Friday, May 8, 2020

ဝက္နံရိုးမီးေတာက္ခ်က္ နဲ႔ Dalgola Coffee

ဝက္နံရိုးမီးေတာင္ သို႔မဟုတ္ ဝက္နံရိုးမီးေတာက္ခ်က္



ဝက္နံရိုးမီးေတာက္ဟင္းကို ဆိုင္ေတြမွာ ေရာင္းကတည္းက စိတ္ဝင္စားမိပါတယ္။ ငရုတ္သီးစိမ္းဖတ္ အမ်ားႀကီး ေတြနဲ႔မို႔ အရမ္းစပ္လြန္းၿပီး ကိုယ္မစားႏိုင္ေလာက္ဖူးလို႔ ထင္မိတာ‌ေၾကာင့္ ဝယ္မစားမိဘူး။ ခုရက္ပိုင္း အိမ္မွာ ေန ျဖစ္ေတာ့  ဟင္းအသစ္အဆန္းေလးေတြ စားခ်င္တာနဲ႔ လိုက္ရွာ ခ်က္မိတဲ့အခါ အသိေနာက္က်ေလ ျခင္းဆို ၿပီး ေနာင္တရ မိပါတယ္။ယိုးဒယား ခ်က္နည္းေလးပါ။

Laeng saeb လို႔ ထိုင္းလို ေခၚပါတယ္။အဓိပၸါယ္ ကေတာ့ hot and spicy pork bone soup ပါ။ျမန္မာအျကိုက္ ပါးစပ္ေလးနဲ႔ လိုက္ဖက္ေအာင္ ျပန္ ျပင္ထားပါတယ္။

ပါဝင္ပစၥည္းမ်ား

1.ဝက္နံရိုး           50သား(800g)
2.စပါးလင္           အျကီးတဥ
3.ဂ်င္း                  လက္သံုးဆစ္
4. ၾကက္သြန္ျဖဴ   လက္တဆုပ္
5. ငရုတ္သီးစိမ္း   လက္တဆုပ္
6. နံနံပင္             တစည္း
7. ရွမ္းနံနံ            တစည္း
8. ဆား               လက္ဖက္ရည္၂ဇြန္း
9. ဟင္းခပ္မႈန႔္     လက္ဖက္ရည္၂ဇြန္း
10.သံပုရာသီး     ၃သံုး
11.ေရ               ၂လီတာ


     ျပုလုပ္ပံု
  🌈🌈🌈🌈
ဝက္နံရိုးကို အသားမ်ားမ်ားပါေသာ အရိုးကို ေရြးဝယ္ပါ။ေရေဆးပါ။ဆားနွင့္ ဟင္းခပ္မႈန႔္ျဖင့္ ေရာနယ္ၿပီး ခဏထားပါ။ျပီးလ်ွင္ အိုးတလံုးတြင္ စပါးလင္အျကီးတဥ ကို  ထု ၿပီး အပင္ကို ျပန္ ခ်ည္ထၫ့္ပါ။ဂ်င္းကိုအခြံနြာ  ေရေဆးၿပီး အကြင္းလိုက္ လွီးထၫ့္ပါ။ ေရ ထၫ့္ၿပီး ျပုတ္ေပးပါ။ေရပူလာလ်ွင္အျဖဴျမႇဳပ္ေတြ တက္လာလ်ွင္ ခပ္ၿပီးဖယ္ထုတ္ပါ။မီးအသင့့္အတင့္ျဖင့္ အရိုးရိွအသားႏူးသည္အထိ သို႔မဟုတ္ တနာရီခန႔္ ျပဳတ္ေပးပါ။


ျပဳတ္ေနစဉ္ နံနံပင္ကို လွီးထားပါ။ရွမ္းနံနံကို လွီးထားပါ။ ၾကက္သြန္ျဖဴ ခြါ၊ငရုတ္သီးအၫွာ ေခြၽ ေရေဆးထားပါ။ျပီးလ်ွင္ ၂မ်ိုးေပါင္းျပီး ႀကိတ္စက္ထဲ ညက္ေအာင္ ႀကိတ္ပါ။သံပုရာသီးကို စိပ္ထားပါ။ အရိုးရိွအသားႏူးလာလ်ွင္ အကုန္လံုးကို ဟင္းျပဳတ္ရည္ထဲမွ ဆယ္ယူလိုက္ပါ။ဟင္းပြဲ ျပင္ဆင္မၫ့္ ပန္းကန္ လံုးအတြင္း ေတာင္ ‌ေလးလို အပံုလိုက္ ျဖစ္ေအာင္စီထၫ့္ပါ။


သံပုရာသီးကို လိုသေလာက္ အရည္အရင္ ၫွစ္ယူပါ။အိုးထဲရိွ ဟင္းရည္ကို အေပါ့အငန္ စိတ္ႀကိဳက္အရသာ အရင္ ျမည္းပါ။ဆူေအာင္ျပန္တည္ပါ။ျကိတ္ထားေသာ ငရုတ္သီး အေရာကို ထၫ့္ပါ။ တပြက္ႏွစ္ပြက္ ျပန္ဆူပါေစ။ျပီးလွ်င္ လွီးထားေသာ နံနံပင္ႏွင့္ ရွမ္းနံနံကို ေရာထၫ့္ပါ။ ဟင္းရည္ႏွံ႔ေအာင္ ေမႊပါ။မီးပိတ္ပါ။သံပုရာ ရည္ ဆမ္းပါ။ အရသာ အခ်ဉ္အစပ္ကို စိတ္ႀကိဳက္ရလ်ွင္ ပန္းကန္အတြင္းက ဝက္နံရိုးေပၚကို ေလာင္း ၿပီး ဆမ္းပါ။အိုးလိုက္ ေလာင္းခ်ဖို႔အဆင္မ‌ေျပလ်ွင္ ေယာက္ဇြန္းႏွင့္ ခပ္ ၿပီး ဆမ္းေပးပါ။ ထမင္းကို ဟင္းရည္လူးၿပီး အရိုးေပၚက အသာေလး ကိုက္ဆြဲရင္း အရသာရိွေသာ ဟင္းတခြက္ကို အိမ္မွာ စိတ္ ႀကိဳက္သံုးေဆာင္ပါ။


        Tip
🌈🌈🌈🌈
🐷 ဝက္ရိုးျပဳတ္စဉ္ အ ျမဳပ္ခပ္ထုပ္ ဖို႔မ‌ႏွ ‌ေျမာပါႏွင့္ေနာ္။

🐷 ငရုတ္သီးစိမ္းႏွင့္ ထိုင္းေတြ က အဓိက ခ်က္ပါသည္။အနီေတာင့္က အေရာင္လွ ခ်င္လို႔ သံုးတာပါ။အစပ္ပိုပါသည္။အစပ္မစားနိုင္သူမ်ား ငရုတ္သီး အစိမ္းေတာင့္ အႏုေလးမ်ားေရြးထၫ့္ပါ။ အစပ္သက္သာေစပါသည္။ငရုတ္သီးတြင္အစပ္ေပါ့ေသာ အသီးကို လည္း ေရြးသံုးႏိုင္ပါသည္။မထည့္လို့ေတာ့ မရႏိုင္ပါ။ငရုတ္သီးရဲ့အနံ့ကလည္း ဟင္းရဲ့ လို အပ္ခ်က္တခုပါ။

🐷 ႀကိတ္စက္မရိွသူမ်ား ျမန႔္မာရိုးရာ ငရုတ္ဆံုနဲ႔ ထၫ့္ေထာင္းပါေနာ္။

🐷 ငရုတ္ သီးႀကိတ္ထားသည္မ်ားကို ဟင္းရည္ထဲ တပြက္ဆူေလာက္ အပူေပးလိုက္သည္မွာ အစိမ္းကို တိုက္ရိုက္စားပါက အခန႔္မသင့္လ်ွင္ ဗိုက္နာ တတ္ေသာ ‌ေၾကာင့္ ျဖစ္ပါသည္။

🐷 အခ်ဉ္ ထၫ့္ရန္ ႏွင့္ အစပ္ထၫ့္ရန္မွာ မိမိ စိတ္ ႀကိဳက္ စားႏိုင္မႈ ေပၚ တြင္မူတည္ ေရြးခ်ယ္ေပးပါ။ ႀကိတ္ထားသည္မ်ားကို တဝက္အရင္ထၫ့္ၿပီး လိုအပ္မွ ထပ္ထၫ့္ေပးသြားရန္သာ လိုပါသည္။


🐷ဝက္သားမစားသူေတြက ေတာ့ ထိုင္ငိုစရာ မလိုပါဘူး။ ျမန္မာ ၾကက္ေလးနဲ႔စမ္းၾကၫ့္ပါေနာ္။ အဆင္‌ေျပ ေလာက္ပါမယ္။ဝက္ေလာက္ေတာ့ သိပ္စားေကာင္းမွာမဟုတ္။CP ၾကက္ေတာ့ အသံုးဖို႔ အ ႀကံ ျပဳပါရေစ။အရိုး‌ေပ ၚက ပါ တဲ့ အသားကို စားရတာက အရသာမို႔ပါေနာ္။

🐷ဝက္ရိုးျပဳတ္ရင္ ေရကို အစမွာ အမ်ားႀကီး မထၫ့္ ထားပါနဲ႔ ။လိုသေလာက္ေလး ေရထပ္ထပ္ထိုးသြားပါ။ဟင္းရည္ ဆမ္းဖို႔ အေန ေရ က်န္ေသာအခါ အရိုးကို ဆယ္ယူပါ။အသားထဲမွ အခ်ိဳရည္မ်ား အေလ အလြင့္ မ ျဖစ္ေအာင္ပါ။

စပ္ေနရင္ ​ေကာ္​ဖီေသာက္


(Unicode)

ဝက်နံရိုးမီးတောင် သို့မဟုတ် ဝက်နံရိုးမီးတောက်ချက်


ဝက်နံရိုးမီးတောက်ဟင်းကို ဆိုင်တွေမှာ ရောင်းကတည်းက စိတ်ဝင်စားမိပါတယ်။ ငရုတ်သီးစိမ်းဖတ် အများကြီး တွေနဲ့မို့ အရမ်းစပ်လွန်းပြီး ကိုယ်မစားနိုင်လောက်ဖူးလို့ ထင်မိတာ‌ကြောင့် ဝယ်မစားမိဘူး။ ခုရက်ပိုင်း အိမ်မှာ နေ ဖြစ်တော့  ဟင်းအသစ်အဆန်းလေးတွေ စားချင်တာနဲ့ လိုက်ရှာ ချက်မိတဲ့အခါ အသိနောက်ကျလေ ခြင်းဆို ပြီး နောင်တရ မိပါတယ်။ယိုးဒယား ချက်နည်းလေးပါ။

Laeng saeb လို့ ထိုင်းလို ခေါ်ပါတယ်။အဓိပ္ပါယ် ကတော့ hot and spicy pork bone soup ပါ။မြန်မာအကြိုက် ပါးစပ်လေးနဲ့ လိုက်ဖက်အောင် ပြန် ပြင်ထားပါတယ်။

ပါဝင်ပစ္စည်းများ

1.ဝက်နံရိုး           50သား(800g)
2.စပါးလင်           အကြီးတဥ
3.ဂျင်း                  လက်သုံးဆစ်
4. ကြက်သွန်ဖြူ   လက်တဆုပ်
5. ငရုတ်သီးစိမ်း   လက်တဆုပ်
6. နံနံပင်             တစည်း
7. ရှမ်းနံနံ            တစည်း
8. ဆား               လက်ဖက်ရည်၂ဇွန်း
9. ဟင်းခပ်မှုန့်     လက်ဖက်ရည်၂ဇွန်း
10.သံပုရာသီး     ၃သုံး
11.ရေ               ၂လီတာ

     ပြုလုပ်ပုံ
  🌈🌈🌈🌈
ဝက်နံရိုးကို အသားများများပါသော အရိုးကို ရွေးဝယ်ပါ။ရေဆေးပါ။ဆားနှင့် ဟင်းခပ်မှုန့်ဖြင့် ရောနယ်ပြီး ခဏထားပါ။ပြီးလျှင် အိုးတလုံးတွင် စပါးလင်အကြီးတဥ ကို  ထု ပြီး အပင်ကို ပြန် ချည်ထည့်ပါ။ဂျင်းကိုအခွံနွာ  ရေဆေးပြီး အကွင်းလိုက် လှီးထည့်ပါ။ ရေ ထည့်ပြီး ပြုတ်ပေးပါ။ရေပူလာလျှင်အဖြူမြှုပ်တွေ တက်လာလျှင် ခပ်ပြီးဖယ်ထုတ်ပါ။မီးအသင့့်အတင့်ဖြင့် အရိုးရှိအသားနူးသည်အထိ သို့မဟုတ် တနာရီခန့် ပြုတ်ပေးပါ။

ပြုတ်နေစဉ် နံနံပင်ကို လှီးထားပါ။ရှမ်းနံနံကို လှီးထားပါ။ ကြက်သွန်ဖြူ ခွါ၊ငရုတ်သီးအညှာ ချွေ ရေဆေးထားပါ။ပြီးလျှင် ၂မျိုးပေါင်းပြီး ကြိတ်စက်ထဲ ညက်အောင် ကြိတ်ပါ။သံပုရာသီးကို စိပ်ထားပါ။ အရိုးရှိအသားနူးလာလျှင် အကုန်လုံးကို ဟင်းပြုတ်ရည်ထဲမှ ဆယ်ယူလိုက်ပါ။ဟင်းပွဲ ပြင်ဆင်မည့် ပန်းကန် လုံးအတွင်း တောင် ‌လေးလို အပုံလိုက် ဖြစ်အောင်စီထည့်ပါ။

သံပုရာသီးကို လိုသလောက် အရည်အရင် ညှစ်ယူပါ။အိုးထဲရှိ ဟင်းရည်ကို အပေါ့အငန် စိတ်ကြိုက်အရသာ အရင် မြည်းပါ။ဆူအောင်ပြန်တည်ပါ။ကြိတ်ထားသော ငရုတ်သီး အရောကို ထည့်ပါ။ တပွက်နှစ်ပွက် ပြန်ဆူပါစေ။ပြီးလျှင် လှီးထားသော နံနံပင်နှင့် ရှမ်းနံနံကို ရောထည့်ပါ။ ဟင်းရည်နှံ့အောင် မွှေပါ။မီးပိတ်ပါ။သံပုရာ ရည် ဆမ်းပါ။ အရသာ အချဉ်အစပ်ကို စိတ်ကြိုက်ရလျှင် ပန်းကန်အတွင်းက ဝက်နံရိုးပေါ်ကို လောင်း ပြီး ဆမ်းပါ။အိုးလိုက် လောင်းချဖို့အဆင်မ‌ပြေလျှင် ယောက်ဇွန်းနှင့် ခပ် ပြီး ဆမ်းပေးပါ။ ထမင်းကို ဟင်းရည်လူးပြီး အရိုးပေါ်က အသာလေး ကိုက်ဆွဲရင်း အရသာရှိသော ဟင်းတခွက်ကို အိမ်မှာ စိတ် ကြိုက်သုံးဆောင်ပါ။

       Tip
🌈🌈🌈🌈
🐷 ဝက်ရိုးပြုတ်စဉ် အ မြုပ်ခပ်ထုပ် ဖို့မ‌နှ ‌မြောပါနှင့်နော်။

🐷 ငရုတ်သီးစိမ်းနှင့် ထိုင်းတွေ က အဓိက ချက်ပါသည်။အနီတောင့်က အရောင်လှ ချင်လို့ သုံးတာပါ။အစပ်ပိုပါသည်။အစပ်မစားနိုင်သူများ ငရုတ်သီး အစိမ်းတောင့် အနုလေးများရွေးထည့်ပါ။ အစပ်သက်သာစေပါသည်။ငရုတ်သီးတွင်အစပ်ပေါ့သော အသီးကို လည်း ရွေးသုံးနိုင်ပါသည်။မထည့်လို့တော့ မရနိုင်ပါ။ငရုတ်သီးရဲ့အနံ့ကလည်း ဟင်းရဲ့ လို အပ်ချက်တခုပါ။

🐷 ကြိတ်စက်မရှိသူများ မြန့်မာရိုးရာ ငရုတ်ဆုံနဲ့ ထည့်ထောင်းပါနော်။

🐷 ငရုတ် သီးကြိတ်ထားသည်များကို ဟင်းရည်ထဲ တပွက်ဆူလောက် အပူပေးလိုက်သည်မှာ အစိမ်းကို တိုက်ရိုက်စားပါက အခန့်မသင့်လျှင် ဗိုက်နာ တတ်သော ‌ကြောင့် ဖြစ်ပါသည်။

🐷 အချဉ် ထည့်ရန် နှင့် အစပ်ထည့်ရန်မှာ မိမိ စိတ် ကြိုက် စားနိုင်မှု ပေါ် တွင်မူတည် ရွေးချယ်ပေးပါ။ ကြိတ်ထားသည်များကို တဝက်အရင်ထည့်ပြီး လိုအပ်မှ ထပ်ထည့်ပေးသွားရန်သာ လိုပါသည်။

🐷ဝက်သားမစားသူတွေက တော့ ထိုင်ငိုစရာ မလိုပါဘူး။ မြန်မာ ကြက်လေးနဲ့စမ်းကြည့်ပါနော်။ အဆင်‌ပြေ လောက်ပါမယ်။ဝက်လောက်တော့ သိပ်စားကောင်းမှာမဟုတ်။CP ကြက်တော့ အသုံးဖို့ အ ကြံ ပြုပါရစေ။အရိုး‌ပေ ါ်က ပါ တဲ့ အသားကို စားရတာက အရသာမို့ပါနော်။

🐷ဝက်ရိုးပြုတ်ရင် ရေကို အစမှာ အများကြီး မထည့် ထားပါနဲ့ ။လိုသလောက်လေး ရေထပ်ထပ်ထိုးသွားပါ။ဟင်းရည် ဆမ်းဖို့ အနေ ရေ ကျန်သောအခါ အရိုးကို ဆယ်ယူပါ။အသားထဲမှ အချိုရည်များ အလေ အလွင့် မ ဖြစ်အောင်ပါ။

စပ်နေရင် ​ကော်​ဖီသောက်



No comments: