Monday, May 25, 2020

နက်နဲသော နားလည်မှုရအောင် စာဖတ်နည်း ( in-depth reading )

(မူလေရးသားသူ - Kyaw Tun)


ကျွန်တော်တို့ အမေရိကန်ကောလိပ်မှာ history 300 level အခန်းတွေမှာဆိုရင် in-depth reading လို့ခေါ်တဲ့ အက်ဆေး ၊ စာတမ်းတို့ကို အသေးစိတ်ဖတ်ပြီး အဓိကအကြောင်းအရာကဘာလဲ ၊ How? ဘယ်လိုဖြစ်တာလဲ ? စတာတွေကို အတန်းထဲမှာ ဆွေးနွေးလေ့ရှိပါတယ်။ အတန်းထဲကို မလာမှီ စာဖတ်ရပါတယ်။
သမိုင်းမေဂျာအခန်းတွေမှာ ဒီလိုနည်းလမ်းတွေ ပါမောက္ခတွေဆီကကော ၊ ရေးရတဲ့ essay မေးခွန်း တွေကကော ၊  တစ်ခြားဖတ်သောစာအုပ်တွေကနေ သင်ခဲ့ရပါသည်။
ဒီအတွက် စာထဲကိုအသေးစိတ်သွားပြီးဖတ်ခြင်း ( going into the text ) နဲ့ နက်နဲသောနားလည်မှု ၊ စာကို အပိုင်းပိုင်း အခွဲခြားဖတ်ခြင်းတွင် သုံးသော မေးခွန်းတွေကို မျှဝေပါရစေ။

ဒီစာရေးဆရာပြောချင်တဲ့အဓိကအကြောင်းအရာကဘာလဲ။
ဒီဆောင်းပါး ၊ ဒီစာတမ်း ရဲ့ အဓိကပြောချင်တဲ့အချက်ကဘာလဲ။
နောက်ကနေထောက်ခံတဲ့ သက်သေအချက်အလက်တွေက ဘယ်နေရာမှာလဲ။

အဓိကအကြောင်းအရာတွေကို မျဉ်းတားထားပါ။
စာမဖတ်ခင် ဒီအကြောင်းအရာနဲ့ပတ်သတ်တဲ့ ကိုယ့်ခေါင်းထဲမှာရှိတဲ့မေးခွန်းတွေကို ချရေးထားပါ။
ပြီးရင် စာဖတ်တဲ့အခါ လိုက်ရှာပါ။
အမေရိကန်ကောလိပ်မှာ ပါမောက္ခတွေက in your own words ( ကိုယ်ပိုင်စကားလုံးနဲ့ ) ဆိုပြီး ပြောခိုင်း ၊ ရေးခိုင်းလေ့ရှိပါတယ်။
ကျွန်တော် စာတွေအများကြီးဖတ်ရပါတယ်။  ဖတ်ထားတာကို ကျွန်တော်တို့ နားလည်သလောက် ၊ ကိုယ်ပိုင်စကားလုံးနဲ့ ပြန်ပြီး ပြောရပါတယ်။ ရေးရပါတယ်။
အဓိကအကြောင်းအရာတွေကတော့ စာထဲကနေလာတာပဲ။
ဒါပေမဲ့ ကိုယ့်ပာာကိုယ်ရေးရပါတယ်။ ကိုယ့်စိတ်နဲ့ကိုယ် ချရေးရပါတယ်။
ဒီအတိုင်းပဲ စာဖတ်ပြီးတဲ့အခါ အတိုချုပ်ကို ကိုယ့်စကားလုံးနဲ့ကိုယ် ၊ ကိုယ်ပိုင်စတိုင်နဲ့ကို ချရေးကြည့်ပါ။

စာရေးဆရာရဲ့ယူဆချက်တွေက ဘာတွေလဲ
စာရေးဆရာရဲ့ ထင်မြင်ချက်ကဘာလဲ
သူကဘာလို့ ဒီလိုထင်တာလဲ
သူ့ရဲ့သက်သေတွေကဘာတွေလဲ
သက်သေတွေကို ဘယ်ကနေဘယ်လိုရလဲ
ဘယ်လို sources ( ကိုးကားချက် ) တွေကိုသုံးထားလဲ
တစ်ခြားပညာရှင်တွေရေးထားတဲ့ စာတမ်း လို  secondary sources လိုမျိုး အရာတွေလား
ကိုယ်တွေ့ ရေးထားတဲ့ စာတွေ ဒိုင်ယာရီတွေ သက်သေခံပြောကြားချက် ( witness account )  အင်တာဗျူးတွေလား
စာရေးဆရာရွေးထားတဲ့ ဒီကိုးကားချက်တွေက စာရေးဆရာရဲ့ အမြင်အပေါ် ဘယ်လိုမျိုး သက်ရောက်မှုရှိလဲ

How?  ဘာကြောင့် ဘယ်လိုဖြစ်တာလဲ။
Why? ဘာကြောင့်ဖြစ်တာလဲ။
ဒီမေးခွန်းတွေကို မေးသင့်ပါသည်။ ဖြစ်ခဲ့တဲ့အရာတွေကို ဘာကြောင့် ဘယ်လိုဖြစ်တာလဲ။ ဘယ်အရာတွေက ဒီလိုဖြစ်စေတာလဲ။ ဘယ်အရာတွေက တွန်းအားပို့ပေးနေလဲ။ သူတို့က ဘာလို့တွန်းအားပို့ပေးနေတာလဲ။
အခုဖြစ်လာတဲ့ အရာရဲ့နောက်ဆက်တွဲရလဒ်တွေကဘာလဲ။ ( What are the consequences of this? )
အကျိုးသက်ရောက်မှုတွေကဘာလဲ။
ဥပမာ တစ်ခါတစ်လေ ဆရာတွေက What is the impact of this event in U.S history?
စတဲ့မေးခွန်းတွေကို အက်ဆေးအနေနဲ့ ရေးခိုင်းလေ့ရှိပါသည်။

ဒီစာထဲကနေ ဘာတွေများ ချန်ထားခဲ့လဲ။
ဘာတွေ ထည့်လိုက်ရင် ပိုပြီးတော့ ပြည့်စုံသွားမလဲ။

သက်သေအထောက်အထားတွေက ယုံကြည်မှုရနိုင်ရဲ့လား။
ခိုင်လုံမှုရှိရဲ့လား။
 စာရေးဆရာကဘယ်သူလဲ။
စာရေးဆရာက  သူပြောတာကိုယုံကြည်လာအောင် ခံစားချက်နည်းလမ်း ( ဝမ်းနည်းလာအောင် ၊ ဒေါသထွက်လာအောင် ) စတဲ့ စာရေးနည်းတွေကို သုံးလား။

စာရေးဆရာ ယုံကြည်ချက်ကဘာလဲ။
သမိုင်း ၊ နိုင်ငံရေး စာတွေမှာဆိုရင် စာရေးဆရာက liberal democracy လား ၊ Communism လား - အလုပ်သမားဘက်ကနေလိုက်ပြီး လုပ်ငန်းရှင်တွေကိုမုန်းတဲ့သူလား ၊ လုပ်ငန်းရှင်တွေနဲ့အစိုးရပူးပေါင်းပြီး လုပ်နေတာဆိုတာကို ယုံကြည်တဲ့သူလား ။
ဒီလို ယုံကြည်ချက်တွေကို ငါဒါကိုယုံကြည်တယ်လို့ အတိအကျမရေးထားပေမဲ့ သေချာလိုက်ဖတ်ရင် အသုံးအနှုန်းတွေ ရပ်တည်မှုတွေ ဘက်လိုက်မှုတွေကိုကြည့်ပြီး တန်းသိနိုင်ပါသည်။
 ၃ ကြိမ်ဖတ်ပါ
ပထမအကြိမ် - အဓိကအကြောင်းအရာကိုရှာပါ။
ဒုတိယအကြိမ် - ပထမအကြိမ်မှာ လွတ်သွားတဲ့ အသေးစိတ်အချက်အလက်တွေကိုလိုက်ရှာပါ။ သက်သေအထောက်အထားတွေကို လိုက်မှတ်ပါ။
တတိယအကြိမ် - main argument လို့ခေါ်တဲ့ အဓိက စာရေးဆရာရဲ့ အမြင်ကို မျဉ်းတားထားပါ။
ပြန်ဖတ်ပါ။ သူကဘာလို့ ဒီလို ထင်မြင်လဲဆိုတာကို မေးပါ။ ဘယ်လို ကိုးကားချက်တွေသုံးထားလဲဆိုတာ လိုက်လေ့လာပါ။ မေးခွန်းထုတ်ပါ။
ကိုယ့်မှာရှိတဲ့ နားမလည်တာတွေ ချရေးပါ။
စိတ်ဝင်စားတာတွေ ချရေးပါ။ သိချင်တာတွေ ချရေးပါ။
ဒီစာရေးဆရာက argue effectively and coherently (  ထိရောက်စွာနဲ့  ဘာကြောင့်ဖြစ်တယ်..ဘာကြောင့်ဖြစ်တယ်..သက်သေအထောက်အထား ခိုင်မာစွာနဲ့  ထင်မြင်ချက်ကို
ပိုင်ပိုင်နိုင်နိုင် တင်ပြနိုင်လား )

ကိုးကားချက်များကိုဖတ်ရှုခြင်း
အက်ဆေးတွေ ၊ သုတေသန သမိုင်းစာတမ်းတွေနောက်မှာ ၊ business စာအုပ်တွေနောက်မှာလည်း
Bibliography လို့ခေါ်တဲ့ ကိုးကားချက်တွေရှိပါတယ်
ဒီကိုးကားချက်တွေကို လိုက်ဖတ်ပါ။
စာအုပ်နာမည်တွေ ၊ တစ်ခြား ဆောင်းပါးနာမည်တွေကို Google မှာလိုက်ရှာပါ။
Library database မှာလိုက်ရှာပါ။
ပြီးရင်ဖတ်ပါ။
ဒီလိုဆိုရင် ဒီအကြောင်းအရာနဲ့ဆိုင်တဲ့  ပိုပြီးနက်နဲတဲ့ ၊ ပိုပြီးကျယ်ပြန့်တဲ့ အသိပညာကို ရရှိပါတယ်။

Creative Thinking and Imagination
စာဖတ်ပြီးတဲ့အခါ စာတဲ့ကအကြောင်းအရာတွေကို စိတ်ကူးယဉ်ကြည့်ပါ။
ကျွန်တော်ဆို အလိုလို စာဖတ်တာနဲ့ စိတ်ကူးယဉ်မိသည်။

စိတ်ကူးယဉ်ချင်းသည် ပိုမိုနားလည်စေသည်။

Idea 2 ခု ကို ပေါင်းပြီး အသစ်တစ်ခုရလာမလားလို စဉ်းစားကြည့်ပါ။

ဥပမာ ကား နဲ့ လေယာဉ်ပျံကိုပေါင်းကြည့်ပါ။

ဘာထွက်လာမလဲ

ကားမှာ ဘီးပါတယ် မြေပြင်မှာမောင်းတယ်
လေယာဉ်ပျံက ကောင်းကင်ပေါ်မှာ ပျံတယ်

နှစ်ခုကိုပေါင်းလိုက်တဲ့အခါ

မြေပြင်မှာမောင်းတယ် + ပျံတယ်

အဖြေက ကားပျံ flying car

မြေပြင်မှာလည်း မောင်းနိုင်တယ် တစ်ချိန်ထဲမှာလည်း မိုးပေါ်ကို လေယာဉ်လိုပျံနိုင်တယ်

ဒီ concept က အခုလက်ရှိတွင် uber ကနေ အကောင်အထည်ဖော်နေပါပြီ

https://www.youtube.com/watch?v=VRZNLBL7Px4

ကားနဲ့ သင်္ဘောကိုပေါင်းကြည့်ပါ

မြေပေါ်မှာမောင်းခြင်း + ရေထဲတွင်သွားခြင်း

Carship လို့ခေါ်တဲ့ တီထွင်မှုကို့ရတယ်

ကားနဲ့ ရေအောက်မှာသွားတဲ့ submarine ကိုပေါင်းကြည့်ပါ

မြေပေါ်မှာမောင်းခြင်း + ရေအောက်ထဲမှာသွားခြင်း

Carmarine လို့ခေါ်တဲ့ ရေထဲရောက်သွားရင် submarine ဖြစ်သွားတဲ့ တီထွင်မှုကိုရတယ်

ဒီ carmarine ကို James Bond ရုပ်ရှင်ကားထဲတွင် တွေ့နိုင်သည်

မြေပြင်ပေါ်မှာ မောင်းနေတဲ့ ပြိုင်ကားကနေ ရေထဲရောက်သွားတော့ ဘီးတွေက အထဲဝင်ပြီး submarine နောက်ကနေပါတဲ့ ပန်းကာ က ကားနောက်ကနေ ထွက်လာတယ်။

အမေရိကားက ဘာလို့တီထွင်မှုတွင် ဦးဆောင်နိုင်လဲဆို‌တော့ တီထွင်ကြံဆမှုညဏ်နဲ့ နက်နဲတဲ့နားလည်မှုကို လေ့ကျင့်ပေးလို့ဖြစ်ပါသည်။

ဒီအတိုင်းပဲ စာထဲက အတွေးအခေါ် ၂ ခု ကိုပေါင်းကြည့်ပါ

အတွေးအခေါ်အသစ် တစ်ခု (သို့) ပိုပြီးတော့ ရှာဖွေမှုအသစ်တစ်ခုကို ရလာလိမ့်မယ်

Synthesis လို့ခေါ်တဲ့ idea တွေကို ပေါင်းပြီး နောက်ထပ် idea အသစ်တစ်ခုရလာအောင် စဉ်းစားပါ။

လုံးဝ အသစ်ကြီးလို့ခေါ်လို့မရပေမဲ့  မျိုးစုံသုံးလို့ရတဲ့ ပိုပြီးအသုံးဝင်တဲ့ တီထွင်ကြဆံမှုကိုရလာမှာဖြစ်ပါသည်။

ကိုးကားချက်များ 
Padget, Steve, ed. Creativity and Critical Thinking. London: Taylor & Francis Group, 2012.
https://www.esc.edu/online-writing-center/resources/critical-reading-writing/general-reading/interpreting-texts-asking-questions/
https://www.ucl.ac.uk/ioe-writing-centre/critical-reading-and-writing/critical-reading-questions
https://writing.colostate.edu/guides/page.cfm?pageid=632&guideid=31

No comments: