Friday, May 1, 2020

ဘဲေပါင္းကင္ - ပုစြန္ခ်ဥ္သုပ္ - စီခြ်မ္႔ ခ်ဥ္စပ္ ဟင္းခ်ဳိ

ဘဲေပါင္းကင္
--------------------


 ဘဲကင္ဆိုရင္ လူႀကိဳက္လည္း အလြန္မ်ားသလို ဆိုင္ေတြမွာ ေဈးႀကီးေပးၿပီး ဝယ္စားၾကရပါတယ္။ အခ်ိဳ့စားဖူးတာဆိုရင္ အျပင္မွာပဲ အရသာရွိၿပီး အထဲက အရသာေပါ့ တာမ်ိဳးလည္း ၾကဳံရလို့ ဒီတစ္ခါမွာေတာ့ ဘဲကို အထဲအထိ အရသာလည္း ဝင္ေအာင္  ဘယ္လိုအလြယ္တကူ ကင္မလဲဆိုတာေလး ျပေပးခ်င္ပါတယ္ေနာ္။

ပါဝင္ပစၥည္းမ်ား
• ဘဲ  -  ၁ ေကာင္
• ဆီ  -  စားပြဲဇြန္း ၂ ဇြန္း
• ခ်င္း  -  ၅ ျပား
• ၾကက္သြန္ျဖဴ  -  ၆ ႁမႊာ
• သၾကား  -  စားပြဲဇြန္း ၁ ဇြန္း
• တ႐ုတ္ဟင္းခ်က္ဝိုင္  -  ၁/၂ ခြက္
• ပဲငံျပာရည္အေနာက္  -  စားပြဲဇြန္း ၁  ၁/၂ ဇြန္း
• ပဲငံျပာရည္အၾကည္  -  ၁/၄ ခြက္
• ဆန္ရွလကာရည္  -  စားပြဲဇြန္း ၃ ဇြန္း
• နာနတ္ပြင့္  -  ၃ ခု
• ေလးညႇင္း  -  ၆ ခု
• ကရေဝး  -  ၃ ရြက္
• င႐ုတ္ေကာင္းေစ့  -  ၁၂ ေစ့
• လိေမၼာ္ခြံ  -  ၅ ခု
• ေရ  -  ၄ ခြက္
• ပ်ားရည္  -  စားပြဲဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း
၁။ ဘဲကင္ဖို့အတြက္ ဘဲကို အူကလီစာမ်ား ရွင္းထုတ္ၿပီး သန႔္စင္ထားပါ။
၂။ ဒယ္အိုးတစ္လုံးထဲ ဆီထည့္ၿပီး အပူေပးထားပါ။ ဆီကို အိုးထဲ ႏွံ့စပ္သြားေအာင္ လွည့္ေပးၿပီး ဘဲအေကာင္လိုက္ကို ေမွာက္ထည့္ကာ အေရာင္ေျပာင္းလာသည္အထိ ဆီပူမ်ားကို အိုးနဲ႔ မထိတဲ့ ဘဲသားရဲ့  အစိတ္အပိုင္းမ်ားအေပၚမွာ ေလာင္းေပးပါ။
၃။ မူလထည့္ထားေသာ ဆီထက္ ဘဲသားမွ ဆီမ်ား ပိုထြက္လာမွာ ျဖစ္ပါတယ္။ ႏွံ့စပ္ေအာင္ အိုးကင္းပူတိုက္ၿပီးလၽွင္ မီးပိတ္ၿပီး ဆယ္ယူထားပါ။
၄။ ၿပီးလၽွင္ ဘဲအေကာင္လိုက္ ဆံ့မည့္ အိုးႀကီးႀကီးတစ္လုံးထဲ မီးအပူေပးထားၿပီး ဘဲကို အိုးကင္းပူ တိုက္မွ ထြက္ေသာ ဆီ ၃ ဇြန္းခန႔္ကို ယူၿပီး ခ်င္း၊ ၾကက္သြန္ျဖဴမ်ားႏွင့္ ၁ မိနစ္ခန႔္ ဆီသတ္ပါ။ ၿပီးလၽွင္ သၾကားထည့္ေမႊ၍ စကၠန႔္ပိုင္းအတြင္း တ႐ုတ္ဟင္းခ်က္ဝိုင္၊ ပဲငံျပာရည္အၾကည္၊ ပဲငံျပာရည္အေနာက္၊ ရွလကာရည္၊ ေလးညႇင္း၊ နာနတ္ပြင့္၊ ကရေဝး၊ င႐ုတ္ေကာင္းေစ့ႏွင့္ လိေမၼာ္ခြံတို့ကိုထည့္ၿပီး ေရ ၃ ခြက္ခန႔္ ထည့္ေမႊပါ။
၅။ ၿပီးလၽွင္ အဲဒီေဆာ့စ္အရည္ထဲ ဘဲအေကာင္လိုက္ထည့္၍ အဖုံးအုပ္ၿပီး မိနစ္ ၆၀ ခန႔္ ေပါင္းပါ။
၆။ မီးေအးေအးထားရမည္ျဖစ္ၿပီး ၁၀ မိနစ္ တစ္ႀကိမ္ ဘဲကို အထက္ေအာက္ လွန္ေပးပါ။
၇။ အခ်ိန္ျပည့္လၽွင္ ဘဲကို  အသာအယာဆယ္ယူ၍ ကင္မည့္ ဆန္ခါပါေသာ ဗန္းေပၚတင္ၿပီး ပ်ားရည္ႏွင့္ ေရအနည္းငယ္ေရာထားတာကို စုတ္တံျဖင့္ ႏွံ့စပ္စြာ သုတ္လိမ္းပါ။
၈။ ၿပီးလၽွင္ Oven မွာ ၁၅-၂၀ မိနစ္ခန႔္ အပူခ်ိန္ 125˚F မီးေအးေအးျဖင့္ အေပၚယံ အေရခြံျြကပ္ လာေအာင္ ကင္ေပးပါ။
၉။ အခ်ိန္ျပည့္လၽွင္ ကင္စက္မွထုတ္ယူၿပီး ၁၀ မိနစ္ခန႔္ အေအးခံ၍ လိုသလို ပိုင္းျဖတ္ၿပီး တည္ခင္းသုံးေဆာင္နိုင္ပါၿပီ။
--------------------------------------------
ေမၿဖိဳးသီ


ပါဝင်ပစ္စည်းများ
• ဘဲ  -  ၁ ကောင်
• ဆီ  -  စားပွဲဇွန်း ၂ ဇွန်း
• ချင်း  -  ၅ ပြား
• ကြက်သွန်ဖြူ  -  ၆ မြွှာ
• သကြား  -  စားပွဲဇွန်း ၁ ဇွန်း
• တရုတ်ဟင်းချက်ဝိုင်  -  ၁/၂ ခွက်
• ပဲငံပြာရည်အနောက်  -  စားပွဲဇွန်း ၁  ၁/၂ ဇွန်း
• ပဲငံပြာရည်အကြည်  -  ၁/၄ ခွက်
• ဆန်ရှလကာရည်  -  စားပွဲဇွန်း ၃ ဇွန်း
• နာနတ်ပွင့်  -  ၃ ခု
• လေးညှင်း  -  ၆ ခု
• ကရဝေး  -  ၃ ရွက်
• ငရုတ်ကောင်းစေ့  -  ၁၂ စေ့
• လိမ္မော်ခွံ  -  ၅ ခု
• ရေ  -  ၄ ခွက်
• ပျားရည်  -  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
၁။ ဘဲကင်ဖို့အတွက် ဘဲကို အူကလီစာများ ရှင်းထုတ်ပြီး သန့်စင်ထားပါ။
၂။ ဒယ်အိုးတစ်လုံးထဲ ဆီထည့်ပြီး အပူပေးထားပါ။ ဆီကို အိုးထဲ နှံ့စပ်သွားအောင် လှည့်ပေးပြီး ဘဲအကောင်လိုက်ကို မှောက်ထည့်ကာ အရောင်ပြောင်းလာသည်အထိ ဆီပူများကို အိုးနဲ့ မထိတဲ့ ဘဲသားရဲ့  အစိတ်အပိုင်းများအပေါ်မှာ လောင်းပေးပါ။
၃။ မူလထည့်ထားသော ဆီထက် ဘဲသားမှ ဆီများ ပိုထွက်လာမှာ ဖြစ်ပါတယ်။ နှံ့စပ်အောင် အိုးကင်းပူတိုက်ပြီးလျှင် မီးပိတ်ပြီး ဆယ်ယူထားပါ။
၄။ ပြီးလျှင် ဘဲအကောင်လိုက် ဆံ့မည့် အိုးကြီးကြီးတစ်လုံးထဲ မီးအပူပေးထားပြီး ဘဲကို အိုးကင်းပူ တိုက်မှ ထွက်သော ဆီ ၃ ဇွန်းခန့်ကို ယူပြီး ချင်း၊ ကြက်သွန်ဖြူများနှင့် ၁ မိနစ်ခန့် ဆီသတ်ပါ။ ပြီးလျှင် သကြားထည့်မွှေ၍ စက္ကန့်ပိုင်းအတွင်း တရုတ်ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ ရှလကာရည်၊ လေးညှင်း၊ နာနတ်ပွင့်၊ ကရဝေး၊ ငရုတ်ကောင်းစေ့နှင့် လိမ္မော်ခွံတို့ကိုထည့်ပြီး ရေ ၃ ခွက်ခန့် ထည့်မွှေပါ။
၅။ ပြီးလျှင် အဲဒီဆော့စ်အရည်ထဲ ဘဲအကောင်လိုက်ထည့်၍ အဖုံးအုပ်ပြီး မိနစ် ၆၀ ခန့် ပေါင်းပါ။
၆။ မီးအေးအေးထားရမည်ဖြစ်ပြီး ၁၀ မိနစ် တစ်ကြိမ် ဘဲကို အထက်အောက် လှန်ပေးပါ။
၇။ အချိန်ပြည့်လျှင် ဘဲကို  အသာအယာဆယ်ယူ၍ ကင်မည့် ဆန်ခါပါသော ဗန်းပေါ်တင်ပြီး ပျားရည်နှင့် ရေအနည်းငယ်ရောထားတာကို စုတ်တံဖြင့် နှံ့စပ်စွာ သုတ်လိမ်းပါ။
၈။ ပြီးလျှင် Oven မှာ ၁၅-၂၀ မိနစ်ခန့် အပူချိန် 125˚F မီးအေးအေးဖြင့် အပေါ်ယံ အရေခွံြွကပ် လာအောင် ကင်ပေးပါ။
၉။ အချိန်ပြည့်လျှင် ကင်စက်မှထုတ်ယူပြီး ၁၀ မိနစ်ခန့် အအေးခံ၍ လိုသလို ပိုင်းဖြတ်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။
--------------------------------------------
မေဖြိုးသီ

ပုစြန္ခ်ဥ္သုပ္


ပုစြန္ခ်ဥ္.............၁ ထုပ္
ၾကက္သြန္နီ.........၂လုံး
င႐ုတ္သီးစိမ္း.......၃ ေတာင့္
ပင္စိမ္း...............၂ ခက္

ၾကက္သြန္နီ ကို ပါးပါးေလးလွီးၿပီး ေရစင္ေအာင္ေဆးပါ။

င႐ုတ္သီးစိမ္း ၊ ပင္စိမ္းရြက္ေတြကိုလည္းသင့္ေတာ္သလို လွီးေႁခြပါ။

ပုစြန္ခ်ဥ္ကို ပါးပါးေလး လွီးၿပီးဇလုံထဲထည့္ပါ။

ၾကက္သြန္နီ ၊ ပင္စိမ္း ၊ င႐ုတ္သီးစိမ္းထည့္ၿပီး၊
အရသာမႈန္႔ ၊ ဆီစိမ္းေလးေလာင္းကာခပ္ဖြဖြေလး
နယ္ပါ။

ပုစွန်ချဉ်.............၁ ထုပ်
ကြက်သွန်နီ.........၂လုံး
ငရုတ်သီးစိမ်း.......၃ တောင့်
ပင်စိမ်း...............၂ ခက်

ကြက်သွန်နီ ကို ပါးပါးလေးလှီးပြီး ရေစင်အောင်ဆေးပါ။

ငရုတ်သီးစိမ်း ၊ ပင်စိမ်းရွက်တွေကိုလည်းသင့်တော်သလို လှီးခြွေပါ။

ပုစွန်ချဉ်ကို ပါးပါးလေး လှီးပြီးဇလုံထဲထည့်ပါ။

ကြက်သွန်နီ ၊ ပင်စိမ်း ၊ ငရုတ်သီးစိမ်းထည့်ပြီး၊
အရသာမှုန့် ၊ ဆီစိမ်းလေးလောင်းကာခပ်ဖွဖွလေး
နယ်ပါ။

စီခြ်မ္႔ ခ်ဥ္စပ္ ဟင္းခ်ဳိ
---------------------------------------


တျခား စီခြ်မ္႔ခ်က္နည္းေတြနဲ႔ မတူပဲ ဒီခ်ဥ္စပ္ ဟင္းခ်ဳိမွာ ခ်ဥ္တဲ႔အရသာကို ဗီနီကာေၾကာင္႔ ရရွိတာ ျဖစ္ပါတယ္။ စီခြ်မ္႔ နံမည္ၾကီး ဟင္းခ်ဳိတစ္ခုျဖစ္တဲ႔ ခ်ဥ္စပ္ဟင္းခ်ဳိထဲမွာ ၾကက္သား၊ ၾကြက္နားရြက္မွုိ၊ တုိ႔ဟူး၊ မွ်စ္ အစံုနဲ႔ အရမ္းေသာက္လုိ႔ ေကာင္းမြန္ပါတယ္။
---------------------------------------
ပါ၀င္ပစၥည္းမ်ား

    ၾကက္ရင္ဗံု – ၁ခု (က်က္ေအာင္ျပဳတ္ျပီ အသားႏႊင္းထားပါ)
    ငရုတ္သီးနီ – ၃ေတာင္႔(ႏွုတ္ႏွုတ္စဥ္းပါ)
    ပဲျပား(သုိ႔)တုိ႔ဟူး – ၁တံုး (အရွည္ပါးပါးလွီးပါ(သို႔) အတံုးေလးမ်ား တံုးပါ)

    မွ်စ္ – ၂ခု (အရွည္ပါးပါးလွီးပါ)
    ၾကြက္နားရြက္မွုိ – လက္တဆုပ္စာ (ေရစိမ္ထားျပီ ပါးပါးလွီးေပးပါ)
    ေရ(သုိ႔)ၾကက္ျပဳတ္ရည္ – ၆ခြက္
    ဂ်င္း – ၃ျပား
    ဆား – လက္ဖက္ရည္ဇြန္း ၁ဇြန္း
    သၾကား – လက္ဖက္ရည္ဇြန္း ၁ဇြန္း
    ၾကက္သားမွုန္႔ – လက္ဖက္ရည္ဇြန္း ၁ဇြန္းခြဲ
    ပဲငံျပာရည္(အၾကည္) – စားပြဲတင္ဇြန္း ၂ဇြန္း
    ဗီနီကာ – စားပြဲတင္ဇြန္း ၂ဇြန္း
    နွမ္းဆီ – လက္ဖက္ရည္ဇြန္း ၁ဇြန္း
    ငရုတ္ေကာင္းမွုန္႔ – အနည္းငယ္
    ငရုတ္သီး ဆီခ်က္ – စားပြဲတင္ဇြန္း ၁ဇြန္း
    ေကာ္မွုန္႔ – စားပြဲတင္ဇြန္း ၁ဇြန္းခြဲ (ေရအနည္းငယ္ျဖင္႔ ေရာေမႊထားပါ)
    ၾကက္ဥ – ၁လံုး (ခေလာက္ထားပါ)
    တရုတ္ နံနံပင္ – အနည္းငယ္ (ပါးပါးလွီးပါ)
---------------------------------------
ခ်က္ျပဳတ္နည္း

၁။ ဒယ္ထဲ ေရ(၆ခြက္) ထည္႔ျပီ ဆူေအာင္ တည္ထားပါ။ ဆူလာလွ်င္ ဂ်င္း၊ ငရုတ္သီးနီ ထည္႔ေပးပါ။

၂။ ျပီမွ် မွ်စ္၊ ၾကြက္နားရြက္မွို ထည္႔ေပးျပီ ၾကက္သား ထည္႔ပါ။

၃။ အရသာအတြက္ ဆား၊ ၾကက္သားမွုန္႔၊ သၾကား၊ ပဲငံျပာရည္၊ ဗီနီကာ၊ နွမ္းဆီ ထည္႔ေရာေမႊပါ။

၄။ အရသာ ျမည္းၾကည္႔လို႔ အေနေတာ္လွ်င္ ေကာ္ရည္ထည္႔ကာ ေရာေမႊပါ။

၅။ ေကာ္ရည္ ဆူလာမွ ခေလာက္ထားေသာ ၾကက္ဥကို ျဖည္းျဖည္း ထည္႔ျပီ တူျဖင္႔ ေရာေမႊေပးပါ။

၆။ အေပၚမွ ငရုတ္သီး ဆီခ်က္၊ ငရုတ္ေကာင္း၊ ၾကက္သြန္ျမိတ္(သို႔)နံနံပင္ ျဖဴးေပးျပီ အရသာရွိစြာ သံုးေဆာင္လုိ႔ရပါျပီ…
---------------------------------------
Wutyee Food House
---------------------------------------


စီချွမ့် ချဉ်စပ် ဟင်းချို
---------------------------------------
တခြား စီချွမ့်ချက်နည်းတွေနဲ့ မတူပဲ ဒီချဉ်စပ် ဟင်းချိုမှာ ချဉ်တဲ့အရသာကို ဗီနီကာကြောင့် ရရှိတာ ဖြစ်ပါတယ်။ စီချွမ့် နံမည်ကြီး ဟင်းချိုတစ်ခုဖြစ်တဲ့ ချဉ်စပ်ဟင်းချိုထဲမှာ ကြက်သား၊ ကြွက်နားရွက်မှို၊ တို့ဟူး၊ မျှစ် အစုံနဲ့ အရမ်းသောက်လို့ ကောင်းမွန်ပါတယ်။
---------------------------------------
ပါဝင်ပစ္စည်းများ

    ကြက်ရင်ဗုံ – ၁ခု (ကျက်အောင်ပြုတ်ပြီ အသားနွှင်းထားပါ)
    ငရုတ်သီးနီ – ၃တောင့်(နှုတ်နှုတ်စဉ်းပါ)
    ပဲပြား(သို့)တို့ဟူး – ၁တုံး (အရှည်ပါးပါးလှီးပါ(သို့) အတုံးလေးများ တုံးပါ)

    မျှစ် – ၂ခု (အရှည်ပါးပါးလှီးပါ)
    ကြွက်နားရွက်မှို – လက်တဆုပ်စာ (ရေစိမ်ထားပြီ ပါးပါးလှီးပေးပါ)
    ရေ(သို့)ကြက်ပြုတ်ရည် – ၆ခွက်
    ဂျင်း – ၃ပြား
    ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
    သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
    ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
    ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
    ဗီနီကာ – စားပွဲတင်ဇွန်း ၂ဇွန်း
    နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
    ငရုတ်ကောင်းမှုန့် – အနည်းငယ်
    ငရုတ်သီး ဆီချက် – စားပွဲတင်ဇွန်း ၁ဇွန်း
    ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ (ရေအနည်းငယ်ဖြင့် ရောမွှေထားပါ)
    ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
    တရုတ် နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
---------------------------------------
ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ရေ(၆ခွက်) ထည့်ပြီ ဆူအောင် တည်ထားပါ။ ဆူလာလျှင် ဂျင်း၊ ငရုတ်သီးနီ ထည့်ပေးပါ။

၂။ ပြီမျှ မျှစ်၊ ကြွက်နားရွက်မှို ထည့်ပေးပြီ ကြက်သား ထည့်ပါ။

၃။ အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ သကြား၊ ပဲငံပြာရည်၊ ဗီနီကာ၊ နှမ်းဆီ ထည့်ရောမွှေပါ။

၄။ အရသာ မြည်းကြည့်လို့ အနေတော်လျှင် ကော်ရည်ထည့်ကာ ရောမွှေပါ။

၅။ ကော်ရည် ဆူလာမှ ခလောက်ထားသော ကြက်ဥကို ဖြည်းဖြည်း ထည့်ပြီ တူဖြင့် ရောမွှေပေးပါ။

၆။ အပေါ်မှ ငရုတ်သီး ဆီချက်၊ ငရုတ်ကောင်း၊ ကြက်သွန်မြိတ်(သို့)နံနံပင် ဖြူးပေးပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…
---------------------------------------
Wutyee Food House
---------------------------------------

No comments: