Wednesday, September 5, 2012

ကျန်းမာရေးအမေးအဖြေ (၆၁)


1. အမျိုးသမီးတွေက ကလေးမလိုချင်လို့ သားကြောဖြတ်ကြတယ်ပေါ့နော်။
2. ကျနော့်ကောင်မလေးနဲ့ အတူတူနေခဲ့ပါတယ်။
3. သန္ဓေတားဖို့အတွက်ဘယ်ဘက် လက်မောင်းမှာ ပစ္စည်းထည့်ထားပါတယ်။
4. သမီးနဲ့ သမီးချစ်သူက ၇ လပိုင်း ၁၅ နဲ့ ၁၆၊ ဆက်ဆံမိတာပါ။
5. အသက်တွေလဲ ကြီးလာပြီဆိုတော့ ကလေးအရမ်းလိုချင်နေပါတယ်။
6. I am having this problem of white discharge from the vagina
7. Misoprostol (Cytotec) ဆေးသုံးမယ်ဆိုရင် ဘယ်လိုသုံးရမလည်း။
8. Clitoris မှာ အဖုပေါက်နေတယ်လို့ ပြောပါတယ်။
9. ကိုယ်ဝန်ရှိနေပေမယ့် ရာသီပေါ်တတ်ကြောင်း



Wed, Aug 8, 2012 at 7:58 PM
အမျိုးသမီးတွေက ကလေးမလိုချင်လို့ သားကြောဖြတ်ကြတယ်ပေါ့နော်။ အမျိုးသားတွေလဲ သားကြောဖြတ်လို့ရတယ် ကြားပါတယ်။ အဲလိုလုပ်ခြင်းအားဖြင့် ကောင်းကျိုးဆိုးကျိုးတွေကို သိချင်ပါတယ်။

• Tubal ligation အမျိုးသမီး သားသမီး မရတော့အောင် လုပ်ခြင်း
• Pregnancy after tubal ligation သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ်



Wed, Aug 8, 2012 at 8:31 PM
ကျနော့်ကောင်မလေးနဲ့ အတူတူနေခဲ့ပါတယ်။ ၃ ရက်နေပြီးမှ အရေးပေါ်ဆေးတိုက်ဖို့ စဉ်းစားထားတာပါ။ ၃ ရက်ပြည့်တဲ့နေမှာ ရာသီလာပါတယ်။ ရာသီလာနေတုန်းလည်း နေမိပါတယ်။ အဲ့ဒါဆိုတော့ ဆေးတိုက်ဖို့ လိုသေးလား။

လာတာက လာရမဲ့ရက် ဟုတ်ပါသလား။ ရာသီလာတာမှန်ရင် ဆေးသောက်ဘို့ မလိုပါ။



Thu, Aug 9, 2012 at 7:13 AM
ဆရာ့ဆီက အကြံပေးထားတဲ့အတိုင်း Scabies အတွက်ကို ဒီကဆေးဆိုင်တွေမှာ လိုက်ဝယ်ကြည့်ပါတယ်။ ဒါပေမဲ့ (့) မှာက ဆေးကန့်သတ်ထားတဲ့အတွက် ပြင်းတဲ့ဆေးမျိုးတွေ ဝယ်လို့မရပါဘူး။ ဒါနဲ့ပဲ ဆရာ့ရဲ့ ဒုတိယ ညွှန်ကြားချက်အတိုင်း ဆရာဝန်ဆီပဲ သွားလိုက်ပါတယ်။ ၃ ရက်စာအတွက် လိမ်းဆေးပေးလိုက်ပါတယ်။ အဲ့ဒီ့လိမ်းဆေးက ၁၂ နာရီ လိမ်းထားရပါတယ်။ ပြီးရင်တော့ ရေနွေးနဲ့ရေချိုး ရပါတယ်။ နောက်ထပ် လိမ်းဆေးတစ်မျိုးကတော့ Allergies ပျောက်ဆေးပါတဲ့။ လိမ်းဆေး ၃ ရက် လိမ်းပြီးလို့ နောက်ပိုင်းကို Scabies ရဲ့ Dead Body ကြောင့် allergies ဖြစ်ပြီး ယားမှာစိုးလို့ပါတဲ့။ ဒီလိုနဲ့ သောက်ဆေးရော လိမ်းဆေးပါ ညွှန်ကြားချက်အတိုင်း လိုက်နာပြီး နေတော့ ပျောက်သလိုလို ရှိသွားပါတယ်။ ဒါပေမဲ့ ၁ လလောက်ကြာတော့ အသားပေါ်မှာ အနီရောင် ပြင်လိုက်ဖြစ်ပြီး ပြန်ယားလာပါတယ်။



ဒါနဲ့ပဲ Scabies ပဲ နောက်တစ်ကြိမ် ဖြစ်တယ်ထင်လို့ ထပ်ပြပါတယ်။ ဆရာဝန်က သူပေးလိုက်တဲ့ ဆေးက နောက်တစ်ကြိမ် Scabies ထပ်ပြန်ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ ပြောပါတယ် ဒါနဲ့ စကားစပ်ပြီး ပြောမိ ရာကနေ သန္ဓေတားတဲ့ ကိစ္စကို ရောက်သွားပါတယ်။ ကျွန်မ ၂ဝ၁၁ ဒီဇင်ဘာမှာ အိမ်ထောင်ကျပါတယ်။ သန္ဓေတားဖို့အတွက်ဘယ်ဘက် လက်မောင်းမှာ ပစ္စည်းထည့်ထားပါတယ်။ အဲ့ဒါထည့်ထားပြီးတော့ ဓမ္မတာက လာလိုက်မလာလိုက်နဲ့ မမှန်တော့ပါဘူး။ အခုဆိုရင် ၂ လလောက် ပျောက်သွားလိုက် ၃ လလောက် ပျောက်သွားလိုက်နဲ့ ဖြစ်ပါတယ်။ ဒါကို ဆရာဝန်ကို ပြောပြတော့ အဲ့ဒီ့ လက်မောင်းထည့်ထားတာကြောင့် ဟော်မုန်း အပြောင်းအလဲဖြစ်တာလဲ ဖြစ်နိုင်တယ၊် ဒါမှမဟုတ် ယောက်ျားနဲ့ သွေးချင်း မတည့်တာလည်း ဖြစ်နိုင်တယ်၊ Scabies ကတော့ ပြန်ဖြစ်စရာ အကြောင်းမရှိဘူးလို့ ပြောပြီး ဒီတစ်ခါတော့ ရေမချိုးခင်မှာ လိမ်းရတဲ့ လိမ်းဆေးရယ် Beprogel (Beramethasone dipropionae topical solution) လိမ်းဆေးကို ပေးလိုက်ပါတယ်။ အနည်းငယ်သာ သက်သာပါတယ်။ ယားနေတုန်းပါပဲ။


ဒီတစ်ခါတော့ အသားပြင်လိုက်ပေါ်မှာ နီရဲပြီး လက်သီးဆုပ်လောက် ဟိုနားတစ်ကွက် ဒီနားတစ်ကွက်နဲ့ တကိုယ်လုံးအနှံ့ ယားနေပါတယ်။ တံတောင်နဲ့ခြေဖမိုးမှာတော့ အသားအရေ ခြောက်သလိုဖြူပြီး ယားနေ ပါတယ်။ လက်မောင်းမှာ သန္ဓေတား ပစ္စည်းထည့်တဲ့အတွက် ဘာဆိုးကျိုးတွေများရှိပါသလဲ။ ရာသီမလာတာကြောင့် သားအိမ်မှာ အစိုင်အခဲဖြစ်ပြီး တချိန်ချိန်မှာ ဒုက္ခပေးနိုင်ပါသလား။ အမျိုးသားနဲ့ သွေးမတည့် တာကြောင့်ရော ဖြစ်နိုင်ပါသလား။ ဖြစ်နိုင်ခဲ့ရင်ရော မည်ကဲ့သို့ ပြုလုပ်ရပါမလဲ။ သွေးသား ပြောင်းလဲတာကြောင့် ဖြစ်တယ်ဆိုရင် အချိန်အတိုင်းအတာမည်မျှ ကြာနိုင်ပါသလဲ။ ယခုခံစားနေရတဲ့ရောဂါအတွက် ဘယ်လိုဆေးမျိုးကို လိမ်းသင့်ပါသလဲ။ သောက်သင့်ပါသလဲ။ ဒီလို ထပ်မဖြစ်ဖို့အတွက် လက်မောင်းက ပစ္စည်းကိုထုတ်လိုက်သင့်ပါသလား။


ယားတာအတွက် Cetrizine သောက်ဆေး မပါဘူးလား။ (အလာဂျီ) အတွက် ရေးထားတာတွေလဲ ရှိပါတယ်။ http://dts-medicaleducationblogspotin/ မှာဖတ်နိုင်ပါတယ်။


နောက်မေးခွန်းအတွက် အောက်မှာ စာ ၂ ပုဒ် ပို့လိုက်ပါတယ်။
• Contraceptive implant (1) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ ပစ္စည်း (၁)
• Contraceptive implant (2) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ ပစ္စည်း (၂)



Mon, Aug 6, 2012 at 4:59 PM
သမီးနဲ့ သမီးချစ်သူက ၇ လပိုင်း ၁၅ နဲ့ ၁၆၊ ဆက်ဆံမိတာပါ။ ဒါတောင် အချိန်ပိုင်းလေးပါ။ ဒါပေမဲ့ ဆေးကတော့ ၁၇ ရက်နေ့ကမှ စသောက်မိတာပါ။ ခုချိန်ထိသောက်နေတုန်းပါ။ ခုချိန်ထိတော့ ချင်ခြင်းတက်တာလည်း မဖြစ်သေးဘူး။ ဖြစ်တာဆိုလို့ ရင်ထဲမှာ ပူပြီး အန်ချင်တာလေးပဲ ရှိသေးတယ်။ ခုချိန်မှာ အန်ချင်တယ်ဆိုတာ ကိုယ်ဝန်ရှိနိုင်တယ်ဆိုတဲ့ အခြေအနေပါလား။ အရင်တုန်းကတည်းက အစားများများ စားလိုက်ရင် အန်ချင် လာပါတယ်။ အဲ့ကြောင့်များလားဆိုပြီးတော့လည်း ပါပါသေးတယ်။ အစားများလို့ အန်ချင်တာလားပေါ့။ အစားများလို့ အန်တာနဲ့ ကိုယ်ဝန်ရှိလို့အန်တာ ဘယ်လိုခွဲလို့ရပါသလဲ။ ဆီးစပ်က သူနဲ့ ဆက်ဆံပြီး ကတည်းက စပ်နေတယ်။ အဲ့ဒါကကော ဘာ့ကြောင့်များလည်း။ ဆီးသွားတိုင်းစပ်နေတာ။ ခုလာမဲ့ ၁၃ ရက်ရောက်ရင် ၂၈ ရက် ဆေးကကုန်ပြီ။ အဲ့ဒါကို ရပ်လိုက်တော့မယ်။ ရတယ်မဟုတ်လား။



ရပ်လိုက်ပြီးတာနဲ့ သမီး ဆီးစစ်မယ်ဆိုရင် သေချာသိနိုင်ပြီမဟုတ်လား။ အဲ့နောက်ပိုင်း ရာသီပြန်လာအောင် ကေသီပန် သွေးပုပ်ချဆေး သောက်ရင်ကော ရမလား။ ဒါမှမဟုတ် တစ်ခြားဘာဆေးသောက်ရင် ရမလဲ။ သူများတွေပြောတာ ကြားဖူးတာတော့ ဂျင်းထန်းညက်ပြုတ်ရည်က ကိုယ်ဝန်မရဘူးလို့ ဆိုပါတယ်။ အဲ့ဆေးကုန်ပြီးတဲ့ နောက်ပိုင်းကော ဆက်သောက်ရင် ရတယ် မဟုတ်လား။ ရာသီသွေးပြန်လာအောင်ကော ကလေး မရအောင်ပါ ဘာဆေးတွေ ဘယ်လိုသောက်ရင် ရလဲသိချင်ပါတယ်။ ရန်ကုန်မှာ ဘယ်ဆရာဝန်နဲ့ဘယ်လိုပြသင့်တယ်၊ ဘယ်ဆေးခန်းမှာ ပြသင့်တယ် ဆိုတာလေးလည်း အကြံပေးစေချင်ပါတယ်။ အဲ့လို ဆေးအကြောင်း ဗဟုသုတတွေ လိုက်လံ ပြောပြတယ်ဆိုတာလည်း မကြာမိဘူး။ အဲ့လို အကြောင်းတွေ ပြောပြတဲ့နေရာကောရှိလား။ သမီးလိုက်နားထောင်ချင်လို့ပါ။ ဗဟုသုတမရှိတဲ့အတွက် ခုလိုမျိုး ကြုံမိတာဆိုတော့ နောက် အဲ့လိုမဖြစ်တော့အောင် နေထိုင်ချင်လို့ပါ။


ဆီးစစ်ပါ။ Urine pregnancy test kit တခုဝယ်ပြီး ဖါသာစစ်လို့ရတယ်။ စစ်နည်းတွေ ရေးထားပါတယ်။ ကျန်းမာရေး ပညာပေးတွေလုပ်နေကြမယ်ထင်ပါတယ်။ မြန်မာပြည်မှာ အတော်တော့နည်းသေးတယ်။ စာတွေလဲ ဖတ်ပါ။ အများကြီး ရေးထာပါတယ်။ မာတိကာမှာ ကြိုက်တာ ရှာဖတ်ပါ။ တိုင်းရင်းဆေး၊ မြန်မာဆေး၊ တရုပ်-အိန္ဒိယဆေးတွေ ဆရာမသိပါ။


Mon, Aug 6, 2012 at 1:45 PM
ကျွန်မ အသက် (၃၁) နှစ်၊ အမျိုးသားက (၃၅) နှစ်ပါ။ ကျွန်မတို့လင်မယား ကလေးအရမ်း လိုချင်ပါတယ်ရှင်။ ဆရာရေးထားသော စာများကို အမြဲဖတ်ပါတယ်။ ၂ ယောက်စလုံး နိုင်ငံခြားမှာ အလုပ်လုပ်နေသာကြောင့် ဆရာဝန်ပြဖို့ အခက်အခဲ ရှိပါတယ်ရှင်။ ကျွန်မ အရပ်က ၅ပေ ၂လက်မခွဲ၊ အလးချိန်က၅၂ ကီလို ရှိပါတယ်။ ရာသီလဲ လစဉ်မှန်ပါတယ်။ မည်သည့် တားဆေးမှလဲ မစားပါ။ မထိုးပါ။ ၂ နှစ်တိတိရှိပါပြီ။ မျိုးဥထွက် မထွက် သိချင်လို့ ဆရာ့စာများဖတ်ပြီး Ovulation kits ဝယ်သုံးပါတယ်၊ မျဉ်း၂ကြောင်း ပြပါတယ်။ မျိုးဥထွက်တယ်ပေါ့နော်။ ကျွန်မ ရာသီလဲမှန်၊ မျိုးဥလဲကြွေသားနဲ့ ဘာဖြစ်လို့မရနိုင်လဲဆိုတာ အမျိုးမျိုးစဉ်းစားပါတယ်။ ဆရာ့ စာတွေထဲမှာ ရေးထားတဲ့ သားဥပြွန် ကျဉ်းရင်၊ ပိတ်နေရင်လဲ ကလေးမရနိုင်ဘူးဆို၊ မျိုးဥကြွေပြီး သားဥပြွန်ပိတ်နေရင်လဲ မရနိုင်ဘူးလား။ သားဥပြွန် ပိတ်၊ မပိတ် ဘယ်လိုသိနိုင်မလဲ။ အသက်တွေလဲ ကြီးလာပြီ ဆိုတော့ ကလေးအရမ်းလိုချင်နေပါတယ်။ Folic Acid လဲ သောက်ပါတယ်။ တလတလ ကိုယ်ဝန်ရှိလာမလားလို့ မျှော်ရတာလဲအမောပါ။ ရာသီကလဲ အချိန်မှန်ကို လာနေတာပါဘဲ။ ရာသီရက်က ၅ ရက်ပါ။



နှစ်ယောက်စလုံး အသက်မကြီးကြသေးပါ။ သားသမီးတွေထွန်းကားဘို့ အချိန်တွေ အများကြီးရှိပါတယ်။ စာတွေလဲ ဖတ်ထားတယ်ဆိုတော့ အကြောင်းတရားတွေ သိထားမှာပေါ့။ မ-မျိုးဥထွက်တာ စိတ်ချမ်းသာ စရာဖြစ်ပါတယ်။ သားအိမ်ပြွန်ကျဉ်းနေတာက (အာလ်ထွာဆောင်း) နဲ့ စစ်မှသာသိမယ်။ အဖြူခဏခဏဆင်း၊ မွေးလမ်းကြောင်းရောင်တာ ဖြစ်သူမှာသာ ပြွန်ကျဉ်းပါမယ်။ ခင်ပွန်းဖြစ်သူကိုလည်း ဖြစ်နိုင်ရင် သုက်ပိုး စစ်သင့်ပါတယ်။ အတူနေသင့်တဲ့ရက်တွေ၊ စားသင့်တဲ့ အစားအသောက်တွေလဲ ဖတ်ဖြစ်မယ်၊ လိုက်နာဖြစ်မယ် ထင်ပါတယ်။ စိတ်ရှည်ပါ။ စိတ်မှာ ယုံကြည်မှု အပြည့်ထားပါ။ စိတ်ခွန်းအားရော ဘာသာရေးအစွမ်းကိုလဲ အသုံးချပါ။ သားသမီးရတနာတွေ ထွန်းကားကြပါစေ။


Thu, Aug 9, 2012 at 2:11 PM
I am 32 years old female and I am having this problem of white discharge from the vagina and it is quite smelly. I had visited the doctor and run the HSV test and she said it’s a bacterial and gave me “Dazolic” pill to take for a week. After the pills, the discharge has been stopped and there was no more smell and white discharge for a month. Then the discharge comes back again, so I took Dazolic for 5 days and it stops for a month. Then it comes again. It’s going on like this for three months already. My questions are: May I know why this happens and how to eliminate it? Is it OK to take Dazolic five days every month? What kind of side affect could cause from taking Dazolic? Do you have any other solution to prevent this?



Dazolic ဟာ ရောင်းကုန်နာမည်သာဖြစ်တယ်။ တကယ့်ဆေးက Ornidazole ဖြစ်တယ်။ မြန်မာပြည်နဲ့ ရုရှားမှာ Dazolic နာမည်နဲ့ရောင်းတယ်။ (ပရိုတိုဇိုးဝါး) ပိုးကိုနိုင်တယ်။ (အမီးဘား) ပိုးအတွက်ပေးတယ်။ (ထရွိုင်ကိုမိုးနပ်စ်) ပိုးအတွက်လဲပေးတယ်။ ဒီပိုးတွေက အမျိုးသမီးတွေကို ရောဂါခဏခဏဖြစ်စေတယ်။ အဖြူဆင်းစေတဲ့ပိုးက အမျိုးမျိုးရှိတယ်။ တချို့က ပိုးကြောင့် မဟုတ်တာလဲ ရှိတယ်။ စာတွေ မဖတ်ရသေးရင် ဖတ်ပြီး လိုက်နာနိုင်အောင် ပို့လိုက်ပါတယ်။
• Vulvovaginitis အမျိုးသမီးအင်္ဂါ ရောင်ခြင်း
• Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း
• Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း



Fri, Aug 10, 2012 at 2:22 PM
ချစ်သူနဲ့ ကိုယ်ဝန်ရနိုင်တဲ့ရက်တွေမှာ အကာအကွယ်မဲ့ အတူနေခဲ့ပါတယ်။ ခုတော့ ရာသီလာရမယ်ရက်ကျော်နေပါပြီ။ စိုးရိမ်စိတ်နဲ့ ညဖက်အိပ်မပျော်တာ ၂ ပတ်လောက်ရှိပါပြီ။ ညစာလည်းမစားနိုင်ဘူး။ အသက်ကတော့ ၂၄ ပါ။ တခြား ဘာရောပါမှမရှိပါ။ အဲဒါ Misoprostol (Cytotec) ဆေးသုံးမယ်ဆိုရင် ဘယ်လိုသုံးရမလည်း။ အကယ်၍ ကိုယ်ဝန် ရှိနေမယ်ဆိုရင် ၃ ပတ် ဒါမှမဟုတ် ၄ ပတ် ဖြစ်နိုင်ပါတယ်။


• Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/medical-abortion-1.html
• Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/medical-abortion-2.html
• Medical abortion (3) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/03/medical-abortion-3.html


Fri, Aug 10, 2012 at 12:05 PM
ကျွန်တော့် မိန်းမရဲ့ Clitoris မှာ အဖုပေါက်နေတယ်လို့ ပြောပါတယ်။ ဒီနေ့နဲ့ဆို ၃ ရက်ရှိပါပြီ။ ကျွန်တော်နဲ့ အမျိုးသမီးက တစ်နေရာစီမှာပါ။ ကျွန်တော် အလည်ပြန်တုန်းက သူ့ကို တစ်လခံဆေး ထိုးခိုင်းခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့လက ဓမ္မတာ အရက် ၂ဝ လောက်လာလို့ ဆရာဆီကိုတောင် မေးခဲ့ပါသေးတယ်။ အဲတုန်းက အမျိုးသမီး လစဉ်သုံး Pad ကို အချိန်ကြာသုံးခဲ့လို့ အသားလှောင်ပြီး ခုလို ဖြစ်သလားတော့ မသိ  ပါ။ နောက်ပြီး အခုလို အဖုမပေါက်ခင် နှစ်ရက်လောက်က အညော်နံ့တွေတော့ တော်တော်မိတယ် ပြောပါတယ်။ အဖုမထွက်ခင် လေးငါးရက်က အဖြူဆင်းတယ်။ ဓမ္မတာတော့မလာပါ။ မိန်းမကိုယ်ယားတာတော့ ၄ ရက်လောက်ရှိပြီ။ ခဏခဏ ဆပ်ပြာနဲ့ဆေးမိတယ်၊ လက်သည်းနဲ့လဲ ကုတ်ဆေး မိတယ်။ အဖု စထွက်တယ့်နေ့မှာ အနာအရှိန် ကြောင့်လားတော့မသိ ကိုယ်တွေပူပြီးတော့ ဖျားသေးတယ်။ ဆီးနည်းနည်းအောင့်တယ်။ ဆီးသွားရင် စပ်တယ်။ ဆီးခဏခဏသွားတယ်။ ရေသောက်နည်းလို့ ထင်ပြီး ရေများများသောက်တယ်။



Clitoris ထိပ်ပိုင်းက ရဲနေတယ်။ နောက်တစ်နေ့မှာ အဲနေရာက နာနေလို့ ကြည့်တော့ ဘေးဘက်မှာ (မန်းကျည်းစိတစိစာ) မိန်းကလေး လက်သန်းလုံးလောက် ဘုကို တွေ့တယ်။ ဝက်ခြံဖုလိုပဲ နီရဲနေတယ် အဖုကို ထိရင်နာတယ်။ မနေ့က ဆီးသွားပေမယ် မစပ်တော့ပါ။ အဖုက နည်းနည်းတော့ ယားနေပါသေးတယ်။ ပြီးခဲ့တဲ့ညက အရောင်လျှော့ဆေး အနာပျောက်ဆေး နဲ့ ပိုးသတ်ဆေးကို ဆေးဆိုင်ကနေ ဝယ်စားဖြစ်ပါ တယ်။ နောက်ပြီး Bioplacenton လိမ်းဆေးလိမ်းလိုက်တယ်။ ဒီနေ့မှာ အဖုက မနာတော့ပါ။ ဒါပေမယ့် ပျောက်လည်းမသွားသေးပါ။ ဆီးကတော့ ပုံမှန်ပြန်ဖြစ်သွားပါပြီ။ နောက်ပြီး clitoris နဲ့ မ-အပြင်နုတ်ခမ်းသား ကြားမှာ မိတ်ဖုလို ပြည်ရောင်နဲ့  အဖုသေးသေးလေ တစ်ခု ထပ်တွေ့ပါတယ်။ ဘယ်လို ပျောက်ကင်းအောင်ကုသရမလဲ။ လိင်ကတဆင့် ကူးစက်တဲ့ ရောဂါ မျိုးလား။ နှစ်ယောက်လုံးက ပွေပွေရှုပ်ရှုပ်တော့ မနေပါ။ တစ်လင် တစ်မယားစနစ်ပဲ ကျင့်သုံးပါတယ်။ နှစ်ယောက်လုံးလဲ ကျန်းမာသန့်ရှင်းပါတယ်။ ကျွန်တော့် မိန်းမက ဘာဖြစ်မှန်း မသိတော့ ကြောက်နေတယ်။ ဆရာ့ဆီက အဖြေကိုစောင့်ပြီးမှ လိုအပ်ရင် ဆရာဝန်ပြ မယ်လို့ ပြောပါတယ်။ နောက်တစ်ခုက Bioplacenton ဆေးအကြောင်းသိပါရစေဆရာ။


လူ့ကိုယ်နေရာတိုင်းမှာလိုလို ဖြစ်တတ်တဲ့ အနာ ဖြစ်နိုင်ပါတယ်။ သူနဲ့တဆက်တည်း နာတာ၊ ပြည်တည်တာ၊ ကိုယ်နဲနဲ ပူချင်တာတွေ ဆက်ဖြစ်တယ်။ ကျန်တဲ့အချက်တွေက အကြောင်းတိုက်ဆိုင်မှုတွေဖြစ်မယ်။ ဆီးအောင့်တာ၊ ယားယံတာတွေကလဲ တဆက်တည်းရေ အကြောင်းခံပါဖြစ်နိုင်တယ်။


ဘာဘဲဖြစ်ဖြစ် ပိုးသေဆေး နဲ့ အနာ-အရောင်ကျဆေး သောက်ရမယ်။ ပိုးသေဆေး အမျိုးမျိုးထဲက Doxycycline တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၇ ရက်သောက်ပါ။ ဒါမှမဟုတ် Ampicillin 500 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၇ ရက်သောက်ပါ။ အနာသက်သာဆေး Paracetamol တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်သောက်ပါ။
တကယ်လို့ ပိုးကပြင်းတာဖြစ်နေရင် Cloxacillin 500 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅ ရက်ပါ တွဲသောက်ပါ။ သန့်ရှင်းရေးအတွက် ရေသန့်တာနဲ့ ရိုးရိုးဆပ်ပြာသုံးပါ။ ပြည်ရှိရင် မှည့်တဲ့ချိန် ထုတ်ရလိမ့်မယ်။ အနာဝလိုဖြစ်လာရင် ပိုးသေဆေး လိမ်းဆေး တခုခု ဥပမာ Betadine, Clohexadine တခုခု လိမ်းပေးရမယ်။ အဖြူဆင်းတာရှိလို့ အခုဆေးနဲ့ မပျောက်သေးရင် Metronidazole တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅ ရက်သောက်ပါ။ ဆီးအောင့်တာ သက်သက်ဖြစ်ရင် Norfloxacin 400 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက်သောက်ပါ။ စိုထိုင်းချိန်မှာ အတွင်းပိုင်းနေရာတွေ သွေ့ခြောက်နေအောင် ဂရုစိုက်ပါ။
Bioplacenton ဆေးက အင်ဒိုနီးရှားကနေလာပုံရတယ်။ အချင်ကနေထုတ်တာလို့ အတိုချုပ်သိရတယ်။ ဒိထက်ပိုမသိပါ။


Fri, Aug 10, 2012 at 8:24 PM
သမီး အခု ကိုယ်ဝန် ရှိနေပါပြီရှင်။ တစ်လကျော်ပါ (ရာသီနောက်ဆုံးလာရက်က 10-6-2012) ပါ။ ဒါပေမယ့် သမီး အခု ရာသီပေါ်သလိုမျိုး လာပါတယ်။ ဒါပေမယ့် သွေးရောင် အနီတော့ မဟုတ်ဘူး။ ရာသီထိန်ခါ နီးမှာ ဖြစ်တတ်တဲ့ အရောင် အညိုမဲ အနီပုတ်အရောင်ဖြစ်တာပါ။ (၃) ရက်ရှိပါပြီ။ တချို့သော သူငယ်ချင်း (ကလေးရှိဖူးသော) သူတို့ ပြောပုံအရတော့ ကိုယ်ဝန်ရှိနေပေမယ့် ရာသီပေါ်တတ်ကြောင်း တချို့သော မိခင်လောင်းဆို ၃ လ အထိ ပေါ်ကြောင်း ပြောပြပါတယ်။ စိုးရိမ်စရာတော့ မရှိကြောင်း ပြောပြပါတယ်။ ဒါပေမယ့် သမီးစိတ်ထဲမှာ ဆရာ့ကို လှမ်းတိုင်ပင်ပြီး တတ်ကျွမ်းတဲ့ အိုဂျီ ဆရာဝန်ဆီ သွားမှာ ဖြစ်ပါတယ်။



သမီးက အခုထိ ရန်ဖန်ရန်ခါ ကားမောင်းပါတယ်။ ဆိုင်ကယ်လဲ စီးပါတယ်။ မနက်ထရင် မူးဝေ အော့အန်တဲ့ ပုံစံလဲ မဖြစ်ပါဘူး။ (အဲ့လိုမဖြစ်လို့ သေချာအောင် ဆီးကို ၂ ခေါက်တောင်စမ်းဖူးပါတယ်။ အနီရောင် ၂ လိုင်းပေါ်ပါတယ်။ ဒါပေမယ့် ရာသီပေါ်သလိုမျိုးဖြစ်တဲ့ ၃ ရက်အတွင်းမှာတော့ ထပ်မစမ်းဖြစ်သေးပါဘူး။ ကိုယ်ဝန်ပျက်ကျသော လက္ခဏာများဖြစ်နေသလားဆိုတာ သိချင်ပါတယ်။ နောက်ပြီးတော့ အဲ့လိုအခြေအနေ မျိုးမှာ ရှိနေတဲ့ ကိုယ်ဝန်ဟာ မွေးလာရင် အင်္ဂါတွေ အပြည့်အစုံ ပါတတ်သလား။ ပိုက်လဲ မနာပါဘူး။ အကယ်လို့ မကောင်းဘူး ဆိုရင် ဒီကိုယ်ဝန်ကို မယူတော့ပါဘူး။ အဲ့လို မယူပဲ ကလေးပျက်ကျအောင် လုပ်လိုက် တယ် ဆိုပါစို့ နောက်ကိုယ်ဝန် ထပ်ယူဖို့ ဘယ်လောက် စောင့်ရပါသလဲ။
ကိုယ်ဝန်ရှိကာစ သွေးနဲနဲဆင်းတတ်သူတွေရှိပါတယ်။ OG နဲ့ပြမှာဆိုတော့ သိပ်မရေးတော့ပါ။ ပျက်တဲ့ကိုယ်ဝန် အနု-အရင့်အပေါ်မူတည်ပြီး ဆင်းတာ မတူဘူး။ သွေးဆင်းပေမဲ့ ကိုယ်ဝန်ဆက်တည်ရင် ကလေးက ဘာမှ ချို့ယွင်းချက်မပါဘူး။ ပျက်ရင် သွေးဆင်းတာအပြင် ဆီးစပ်ကလဲ နာမယ်။ နာတာနဲ့ သွေးဆင်းလာမယ်။ မကုန်မချင်းဆင်းတယ်။ ကိုယ်ဝန်ပျက်သူ၊ ဖျက်သူတွေ ဆက်ယူလို့တော့ရပါတယ်။ ကောင်းတာက ၁-၂ လ ရာသီရက်မှန်ပြီးမှ ယူသင့်ပါတယ်။


ယမုန်နာဆေးခန်းအမေးအဖြေ (၆၁) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

No comments: