Sunday, May 10, 2020

မူးယစ်ဆေးဝါးနဲ့ ထောင်ဖမ်းခြင်း/ခြောက်ချခံရခြင်း


မူးယစ်ဆေးဝါးဖမ်းဆီးနှိမ်နင်းရေးအဖွဲ့က အိမ်မှာရှာဖွေရေးလုပ်တာ ကျွန်မတို့လည်းမသိရပါဘဲ ခြံထောင့်ကတွေ့သွားပါတယ်။ ဘယ်သူ ဘယ်ဝါလာထားသွားမှန်းမသိပါဘူးရှင်။ ထောင်ဘယ်နှနှစ်လောက်ကျနိုင်ပါသလဲရှင့်??

မူးယစ်ဆေးဝါးအလေးချိန်၊ပမာဏအပေါ်မူတည်ပါတယ်။ဥပဒေမှာသတ်မှတ်ချက်တွေရှိပါတယ်။
အဲ့ဒီသတ်မှတ်ချက်များအရ -
🌻မူးယစ်ဆေးဝါးရောင်းချရန်အလို့ငှာလက်ဝယ်ထားခြင်း၊
🌻ထုတ်လုပ်ခြင်း၊
🌻သယ်သူပို့ဆောင်ခြင်း၊
🌻သုံးစွဲရန်အလို့ငှားလက်ဝယ်ထားခြင်းများကိုသတ်မှတ်ထားပါသည်။
👇👇👇

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးမျာဆိုင်ရာဥပဒေအရ -
 မည်သူမဆို အောက်ဖော်ပြပါ မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးကို ယင်းနှင့် ယှဉ်တွဲဖော်ပြထားသော အလေးချိန်၊ ပမာဏ သို့မဟုတ် အရေအတွက်ဖြစ်စေ၊ ယင်းသတ်မှတ်ချက်ထက် ပို၍ဖြစ်စေ၊ လက်ဝယ်ထားလျှင် - ရောင်းချရန်အလို့ငှာ လက်ဝယ်ထားသည်ဟုလည်းကောင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်းဖြစ်လျှင် - ရောင်းချရန်အလို့ငှာ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်းဖြစ်သည်ဟု လည်းကောင်း မှတ်ယူရမည်။
(က) ဘိန်းဖြူ (ဟယ်ရိုးအင်း)ဖြစ်ပါက သုံး ဂရမ်၊
(ခ) မော်ဖင်းဖြစ်ပါက သုံး ဂရမ်၊
(ဂ) ပယ်ဖျက်
(ဃ) ပုဒ်မခွဲ (က) နှင့် (ခ) တို့ပါ မူးယစ်ဆေးဝါးနှစ်မျိုးပေါင်းသည် သုံးဂရမ်၊
(င) ဘိန်းစိမ်း သို့မဟုတ် ပြုပြင်ထားသောဘိန်း သို့မဟုတ် ယင်းနှစ်ခုပေါင်း ဖြစ်ပါက တစ်ရာ ဂရမ်၊
(စ) ဆေးခြောက် သို့မဟုတ် ဆေးခြောက်အဆီ သို့မဟုတ် ယင်းနှစ်ခုပေါင်းဖြစ်ပါက တစ်ရာဂရမ်၊
(ဆ) ကိုကားရွက်ဖြစ်ပါက တစ်ရာဂရမ်၊
(ဇ) ကိုကင်းဖြစ်ပါက သုံး ဂရမ်၊
(ဇ-၁) စိတ်ကြွရူးသွပ်ဆေးဖြစ်ပါက သုံးဂရမ်၊
(ဇ-၂) မက်အက်ဖီတမင်း ဟိုက်ဒရိုကလိုရိုက် (အိုက်စ်) ဖြစ်ပါကသုံးဂရမ်၊
(ဇ-၃) အက်ဖီဒရင်း သို့မဟုတ်ဆူဒိုအက်ဖီဒရင်း ဖြစ်ပါကသုံးဂရမ်၊
(ဈ) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအတွက် အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသော အလေးချိန်၊ ပမာဏ သို့မဟုတ် အရေ အတွက်။

🌻မှတ်စု

#ဘိန်းဖြူ(ဟယိရိုအင်း)      (၃)  ဂရမ်
#မော်ဖင်း            (၃)     ဂရမ်
#ဘိန်းဖြူ နှင့်မော်ဖင် (၂) မျိုးပေါင်း       (၃) ဂရမ်
ဘိန်းစိမ်း+ပြုပြင်ထားသောဘိန်း  (၁၀၀) ဂရမ်
ဆေးခြောက်+ဆေးခြောက်အဆီ (၁၀၀) ဂရမ်
ကိုးကားရွက်              (၁၀၀) ဂရမ်
ကိုးကင်း        (၃) ဂရမ်
WYစိတ်ကြွရူးသွပ်ဆေး      (၃) ဂရမ်
မက်အက်ဖီတမင်းဟိုင်ဒရိုကလိုရိုက်(အိုက်)        (၃) ဂရမ်
အက်ဖီးဒရင်း၊ဆူဒိုအက်ဖီးဒရင်း (၃) ဂရမ်

အဆိုပါသတ်မှတ်ချက်များထက်ပိုပါကရောင်းချရန်လက်ဝယ်ထားသည်၊သယ်ဆောင်ခြင်း၊တဆင့်ပေးပို့ခြင်းဖြစ်ပါကရောင်းချရန်အလို့ငှားသယ်ယူပို့ဆောင်သည်ဟုမှတ်ယူမည်။       မူးယစ်ဆေးဝါးများကိုနေအိမ်တွင်လက်ဝယ်တွေ့ရှိမှုများအနေဖြင့်အထက်ပါပစ္စည်းများသုံးဂရမ်နှင့်သုံးဂရမ်အောက်ဆိုလျှင်၁၆(ဂ)အရလည်းကောင်း၊သုံးဂရမ်အထက်ဆိုလျှင်၁၉(က)၊၁၉(က)/၂၁အရလည်ကောင်းအရေးယူပါတယ်။

ပြစ်မှုပြစ်ဒဏ်များကိုမပြောခင် ခြောက်ချခံရတတ်သောအများပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးနှိမ်းနင်းရေးအဖွဲ့များနေအိမ်သို့ လာရောက်ရှာဖွေပါက ရှေးဦးစွာပြုလုပ်ရမယ့် ဆောင်ရွက်ချက်များကို ဥပဒေဗဟုသုတအနေဖြင့်ဦးစွာဖော်ပြလိုပါတယ်ခင်ဗျာ။
(၁) မူးယစ်နှိမ်နင်းရဲအရာရှိများကို  ဦးစွာရှာဖွေဝရမ်းပါရှိခြင်းရှိမရှိမေးမြန်းနိုင်ပါတယ်။
(၂) ရှာဖွေမည့်ဖမ်းဆီးရေးအဖွဲ့ကို အိမ်တွင်းသို့ဝင်ရောက်မရှာဖွေမှီ ရွာအနီးအနားရှိသက်သေများရှေ့တွင်စစ်ဆေးနိုင်ပါသည်။
(၃) ထိုသက်သေများသည်မိမိတို့ရက်ကွက်၊ကျေးရွာမှရပ်မိရပ်ဖများဖြစ်ရပါမည်။ ရဲအရာရှိများကအဝေးတနေရာမှ ခေါ်ခဲ့သော သက်သေမဖြစ်ရပါ။
(၄) ရှာဖွေသိမ်းဆည်း၍ရရှိသောပစ္စည်းများစာရင်ကိုလည်အတိအကျစစ်ဆေးပါ၊ ဖြစ်နိုင်ရင်သိမ်းဆည်းတွေ့ရှိသည့် စာရင်းမိတ္တူ တောင်းယူထားပါ။(ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၁၀၃အရ)
(၅) လမ်းသွားလာရင်ဖမ်းဆီခံရ သောသူများသည်လည်၊ဘယ်ဌာန၊ဘယ်မြို့နယ်ကလည်၊ဝရမ်းပါပါသလားဟုမေးမြန်းနိုင်ပါသည်။   မိသားစုများထံအကြောင်းကြားပါ။ ရှေ့နေထံအကြောင်းကြားပါ။
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူသောပြစ်မှုပြစ်ဒဏ်များကတော့👇👇👇

ဘိန်းပင်၊ ကိုကားပင်၊ ဆေးခြောက်ပင်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ မူးယစ်ဆေးဝါး ဖြစ်သည်ဟု ကြေညာထားသည့် အပင်တစ်မျိုးမျိုးကို စိုက်ပျိုးခြင်းကိုမူးယစ်ဆေးဝါးဥပဒေပုဒ်မ၁၆(က)အရလည်ကောင်း၊
သက်ဆိုင်ရာဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကို ပြောင်းလဲစေသောဆေးဝါးကိုထုတ်လုပ်ရာ၌ အသုံးပြသည့်ပစ္စည်းဖြစ်သည်ဟု ကြေညာထားသည့် ဓာတုပစ္စည်းများ သို့မဟုတ် ယင်းသို့ထုတ်လုပ်ရာ၌အသုံးပြုသည့် ဆက်စပ်ပစ္စည်း ကိရိယာများကို ဤဥပဒေအရခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းကိုမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်၁၆(ခ)အရလည်ကောင်း၊
မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးကို လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်း၊ကိုမူးယစ်ဆေးဝါးဥပဒေပုဒ်မ၁၆(ဂ)အရလည်ကောင်း၊

မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးကို ဥပဒေနှင့်အညီ ခွင့်ပြုချက်ဖြင့် လက်ဝယ် ထားရှိသူက ခွင့်ပြုချက် မရှိသူအား လွှဲပြောင်းပေးခြင်း၊
ကိုမူး/စိတ်ဥပဒေပုဒ်မ၁၆(ဃ)အရလည်ကောင်း၊
မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးကို အလွဲသုံးစွဲစေရန် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ လှည့်ဖြားခြင်း၊ အနိုင်အထက်ပြုခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ပြုလုပ်ခြင်းဆိုလျှင် မူး/စိတ်ဥပဒေပုဒ်မ ၁၆(င) အရလည်းကောင်း၊

ဤဥပဒေအရ သိမ်းဆည်းထားသော သို့မဟုတ် ဝရမ်းကပ်ထားသော ပစ္စည်းကို အလွဲသုံးစားပြုခြင်း၊ ဖျောက် ဖျက်ခြင်း၊ ဖျက်ဆီးခြင်း၊ ရွှေ့ပြောင်းခြင်း၊ လွှဲပြောင်းခြင်း ဆိုလျှင်မူး/စိတ်၁၆(စ)အရလည်းကောင်း၊
အထက်ပါပုဒ်မ၁၆(ကမှစ) အထိ
မည်သူမဆို  ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး ၅နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါသည်။

🌻အခင်းဖြစ်ပွားရာမြို့နယ်တရားရုံးတွင်စွဲဆိုခံရနိုင်ပါသည်။

၁၇။ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူသည် ဤဥပဒေအရ ပြစ်မှုနှင့် သက်ဆိုင်သည့် ငွေကြေး၊ ပစ္စည်း၊ အကျိုးအမြတ်များနှင့် စပ်လျဉ်း၍ အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်ရ မည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
(က) ပြစ်မှုကျူးလွန်သူအား အရေးယူခြင်း မပြုနိုင်စေရန် စာရင်းလွှဲပြောင်းခြင်း၊ သက်ဆိုင်သည့် ငွေရေး ကြေးရေးဆိုင်ရာ မှတ်တမ်းများကို ဖျောက်ဖျက်ခြင်း၊ ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း၊
(ခ) ပုဒ်မ ၆၊ ပုဒ်မခွဲ (ဋ) အရ ဗဟိုအဖွဲ့က ထုတ်ဆင့်သော အမိန့်နှင့်အညီ ရှာဖွေသိမ်းဆည်း ပိုင်ခွင့်ရှိသူအား သက်ဆိုင်သည့် ငွေရေးကြေးရေးဆိုင်ရာ မှတ်တမ်းများကို စစ်ဆေးကြည့်ရှုခွင့်၊ မိတ္တူကူးယူခွင့်၊ သက်သေခံ ပစ္စည်းသိမ်းဆည်းခွင့်ပြုရန် ငြင်းပယ်ခြင်း၊
(ဂ) ပြစ်မှုနှင့်သက်ဆိုင်သည့် ငွေရေးကြေးရေးဆိုင်ရာ မှတ်တမ်းများ၊ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထား သော ငွေကြေး၊ ပစ္စည်း၊ အကျိုးအမြတ်များအား ဗဟိုအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာတရားရုံး၏ ခွင့်ပြုချက်မရရှိဘဲ ထုတ်ပေးခြင်း၊ လွှဲပြောင်းပေးခြင်း။

၁၇-က။ ဆက်သွယ်ရေးလုပ်ငန်များမှ တာဝန်ရှိသူသည်ဗဟိုအဖွဲ့က ထုတ်ဆင့်သည့်အမိန့်ရရှိပြီးနောက် ပြစ်မှုနှင့်သက်ဆိုင်သော သတင်းအချက် အလက်မှတ်တမ်းများနှင့်စပ်လျဉ်း၍ ကြည့်ရှုစစ်ဆေးခြင်းနှင့် မိတ္တူကူးယူခြင်းတို့ကိုခွင့်ပြုရန်ငြင်းဆန်ခြင်း၊ ဖျောက်ဖျက်ခြင်း၊ ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း၊ ဗဟိုအဖွဲ့၏ခွင့်ပြုချက်မရရှိဘဲ ထုတ်ပေးခြင်း၊ လွှဲပြောင်းပေးခြင်း၊ ပြုလုပ်ကြောင်းပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင်ထိုသူအား အနည်းဆုံးသုံးနှစ်မှအများဆုံး ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့် အပြင်ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၁၈။ ဤဥပဒေအရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ရှာဖွေခြင်း၊ ဖမ်းဆီးခြင်း၊ သက်သေခံပစ္စည်း သိမ်းဆည်းခြင်း၊ စုံစမ်းစစ်ဆေးခြင်း ပြုလုပ်ပိုင်ခွင့်ရှိသူသည် အောက်ပါပြုလုပ်မှုတစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင် ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်။
(က) မိမိအတွက်ဖြစ်စေ၊ သူတစ်ပါးအတွက်ဖြစ်စေ တံစိုးလက်ဆောင်အဖြစ် ငွေကြေး၊ ပစ္စည်းတစ်စုံတစ်ရာကို တောင်းခံခြင်း၊ လက်ခံရယူခြင်း၊
(ခ) မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးကို ဥပဒေနှင့်မညီဘဲ လက်ခံရယူခြင်း၊
(ဂ) ပြစ်မှုကျုးလွန်သူကို အခြားသူတစ်ဦးဦးဖြင့် အစားထိုးခြင်း၊ ပြစ်မှုကျူးလွန်သူအား အရေးမယူဘဲ ထိမ်ချန် ခြင်း၊
(ဃ) ပြစ်မှုနှင့်သက်ဆိုင်သည့်ပစ္စည်းကို ဖျောက်ဖျက်ခြင်း၊ မသမာသောနည်းဖြင့် ပြောင်းလဲခြင်း၊ အစားထိုးခြင်း၊ ရောစပ်ခြင်း၊ ပစ္စည်း၏ အလေးချိန်၊ ပမာဏ သို့မဟုတ် အရေအတွက်ကို မမှန်မကန်ဖော်ပြခြင်း။

၁၉။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး ၁ဝနှစ်မှ အများဆုံးနှစ်အကန့်အသတ်မရှိ ထောင်ဒဏ်အထိချမှတ်ရမည်။
(က) မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးကို ရောင်းချရန်အလို့ငှာ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်း။
(ခ) မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးကို ရောင်းချရန် ကမ်းလှမ်းခြင်း၊ သဘောတူ ခြင်း သို့မဟုတ် ရောင်းဝယ်ရန် ဆက်သွယ်ခြင်း၊
(ဂ) ဤဥပဒေပါ ပြစ်မှုတစ်ခုခု ကျူးလွန်ရာမှရရှိလာသော ငွေကြေး၊ ပစ္စည်း၊ အကျိုးအမြတ်များနှင့် စပ်လျဉ်း၍ အရေးယူခြင်း မပြုနိုင်စေရန် ဖုံးကွယ်ခြင်း၊ ဖျောက်ဖျက်ခြင်း၊
(ဃ) ပြစ်မှုနှင့် သက်ဆိုင်သည့် ငွေကြေး၊ ပစ္စည်း၊ အကျိုးအမြတ်များကို တရားဝင်အသွင်သို့ ရောက်ရှိစေရန် လွှဲပြောင်းခြင်း၊ အသွင်ပြောင်းလဲခြင်း။

🌻သက်ဆိုင်ရာခရိုင်းရုံးတွင်တရားစွဲဆိုဖမ်းဆီးစ်ဆေးခံရနိုင်ပါသည်။

၂၀။ မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး ၁၅ နှစ်မှ အများဆုံး နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်အထိ ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမည်။
(က) မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချ ခြင်း၊
(ခ) မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးကို ပြည်ပမှ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ ခြင်း၊ ယင်းသို့ တင်သွင်းခြင်း၊ တင်ပို့ခြင်း ပြုလုပ်ရန် ဆက်သွယ်ခြင်း။

၂၁။ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန်အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ စည်းရုံးခြင်း၊ စီမံခန့်ခွဲခြင်း၊ ငွေကြေးထောက်ပံ့ခြင်း ပြုလျှင်ဖြစ်စေ၊ ပြစ်မှုတစ်ခုခုကျူးလွန်ရာတွင် အားပေးကူညီခြင်း ပြုလျှင် ဖြစ်စေ ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ချမှတ်ခြင်းခံရမည်။

၂၂။ ပုဒ်မ ၁၆ မှ ပုဒ်မ ၂၁ အထိ ပြဋ္ဌာန်းထားသော ပြုလုပ်မှုတစ်ခုခုကို ကျူးလွန်ရာတွင် အောက်ပါ အကြောင်း ခြင်းရာ တစ်ရပ်ရပ်ဖြင့် ကျူးလွန်ခြင်းဖြစ်လျှင် ပြစ်မှုကျူးလွန်သူသည် ထိုကျူးလွန်သော ပြစ်မှုအတွက် ပြဋ္ဌာန်း ထားသည့် အများဆုံးပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည်-
(က) မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးမှုခင်းများ ကျူးလွန်သည့် ပြည်တွင်း ပြည်ပဂိုဏ်း၊ အုပ်စု၏ အဖွဲ့ဝင်ဖြစ်ခြင်း သို့မဟုတ် ထိုဂိုဏ်း၊ အုပ်စုများနှင့် ဆက်သွယ်ပြီး ပါဝင်ကျူးလွန်ခြင်း၊
(ခ) လက်နက် သို့မဟုတ် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများကို ကိုင်တွယ်အသုံးပြု၍ ကျူးလွန်ခြင်း၊
(ဂ) ကျူးလွန်သည့် ပြစ်မှုတွင် အသက် ၁၆ နှစ် မပြည့်သေးသော ကလေးသူငယ်ကို အသုံးချခြင်း၊
(ဃ) ပြည်သူ့ဝန်ထမ်း၏ ရာထူးအရှိန်အဝါ သို့မဟုတ် လုပ်ပိုင်ခွင့်ကို အသုံးချ၍ ပြစ်မှုကျူးလွန်ခြင်း သို့မဟုတ် ပြစ်မှုကျူးလွန်စေခြင်း။

၂၃။ ပုဒ်မ ၁၆ မှ ပုဒ်မ၂၁ အထိ ပြဋ္ဌာန်းထားသော ပြုလုပ်မှုတစ်ခုခု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရသူသည် ယခင်က ပုဒ်မ ၁၆ မှ ပုဒ်မ ၂၁ အထိ ပြဋ္ဌာန်းထား သော ပြစ်မှုတစ်ခုခုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်း ခံခဲ့ရလျှင် ထပ်မံကျူးလွန်သော ပြစ်မှုအတွက် ပြဋ္ဌာန်းထားသော အများဆုံး ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည်။

၂၄။ တရားရုံးသည်-
(က) ပုဒ်မ ၁၆မှ ပုဒ်မ ၂၁အထိ ပြဋ္ဌာန်းထားသော ပြစ်မှုတစ်ရပ်ရပ်ဖြင့် ပြစ်ဒဏ်ချမှတ်လျှင် ပြစ်မှုနှင့်သက်ဆိုင် သည့် မူးယစ်ဆေးဝါး၊ စိတ်ကိုပြောင်းလဲစေသောဆေးဝါး၊ ငွေကြေး၊ ကိရိယာ၊ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း၊ ယာဉ်၊ တိရစ္ဆာန်ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်း သို့မဟုတ် ဖျက်ဆီးခြင်း သို့မဟုတ် သတ်မှတ်ချက်များနှင့်အညီ စီမံခန့်ခွဲခြင်းပြုသည့် အမိန့်ချမှတ်ရမည်၊
(ခ) ပုဒ်မ ၁၉ သို့မဟုတ် ပုဒ်မ ၂၀ အရ ပြစ်ဒဏ်ချမှတ်လျှင် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားသော ပြစ်မှုနှင့် သက်ဆိုင်သည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူသည့် အမိန့်ချမှတ် ရမည်။


လေးစားစွာဖြင့်
#ဇင်ကိုဦး-#ဥပဒေ
၀၉-၈၉၁၀၄၈၈၃၂
#မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ



No comments: