Sunday, September 30, 2012

လိင်မှတဆင့် ကူးစက်သော ရောဂါများ (၂)


လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကို STD Sexually Transmitted Diseases (STDs) လို့ ခေါ်နေခဲ့ကြတယ်။ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက Sexually Transmitted Infection (STI) လို့ သုံးတယ်။

Case Definitions for STIs လိင်ကတဆင့် ကူးစက်ရောဂါတခုချင်း အဓိပ္ပါယ်ရှင်းလင်းချက် -
1. Genital ulcer disease လိင်လမ်းအနာ
ယောက်ျားတွေမှာ လိင်တံ၊ ကပ်ပယ်အိတ်၊ စအို-အစာဟောင်းအိမ်၊ မိန်းမတွေမှာ မိန်းမကိုယ်၊ ဗဂျိုင်းနား၊ သားအိမ်ဝ၊ စအို-အစာဟောင်းအိမ်တွေမှာဖြစ်တယ်။ Syphilis (ဆစ်ဖလစ်)၊ Chancroid (ရှန်ကာရွိုက်)၊ Lymphogranuloma venereum (လင်ဖိုဂရင်နူလိုမား-ဗနီးရီးယမ်း)၊ Granuloma inguinale (ဂရင်နူလိုမား-အင်ဂွိုင်နယ်လေး) နဲ့ Genital herpes လိင်လမ်း ရေယုံ ပိုးတွေကနေဖြစ်စေတယ်။

2. Urethral discharge ဆီးလမ်းက အရည်ဆင်းခြင်း
ယောက်ျားတွေမှာ ဆီးသွားလမ်းက တခုခုဆင်းမယ်။ ဆီးသွားရင်နာတာနဲ့ တွဲဖြစ်တာရော မတွဲတာရောရှိတယ်။ Neisseria gonorrhoeae (နိုက်ဆီးရီးယား-ဂနိုးရီးယေး)၊ Chlamydia trachomatis (ကလာမိုင်ဒီဒယား-ထွိုင်ကိုမက်တစ်)၊ Mycoplasma genitalium (မိုင်ကိုပလပ်စမာ-ဂျနီတေးလီယမ်)၊ Ureaplasma urealyticum (ယူရီယာပလာစမာ-ယူရီရယ်လစ်တီကမ်) နဲ့ Trichomonas vaginalis (ထွိုင်ကိုမိုးနပ်စ်-ဗဂျိုင်နယ်လစ်) ပိုးတွေကနေဖြစ်စေတယ်။

3. Vaginal discharge ဗဂျိုင်းနားက အရည်ဆင်းခြင်း
ဗဂျိုင်းနားက အနည်း-အများ၊ အရောင်မတူတာ၊ အစေးအပျစ်မတူတာ၊ ယားတာနဲ့တွဲတာ-မတွဲတာ အမျိုးမျိုးဖြစ်နိုင်တယ်။ Trichomoniasis (ထွိုင်ကိုမိုနီယေးဆစ်)၊ Bacterial vaginosis (ဗက်တီရီရယ်-ဗဂျိုင်နိုးဆစ်) နဲ့ Vulvovaginal candidiasis (ဗာလ်ဗို-ဗဂျိုင်နယ်-ကင်ဒီဒိုင်ယေးဆစ်) တွေကနေ အများဆုံးဖြစ်တယ်။ Gonococcal (ဂိုနိုကောကယ်လ်) နဲ့ Chlamydial cervical infection (ကလာမိုင်ဒီရယ်-ဆာဗိုက်ကယ်လ်-အင်ဖက်ရှင်) တွေလဲ နည်းနည်းဖြစ်နိုင်တယ်။

4. Lower abdominal pain in women အမျိုးသမီဗိုက်အောက်ပိုင်းနေနေခြင်း
အမျိုးသမီး ဗိုက်အောက်ပိုင်းနေတာနဲ့ မွေးလမ်းကနေ ပုံမှန်မဟုတ်ဘဲ တခုခုဆင်းတာ + တင်ပါးဆုံနေရာနာတာ + သားအိမ်အဝကို ထိကြည့်ရင် နာတာတွေ ရှိရင် Pelvic inflammatory disease (PID) တင်ပါးဆုံတွင်းအင်္ဂါများရောင်ခြင်း ဖြစ်မယ်။ ဖျားချင်လဲ ဖျားမယ်။

5. Anorectal infections စအိုလမ်းပိုးဝင်ခြင်း
Human papillomavirus (ဟူမင်း-ပက်ပလို-ဗိုင်းရပ်စ်)၊ Herpes simplex virus (ဟားပိစ်-ဆင်းပလက်စ်-ဗိုင်းရပ်စ်) Syphilis (ဆစ်ဖလစ်) တွေကနေ ဖြစ်စေတယ်။

6. Urethritis ဆီးသွားလမ်းပိုးဝင်ခြင်း
ဆီးသွားရင်နာမယ်။ မှန်ဘီလူးနဲ့စစ်ရင် High power field အကွက်တခုမှာ သွေးဖြူဥ ၅ ခုမက ရှိနေမယ်။

7. Proctitis အစာဟောင်းအိမ်ရောင်ခြင်း
Gonorrhoea (ဂနိုးရီးယား)၊ Chlamydial infection (ကလာမိုင်ဒီးယား)၊ Herpes simplex virus ရေယုံ ဗိုင်းရပ်စ် ပိုးတွေကနေ ဖြစ်စေတယ်။

8. Gonorrhoea ဂနိုးရီးယား
Endocervix သားအိမ်ဝ၊ Urethra ဆီးထွက်ပြွန် နဲ့ Rectum အစာဟောင်းအိမ်ကို မှန်ဘီလူးနဲ့စစ်ရင် Gram-negative intracellular diplococcic တွေ့ရင် ဖြစ်နိုင်စရာရှိတယ်။ Endocervix သားအိမ်ဝ၊ Urethra ဆီးထွက်ပြွန်၊ Rectum အစာဟောင်းအိမ် နဲ့ Pharynx အာခေါင်းက တစ်ရှူးကို Isolation by culture ပိုးမွေးစစ်ရင် Oxidase-positive, Gram negative intracellular diplococcic တွေ့မယ်။ နောက်ပြီး Sugar utilization ဆက်စစ်တဲ့အခါ Neisseria gonorrhoeae-specific DNA တွေ့ရင် သေခြာတယ်။

9. Infection due to Chlamydia trachomatis (Genital) လိင်လမ်းမှာ (ကလာမိုင်ဒီးယား) ပိုးဝင်ခြင်း
Urethral ဆီးသွားလမ်း၊ Cervical သားအိမ်ဝ၊ Vaginal ဗဂျိုင်းနား နဲ့ Urine ဆီးတွေကို Direct fluorescent antibody test နည်း ဒါမှမဟုတ် Antigen detection test နည်းလုပ်တဲ့အခါ Chlamydia trachomatis (CT) အပေါင်းပြရင်၊ ဒါမှမဟုတ် Chlamydia trachomatis-specific DNA အပေါင်းပြရင် သေခြာတယ်။

10. Chancroid (ရှန်ကာရွိုက်)
Genital ulceration လိင်အင်္ဂါတဝှိုက်မှာ အနာတွေ၊ Inguinal adenopathy ပေါင်ခြံတက်စေ့တွေရှိသူရဲ့ အနာက ထွက်တဲ့ အရည်ကို စစ်ဆေးရင် Haemophilus ducreyi တွေ့မယ်။ Culture ပိုးမွေးနည်းနဲ့ Nucleic acid test တွေနဲ့လုပ်တယ်။

11. Genital herpes လိင်လမ်းရေယုံ
အရင်လဲဖြစ်ဘူးတဲ့ ရာဇဝင်ရှိမယ်၊ အနာပုံစံကလဲ နာတဲ့ အရည်ကြည်ဖုလေးတွေ ဖြစ်မယ်ဆိုရင် ဒီရောဂါလို့ ယူဆနိုင်တယ်။ အနာကထွက်တဲ့အရည်ကို Nucleic acid tests စစ်တော့ HSVspecific DNA အပေါင်းပြရင် သေခြာတယ်။

12. Syphilis (ဆစ်ဖလစ်)
Primary and Secondary ပဌမဆင့်၊ ဒုတိယဆင့် – Ulcers အနာ (ပဌမဆင့်)၊ Mucocutaneous lesions အဖုံးပါးလွှာ အနာ (ဒုတိယဆင့်) နဲ့ Serological test (Non-Treponemal or Treponemal) အပေါင်းပြရင် Probable ဖြစ်နိုင်စရာလို့ သတ်မှတ်တယ်။ အနာက လိင်လမ်းမှာ မဟုတ်လဲ ဖြစ်နိုင်တယ်။ Dark-field microscopy နည်းနဲ့ Direct fluorescent antibody staining နည်းမှာ Treponema pallidum တွေ့ရင်၊ Confirmed သေခြာတယ်။ Nucleic acid test ဒါမှမဟုတ် အလားတူနည်းလဲ စမ်းနိုင်တယ်။

13. Lymphogranuloma venereum (လင်ဖိုဂရင်နူလိုးမား-ဗနီရီယမ်)
လိင်လမ်းမှာ အနာ နဲ့ ပေါင်ခြံမှာ ပြည်ထွက် တက်စေ့နဲ့အနာတွေက L1, L2 or L3 serovars of Chlamydia trachomatis တွေကနေဖြစ်စေတယ်။ စအိုနာကနေ သွေးထွက်တာလဲ ရှိနိုင်တယ်။

14. Granuloma inguinale (ဂရင်နူလိုးမား-အင်ဂွိုင်နယ်လေ)
လိင်လမ်း-ဝမ်းသွားလမ်းမှာ တဖြေးဖြေးချင်း တိုးတိုးလာတဲ့ အရေပြားနဲ့ တက်စေ့ အနာတွေကို Klebsiella granulomatis ပိုးကနေဖြစ်တယ်။

15. Trichomonas vaginalis (ထွိုင်ကိုမိုးနပ်စ်-ဗဂျိုင်နယ်လစ်)
အမျိုးသမီးရဲ့ Mount of a genital swab မွေးလမ်းကယူတာ နဲ့ Urine ဆီးကို မှန်ဘီလူးနဲ့ စစ်တဲ့အခါ Trichomonads တွေ့မယ်။ Cervical smear သားအိမ်ဝကယူတာ စစ်ရင်လဲ Trichomonads တွေ့မယ်။ Culture ပိုးမွေးပြီးစစ်ရင် Trichomonas vaginalis (ထွိုင်ကိုမိုးနပ်စ်-ဗဂျိုင်နယ်လစ်) တွေ့မယ်။ DNA နည်းမှာလဲ Trichomonas vaginalis (ထွိုင်ကိုမိုးနပ်စ်-ဗဂျိုင်နယ်လစ်) တွေ့မယ်။

16. Bacterial vaginosis ဗက်တီးရီးယားကြောင့် ဗဂျိုင်းနားရောင်ခြင်း
ဗဂျိုင်းနားမှာ ပုံမှန်ရှိနေကြတဲ့ ဗက်တီးရီးယားတွေက တမျိုးတမည် ပြောင်းသွားတဲ့အခါ Gardnerella vaginalis, Bacteroides, Mobiluncus နဲ့ Mycoplasma hominis ပိုးတွေ များလာစေတယ်။ ဗဂျိုင်းနားက ပုံမှန်မဟုတ်တာ ဆင်းမယ်၊ အနံ့ဆိုးတယ်၊ နာမယ်၊ ယားမယ်၊ ပူလောင်မယ်။

17. Candidiasis (ကင်ဒီဒိုင်ယေးဆစ်)
ဗဂျိုင်းနားမှာ Candida spp. အုပ်စုဝင် (Candida albicans, Candida glabrata) ပိုးတွေ အဆမတန် များလာတယ်။ ယားမယ်၊ ပုံမှန်မဟုတ်တာ ဆင်းမယ်၊ နီရဲနေမယ်၊ Wet mount နဲ့ Gram-stained smear နည်းတွေနဲ့ စစ်ရင် Pseudohyphae တွေ့မယ်။ ပိုးမွေးရင် Candida တွေ့မယ်။ (မှတ်ချက်။ Candidiasis ကို Thrush လို့လဲခေါ်တယ်။ Fungal infection (Mycosis) မှိုပိုးတမျိုး ဖြစ်တယ်။ Yeasts species မျိုးစုထဲက တခုခုဖြစ်မယ်။ Candida albicans အမျိုးက အများဆုံး ဖြစ်စေတယ်။)

18. Scrotal swelling ယောက်ျား ကပ်ပယ်အိတ်ရောင်ခြင်း
တဖက်သပ်သပ်ဖြစ်တာများတယ်။ နာမယ်၊ ရောင်မယ်၊ ရုတ်တရက်ဖြစ်တယ်။

19. Cervicitis သားအိမ်ဝရောင်ခြင်း
Neisseria gonorrhoeae (နိုက်ဆီးရီးယား-ဂနိုးရီးယား) ဒါမှမဟုတ် Trichomonas vaginalis (ထွိုင်ကိုမိုးနပ်စ်-ဗဂျိုင်နယ်လစ်) ပိုးတွေကြောင့် မဟုတ်တာကို ခေါ်တယ်။ ရောဂါလက္ခဏာတွေ ကတော့ Mucopurulent secretion အကျိအချွဲ-ပြည် ဆင်းမယ်။ သားအိမ်ဝ Endocervix နေရာက လာတာဖြစ်တယ်။ အဖြူခံပေါ်တင်ကြည့်ရင် ဝါမယ်၊ စိမ်းမယ်။ Induced endocervical bleeding စမ်းသပ်ဘို့ Endocervix မှာ ဂွမ်းစ တင်တာနဲ့ သွေးထွက်မယ်။

20. Anogenital warts လိင်လမ်း-စအိုလမ်း ကြွက်နို့
မျက်စိနဲ့မြင်သာတံ့ ကြွက်နို့ အရေပြား-အောက်ခံမျက်နှာပြင်ပေါ်မှာ မြင့်တက်နေမယ်၊ Internal အတွင်း လိင်လမ်း External genitalia အပြင် လိင်လမ်း Perineum လိင်အင်္ဂါအနီးအနား နဲ့ Perianal region စအိုဘေးနာတွေမှာဖြစ်မယ်။

21. Ophthalmia neonatorum မွေးစကလေး မျက်စိနာခြင်း
ကလေးက ၄ ပါတ်အတွင်းမှာသာ ရှိသေးမယ်ဆိုရင် Probable ဖြစ်နိုင်တယ်။ တဖက်ထဲရော နှစ်ဖက်လုံးရော ဖြစ်နိုင်တယ်။ နောက်ပြီး မျက်စိက ထွက်တာကို စစ်ဆေးရင် Neisseria gonorrhoeae (နိုက်ဆီးရီးယား-ဂနိုးရီးယား) ဒါမှမဟုတ် Chlamydia trachomatis (ကလာမိုင်ဒီးယား-ထွိုက်ကိုမားတစ်) ပိုး တမျိုးမျိုး တွေ့ရင် သေခြာတယ်။

အမျိုးသမီးများတွင် ခံစားရမည့် လိင်ကတဆင့် ကူးစက်ရောဂါ လက္စဏာများ
• Dysuria, frequency ဆီးအောင့် (ဆီးသွားရင်နာ)၊ ဆီးခဏခဏသွား၊
• Vaginal discharge ဗဂျိုင်းနာက တခုခုဆင်း၊
• Genital ulceration လိင်လမ်းအနာ၊
• Abnormal growth or mass in genital area လိမ်လမ်း အပိုတခုခုဖြစ်၊
• Lower abdominal pain ဗိုက်အောက်ပိုင်းနာ၊
• Inguinal lymphadenopathy ပေါင်ခြံအကျိတ်၊
• Vulval itching မိန်းမကိုယ်ယား၊
• Dyspareunia လိင်ဆက်ဆံရင် မနာသင့်ဘဲနာ၊
• Perianal pain လိင်အင်္ဂါနေရာတဝှိုက်နာ၊
• Anal discharge စအိုကတခုခုဆင်း၊

အမျိုးသားများတွင် ခံစားရမည့် လိင်ကတဆင့် ကူးစက်ရောဂါ လက္စဏာများ
• Dysuria, frequency ဆီးအောင့် (ဆီးသွားရင်နာ)၊ ဆီးခဏခဏသွား၊
• Urethral discharge ဆီးထွက်ပေါက်က တခုခုဆင်း၊
• Genital ulceration လိင်လမ်းအနာ၊
• Abnormal growth or mass in genital area လိင်လမ်းအပိုတခုခုဖြစ်၊
• Acute scrotal swelling, pain ကပ်ပယ်အိတ်နာ-ရောင်၊
• Inguinal lymphadenopathy ပေါင်ခြံအကျိတ်၊
• Perianal pain လိင်အင်္ဂါနေရာတဝှိုက်နာ၊
• Anal discharge စအိုကတခုခုဆင်း၊
Laboratory diagnosis ဓါတ်ခွဲစစ်နည်းများ
• Venereal Disease Research Laboratory (VDRL) (ဆစ်ဖလစ်) အတွက်၊
• Rapid plasma reagin (RPR) (ဆစ်ဖလစ်) အတွက်၊
• Rapid treponemal test (ဆစ်ဖလစ်) အတွက်၊
• Gram stain and vaginal wet mount မွေးလမ်းကြောင်းပိုးဝင်ခြင်းအတွက်၊
• HIV testing (အိတ်ခ်ျအိုင်ဗွီ) အတွက်၊

ကိုးကားချက်။ Management of Sexually Transmitted Infections Regional Guidelines (WHO) 2011

ဒေါက်တာတင့်ဆွေ (၁ဝ-၆-၂ဝ၁၂ )
ဒေါက်တာတင့်ဆွေလိင်မှတဆင့် ကူးစက်သော ရောဂါများ (၂)

No comments: