ပုံမှန်-သုက်ရည်-အရေအတွက်ကို ပြောတာဖြစ်တယ်။
- Spermatozoa သုက်ကောင်ရေ 20 million per ml အနည်းဆုံး ရှိရမယ်။
- Semen ထုထည် 2ml အနည်းဆုံး ရှိရမယ်။
- သုက်တခါလွှတ်ရင် Spermatozoa 40 million အနည်းဆုံး ပါနေရမယ်။
- Alive spermatozoa ၇၅% အနည်းဆုံး ရှင်သန်နေရမယ်။
- Spermatozoa ဟာ အနည်းဆုံး ၃ဝ% Normal shape and form ပုံပန်းသဏ္ဌာန် မှန်ရမယ်။
- Spermatozoa ဟာ အနည်းဆုံး ၂၅%ဟာ ရှေ့ကို မြန်မြန်သွက်သွက် ကူးသွားနိုင်ရမယ်။
- Spermatozoa ဟာ အနည်းဆုံး ၅ဝ%ဟာ နှေးချင်နှေးပါစေ ရှေ့ကို ကူးသွားနိုင်စွမ်း ရှိရမယ်။

ဒီအရည်အချင်း၊ အချက်အလက်တွေကလွဲတာကို သုက်-ကျန်းမာရေးပြဿနာလို့ မသတ်မှတ်ပါ။
ဒေါက်တာတင့်ဆွေ - Semen question သုက်ရည် မေးခွန်း

Pregnancy and HIV ကိုယ်ဝန်နှင့် HIV

1. HIV ရှိသော အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်သင့်ပါသလား ကျေးဇူးပြု၍ ဖြေပေးပါဆရာ။
2. HIV ပိုး ရှိနေသူ ယောက်ျားနှင့် ပိုးမရှိသူ မိန်းမတို့ လိင်ဆက်ဆံပြီး ကိုယ်ဝန်ရခဲ့ရင် ကလေးမှာ ကူးစက်နိုင်ပါသလား။ ကိုယ်ဝန်ဆောင်လို့ ရ/မရ သိချင်ပါတယ်။ ဘယ်လိုအန္တရာယ် ရှိနိုင်ပါသလဲ။
ကိုယ်ဝန်ဆောင်တိုင်း HIV ရှိ-မရှိ စမ်းသပ်ရမယ်။ ကိုယ်ဝန်ဆောင်ကာစကတည်းက ပိုးရှိနေတာသိရင် ဆုံးဖြတ်ချက်ချဘို့ ပိုကောင်းတယ်။ ကလေးကို မကူးစေအောင်ဆောင်ရွက်ဘို့ အချိန်ပိုရလို့ကောင်းတယ်။ သူ့ခင်ပွန်းအတွက်လဲ မတူးအောင် လုပ်ဘို့လိုတယ်။ ပိုးဟာ သွေး၊ ကိုယ်ခန္ဓာကထွက်တဲ့ အရည် (ယောက်ျား စီမင်၊ မိန်းမ ဗဂျိုင်းနား အရည်၊ နို့ရည်) တွေနဲ့ ပိုးရှိမိခင်ကနေ မွေးလာမဲ့ကလေးကို ကူးနည်းတွေနဲ့ ကူးစက်တယ်။ လိင်လမ်းကနေ ကူးတာက အများဆုံးဖြစ်တယ်။
အများဆုံးစမ်းသပ်နည်းဟာ HIV antibody test (အင်တီဘော်ဒီ) ရှိ-မရှိ စမ်းနည်းဖြစ်တယ်။ သွေး၊ ဆီး နဲ့ ခံတွင်းက အရည်တွေကို စမ်းတယ်။ ပဌမနည်းနဲ့စမ်းလို့ အပေါင်းပြတယ်ဆိုရင် နောက်ထပ် တခြား (အင်တီဘော်ဒီ) စမ်းနည်းတခု ထပ်လုပ်ရတယ်။ ဒီနည်းကို Confirmatory HIV test နည်းလို့ခေါ်တယ်။ အဖြေရအောင် ရက်နဲနဲတော့ အချိန်ယူရတယ်။ တချို့ ခံတွင်းအရည်စမ်းနည်းကတော့ နာရီပိုင်းသာကြာတယ်။

ကိုယ်ဝန်ဆောင်နေတုံး ပိုးတွေ့သူလဲ ကျန်းမာနေအောင်လုပ်နိုင်တယ်။ ကလေးကိုမကူးအောင် ဆေးသောက်ရမယ်။ ကလေးကို ကိုယ်ဝန်ဆောင်နတုံး၊ မွေးနေတုံးနဲ့ နို့တိုက်နေတုံး ကာလတွေမှာ ကူးစက်နိုင်တယ်။ မအေက စားစရာကို ဝါးခွံ့ရာကနေလဲ နည်းနည်းပါးပါး ကူးနိုင်သေးတယ်။

Anti-HIV medications ဆေးတွေကို
• ကိုယ်ဝန်ဆောင်နေတုံးမှာ အနည်းဆုံး ဆေး ၃ မျိုးရောပေးမယ်။
• ကလေးမွေးနေတုံးမှာ AZT (IV) ဆေးထိုးပေးမယ်။ ပြီးတော့ ဆေးဆက်သောက်ရမယ်။
• မွေးပြီးရင် AZT ဆေးရည် ၆ လသောက်ရမယ်။
• တကယ်လို့ မအေက ဆေးသောက်မထားဘဲ မွေးတဲ့ကလေးဆိုရင် AZT အပြင် တခြားဆေးပါ ပေးသင့်တယ်။
• ကိုယ်ဝန်မဆောင်ခင်ကတည်းက ဆေးသောက်နေတဲ့မိခင်လောင်းဆိုရင် ကိုယ်ဝန်ရှိတော့ ဆေးပြောင်းရနိုင်တယ်။ တချို့ဆေးတွေက ကလေးအတွက် မသင့်ဘူး။
ဘယ်တော့ ဆေးစပေးမလဲဆိုတာ ပိုးတွေက လူကိုဘယ်လောက်ထိခိုက်နေပြီလဲ၊ ဘယ်လောက်ကြာနေပြီလဲအပေါ်မှာ မူတည်တယ်။ အကြမ်းဖျဉ်း CD4 counts 500 cells/mm3 ထက် နည်းကတည်းကနေ ဆေးသောက်နေပြီးဖြစ်မယ်။ ဒါမှမဟုတ်လဲ ကူးစက်ရောဂါ ဝင်နေကတည်းကဖြစ်မယ်။

အများဆုံးသုံတဲ့ဆေးတွေကတော့ -
1. Protease inhibitors (PIs),
2. Non-nucleoside reverse transcriptase inhibitors (NNRTIs) နဲ့
3. Nucleoside reverse transcriptase inhibitors (NRTIs) တွေက ကိုယ်ဝန်ဆောင်မှာပေးနိုင်တယ်။
4. Entry inhibitors နဲ့
5. Integrase inhibitors ဆေးတွေကို ကိုယ်ဝန်မှာ ပေးသင့်-မသင့် သုတေသနမစုံသေးဘူး။
Sustiva ဆေးတမျိုးတည်းကဖြစ်ဖြစ် Atripla ကနေဖြစ်ဖြစ် ကိုယ်ဝန်ဆောင်စ ပဌမ ၃ လ မှာသောက်ရင် ကလေးမှာ မွေးရာပါချို့ယွင်းချက်ဖြစ်စေနိုင်တယ်။ ၃ လနောက်တော့ ကိစ္စမရှိဘူး။ Protease inhibitors (PIs) ကဆီးချိုနဲ့ ဆက်စပ်နိုင်တယ်။ Viramune ဆေးက အသဲကိုထိခိုက်စေနိုင်တယ်။ CD4 counts 250 cells/mm ထက် များသူတွေကိုသာ သုံးလို့အကျိုးများရင် သုံးရတယ်။

တချို့ကိုယ်ဝန်တွေကို မွေးတဲ့အခါ C-section ဗိုက်ခွဲမွေးရင်ကောင်းမယ်။ ၃၈ ပတ်ရှိရင်ခွဲပေးနိုင်ပြီ။ ကိုယ်ဝန်တိုင်းကိုတော့ မဟုတ်ဘူး။ ကိုယ်ဝန်ဆောင်တုံး ဆေးသောက်မထားသူ နဲ့ မွေးကာနီးမှာ viral load က 1,000 copies/mL ထက် များနေသူကိုသာ ခွဲပေးလို့ အကျိုးများနိုင်တယ်။ ရေမြွာစောပေါက်ထားတာကို ခွဲပေးလဲ မထူးဘူး။

ဘယ်နည်းနဲ့မွေးမွေး မွေးဖွါးခြင်း အန္တရာယ်တော့ရှိတာဘဲ။ ယေဘုယျပြောရရင် ခွဲမွေးတာက ခွဲစိတ်မှု အန္တရာယ်ပါပိုတယ်။ အိပ်ရာထဲမှာ ကြာကြာနေရတာမို့ သွေးကြောပိတ်တဲ့အန္တရာယ် ပိုဖြစ်စေနိုင်တယ်။ ရောဂါပိုးဝင်တာလဲဖြစ်နိုင်တယ်။
ပိုးရှိတဲ့ အမေကနေ ကလေးကိုကူးစက်တာ အမေရိကားနဲ့ ဥရောပမှာ ၂% ထက်နည်းပါတယ်။ ဖြစ်နိုင်တာက မိခင်လောင်းကေ ဆေးသောက်နေလို့ အထဲက ကလေးကိုပါ ကာကွယ်ရာကျတယ်။ ကိုယ်ဝန်ဆောင်တုံး၊ မွေးနေတုံးဆေးသောက်ရင် ပိုနည်းတယ်။

ကလေးမွေးပြီးပြီးချင်း ၆-၁၂ နာရီအတွင်းမှာ AZT ဆေးပေးရမယ်။ ၆ ပတ်ကြာအထိပေးရတယ်။ တချို့ကလေးတွေကို တခြားဆေးလဲတွဲပေးတယ်။ ကလေးတွေကို Virologic HIV tests နည်းနဲ့စစ်တယ်။ အပေါင်းရော အနုတ်ပါ နှစ်ခါပြမှာသာ မရှိဘူး၊ ရှိတယ်ပြောနိုင်တယ်။ ၁၄-၂၁ ရက်၊ ၁-၂ လ နဲ့ ၄-၆ လတွေမှာ စစ်ရတယ်။ အပေါင်းနှစ်ခါတွေ့ရင် ၄-၆ ပတ်မှာ ဆေးပေးမယ်။ မသေခြာရင် Bactrim ဆေးကိုသတိနဲ့ပေးတယ်။ ပိုးရှိတဲ့ကလေးမှာ Pneumocystis jiroveci pneumonia (PCP) ရောဂါဖြစ်မျာကို အကာကွယ်ပေးတယ်။ ကလေးမွေးပြီးနောက် ပေးနေတဲ့ဆေးကို ပြောင်းသင့်ရင်ပြောင်းပေးမယ်။ CD4 count နဲ့ Viral load တွေကိုကြည့်မယ်။

မေးထားတာကတော့ ဖခင်ကသာ ပိုးရှိတယ်။ မိခင်လောင်းမှာ ပိုးရှိမနေရင်တော့ ကလးကို မကူးစက်နိုင်ပါ။ ဒါပေမဲ့ ကလေးမိခင်ရော ကလေးကိုပါ ပုံမှန် ဆေးစစ်နေရလိမ့်မယ်။ ကြိုင်ကာကွယ်မှုတွေလဲ စနစ်တကျလုပ်နေကြရပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ - Pregnancy and HIV ကိုယ်ဝန်နှင့် HIV

No comments: