Thursday, September 20, 2012

သင့်ကလေးများကို ဖိုမပညာပေးအကြောင်းဘယ်လိုပြောမလဲ (အခန်း - ၂ )


အခန်း (၂) မိမိကိုယ်ကို မိမိ စစ်တန်းထုတ်ပါ။
ကျွန်တော်တို့ ကိုယ်တိုင်ကမှ အကူအညီလိုအပ်နေသောနေရာမျိုးတွင်၊ ကျွန်တော်တို့ကလေးကို အကူအညီပေးဖို့ဆိုသည်မှာ အလွန် ခက်ခဲပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်စိတ်သဘောထားများကို ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ အလွန်အရေးကြီးလာပါတယ်။ ကျွန်တော်တို့ရဲ့ လိင်ကိစ္စအပေါ် ခံစားချက်သည် ကျွန်တော်တို့၏ကလေးများကိုပညာပေးရာတွင် သိမ်သိမ်မွေ့မွေ့ရှိသည့်အပြင်၊ သေသေချာချာကို အကျိုးသက်ရောက်မှု ရှိနေပါတယ်။ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို သေသေချာချာ ပြန်ကြည့်ဖို့ အလွန်လိုအပ်နေခြင်း ဖြစ်ပါတယ်။
ရေးပြမယ့် အချက်များသည် ကျွန်တော်တို့ရဲ့သဘောထားကို ထင်ရှားစေရန် ပုံစံထုတ်ထားဖြင်းဖြစ်သဖြင့် ဖြေကြည့်ဖို့ လိုပါတယ်။

(၁) သင်၏ ကလေးများက လိင်ကိစ္စနှင့် ပတ်သက်၍ မေးလာလျှင်၊ သင်ရှက်နေပါသလား။ (ဟုတ်ကဲ့) (မဟုတ်ပါ)

(၂) သားယောက်ျားလေးများ၏ မေးခွန်းကို ဖခင်သာဖြေသင့်ပြီး၊ သမီး၏မေးခွန်းကို မိခင်ကသာ ဖြေသင့်သည်ဟု သင်ယူဆပါသလား။ (ဟုတ်ကဲ့) (မဟုတ်ပါ)

(၃) ကလေးငယ်များအတွက် သေးနှီးခံအ၀တ်ကို လဲလှယ်ပေးခြင်းမျိုး၊ အိမ်သာသုံးစွဲပုံ သုံးစွဲနည်း သင်ပေးခြင်းမျိုးတို့သည် သင့်အတွက် ရွံ့စရာမျိုးဖြစ်သလား။ (ဟုတ်ကဲ့) (မဟုတ်ပါ)

(၄) သင့်ကလေးကို လိင်မှုကိစ္စများ ပြောပြခြင်းအားဖြင့်၊ သင့်ကလေးသည် အလွန်စိတ်အားထက်သန်လာပြီး၊ လက်တွေ့စမ်းသပ်ကြည့် လိမ့်မည်ဟု သင်ယူဆပါသလား။ (ဟုတ်ကဲ့) (မဟုတ်ပါ)

(၅) လိင်မှုကိစ္စများကို ပြောပြရာတွင် သင်သည် နှိုင်းနှိုန်းချိန်ချိန် ပြောလေ့ပြောထရှိသလား။ (ဟုတ်ကဲ့) (မဟုတ်ပါ)

(၆) ချစ်ခင်နှစ်သက်ခြင်းကိုပြသော အမူအယာများအပေါ်သင် စိတ်အနှောင့်အယှက် ဖြစ်တတ်သလား။ (ဟုတ်ကဲ့) (မဟုတ်ပါ)

(၇) ဆန့်ကျင်ဘက်လိင်အပေါ်တွင် မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်ဘူးသလား။ (ဟုတ်ကဲ့) (မဟုတ်ပါ)

(၈) လိင်မှုကိစ္စအပေါ် မိမိက စိတ်ပါနေမှုအပေါ်တွင် ရှက်စရာဟု မြင်သလား။ (ဟုတ်ကဲ့) (မဟုတ်ပါ)

(၉) မိမိကလေးဘ၀က လိင်မှုကိစ္စအပေါ် သဘောထားတချို့ကို ယခုအခါ ပြန်စဉ်းစား၍ နားလည်ရန်ခက်ခဲနေပါသလား။ (ဟုတ်ကဲ့) (မဟုတ်ပါ)

(၁၀) လိင်ပညာပေးနှင့်ပတ်သက်၍  ပြောဆိုရာတွင် သင်သည် ချောချောမွေ့မွေ့ လွယ်လွယ်ကူကူ ပြောနိုင်သလား။ (ဟုတ်ကဲ့) (မဟုတ်ပါ)
(၁၁) 'ယောက်ျားတန်ဆာ' 'မိန်းမတန်ဆာ' 'ဆီး' အစရှိသော စကားလုံးများကို၊ ကလေးကိုပြောပြရာတွင် သုံးသင့်သည်ဟု သင်ထင် ပါသလား။    (ဟုတ်ကဲ့) (မဟုတ်ပါ)

(၁၂) သင်နှင့် သင့်အဖော်တို့သည် လိင်မှုပြဿနာများ၊ ဆက်ဆံရေးအခြေအနေများကို လွယ်လွယ်ကူကူနှင့် ဆွေးနွေးလေ့ရှိပါသလား။  (ဟုတ်ကဲ့) (မဟုတ်ပါ)

(၁၃) သင့်ကလေးကို လိင်မှုကိစ္စပညာပေးရာတွင်၊ မိမိကိုယ်တိုင် ပြောခြင်းထက်၊ သက်ဆိုင်ရာစာအုပ်များ ပေးဖတ်ခြင်းက ပိုကောင်း သည်ဟု သင်ထင်မြင်ယူဆပါသလား။                 (ဟုတ်ကဲ့) (မဟုတ်ပါ)

ကျွန်တော်တို့ဘယ်လောက်အဆင့်ရောက်နေပြီလဲ၊ အချို့သဘောထားများကို ပြုပြင်ဖို့လိုအပ်နေပြီလား။ ရာနှုန်းပြည့်ရရန် မလိုအပ် သော် လည်း အောက်ပါ အမှတ်အတိုင်းရပါက ကျွန်တော်တို့ဆိုသော သင်သည် အလွန်ကောင်းသော အနေအထားရှိသည်ဟု စိတ်ချယုံ ကြည် နိုင်ပါသည်။

မေးခွန်းအမှတ် (၁) (၂) (၃) (၄) (၆)(၇) (၈) (၉) (၁၃) မဟုတ်ပါ။
မေးခွန်းအမှတ် (၅) (၁၀) (၁၁) (၁၂)  ဟုတ်ကဲ့။
ဆက်ရန်..............

စာကြွင်း   ။ စာအုပ်လေးမှာ အခန်း(၂၇)ခန်းတိတိပါဝင်ပါတယ်။ အခါအားလျော်စွာ ပြန်လည်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

No comments: