Thursday, May 21, 2020

Orthorexia (သို့မဟုတ်) အစားအသောက်ရွေးချယ်ရာတွင် စိတ်စွဲလွန်ခြင်း

Orthorexia (သို့မဟုတ်) အစားအသောက်ရွေးချယ်ရာတွင် စိတ်စွဲလွန်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
|
ရေးသားသူ Dr.Thant Zin



ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ခြင်းဟာ လူတိုင်းအတွက် အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးထိခိုက်မှာစိုးပြီး အစားအစာများကို တရားလွန်ရှောင်ကြဉ်ခြင်း၊ ရွေးချယ်ခြင်း ပြုလာပြီဆိုရင်တော့ သတိပြုရမယ့် အခြေအနေဖြစ်ပါတယ်။ ဒီပြဿနာကို ဆေးပညာမှာတော့ orthorexia လို့ ခေါ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင်ဆိုပြီး အစားအသောက်တွေကို အလွန်အကျွံ ဇီဇာကြောင်ရွေးချယ်ခြင်း ဖြစ်ပါတယ်။

ဘယ်အရာက Orthorexia ပြဿနာကိုဖြစ်စေသလဲ
ပထမတော့ မိမိကျန်းမာရေးအတွက် စားသောက်မှုပုံစံကို ဂရုပြုရုံပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အစွန်းရောက်ပြီး စိတ်အစွဲကြီးလာပါတယ်။ အပြည့်စုံဆုံးကိုမှ လိုလားခြင်း၊ စိတ်ပူပန်ခြင်း စတဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေများကလည်း ဒီပြဿနာကို ပိုဆိုးစေပါတယ်။ တခါတရံမှာ မိမိသက်မွေးဝမ်းကြောင်း အလုပ်အကိုင်အရ ကျန်းမာရေးကို အထူးဂရုစိုက်ရသူတွေမှာလည်း ဒီပြဿနာရှိလာတယ်လို့ ဆိုကြပါတယ်။

ဥပမာအားဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ အော်ပရာအဆိုတော်များ၊ ဘဲလေးကခြေသည်များ၊ သံစုံတီးဝိုင်း ဂီတပညာရှင်များ၊ အားကစားသမားများ စသူတွေပဲ ဖြစ်ပါတယ်။ အသက်အရွယ်၊ ကျားမကွဲပြားမှု၊ ပညာအရည်အချင်း၊ လူမှုစီးပွားရေးအခြေအနေ စတာတွေပေါ်မှာလည်း မူတည်တယ်လို့ သိရပါတယ်။
တခါတရံမှာ အစားအသောက်ကို ပုံမှန်စိတ်နဲ့ပဲ ကျန်းမာရေးကို ရှေးရှုရွေးချယ်တာလား၊ စိတ်စွဲလွန်ပြီး ရွေးချယ်နေတာလားဆိုတာ ခွဲရခက်ပါတယ်။ ရောဂါအမည်တပ်နိုင်ဖို့ ခက်ခဲပါတယ်။

အဲဒီအခါမှာ ဒီပြဿနာရှိမရှိ သိနိုင်ဖို့အချက်ကို စွိတ်စွဲခြင်းကြောင့် ဘယ်လိုထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်စေသလဲဆိုတဲ့ အချက်တွေနဲ့ ဆုံးဖြတ်ပါတယ်။ လူမှုရေး၊ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စတာတွေပေါ် ထည့်သွင်းစဉ်းစားပါတယ်။ ဥပမာ ကိုယ်အလေးချိန် အလွန်အကျွံ ကျဆင်းခြင်း၊ သူငယ်ချင်းများနဲ့ အတူသွားလာ စားသောက်ဖို့ ငြင်းဆန်ခြင်း စတာတွေ ဖြစ်ပါတယ်။

ဘယ်လိုသတ်မှတ်မလဲ
ကျန်းမာရေးအတွက် အစားအသောက်ကို သာမန်ရွေးချယ်တတ်ခြင်းနဲ့ စိတ်စွဲလွန်ရွေးချယ်ခြင်း အကြားမှာ ခွဲခြားနိုင်ဖို့ အောက်ပါအတိုင်း သတ်မှတ်ချက်အချို့ ရှိပါတယ်။

၁။ အစားအသောက်အပေါ် အာရုံစိုက်လွန်ကဲမှု

ဒီအပိုင်းမှာ အစားအသောက်နဲ့ ပတ်သက်ပြီး အာရုံစိုက်လွန်ကဲနေတတ်တာကို ဆိုလိုပါတယ်။ သိသာစွာ သိမြင်နိုင်တဲ့ အချက်တွေကတော့

– အမူအကျင့်/အတွေးအကြံ။ အစားအသောက်ကို အမြဲသတိထား ရွေးချယ်နေမှသာ ကျန်းမာရေးကောင်းနိုင်မယ်လို့ ယူဆပါတယ်။

– စိတ်ပူပန်ခြင်း။ အစားအသောက်ကို စိစစ်ရွေးချယ်တတ်ခြင်းနဲ့ ပတ်သက်တဲ့ မိမိဖာသာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်လိုက်ပြီဆိုရင် စိတ်ပူပန်ခြင်း၊ ရှက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ မသန့်မရှင်းသလို ခံစားရခြင်း၊ စိတ်ပျက်ခြင်း စတဲ့အာရုံမျိုးတွေ ခံစားရပါတယ်။

– ဆိုးရွားစွာ ကန့်သတ်ခြင်း။ အစားအသောက်ကို ကန့်သတ်ရွေးချယ်လာပြီး အချိန်ကြာလာတာနဲ့အမျှ လုံးဝစားသောက်ချင်စိတ်ပျောက်ပြီး ကိုယ်ခန္ဓာမှ အဆိပ်ထုတ်သန့်စင်သည့် ပုံစံကိုသာ အာရုံစိုက်ခြင်း၊ မစားဘဲနေခြင်း စတာတွေပဲ ဖြစ်ပါတယ်။

၂။ နေ့စဉ်ဘဝကို ထိခိုက်စေသော အမူအကျင့်ပြောင်းလဲခြင်း

ဒုတိယအစိတ်အပိုင်းကတော့ တနေ့တာ ပုံမှန်လည်ပတ်မှုတွေကို အဟန့်အတား ဖြစ်လာခြင်းပါပဲ။ အောက်ပါနည်းလမ်းတွေနဲ့ ဖြစ်တတ်ပါတယ်။

– ကျန်းမာရေးထိခိုက်ခြင်း။ အာဟာရမပြည့်ဝခြင်း၊ ကိုယ်အလေးချိန်ဆိုးရွားစွာကျခြင်း၊ အစားအသောက်ပျက်ခြင်းနှင့်ဆိုင်သော ရောဂါများ ဖြစ်ပွားတတ်ခြင်း

– လူနေမှုဘဝထိခိုက်ခြင်း။ အစားအသောက်ကို အလွန်အကျူး ရွေးချယ်နေတတ်ခြင်းကြောင့် စိတ်ဖိစီးမှုဖြစ်ပေါ်ပြီး လူမှုရေး ပညာရေးကိစ္စရပ်များမှာ ထိခိုက်လာခြင်း

– စိတ်ပိုင်းဆိုင်ရာ စွဲလမ်းခြင်း။ ရုပ်ရည်သွင်ခြင်၊ မိမိကိုယ်ကိုယုံကြည်မှု၊ စိတ်ကျေနပ်မှု စတာတွေအတွက် အစားအသောက်နဲ့ပတ်သက်ပြီး မိမိဖာသာ သတ်မှတ်ထားသော စည်းမျဉ်းစည်းလမ်းများအပေါ် အလွန်အကျူးမှီခိုလာခြင်း

ထိခိုက်မှုများ
၁။ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမျာ

အစားအသောက်ကို စိစစ်လွန်းတာကြောင့် လိုအပ်တဲ့ အစာအာဟာရဓာတ်တွေ မရတဲ့အခါမှာ အာဟာရပြတ်ခြင်း၊ သွေးအားနည်းခြင်း၊ နှလုံးခုန်နှေးခြင်း စတာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ပိုမိုဆိုးရွားလာတဲ့အခါ အစာချေဖျက်နိုင်မှုပြဿနာ၊ ဓာတ်ဆားနှင့်ဟော်မုန်းများ ဟန်ချက်မညီခြင်း၊ အရိုးများ မကောင်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အဆိုပါပြဿနာများဟာ အသက်အန္တရာယ်ကို ထိခိုက်နိုင်ခြေရှိတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။

၂။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ

အစားအစာတွေကို ဇီဇာကြောင်လွန်းပြီး မိမိဖာသာသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်မိတဲ့အခါ အပြစ်ရှိပြီး စက်ဆုပ်သလိုခံစားရတတ်ပါတယ်။ ဒီအဖြစ်အပျက်ကို ချေဖျက်နိုင်ဖို့ ကိုယ်ခန္ဓာမှ အဆိပ်ဓာတ်ထုတ်သန့်စင်ခြင်း၊ အစာမစားဘဲနေခြင်း စတဲ့နည်းလမ်းတွေ လုပ်ဆောင်လာတတ်ပါတယ်။ ကြာလာရင် ပတ်ဝန်းကျင်ကို အာရုံစိုက်မှုနည်းလာခြင်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း ကျဆင်းလာခြင်း စတာတွေ ဖြစ်လာတတ်ပါတယ်။

၃။ လူမှုရေးပြဿနာများ

အစားအသောက်နဲ့ ပတ်သက်ပြီး ဇီဇာကြောင်လွန်းတယကြောင့် လူမှုရေးကိစ္စတွေပါ ထိခိုက်လာပါတယ်။ ညစာစားပွဲများ ရှောင်ခြင်း၊ မိတ်ဆွေသူငယ်ချင်းများနှင့် စားသုံးရန်ငြင်းဆန်ခြင်း စတာတွေ ဖြစ်လာပါတယ်။ ဒါ့အပြင် အစားအသောက်နဲ့ ပတ်သက်တဲ့ မိမိရဲ့သဘောထားဟာ သူတပါးထက် သာလွန်ထူးကဲသလို စိတ်ကြီးဝင်လာတတ်ပါတယ်။ လူမှုရေးအရ ဘေးကို ရောက်လာတတ်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ
ဦးစွာ မိမိအခြေအနေကိုသိအောင် စေ့ငုရပါမယ်။ တတ်နိုင်သလောက် စိတ်ကိုပယ်ဖျောက်ရပါမယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင် ရွေးချယ်စားသောက်တယ်ဆိုပေမယ့် အလွန်အကျွံဖြစ်မလာအောင် ဂရုပြုသင့်ပါတယ်။ နားလည်တတ်ကျွမ်းသူများရဲ့ အကူအညီကို ရယူသင့်ပါတယ်။ နားလည်တတ်ကျွမ်းသူများဆိုရာမှာ ဆရာဝန်၊ စိတ်ပညာရှင်၊ အာဟာရပညာရှင် စသူတွေဖြစ်ပါတယ်။

Credit: HELLO SAYARWON

(Zawgyi) 

Orthorexia (သို႔မဟုတ္) အစားအေသာက္ေရြးခ်ယ္ရာတြင္ စိတ္စြဲလြန္ျခင္း


ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
|
ေရးသားသူ Dr.Thant Zin

က်န္းမာေရးနဲ႔ညီညြတ္စြာ စားေသာက္ျခင္းဟာ လူတိုင္းအတြက္ အေရးႀကီးတဲ့အခ်က္ျဖစ္ပါတယ္။ ဒါေပမယ့္ က်န္းမာေရးထိခိုက္မွာစိုးၿပီး အစားအစာမ်ားကို တရားလြန္ေရွာင္ၾကဥ္ျခင္း၊ ေရြးခ်ယ္ျခင္း ျပဳလာၿပီဆိုရင္ေတာ့ သတိျပဳရမယ့္ အေျခအေနျဖစ္ပါတယ္။ ဒီျပႆနာကို ေဆးပညာမွာေတာ့ orthorexia လို႔ ေခၚပါတယ္။ က်န္းမာေရးနဲ႔ညီညြတ္ေအာင္ဆိုၿပီး အစားအေသာက္ေတြကို အလြန္အကၽြံ ဇီဇာေၾကာင္ေရြးခ်ယ္ျခင္း ျဖစ္ပါတယ္။

ဘယ္အရာက Orthorexia ျပႆနာကိုျဖစ္ေစသလဲ
ပထမေတာ့ မိမိက်န္းမာေရးအတြက္ စားေသာက္မႈပုံစံကို ဂ႐ုျပဳ႐ုံပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ အစြန္းေရာက္ၿပီး စိတ္အစြဲႀကီးလာပါတယ္။ အျပည့္စုံဆုံးကိုမွ လိုလားျခင္း၊ စိတ္ပူပန္ျခင္း စတဲ့စိတ္ပိုင္းဆိုင္ရာအေျခအေနမ်ားကလည္း ဒီျပႆနာကို ပိုဆိုးေစပါတယ္။ တခါတရံမွာ မိမိသက္ေမြးဝမ္းေၾကာင္း အလုပ္အကိုင္အရ က်န္းမာေရးကို အထူးဂ႐ုစိုက္ရသူေတြမွာလည္း ဒီျပႆနာရွိလာတယ္လို႔ ဆိုၾကပါတယ္။

ဥပမာအားျဖင့္ က်န္းမာေရးဝန္ထမ္းမ်ား၊ ေအာ္ပရာအဆိုေတာ္မ်ား၊ ဘဲေလးကေျခသည္မ်ား၊ သံစုံတီးဝိုင္း ဂီတပညာရွင္မ်ား၊ အားကစားသမားမ်ား စသူေတြပဲ ျဖစ္ပါတယ္။ အသက္အရြယ္၊ က်ားမကြဲျပားမႈ၊ ပညာအရည္အခ်င္း၊ လူမႈစီးပြားေရးအေျခအေန စတာေတြေပၚမွာလည္း မူတည္တယ္လို႔ သိရပါတယ္။
တခါတရံမွာ အစားအေသာက္ကို ပုံမွန္စိတ္နဲ႔ပဲ က်န္းမာေရးကို ေရွးရႈေရြးခ်ယ္တာလား၊ စိတ္စြဲလြန္ၿပီး ေရြးခ်ယ္ေနတာလားဆိုတာ ခြဲရခက္ပါတယ္။ ေရာဂါအမည္တပ္နိုင္ဖို႔ ခက္ခဲပါတယ္။

အဲဒီအခါမွာ ဒီျပႆနာရွိမရွိ သိနိုင္ဖို႔အခ်က္ကို စြိတ္စြဲျခင္းေၾကာင့္ ဘယ္လိုထိခိုက္နစ္နာမႈေတြ ျဖစ္ေပၚေစသလဲဆိုတဲ့ အခ်က္ေတြနဲ႔ ဆုံးျဖတ္ပါတယ္။ လူမႈေရး၊ စိတ္ပိုင္း႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရး စတာေတြေပၚ ထည့္သြင္းစဥ္းစားပါတယ္။ ဥပမာ ကိုယ္အေလးခ်ိန္ အလြန္အကၽြံ က်ဆင္းျခင္း၊ သူငယ္ခ်င္းမ်ားနဲ႔ အတူသြားလာ စားေသာက္ဖို႔ ျငင္းဆန္ျခင္း စတာေတြ ျဖစ္ပါတယ္။

ဘယ္လိုသတ္မွတ္မလဲ
က်န္းမာေရးအတြက္ အစားအေသာက္ကို သာမန္ေရြးခ်ယ္တတ္ျခင္းနဲ႔ စိတ္စြဲလြန္ေရြးခ်ယ္ျခင္း အၾကားမွာ ခြဲျခားနိုင္ဖို႔ ေအာက္ပါအတိုင္း သတ္မွတ္ခ်က္အခ်ိဳ႕ ရွိပါတယ္။

၁။ အစားအေသာက္အေပၚ အာ႐ုံစိုက္လြန္ကဲမႈ

ဒီအပိုင္းမွာ အစားအေသာက္နဲ႔ ပတ္သက္ၿပီး အာ႐ုံစိုက္လြန္ကဲေနတတ္တာကို ဆိုလိုပါတယ္။ သိသာစြာ သိျမင္နိုင္တဲ့ အခ်က္ေတြကေတာ့

– အမူအက်င့္/အေတြးအႀကံ။ အစားအေသာက္ကို အျမဲသတိထား ေရြးခ်ယ္ေနမွသာ က်န္းမာေရးေကာင္းနိုင္မယ္လို႔ ယူဆပါတယ္။

– စိတ္ပူပန္ျခင္း။ အစားအေသာက္ကို စိစစ္ေရြးခ်ယ္တတ္ျခင္းနဲ႔ ပတ္သက္တဲ့ မိမိဖာသာ သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို ေဖာက္ဖ်က္လိုက္ၿပီဆိုရင္ စိတ္ပူပန္ျခင္း၊ ရွက္ျခင္း၊ ေၾကာက္ရြံ့ျခင္း၊ မသန႔္မရွင္းသလို ခံစားရျခင္း၊ စိတ္ပ်က္ျခင္း စတဲ့အာ႐ုံမ်ိဳးေတြ ခံစားရပါတယ္။

– ဆိုးရြားစြာ ကန႔္သတ္ျခင္း။ အစားအေသာက္ကို ကန႔္သတ္ေရြးခ်ယ္လာၿပီး အခ်ိန္ၾကာလာတာနဲ႔အမၽွ လုံးဝစားေသာက္ခ်င္စိတ္ေပ်ာက္ၿပီး ကိုယ္ခႏၶာမွ အဆိပ္ထုတ္သန႔္စင္သည့္ ပုံစံကိုသာ အာ႐ုံစိုက္ျခင္း၊ မစားဘဲေနျခင္း စတာေတြပဲ ျဖစ္ပါတယ္။

၂။ ေန႔စဥ္ဘဝကို ထိခိုက္ေစေသာ အမူအက်င့္ေျပာင္းလဲျခင္း

ဒုတိယအစိတ္အပိုင္းကေတာ့ တေန႔တာ ပုံမွန္လည္ပတ္မႈေတြကို အဟန႔္အတား ျဖစ္လာျခင္းပါပဲ။ ေအာက္ပါနည္းလမ္းေတြနဲ႔ ျဖစ္တတ္ပါတယ္။

– က်န္းမာေရးထိခိုက္ျခင္း။ အာဟာရမျပည့္ဝျခင္း၊ ကိုယ္အေလးခ်ိန္ဆိုးရြားစြာက်ျခင္း၊ အစားအေသာက္ပ်က္ျခင္းႏွင့္ဆိုင္ေသာ ေရာဂါမ်ား ျဖစ္ပြားတတ္ျခင္း

– လူေနမႈဘဝထိခိုက္ျခင္း။ အစားအေသာက္ကို အလြန္အက်ဴး ေရြးခ်ယ္ေနတတ္ျခင္းေၾကာင့္ စိတ္ဖိစီးမႈျဖစ္ေပၚၿပီး လူမႈေရး ပညာေရးကိစၥရပ္မ်ားမွာ ထိခိုက္လာျခင္း

– စိတ္ပိုင္းဆိုင္ရာ စြဲလမ္းျခင္း။ ႐ုပ္ရည္သြင္ျခင္၊ မိမိကိုယ္ကိုယုံၾကည္မႈ၊ စိတ္ေက်နပ္မႈ စတာေတြအတြက္ အစားအေသာက္နဲ႔ပတ္သက္ၿပီး မိမိဖာသာ သတ္မွတ္ထားေသာ စည္းမ်ဥ္းစည္းလမ္းမ်ားအေပၚ အလြန္အက်ဴးမွီခိုလာျခင္း

ထိခိုက္မႈမ်ား
၁။ ႐ုပ္ပိုင္းဆိုင္ရာထိခိုက္မႈမ်ာ

အစားအေသာက္ကို စိစစ္လြန္းတာေၾကာင့္ လိုအပ္တဲ့ အစာအာဟာရဓာတ္ေတြ မရတဲ့အခါမွာ အာဟာရျပတ္ျခင္း၊ ေသြးအားနည္းျခင္း၊ ႏွလုံးခုန္ေႏွးျခင္း စတာေတြ ျဖစ္ေပၚလာတတ္ပါတယ္။ ပိုမိုဆိုးရြားလာတဲ့အခါ အစာေခ်ဖ်က္နိုင္မႈျပႆနာ၊ ဓာတ္ဆားႏွင့္ေဟာ္မုန္းမ်ား ဟန္ခ်က္မညီျခင္း၊ အရိုးမ်ား မေကာင္းျခင္း စတာေတြ ျဖစ္တတ္ပါတယ္။ အဆိုပါျပႆနာမ်ားဟာ အသက္အႏၲရာယ္ကို ထိခိုက္နိုင္ေျခရွိတဲ့ ျပႆနာေတြ ျဖစ္ပါတယ္။

၂။ စိတ္ပိုင္းဆိုင္ရာထိခိုက္မႈမ်ား

အစားအစာေတြကို ဇီဇာေၾကာင္လြန္းၿပီး မိမိဖာသာသတ္မွတ္ထားတဲ့ စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္မိတဲ့အခါ အျပစ္ရွိၿပီး စက္ဆုပ္သလိုခံစားရတတ္ပါတယ္။ ဒီအျဖစ္အပ်က္ကို ေခ်ဖ်က္နိုင္ဖို႔ ကိုယ္ခႏၶာမွ အဆိပ္ဓာတ္ထုတ္သန႔္စင္ျခင္း၊ အစာမစားဘဲေနျခင္း စတဲ့နည္းလမ္းေတြ လုပ္ေဆာင္လာတတ္ပါတယ္။ ၾကာလာရင္ ပတ္ဝန္းက်င္ကို အာ႐ုံစိုက္မႈနည္းလာျခင္း၊ ျပႆနာေျဖရွင္းနိုင္စြမ္း က်ဆင္းလာျခင္း စတာေတြ ျဖစ္လာတတ္ပါတယ္။

၃။ လူမႈေရးျပႆနာမ်ား

အစားအေသာက္နဲ႔ ပတ္သက္ၿပီး ဇီဇာေၾကာင္လြန္းတယေၾကာင့္ လူမႈေရးကိစၥေတြပါ ထိခိုက္လာပါတယ္။ ညစာစားပြဲမ်ား ေရွာင္ျခင္း၊ မိတ္ေဆြသူငယ္ခ်င္းမ်ားႏွင့္ စားသုံးရန္ျငင္းဆန္ျခင္း စတာေတြ ျဖစ္လာပါတယ္။ ဒါ့အျပင္ အစားအေသာက္နဲ႔ ပတ္သက္တဲ့ မိမိရဲ့သေဘာထားဟာ သူတပါးထက္ သာလြန္ထူးကဲသလို စိတ္ႀကီးဝင္လာတတ္ပါတယ္။ လူမႈေရးအရ ေဘးကို ေရာက္လာတတ္ပါတယ္။

ဘယ္လိုေျဖရွင္းမလဲ
ဦးစြာ မိမိအေျခအေနကိုသိေအာင္ ေစ့ငုရပါမယ္။ တတ္နိုင္သေလာက္ စိတ္ကိုပယ္ေဖ်ာက္ရပါမယ္။ က်န္းမာေရးနဲ႔ညီညြတ္ေအာင္ ေရြးခ်ယ္စားေသာက္တယ္ဆိုေပမယ့္ အလြန္အကၽြံျဖစ္မလာေအာင္ ဂ႐ုျပဳသင့္ပါတယ္။ နားလည္တတ္ကၽြမ္းသူမ်ားရဲ့ အကူအညီကို ရယူသင့္ပါတယ္။ နားလည္တတ္ကၽြမ္းသူမ်ားဆိုရာမွာ ဆရာဝန္၊ စိတ္ပညာရွင္၊ အာဟာရပညာရွင္ စသူေတြျဖစ္ပါတယ္။

Credit: HELLO SAYARWON

No comments: