Friday, May 15, 2020

ဆိတ္ပဲမၽွစ္ဟင္းခ်ိဳ - မန္က်ည္းသီးေတာင့္ေၾကာ္ - ဆီခ်က္သေဘၤာသီးသုပ္ -ေျပာင္းဖူးေၾကာ္

ဆိတ်ပဲမျှစ်ဟင်းချို
-------------------------


ဆိတ်ပဲမျှစ်ဟင်းချိုကို မျှစ်ချဉ်နဲ့လည်း ချက်လို့ရသလို ဆိတ်သားအသား၊ အမဲသားနဲ့လည်း ချက်နိုင်ပါသေးတယ်။ လူသိနည်းတဲ့ ဟင်းတစ်ခွက်ဖြစ်ပေမယ့် အခုနောက်ပိုင်း မှာတော့ ဆိုင်တော်တော်များမှာ ဒီဟင်းကို တွေ့နေရပါပြီ။

ပါဝင်ပစ္စည်းများ
ဆိတ်သား  –  ၄ဝဝ ဂရမ်
ဆိတ်ရိုး  –  ၃၂၀ ဂရမ်
ကုလားပဲ  –  ၁၅၀ ဂရမ်
ကုလားပဲပြုတ်ရန် ရေ  –  ၁ လီတာ
မျှစ်  –  ၂၅၀ ဂရမ် ( ပြုတ်ပြီးသား)
ဆား  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
အသားမှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်သွန်နီ  –  ၁၅၀ ဂရမ်
ကြက်သွန်ဖြူ  –  ၅၀ ဂရမ်
ချင်း  –  ၃၅ ဂရမ်
ငရုတ်သီးအရောင်တင်မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း
ဆီ  –  စားပွဲဇွန်း ၄ ဇွန်း
ရေ  –  ၁.၂ လီတာ
နနွင်းမှုန့်  –  အနည်းငယ်

ပြုလုပ်နည်း
၁။       ကုလားပဲကို ရေဆေးပြီး ရေ ၁ လီတာနဲ့ ပြုတ်ပါ။
၂။       ကြက်သွန်နီကို ပါးပါးလှီးပြီး ချင်းနှင့် ကြက်သွန်ဖြူကို ထောင်းထားပါ။
၃။       ထို့နောက် အိုးကြီးတစ်အိုးထဲ ဆီထည့်ပါ။ ဆီပူလျှင် ကြက်သွန်နီနှင့် ထောင်းထားတဲ့ ကြက်သွန်ဖြူကို ဆီသတ်ပါ။
၄။       အနံ့မွှေးလာလျှင် နနွင်းမှုန့်နှင့် ငရုတ်သီးမှုန့်ထည့်ပြီး မွှေပါ။ ပြီးလျှင် ဆိတ်သားနှင့် ဆိတ်ရိုးထည့်ပြီး မွှေပါ။
၅။       ပြီးလျှင် ပြုတ်ထားတဲ့ ကုလားပဲနဲ့ ကုလားပဲပြုတ်ရည်ထည့်ပါ။ နောက်ထပ်ရေ ၁.၂ လီတာ ထပ်ဖြည့်ပြီး ဆူအောင် တည်ထားပါ။
၆။       ရေဆူလျှင် ဆားနှင့် အသားမှုန့်ထည့်ပါ။ မီးအရှိန်လျှော့၍ ဆက်ပြီး တည်ထားပါ။
၇။       ဆိတ်သားနူးခါနီးမှာ ပြုတ်ထားတဲ့ မျှစ်ထည့်ပြီး ဆိတ်သားနူးသည်အထိ ချက်ပါ။
----------------------------------
Myint Oo Tha

မန်ကျည်းသီးတောင့်ကြော်
-------------------------------


ပါဝင်ပစ္စည်းများ
• မန်ကျည်းသီးတောင့်  -  ၁ဝဝ ဂရမ်
• ငရုတ်သီးစိမ်း အနီ  -  ၁၀ တောင့်
• ငရုတ်သီးစိမ်း  -  ၁၅ တောင့်
• ပုစွန်ခြောက်မှုန့်  -  ၅၀ ဂရမ်
• ကြက်သွန်ဖြူ  -  ၂၀ ဂရမ်
• ငံပြာရည်  -  စားပွဲဇွန်း ၃ ဇွန်း
• စိမ်းစားငါးပိရည်  -  စားပွဲဇွန်း ၃ ဇွန်း
• ဆီ  -  စားပွဲဇွန်း ၅ ဇွန်း
• သကြား  -  လက်ဖက်စားဇွန်း ၁ ဇွန်း
• ကြက်သွန်နီ  -  ၇၀ ဂရမ်
• ငရုတ်သီးအကြမ်းဖတ်  -  ၁၀ ဂရမ်

ပြုလုပ်နည်း
၁။ မန်ကျည်းသီးတောင့်များကို ငရုတ်ဆုံထဲထည့်ပြီး ညက်နေအောင် ထောင်းပါ။
၂။ ဒယ်အိုးထဲ ဆီထည့်၍ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကိုထည့်ပြီး ဆီသတ်ပါ။ အနည်းငယ် နွမ်းလာပြီဆိုလျှင် ငရုတ်သီးအကြမ်းဖတ်နှင့် ပုစွန်ခြောက်မှုန့်ကို ထည့်ပြီး မွှေပါ။ ပြီးလျှင် ငံပြာရည်၊ စိမ်းစားငါးပိရည်နှင့် သကြားတို့ကို ထည့်ပါ။
၃။ ပြီးလျှင် ထောင်းထားတဲ့ မန်ကျည်းသီးတောင့်နှင့် ငရုတ်သီးစိမ်း/အနီတို့ကို ထည့်ပြီး ၂-၃ မိနစ်ခန့် ကြော်လိုက်လျှင် အရသာရှိတဲ့ မန်ကျည်းသီးတောင့်ကြော်လေးကို ရရှိပါပြီ။
--------------------------------
Htain Lin Maung

ဆီချက်သင်္ဘောသီးသုပ်
------------------------------


ပါဝင်ပစ္စည်းများ
• သင်္ဘောသီး  -  ၂ဝဝ ဂရမ်
• ကြက်သွန်နီ  -  ၃၅ ဂရမ်
• မြေပဲ  -  ၃၀ ဂရမ်
• ငံပြာရည်  -  စားပွဲဇွန်း ၁  ၁/၂ ဇွန်း
• ပုစွန်ခြောက်မှုန့်  -  ၁၀ ဂရမ်
• ဆီ  -  စားပွဲဇွန်း ၃ ဇွန်း
• သံပရာသီး  -  ၁ ခြမ်း
• မုန်လာဥနီ  -  ၄၀ ဂရမ်
• ငရုတ်သီးအစိမ်းမှုန့်  -  စားပွဲဇွန်း ၁ ဇွန်း
• ငရုတ်သီးစိမ်း  -  ၅ တောင့်
• ပုစွန်ခြောက်  -  ၂၀ ဂရမ်

ပြုလုပ်နည်း
၁။ သင်္ဘောသီးကို အခွံနွှာ၍ ရေဆေးပြီး ခြစ်ဖြင့် ခြစ်ထားပါ။
၂။ ကြက်သွန်နီကို အခွံနွှာ၍ ရေဆေးပြီး ပါးပါးလှီးထားပါ။ အိုးထဲ ဆီထည့်ပြီး ပါးပါးလှီး ထားသော ကြက်သွန်နီများကို ထည့်ကြော်ပါ။ ကြက်သွန်များ ရွှေညိုရောင်သန်းလာ လျှင် သီးသန့်ဆယ်ယူပြီး  မီးပိတ်၍ အပူငွေ့ကျန်နေသော ဆီထဲ ငရုတ်သီးအစိမ်းမှုန့် များ ထည့်ပြီး ဆီချက်အနီချက်ပါ။
၃။ ငရုတ်သီးစိမ်းကို ပါးပါးလှီးပါ။ မုန်လာဥနီကို အခွံနွှာပြီး ခြစ်ဖြင့် ခြစ်ထားပါ။
၄။ ဇလုံတစ်လုံးထဲ ခြစ်ထားသော သင်္ဘောသီးများ ထည့်ပြီး ချက်ထားသော ဆီချက်အနီ များ ထည့်ပါ။ ပါးပါးလှီးထားသော ငရုတ်သီးစိမ်းနှင့် ကြက်သွန်ကြော်များ ထည့်ပြီး ခြစ်ထားသော မုန်လာဥနီနှင့် ထောင်းထားသော မြေပဲများ ထည့်ပါ။ အရသာအတွက် ပုစွန်ခြောက်မှုန့်၊ ငံပြာရည်နှင့် သံပရာရည်တို့ကို ထည့်ပါ။ ပါဝင်ပစ္စည်းများအားလုံး ထည့်ပြီးလျှင် သမအောင် နယ်ပါ။
၅။ အရသာမြည်းပြီး ပုစွန်ခြောက်များဖြူးကာ သုံးဆောင်နိုင်ပါပြီ။
---------------------------------
Htain Lin Maung

ပြောင်းဖူးကြော်
------------------


ပါဝင်ပစ္စည်းများ
• ပြောင်းဖူး  -  ၁ ဖူး (ပြုတ်ပြီးသားကို ဓားနှင့်ခြစ်ပါ)
• ယိုးဒယားအကြော်မှုန့်  -  ထမင်းစားဇွန်း ၃ ဇွန်း
• ကြက်ဥ  -  ၁ လုံး
• ဆား  -  အနည်းငယ်
• ကြော်ရန် ဆီ

ပြုလုပ်နည်း
၁။ အကြော်မှုန့်ကို ဆား၊ ကြက်ဥတို့နှင့် နှံ့အောင် ပျစ်ပျစ်ဖျော်ထားပါ။
၂။ ခြစ်ထားသော ပြောင်းဖူးကို ထည့်မွှေပါ။
၃။ ဆီကို အကြော်မြုပ်အောင် ထည့်၍ အပူပေးပြီး ထမင်းစားဇွန်းဖြင့် အနေတော် ခပ်ထည့်ပါ။
၄။ ရွှေရောင်သန်းလာလျှင် ဆီစစ်ပြီး စားရန် အသင့်ဖြစ်ပါပြီ။
---------------------------

May's Healthy Food

(Zawgyi) 

ဆိတ္ပဲမၽွစ္ဟင္းခ်ိဳ
-------------------------
ဆိတ္ပဲမၽွစ္ဟင္းခ်ိဳကို မၽွစ္ခ်ဥ္နဲ႔လည္း ခ်က္လို့ရသလို ဆိတ္သားအသား၊ အမဲသားနဲ႔လည္း ခ်က္နိုင္ပါေသးတယ္။ လူသိနည္းတဲ့ ဟင္းတစ္ခြက္ျဖစ္ေပမယ့္ အခုေနာက္ပိုင္း မွာေတာ့ ဆိုင္ေတာ္ေတာ္မ်ားမွာ ဒီဟင္းကို ေတြ႕ေနရပါၿပီ။

ပါဝင္ပစၥည္းမ်ား
ဆိတ္သား  –  ၄၀ဝ ဂရမ္
ဆိတ္ရိုး  –  ၃၂၀ ဂရမ္
ကုလားပဲ  –  ၁၅၀ ဂရမ္
ကုလားပဲျပဳတ္ရန္ ေရ  –  ၁ လီတာ
မၽွစ္  –  ၂၅၀ ဂရမ္ ( ျပဳတ္ၿပီးသား)
ဆား  –  လက္ဖက္ရည္ဇြန္း ၂ ဇြန္း
အသားမွုန႔္  –  လက္ဖက္ရည္ဇြန္း ၂ ဇြန္း
ၾကက္သြန္နီ  –  ၁၅၀ ဂရမ္
ၾကက္သြန္ျဖဴ  –  ၅၀ ဂရမ္
ခ်င္း  –  ၃၅ ဂရမ္
င႐ုတ္သီးအေရာင္တင္မွုန႔္  –  စားပြဲဇြန္း ၁ ဇြန္း
ဆီ  –  စားပြဲဇြန္း ၄ ဇြန္း
ေရ  –  ၁.၂ လီတာ
နႏြင္းမွုန႔္  –  အနည္းငယ္

ျပဳလုပ္နည္း
၁။       ကုလားပဲကို ေရေဆးၿပီး ေရ ၁ လီတာနဲ႔ ျပဳတ္ပါ။
၂။       ၾကက္သြန္နီကို ပါးပါးလွီးၿပီး ခ်င္းႏွင့္ ၾကက္သြန္ျဖဴကို ေထာင္းထားပါ။
၃။       ထို့ေနာက္ အိုးႀကီးတစ္အိုးထဲ ဆီထည့္ပါ။ ဆီပူလၽွင္ ၾကက္သြန္နီႏွင့္ ေထာင္းထားတဲ့ ၾကက္သြန္ျဖဴကို ဆီသတ္ပါ။
၄။       အနံ့ေမႊးလာလၽွင္ နႏြင္းမွုန႔္ႏွင့္ င႐ုတ္သီးမွုန႔္ထည့္ၿပီး ေမႊပါ။ ၿပီးလၽွင္ ဆိတ္သားႏွင့္ ဆိတ္ရိုးထည့္ၿပီး ေမႊပါ။
၅။       ၿပီးလၽွင္ ျပဳတ္ထားတဲ့ ကုလားပဲနဲ႔ ကုလားပဲျပဳတ္ရည္ထည့္ပါ။ ေနာက္ထပ္ေရ ၁.၂ လီတာ ထပ္ျဖည့္ၿပီး ဆူေအာင္ တည္ထားပါ။
၆။       ေရဆူလၽွင္ ဆားႏွင့္ အသားမွုန႔္ထည့္ပါ။ မီးအရွိန္ေလၽွာ့၍ ဆက္ၿပီး တည္ထားပါ။
၇။       ဆိတ္သားႏူးခါနီးမွာ ျပဳတ္ထားတဲ့ မၽွစ္ထည့္ၿပီး ဆိတ္သားႏူးသည္အထိ ခ်က္ပါ။
----------------------------------
Myint Oo Tha

မန္က်ည္းသီးေတာင့္ေၾကာ္
-------------------------------
ပါဝင္ပစၥည္းမ်ား
• မန္က်ည္းသီးေတာင့္  -  ၁ဝဝ ဂရမ္
• င႐ုတ္သီးစိမ္း အနီ  -  ၁၀ ေတာင့္
• င႐ုတ္သီးစိမ္း  -  ၁၅ ေတာင့္
• ပုစြန္ေျခာက္မွုန႔္  -  ၅၀ ဂရမ္
• ၾကက္သြန္ျဖဴ  -  ၂၀ ဂရမ္
• ငံျပာရည္  -  စားပြဲဇြန္း ၃ ဇြန္း
• စိမ္းစားငါးပိရည္  -  စားပြဲဇြန္း ၃ ဇြန္း
• ဆီ  -  စားပြဲဇြန္း ၅ ဇြန္း
• သၾကား  -  လက္ဖက္စားဇြန္း ၁ ဇြန္း
• ၾကက္သြန္နီ  -  ၇၀ ဂရမ္
• င႐ုတ္သီးအၾကမ္းဖတ္  -  ၁၀ ဂရမ္

ျပဳလုပ္နည္း
၁။ မန္က်ည္းသီးေတာင့္မ်ားကို င႐ုတ္ဆုံထဲထည့္ၿပီး ညက္ေနေအာင္ ေထာင္းပါ။
၂။ ဒယ္အိုးထဲ ဆီထည့္၍ ၾကက္သြန္ျဖဴႏွင့္ ၾကက္သြန္နီကိုထည့္ၿပီး ဆီသတ္ပါ။ အနည္းငယ္ ႏြမ္းလာၿပီဆိုလၽွင္ င႐ုတ္သီးအၾကမ္းဖတ္ႏွင့္ ပုစြန္ေျခာက္မွုန႔္ကို ထည့္ၿပီး ေမႊပါ။ ၿပီးလၽွင္ ငံျပာရည္၊ စိမ္းစားငါးပိရည္ႏွင့္ သၾကားတို့ကို ထည့္ပါ။
၃။ ၿပီးလၽွင္ ေထာင္းထားတဲ့ မန္က်ည္းသီးေတာင့္ႏွင့္ င႐ုတ္သီးစိမ္း/အနီတို့ကို ထည့္ၿပီး ၂-၃ မိနစ္ခန႔္ ေၾကာ္လိုက္လၽွင္ အရသာရွိတဲ့ မန္က်ည္းသီးေတာင့္ေၾကာ္ေလးကို ရရွိပါၿပီ။
--------------------------------
Htain Lin Maung

ဆီခ်က္သေဘၤာသီးသုပ္
------------------------------

ပါဝင္ပစၥည္းမ်ား
• သေဘၤာသီး  -  ၂ဝဝ ဂရမ္
• ၾကက္သြန္နီ  -  ၃၅ ဂရမ္
• ေျမပဲ  -  ၃၀ ဂရမ္
• ငံျပာရည္  -  စားပြဲဇြန္း ၁  ၁/၂ ဇြန္း
• ပုစြန္ေျခာက္မွုန႔္  -  ၁၀ ဂရမ္
• ဆီ  -  စားပြဲဇြန္း ၃ ဇြန္း
• သံပရာသီး  -  ၁ ျခမ္း
• မုန္လာဥနီ  -  ၄၀ ဂရမ္
• င႐ုတ္သီးအစိမ္းမွုန႔္  -  စားပြဲဇြန္း ၁ ဇြန္း
• င႐ုတ္သီးစိမ္း  -  ၅ ေတာင့္
• ပုစြန္ေျခာက္  -  ၂၀ ဂရမ္

ျပဳလုပ္နည္း
၁။ သေဘၤာသီးကို အခြံႏႊာ၍ ေရေဆးၿပီး ျခစ္ျဖင့္ ျခစ္ထားပါ။
၂။ ၾကက္သြန္နီကို အခြံႏႊာ၍ ေရေဆးၿပီး ပါးပါးလွီးထားပါ။ အိုးထဲ ဆီထည့္ၿပီး ပါးပါးလွီး ထားေသာ ၾကက္သြန္နီမ်ားကို ထည့္ေၾကာ္ပါ။ ၾကက္သြန္မ်ား ေရႊညိဳေရာင္သန္းလာ လၽွင္ သီးသန႔္ဆယ္ယူၿပီး  မီးပိတ္၍ အပူေငြ႕က်န္ေနေသာ ဆီထဲ င႐ုတ္သီးအစိမ္းမွုန႔္ မ်ား ထည့္ၿပီး ဆီခ်က္အနီခ်က္ပါ။
၃။ င႐ုတ္သီးစိမ္းကို ပါးပါးလွီးပါ။ မုန္လာဥနီကို အခြံႏႊာၿပီး ျခစ္ျဖင့္ ျခစ္ထားပါ။
၄။ ဇလုံတစ္လုံးထဲ ျခစ္ထားေသာ သေဘၤာသီးမ်ား ထည့္ၿပီး ခ်က္ထားေသာ ဆီခ်က္အနီ မ်ား ထည့္ပါ။ ပါးပါးလွီးထားေသာ င႐ုတ္သီးစိမ္းႏွင့္ ၾကက္သြန္ေၾကာ္မ်ား ထည့္ၿပီး ျခစ္ထားေသာ မုန္လာဥနီႏွင့္ ေထာင္းထားေသာ ေျမပဲမ်ား ထည့္ပါ။ အရသာအတြက္ ပုစြန္ေျခာက္မွုန႔္၊ ငံျပာရည္ႏွင့္ သံပရာရည္တို့ကို ထည့္ပါ။ ပါဝင္ပစၥည္းမ်ားအားလုံး ထည့္ၿပီးလၽွင္ သမေအာင္ နယ္ပါ။
၅။ အရသာျမည္းၿပီး ပုစြန္ေျခာက္မ်ားျဖဴးကာ သုံးေဆာင္နိုင္ပါၿပီ။
---------------------------------
Htain Lin Maung

ေျပာင္းဖူးေၾကာ္
------------------
ပါဝင္ပစၥည္းမ်ား
• ေျပာင္းဖူး  -  ၁ ဖူး (ျပဳတ္ၿပီးသားကို ဓားႏွင့္ျခစ္ပါ)
• ယိုးဒယားအေၾကာ္မွုန႔္  -  ထမင္းစားဇြန္း ၃ ဇြန္း
• ၾကက္ဥ  -  ၁ လုံး
• ဆား  -  အနည္းငယ္
• ေၾကာ္ရန္ ဆီ

ျပဳလုပ္နည္း
၁။ အေၾကာ္မွုန႔္ကို ဆား၊ ၾကက္ဥတို့ႏွင့္ ႏွံ့ေအာင္ ပ်စ္ပ်စ္ေဖ်ာ္ထားပါ။
၂။ ျခစ္ထားေသာ ေျပာင္းဖူးကို ထည့္ေမႊပါ။
၃။ ဆီကို အေၾကာ္ျမဳပ္ေအာင္ ထည့္၍ အပူေပးၿပီး ထမင္းစားဇြန္းျဖင့္ အေနေတာ္ ခပ္ထည့္ပါ။
၄။ ေရႊေရာင္သန္းလာလၽွင္ ဆီစစ္ၿပီး စားရန္ အသင့္ျဖစ္ပါၿပီ။
---------------------------
May's Healthy Food

No comments: