Tuesday, September 25, 2012

ကြက်မွှေးကြော် နဲ့ ပုစွန်ပင်စိမ်းကြော်


ထမင်းဖြူပူပူလေးနဲ့ အသားကြော်တစ်ခုခုကိုတွဲဖက်စားရတာ တစ်ခါတလေတော့ ထမင်းအတော်မြိန်ပါတယ်။ ကျွန်တော်က အသားတွေကို ချက်ပြုတ်စားတာထက် ကြွပ်ကြွပ်ကလေးကြော်စားတာကိုပိုမိုနှစ်သက်ပါတယ်။ ဖော်ပြမယ့်ဟင်းလျာလေးတွေက ကျွန်တော်ချက်တာတော့ မဟုတ်ပါဘူး ဖတ်ဖြစ်တဲ့ အွန်လိုင်းအချက်အပြုတ်ဆောင်းပါးတစ်ခုကဖြစ်ပါတယ်။ ကျွန်တော်က ကိုယ့်ပတ်ဝန်းကျင်ကအလွယ်တကူရတာ တွေကို အပန်းမကြီးတဲ့ဟင်းလျာတွေကိုသာ သဘောကျချက်ပြုတ်ဖြစ်ကြောင်းပါ။ ကဲ ကြော်စားကြည့်ကြပါဦးဗျို့။

ကြက်မွှေးကြော် (Chicken Stir-fry)
ပါဝင်သည့်ပစ္စည်းများ
- ဆီ စားပွဲတင်ဇွန်း ၂ဇွန်း
- ချင်း(ဂျင်း) - ၄မြွှာ (အခွံချွတ်၍ ထောင်းထားပါ)
- ငရုတ်သီးတောင့် - ၄တောင့် (ထောင်းထားပါ)
- နံနံမြစ်  ၃၀ ဂရမ် (၁အောင်စ) (ထောင်းထားပါ)
- ငရုတ်ကောင်းအမဲ လက်ဖက်ရည်ဇွန်း ဇွန်းဝက် (ထောင်းထားပါ)
- ကြက်သား ၅၀၀ ဂရမ် (အရိုးထုတ်ပြီး အတုံးတုံးထားပါ)
- ထန်းလျက် စားပွဲတင်ဇွန်း ၂ဇွန်း (မွနေအောင် ခြစ်ထားပါ)
- ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ပင်စိမ်းရွက် ၈၀ ဂရမ်

ချက်ပြုတ်နည်းအဆင့်ဆင့်

- အိုးထဲသို့ ဆီထည့်ကာ တည်ထားပြီး ထောင်းထားသည့် ချင်း(ဂျင်း)၊ ငရုတ်သီးတောင့်၊ နံနံမြစ်နှင့် ငရုတ်ကောင်းတို့ကို ထည့်ပြီး အနံ့သင်းလာသည်အထိ မွှေကြော်ပါ။
- ထို့နောက် ကြက်သားတုံးများနှင့် ကျန်ရှိသော အစာပလာများကို ထည့်ပြီး ၁၀မိနစ်ခန့် ကြက်သားကျက်လာသည်အထိ ကြော်ပေးပါ။
- ပြီးလျှင် ဆယ်ယူကာ ပန်းကန်ထဲပြောင်းထည့်ပြီး ပူပူနွေးနွေး အရသာရှိရှိ သုံးဆောင်ပါ။

ပုစွန်ပင်စိမ်းကြော် (Prawn stir-fry with basil leaves)

ပါဝင်သည့်ပစ္စည်းများ
ဆီ - စားပွဲတင်ဇွန်း ၂ဇွန်း
ပင်စိမ်းရွက် - ၈၀ ဂရမ် (ခပ်ကြမ်းကြမ်း ထောင်းထားပါ)
ချင်း(ဂျင်း) - ၃ မြွှာ (အခွံချွတ်၍ ထောင်းထားပါ)
ငရုတ်သီးတောင့် - ၅တောင့် (ထောင်းထားပါ)
နံနံမြစ် - ၄၀ ဂရမ် (၁အောင်စခွဲ) (ထောင်းထားပါ)
ကြက်သွန်မြိတ် အောက်ဘက်ခြမ်းအဖြူပိုင်း - ၄၀ဂရမ် (၁အောင်စခွဲ) (ထောင်းထားပါ)
ပုစွန် - ၅၀၀ ဂရမ် (အနေတော်အကောင်များ) ဆေးကြော်ပြီး အခွံချွတ်ထားပါ။ အမြီးပိုင်းတော့ချန်ထားပါ။
သကြား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငါးငံပြာရည် - စားပွဲတင်ဇွန်း ၂ဇွန်း
ခရုဆီ - စားပွဲတင်ဇွန်း ၁ဇွန်း
ကြက်ပြုတ်ရည် - ၁၂၅ ml
ပင်စိမ်းရွက် - ၄၀ဂရမ်
ကြက်သွန်မြိတ် အပေါ်ခြမ်းအစိမ်းပိုင်း - စားပွဲတင်ဇွန်း ၃ဇွန်း (အပိုင်းငယ်လေးများ ဖြတ်ထားပါ)

ချက်ပြုတ်နည်းအဆင့်ဆင့်
- အိုးထဲသို့ ဆီထည့်ကာ တည်ထားပြီး ထောင်းထားသည့် အစာပလာတို့ကိုထည့်ပြီး အနံ့သင်းလာသည်အထိ မွှေကြော်ပါ။
- ထို့နောက် ပုစွန်များနှင့် ကျန်ရှိသော အစာပလာများကို ထည့်ပြီး ၁၀မိနစ်ခန့် ပုစွန်ကျက်လာသည်အထိ ကြော်ပေးပါ။
- ပြီးလျှင် ဆယ်ယူကာ ပန်းကန်ထဲပြောင်းထည့်ပြီး ပူပူနွေးနွေး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

No comments: