Monday, May 18, 2020

Tattoo တက္တူးဖ်က္ျခင္း အႏုပညာ


      Tattoo ဆိုတာနဲ႔ ယေန႔ေခတ္မွာ မသိတဲ့လူ အေတာ္ရွားသြားပါၿပီ။ အထူးသျဖင့္ လူငယ္ေတြၾကားမွာ Popular ျဖစ္လာတဲ့ လူငယ္ေတြစိတ္ဝင္စားလာၾကတဲ့ အႏုပညာတစ္ရပ္ ျဖစ္လာပါၿပီ။ အရင္တုန္းကေတာ့ ခႏၶာကိုယ္ေပၚမွာအင္းကြက္ေတြကို စုတ္ေပါက္ခဲ့ၾကသလို လူမိုက္ေတြနဲ႔ ဂိုဏ္းေတြက အမွတ္အသားတစ္ခုအေနနဲ႔ အထိုးမ်ားခဲ့ၾကေပမယ့္ ယေန႔ေခတ္မွာေတာ့ ေယာက်ာ္းမိန္းမ၊ လူငယ္လူႀကီးမေရြး ဖက္ရွင္အျမင္နဲ႔ ထိုးလာၾကပါတယ္။

     Tattoo ဟာ ေသရာပါအမွတ္အျဖစ္ အားလုံးလက္ခံထားၾကပါတယ္။ ထိုးၿပီးရင္ ျပန္ဖ်က္လို့မရဘူးေပါ့။ ထိုးမိၿပီးမႀကိဳက္ရင္၊ ပုံအခ်ိဳးအစားမက်ရင္၊ လူႀကီးေတြ သိသြားရင္၊ အလုပ္ကလက္မခံရင္ ဖ်က္ဖို့ႀကိဳးစားလာၾကပါတယ္။ အက္စစ္နဲ႔ပက္တယ္၊ ဓားနဲ႔လွီးတယ္ စသည္ျဖင့္ ဖ်က္ဖို့ အမ်ိဳးမ်ိဳးႀကိဳးစားၾကပါတယ္။ အမာရြတ္က်န္တာပဲအဖတ္တင္ၿပီး မပ်က္ပဲ ပိုၿပီးေတာင္ အ႐ုပ္ဆိုးေစပါတယ္။ တခ်ိဳ့ ကေတာ့ ပုံမက်လို့ပဲျဖစ္ျဖစ္၊ မႀကိဳက္လို့ပဲျဖစ္ျဖစ္ အေပၚကေနထပ္ထိုးတာ Cover ထိုးတာေတြ လုပ္ၾကပါတယ္။

      အခုလို ေျပာင္းလဲတိုးတက္လာတဲ့ေခတ္ႀကီးမွာ Tattoo တက္တူးဖ်က္တဲ့ေလဆာေတြ ေပၚေပါက္လာၾကပါၿပီ။ မႀကိဳက္ရင္ ေလဆာနဲ႔ ဖ်က္႐ုံပါပဲ။ အမာရြတ္လုံးဝမက်န္ပါဘူး။ စက္အမ်ိဳးအစားေတာ့ ကြာျခားပါတယ္။ စက္ေကာင္းေလေလ အေရျပားထိခိုက္မွုမရွိပဲ ဖ်က္နိုင္ေလေလပဲ။ ဟုတ္ၿပီ....ဆိုေတာ့ တက္တူးကို ဘယ္လိုမ်ားဖ်က္သလည္း? ဖ်က္တာမေျပာခင္ အရင္ဆုံး ထိုးတာေလးျပန္ေျပာခ်င္ပါတယ္။ Tattoo ဆိုတာ အပ္ကိုအသုံးျပဳၿပီး Ink မွင္အေရာင္အမ်ိဳးမ်ိဳးကို အေရျပားအတြင္းပိုင္းအထိေရာက္ေအာင္ ထိုးသြင္းပုံေဖာ္ေပးတာပါ။ Tattoo တက္တူးဖ်က္တယ္ဆိုတာကေတာ့ အေရျပားအတြင္းေရာက္ရွိသြားတဲ့ မွင္ေတြကို Laser ေလဆာစက္နဲ႔ Large Particle(မွင္အခဲအႀကီး) ကေန Small Particle (မွင္အခဲအေသး) ျဖစ္သြားေအာင္ ၿဖိဳခြင္းေပးပါတယ္။ ၿပီးေတာ့မွ မိမိအေရျပားမွာရွိတဲ့ ခုခံအားစနစ္မွာပါတဲ့ Macrophage လို့ေခၚတဲ့ ကာကြယ္ေရးပစၥည္းေလးက ျပင္ပကဝင္လာတဲ့ မွင္ခဲေသးေသးေလးေတြကို တိုက္ထုတ္ပါေတာ့တယ္။ သဘာဝအရလည္း တိုက္ထုတ္ေနတဲ့အတြက္ တခ်ိဳ့ ေဆးမေကာင္းရင္ အခ်ိန္ၾကာလာတာနဲ႔အမၽွ အေရာင္မွိန္လာၾကတာ ေတြ႕ရမွာျဖစ္ပါတယ္။

     Tattoo ဖ်က္တဲ့အခါ လြယ္တာနဲ႔ ခက္တာရွိပါတယ္။ အဲ့ေပၚမူတည္ၿပီး ဖ်က္ရတဲ့ အႀကိမ္အေရအတြက္ ကြဲျပားၾကပါတယ္။ အနည္းဆုံး ၂ႀကိမ္ ၃ႀကိမ္ကေန အမ်ားဆုံး ၁၀ႀကိမ္အထိ ဖ်က္ရနိုင္ပါတယ္။ အဓိကေအာက္ကအခ်က္ေတြအေပၚမူတည္ပါတယ္။
၁/ မွင္အေရာင္
၂/ မွင္အမ်ိဳးအစား
၃/ ထိုးထားတာၾကာခ်ိန္
၄/ စုတ္ထိုးသလား၊ စက္နဲ႔ထိုးသလား
၅/ ကာယကံရွင္ရဲ့ ခုခံအားစနစ္ႏွင့္ ေလဆာစက္အေပၚ တုန္႔ျပန္မွု စတာေတြအေပၚမူတည္ၿပီး အႀကိမ္ေရ ကြဲျပားပါတယ္။

       Ink မွင္ကလည္း အေရာင္အမ်ိဳးမ်ိဳးရွိသလို Chemical အမ်ိဳးအစား အမ်ိဳးမ်ိဳးရွိပါတယ္။

၁/ မွင္အေရာင္ေပၚမူတည္ၿပီး ေလဆာေရာင္ျခည္နဲ႔ စက္အမ်ိဳးအစား ခြဲသုံးရပါတယ္။ ဒါ့ေၾကာင့္ အေရာင္အရမ္းစုံလြန္းတဲ့Tattoo ေတြ ဖ်က္တဲ့အခါ အခက္အခဲရွိပါတယ္။ အလြယ္ဆုံးအေရာင္ေတြကေတာ့ အမဲ/အနက္ေရာင္၊ အနီေရာင္ ပါ။ ၿပီးမွ အစိမ္းေရာင္ပါ။ တျခား အျပာ၊အဝါ၊လိေမၼာ္ေရာင္ေတြက အလြန္ဖ်က္ရခက္တဲ့အထဲမွာ ပါပါတယ္။

၂/ ေဆးအမ်ိဳးအစားေကာင္းရင္ အေရျပားမွာပိုစြဲၿပီး ပုံေပၚသလို ဖ်က္ရတာလည္း ပိုခက္တတ္ပါတယ္။ Tattoo တက္တူးထိုးတဲ့ မွင္အစစ္ဆိုရင္ ပိုၿပီးဖ်က္ရလြယ္ပါတယ္။ တခ်ိဳ့ေတြက ေဘာပင္ကမွင္ကို အပ္နဲ႔ေပါက္ထိုးတာေတြ၊ စက္နဲ႔ထိုးတာေတြလုပ္ထားတတ္ၾကပါတယ္။ အဲ့တာဆို ဖ်က္ရ အလြန္ခက္ပါတယ္။

၃/ Tattoo ထိုးထားခ်ိန္ၾကာေလေလ ဖ်က္ရလြယ္ေလေလပါ။ ဥပမာ ထိုးထားတာ ၁၀ႏွစ္ၾကာသူက ၁လပဲရွိေသးသူထက္ ပိုၿပီး ဖ်က္ရလြယ္ပါတယ္။ ဘာလို့လည္းဆိုရင္ ခႏၶာကိုယ္ရဲ့ ခုခံအားစနစ္က ႀကိဳးစားဖ်က္ထားၿပီးသလို ေလဆာနဲ႔ကုအၿပီးမွာလည္း မွင္ကိုဖ်က္ဆီးဖို့ အသင့္အေနအထားမွာရွိေနတာေၾကာင့္ပါ။

၄/ စုတ္ထိုးနဲ႔စက္ထိုး
ဒါကေတာ့ အေရျပားအတြင္း မွင္ထိုးေဖာက္ဝင္ေရာက္တဲ့ အတိမ္အနက္ ကြာျခားမွုေၾကာင့္ပါ။
စက္ထိုးက ပိုနက္ၿပီး ညီညီညာညာအေရျပားထဲ မွင္ေရာက္ေအာင္ ထိုးေပးပါတယ္။ 1-2mm ေလာက္ အေရျပားေအာက္ေရာက္ေအာင္ထိုးရတာပါ။ ဒါ့ေၾကာင့္ စက္ထိုးက စုတ္ထိုးထက္ ဖ်က္ရတာပိုခက္ပါတယ္။

၅/ ကာယကံရွင္ရဲ့ ခုခံအားစနစ္နဲ႔ ေလဆာစက္အေပၚတုန္႔ျပန္မွု
အလြယ္ေျပာရရင္ အသက္အပိုင္းအျခားေပါ့။ ငယ္ေလေလ ဖ်က္ရလြယ္ေလေလပါ။
ေနာက္တစ္ခုကေတာ့ Reaction/ တုန္႔ျပန္မွုပါ။ တခ်ိဳ့အေရျပားမွာရွိတဲ့ ခုခံအားစနစ္က တုန္႔ျပန္မွု ေႏွးတတ္ပါတယ္။

မိမိရဲ့ Tattoo တက္တူးဖ်က္ခ်င္ရင္ ဘယ္ႏွႀကိမ္ေလာက္ဖ်က္ရမလည္းဆိုတာကို အထက္ကအခ်က္ ၅ ခ်က္ေပၚမူတည္ၿပီး ခန္႔မွန္းနိုင္ပါတယ္။
တိတိက်က်ဆိုရင္ေတာ့ တစ္ႀကိမ္ဖ်က္ၾကည့္ၿပီးမွပဲ သိနိုင္မွာပါ။ တခ်ိဳ့ ရွားပါးျဖစ္စဥ္ေလးေတြလည္းရွိတတ္ပါတယ္။ ဥပမာ ၁ႀကိမ္ဖ်က္ၿပီးေနာက္ အေရာင္ေျပာင္းသြားတာမ်ိဳးလည္း ရွိတတ္ပါတယ္။

        ခုဆို မ်က္ခုံးေမြးမွာ Tattoo ထိုးတာေတြ ေခတ္စားလာပါတယ္။ ပုံမႀကိဳက္တာ၊ ထိုးၿပီးမွ အဆင္မေျပတာေတြလည္း ဖ်က္လို့ရပါတယ္။ အေသးစိတ္သိခ်င္ရင္၊ သိခ်င္တာေလးေတြရွိေသးရင္ေတာ့ Aesthetics အေရျပားအလွအပေဆးခန္းေတြမွာ စုံစမ္းေမးျမန္းနိုင္ပါတယ္။

Dr. Lwin Moe Aung - Dr. Gu
GRACE Aesthetics
ဖုန္း 09 409077877 ၊ 09 409077977 

(Unicode)



      Tattoo ဆိုတာနဲ့ ယနေ့ခေတ်မှာ မသိတဲ့လူ အတော်ရှားသွားပါပြီ။ အထူးသဖြင့် လူငယ်တွေကြားမှာ Popular ဖြစ်လာတဲ့ လူငယ်တွေစိတ်ဝင်စားလာကြတဲ့ အနုပညာတစ်ရပ် ဖြစ်လာပါပြီ။ အရင်တုန်းကတော့ ခန္ဓာကိုယ်ပေါ်မှာအင်းကွက်တွေကို စုတ်ပေါက်ခဲ့ကြသလို လူမိုက်တွေနဲ့ ဂိုဏ်းတွေက အမှတ်အသားတစ်ခုအနေနဲ့ အထိုးများခဲ့ကြပေမယ့် ယနေ့ခေတ်မှာတော့ ယောကျာ်းမိန်းမ၊ လူငယ်လူကြီးမရွေး ဖက်ရှင်အမြင်နဲ့ ထိုးလာကြပါတယ်။

     Tattoo ဟာ သေရာပါအမှတ်အဖြစ် အားလုံးလက်ခံထားကြပါတယ်။ ထိုးပြီးရင် ပြန်ဖျက်လို့မရဘူးပေါ့။ ထိုးမိပြီးမကြိုက်ရင်၊ ပုံအချိုးအစားမကျရင်၊ လူကြီးတွေ သိသွားရင်၊ အလုပ်ကလက်မခံရင် ဖျက်ဖို့ကြိုးစားလာကြပါတယ်။ အက်စစ်နဲ့ပက်တယ်၊ ဓားနဲ့လှီးတယ် စသည်ဖြင့် ဖျက်ဖို့ အမျိုးမျိုးကြိုးစားကြပါတယ်။ အမာရွတ်ကျန်တာပဲအဖတ်တင်ပြီး မပျက်ပဲ ပိုပြီးတောင် အရုပ်ဆိုးစေပါတယ်။ တချို့ ကတော့ ပုံမကျလို့ပဲဖြစ်ဖြစ်၊ မကြိုက်လို့ပဲဖြစ်ဖြစ် အပေါ်ကနေထပ်ထိုးတာ Cover ထိုးတာတွေ လုပ်ကြပါတယ်။

      အခုလို ပြောင်းလဲတိုးတက်လာတဲ့ခေတ်ကြီးမှာ Tattoo တက်တူးဖျက်တဲ့လေဆာတွေ ပေါ်ပေါက်လာကြပါပြီ။ မကြိုက်ရင် လေဆာနဲ့ ဖျက်ရုံပါပဲ။ အမာရွတ်လုံးဝမကျန်ပါဘူး။ စက်အမျိုးအစားတော့ ကွာခြားပါတယ်။ စက်ကောင်းလေလေ အရေပြားထိခိုက်မှုမရှိပဲ ဖျက်နိုင်လေလေပဲ။ ဟုတ်ပြီ....ဆိုတော့ တက်တူးကို ဘယ်လိုများဖျက်သလည်း? ဖျက်တာမပြောခင် အရင်ဆုံး ထိုးတာလေးပြန်ပြောချင်ပါတယ်။ Tattoo ဆိုတာ အပ်ကိုအသုံးပြုပြီး Ink မှင်အရောင်အမျိုးမျိုးကို အရေပြားအတွင်းပိုင်းအထိရောက်အောင် ထိုးသွင်းပုံဖော်ပေးတာပါ။ Tattoo တက်တူးဖျက်တယ်ဆိုတာကတော့ အရေပြားအတွင်းရောက်ရှိသွားတဲ့ မှင်တွေကို Laser လေဆာစက်နဲ့ Large Particle(မှင်အခဲအကြီး) ကနေ Small Particle (မှင်အခဲအသေး) ဖြစ်သွားအောင် ဖြိုခွင်းပေးပါတယ်။ ပြီးတော့မှ မိမိအရေပြားမှာရှိတဲ့ ခုခံအားစနစ်မှာပါတဲ့ Macrophage လို့ခေါ်တဲ့ ကာကွယ်ရေးပစ္စည်းလေးက ပြင်ပကဝင်လာတဲ့ မှင်ခဲသေးသေးလေးတွေကို တိုက်ထုတ်ပါတော့တယ်။ သဘာဝအရလည်း တိုက်ထုတ်နေတဲ့အတွက် တချို့ ဆေးမကောင်းရင် အချိန်ကြာလာတာနဲ့အမျှ အရောင်မှိန်လာကြတာ တွေ့ရမှာဖြစ်ပါတယ်။

     Tattoo ဖျက်တဲ့အခါ လွယ်တာနဲ့ ခက်တာရှိပါတယ်။ အဲ့ပေါ်မူတည်ပြီး ဖျက်ရတဲ့ အကြိမ်အရေအတွက် ကွဲပြားကြပါတယ်။ အနည်းဆုံး ၂ကြိမ် ၃ကြိမ်ကနေ အများဆုံး ၁ဝကြိမ်အထိ ဖျက်ရနိုင်ပါတယ်။ အဓိကအောက်ကအချက်တွေအပေါ်မူတည်ပါတယ်။
၁/ မှင်အရောင်
၂/ မှင်အမျိုးအစား
၃/ ထိုးထားတာကြာချိန်
၄/ စုတ်ထိုးသလား၊ စက်နဲ့ထိုးသလား
၅/ ကာယကံရှင်ရဲ့ ခုခံအားစနစ်နှင့် လေဆာစက်အပေါ် တုန့်ပြန်မှု စတာတွေအပေါ်မူတည်ပြီး အကြိမ်ရေ ကွဲပြားပါတယ်။

       Ink မှင်ကလည်း အရောင်အမျိုးမျိုးရှိသလို Chemical အမျိုးအစား အမျိုးမျိုးရှိပါတယ်။

၁/ မှင်အရောင်ပေါ်မူတည်ပြီး လေဆာရောင်ခြည်နဲ့ စက်အမျိုးအစား ခွဲသုံးရပါတယ်။ ဒါ့ကြောင့် အရောင်အရမ်းစုံလွန်းတဲ့Tattoo တွေ ဖျက်တဲ့အခါ အခက်အခဲရှိပါတယ်။ အလွယ်ဆုံးအရောင်တွေကတော့ အမဲ/အနက်ရောင်၊ အနီရောင် ပါ။ ပြီးမှ အစိမ်းရောင်ပါ။ တခြား အပြာ၊အဝါ၊လိမ္မော်ရောင်တွေက အလွန်ဖျက်ရခက်တဲ့အထဲမှာ ပါပါတယ်။

၂/ ဆေးအမျိုးအစားကောင်းရင် အရေပြားမှာပိုစွဲပြီး ပုံပေါ်သလို ဖျက်ရတာလည်း ပိုခက်တတ်ပါတယ်။ Tattoo တက်တူးထိုးတဲ့ မှင်အစစ်ဆိုရင် ပိုပြီးဖျက်ရလွယ်ပါတယ်။ တချို့တွေက ဘောပင်ကမှင်ကို အပ်နဲ့ပေါက်ထိုးတာတွေ၊ စက်နဲ့ထိုးတာတွေလုပ်ထားတတ်ကြပါတယ်။ အဲ့တာဆို ဖျက်ရ အလွန်ခက်ပါတယ်။

၃/ Tattoo ထိုးထားချိန်ကြာလေလေ ဖျက်ရလွယ်လေလေပါ။ ဥပမာ ထိုးထားတာ ၁ဝနှစ်ကြာသူက ၁လပဲရှိသေးသူထက် ပိုပြီး ဖျက်ရလွယ်ပါတယ်။ ဘာလို့လည်းဆိုရင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ကြိုးစားဖျက်ထားပြီးသလို လေဆာနဲ့ကုအပြီးမှာလည်း မှင်ကိုဖျက်ဆီးဖို့ အသင့်အနေအထားမှာရှိနေတာကြောင့်ပါ။

၄/ စုတ်ထိုးနဲ့စက်ထိုး
ဒါကတော့ အရေပြားအတွင်း မှင်ထိုးဖောက်ဝင်ရောက်တဲ့ အတိမ်အနက် ကွာခြားမှုကြောင့်ပါ။
စက်ထိုးက ပိုနက်ပြီး ညီညီညာညာအရေပြားထဲ မှင်ရောက်အောင် ထိုးပေးပါတယ်။ 1-2mm လောက် အရေပြားအောက်ရောက်အောင်ထိုးရတာပါ။ ဒါ့ကြောင့် စက်ထိုးက စုတ်ထိုးထက် ဖျက်ရတာပိုခက်ပါတယ်။

၅/ ကာယကံရှင်ရဲ့ ခုခံအားစနစ်နဲ့ လေဆာစက်အပေါ်တုန့်ပြန်မှု
အလွယ်ပြောရရင် အသက်အပိုင်းအခြားပေါ့။ ငယ်လေလေ ဖျက်ရလွယ်လေလေပါ။
နောက်တစ်ခုကတော့ Reaction/ တုန့်ပြန်မှုပါ။ တချို့အရေပြားမှာရှိတဲ့ ခုခံအားစနစ်က တုန့်ပြန်မှု နှေးတတ်ပါတယ်။

မိမိရဲ့ Tattoo တက်တူးဖျက်ချင်ရင် ဘယ်နှကြိမ်လောက်ဖျက်ရမလည်းဆိုတာကို အထက်ကအချက် ၅ ချက်ပေါ်မူတည်ပြီး ခန့်မှန်းနိုင်ပါတယ်။
တိတိကျကျဆိုရင်တော့ တစ်ကြိမ်ဖျက်ကြည့်ပြီးမှပဲ သိနိုင်မှာပါ။ တချို့ ရှားပါးဖြစ်စဉ်လေးတွေလည်းရှိတတ်ပါတယ်။ ဥပမာ ၁ကြိမ်ဖျက်ပြီးနောက် အရောင်ပြောင်းသွားတာမျိုးလည်း ရှိတတ်ပါတယ်။

        ခုဆို မျက်ခုံးမွေးမှာ Tattoo ထိုးတာတွေ ခေတ်စားလာပါတယ်။ ပုံမကြိုက်တာ၊ ထိုးပြီးမှ အဆင်မပြေတာတွေလည်း ဖျက်လို့ရပါတယ်။ အသေးစိတ်သိချင်ရင်၊ သိချင်တာလေးတွေရှိသေးရင်တော့ Aesthetics အရေပြားအလှအပဆေးခန်းတွေမှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။

Dr. Lwin Moe Aung - Dr. Gu
GRACE Aesthetics

ဖုန်း 09 409077877 ၊ 09 409077977 

No comments: