Thursday, September 13, 2012

ပညာရေးသတင်းလေးများ


(1) Education UK Guides နှင့် Club UK မဂ္ဂဇင်းအခမဲ့ download ရယူနိုင်

၂၀၁၃ ခုနှစ်အတွက် ထုတ်ဝေသည့် Education UK Guides စာအုပ်များကို ဤနေရာတွင် download ရယူနိုင်ပါသည်။ School, College and Undergraduate Guide 2013  နှင့် Postgraduate & MBA Guide 2013 စာအုပ်များတွင် UK သို့ ပညာသွားရောက်သင်ယူချင်သော ကျောင်းသားများအတွက် ကျောင်းလျှောက်ခြင်း၊ ကျောင်းရွေးခြင်း၊ ဗီဇာ၊ ပညာတော်သင်ဆု အစရှိသည်တို့နှင့် သက်ဆိုင်သောအကြောင်းများ စုံစုံလင်လင်ဖော်ပြထားပါသည်။

၎င်းအပြင် UK နိုင်ငံအတွင်းနေထိုင်ရာတွင် အရေးပါသည့် ကိစ္စရပ်များဖြစ်သည့် ဘဏ်စာရင်းဖွင့်ခြင်း၊ နေထိုင်ရန်အိမ်ရှာဖွေခြင်း၊ အလုပ်အကိုင်ရှာဖွေခြင်း စသည်တို့နှင့် ပတ်သက်သည့် အကြောင်းအရာများ ကိုလည်း ယင်းစာအုပ်များတွင် ဖော်ပြထားပါသည်။

၎င်း Education UK Guides များကို ယခုနှစ်မှစတင်၍ ပထမဆုံး E-book အဖြစ် online မှတစ်ဆင့် ကျောင်းသားများကြည့်ရှုနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ကျောင်းသားများနှင့် ပညာရေးဝန်ဆောင်မှုကို လုပ်ကိုင်နေကြသော Agent များအတွက် ရည်ရွယ်ထုတ်ဝေသည့်  Club UK 2013  နှင့် Postgraduate UK 2013 မဂ္ဂဇင်းများကိုလည်း ဤနေရာတွင် Download လုပ်နိုင်ပါပြီ။ ၎င်းမဂ္ဂဇင်းတွင် UK ရှိ အဆင့်မြင့်ပညာရေးတက္ကသိုလ်နှင့် အဖွဲ့အစည်းများမှလုပ်ဆောင်နေကြသော သုတေသနနှင့် သိပ္ပံပညာအကြောင်း ပါဝင်သည့် ဆောင်းပါးများ၊ ယခုအောင်မြင်ကျော်ကြားနေသော UK ကျောင်းသားဟောင်းများနှင့် ဆွေးနွေးပွဲများ၊ UK မြို့တော်များအကြောင်း စသည့် UK ပညာရေးနှင့် ကျောင်းသားတို့နှင့် သက်ဆိုင်မည့်ဆောင်းပါးများကို ဝေဝေဆာဆာ ဖော်ပြထားပါသည်။
(2)စက်တင်ဘာလတွင်ပြုလုပ်မည့် ELTeCS Workshop 

နှစ်လတစ်ကြိမ်ပြုလုပ်နေကြ ELTECS workshop များကို ၂၀၁၂ စက်တင်ဘာလ ၃၀ရက် (တနင်္ဂနွေနေ့)၊ နေ့လည် ၁၂း၀၀ မှ ၄း၄၀ အထိ ဗြိတိသျှကောင်စီတွင် ကျင်းပပြုလုပ်မှာဖြစ်ပါသည်။ တက်ရောက်လိုသူ စိတ်ပါဝင်စားသူများအားလုံး မှတ်ပုံတင်ကဒ်ပြား ယူဆောင်၍ လာရောက်နိုင်ပါသည်။

အစီအစဉ်အသေးစိတ်ကို Myanmar Network - http://www.myanmar-network.net/ တွင် download ရယူနိုင်ပါသည်။ ဤအစီအစဉ်နှင့် ပါတ်သက်၍ သိလိုသည်များကို ဗြိတိသျှကောင်စီ၊ ဖုံး - ၂၅၆၂၉၀၊ ၂၅၆၂၉၁၊ ၂၅၄၆၅၈ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

(3) တက္ကသိုလ်ကျောင်းသူကျောင်းသားများအတွက် အလုပ်သင်အခွင့်အရေး မြန်မာပြည်အရပ်ရပ်မှ တက္ကသိုလ်နောက်ဆုံးနှစ် သို့မဟုတ် ဘွဲ့ရပြီးကာစကျောင်းသူ၊ကျောင်းသားများ အတွက် အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် အလုပ်သင်အဖြစ်ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခမဲ့ပညာသင်ဆု အခွင့်အရေးဖြစ်ပါသည်။ ပညာရေးမှ အလုပ်ခွင်သို့အ၀င် မဖြစ်မနေသိရှိထားသင့်သော သင်ခန်းစာများကိုလည်းတစ်ပြိုင်နက် လေ့လာခွင့်ရမည်ဖြစ်ပါသည်။ အလုပ်သင်ကာလအတွင်းကုန်ကျစရိတ် (အခြေခံလစာ+ခရီးစရိတ်+နေထိုင်စရိတ်) ကိုပါထောက်ပံပေးမည်ဖြစ်ပြီးအသေးစိတ်အချက်အလက်များနှင့် လျှောက်လွှာများကို www.interntolearn.org , တွင်ဝင်ရောက်လေ့လာ၊ ရယူနိုင်ပါသည်။ 09 4500 22457, 095372322, 0954 07036 သို့မဟုတ် info@interntolearn.org သို့လည်းဆက်သွယ်စုံစမ်းနိုင်ပါသည်။ လျှောက်လွှာပိတ်ရက် ။ ၂၂ စက်တင်ဘာ ၂၀၁၂ မတိုင်မှီ အမြန်ဆုံးလျှောက်ထားကြပါရန်လည်းတိုက်တွန်းအပ်ပါသည်။

No comments: