Tuesday, May 12, 2020

သင္အလုပ္မွာ မွားခဲ့ဖူးလား ?

သင္အလုပ္မွာ မွားခဲ့ဖူးလား ?

▪️▪️▪️▪️▪️▪️▪️▪️▪️▪️


Htain Lin Kyaw (HR)

စာဖတ္သူတို့ အမွားဆိုတဲ့ အရာနဲ႔ ကင္းကြာၾကမွာ မဟုတ္ၾကပါဘူး ။ လူဆိုတာ အမွားနဲ႔မကင္းၾကတာေၾကာင့္ ငယ္ငယ္ကတည္းက သုံးခဲ့တဲ့ ခဲတံမွာေတာင္ ေနာက္ပိတ္ကေလးက ခဲဖ်က္ကေလး ပါလာေသးတာေပါ့ ။

ဒီေတာ့ လူတိုင္းမွားဖူးမယ္၊ အမွားအယြင္းေတြက တဆင့္ ျပသာနာေတြကို ၾကဳံေတြ႕ရသလို ၊ သင္ခန္းစာရ ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့သူေတြ အမ်ားႀကီးပါ။ ဆိုခ်င္တာက မွားတာက ျပသာနာမဟုတ္ မျပင္တာက ျပသာနာပါ။ အက္ဒီဆင္ က တီထြင္ဆန္းသစ္မွုေတြက မေအာင္ျမင္တဲ့ မွားယြင္မွုေတြဆီကေန  လာတာလို့ဆိုပါတယ္။

မိတ္ေဆြ သင္ေကာ ဘယ္ႏွစ္ခါ မွားဖူးၿပီလဲ ?

အိုင္းစတိုင္းက ေျပာဖူးပါတယ္ 👇🏻👇🏻

အမွားမလုပ္ဘူးတဲ့သူဆိုတာ ၊ ဘာမွ မလုပ္တဲ့သူပါတဲ့ ။

ဒီေတာ့ မွားတာ ေကာင္းလားဆိုေတာ့ လြယ္လြယ္ေျပာရင္ ေကာင္းပါတယ္လို့ ဆိုရမွာပါ။ အလုပ္ထဲမွာ ၊အိမ္မွာ ၊ ဆက္ဆံေရး ပတ္၀န္းက်င္ မွာ အမွားလုပ္မိၾကမွာပါပဲ။

သူတို့ေတြကို မွားခြင့္ျပဳလိုက္ပါ။ အမွား ႏွစ္မ်ိဳးရွိပါတယ္ ဘာလဲဆိုေတာ့ 🤔🤔🤔

🔹ကုစားလို့မရတဲ့ အမွားနဲ႔
🔹ကုစားလို့ရတဲ့ အမွားလို့ ဆိုပါတယ္။

ဒါက ဥပေဒ သေဘာ သဘာ၀ ပိုဆန္ပါတယ္။ ဆိုလိုတာက ဒီႏွစ္ပိုင္းကို သိေအာင္ ေဆာင္ရြက္ထားနိုင္ရင္ မွားခြင့္ျပဳလိုက္ပါ။

လုပ္ငန္းခြင္ထဲမွာ အမွားေတြကို ကၽြန္ေတာ္တို့ ဘာေၾကာင့္လက္ခံသင့္တာလဲ ဆိုေတာ့ ဒီအေပၚကေန ရနိုင္တာေတြရွိလို့ပါ။ ဘာေတြလဲဆိုေတာ့

ေကာင္းမြန္တဲ့ အေတြ႕အၾကဳံ ✔️

ဘာမွ မလုပ္ဖူးရင္ ေတာ့ ဘာအေတြ႕အၾကဳံမွ မရနိုင္ပါဘူး၊ အလုပ္ဆိုတာလည္း လုပ္ရင္မွားမွာပါပဲ ။ ဒီႏွစ္ခုၾကားမွာ ရလာနိုင္တဲ့ အေတြ႕အၾကဳံ ကို ၀ယ္ယူလို့မရနိုင္ပါဘူး ။ ဘာမွ မလုပ္နိုင္ပဲ ႏွစ္ေတြသာ ၾကာသြားတယ္ ၊ အရည္အခ်င္းတက္မလာဘူးဆိုရင္  မိတ္ေဆြ သင္မွား မွာေၾကာက္လာလို့ ပဲ ျဖစ္မွာပါလို့ ဆိုပါရေစ။

မိမိကိုယ္ ကိုယ္ယုံၾကည္ခ်က္ ✔️

ယုံၾကည္မွုရွိျခင္းကလည္း အလုပ္အတြက္ အေရးပါတဲ့ အရာတစ္ခုပါ၊ ကိုယ္လုပ္ေနရတဲ့ အလုပ္အေပၚမွာ ယုံၾကည္စြဲျမဲစြာ လုပ္ကိုင္နိုင္ဖို့လိုပါတယ္။  မွားခဲ့ဖူးတဲ့ အလုပ္ေတြမွာ ဒါလုပ္ရင္ မွားနိုင္တဲ့ဆိုတဲ့ ေပ်ာ့ကြက္ဟာကြက္ ေတြကို သင္ႀကိဳတင္ သိရွိနိုင္တာျဖစ္တဲ့ အတြက္ ဒီအပိုင္းကို ေရွာင္ဖယ္ ေဆာင္ရြက္နိုင္မွာပါ။ ကိုယ့္ ယုံၾကည္မွုဟာ လုပ္ငန္းအတြက္ အားေဆးျဖစ္ပါတယ္။

တာ၀န္ခံလိုတဲ့စိတ္ ✔️

ဒီအခ်က္ကို မရွိေသးရင္ ရွိေအာင္ လုပ္ရမွာျဖစ္ပါတယ္။ မွားတယ္ ၊မွားပါေစ .. ကုစားလို့မရတဲ့အမွား မျဖစ္ေအာင္သာ ေဆာင္ရြက္ထိန္းေက်ာင္းေပးနိုင္ဖို့လိုပါတယ္။ ဒါေပမဲ့ တာ၀န္ခံလိုတဲ့စိတ္ကေလး ထည့္ေပးနိုင္ေအာင္ ေဆာင္ရြက္ဖို့လိုပါတယ္။ ဒါက တည္ေဆာက္ေမြးျမဳရမယ့္ အခ်က္ပါ။

 ဒီအခ်က္ေတြက အမွားအယြင္းေတြဆီကေန ရလာနိုင္တဲ့ အေျခအေနေတြပါပဲ။  ဒါေပမဲ့ အမွားအယြင္းဆိုတာ အျမဲရွိေနလို့ေကာင္းတဲ့ အရာမဟုတ္လို့ ခဏတာ အမွား မခံနိုင္တဲ့ အေျခအေနေတြရွိေနတယ္ဆိုတာလည္း သတိျပဳမိေစခ်င္ပါတယ္။ ကၽြမ္းက်င္မွုမရွိေသးခင္ မွားတဲ့ အမွားက အေလ့အက်င့္မရွိေသးတဲ့ ျဖစ္တဲ့ အမွားပါ။

ကၽြမ္းက်င္သူ အေနအထားမွာ မမွားသင့္တဲ့ အမွားမ်ိဳးကေတာ့ ေပါ့ဆမွုလို့ ဆိုလိုရပါတယ္။ လူေတြက ဒီအမွားအယြင္းကို လက္မခံၾကပါဘူး ။ လုပ္ငန္းခြင္ထဲက မွားယြင္းမွုေတြက ရွိေနဦးမွာပါ၊ ျပင္ဆင္ေပးနိုင္ေအာင္ စီမံခန္႔ခြဲသူေတြ အေနနဲ႔ မွားခြင့္ေပးသင့္ပါတယ္။

 လတ္တေလာ ေတြ႕ၾကဳံေနရတာက မွားမွာေၾကာက္လို့ မလုပ္ရဲ ၊မခိုင္းရဲ ျဖစ္ေနတာေတြေၾကာင့္ အလုပ္ၾကန္႔ၾကာေနရတာေတြက မ်ားပါတယ္။ ဒီေတာ့ မလုပ္လို့မတက္ ၊မတက္ေတာ့ မလုပ္နဲ႔ ေယာင္လည္လည္ျဖစ္ေနရင္း အဖြဲ႕အစည္းရဲ့ အားနည္းခ်က္ႀကီးအျဖစ္ေျပာင္းလဲသြားနိုင္ပါတယ္။

ဆက္ၿပီးေတာ့ မမွားေအာင္ ဘယ္လို လုပ္သင့္သလဲဆိုတာကိုလည္း ေခါင္းစဥ္နဲ႔ တစ္ဆက္တည္းမို့ တင္ျပပါရေစဦး ။ မွားခြင့္ျပဳတာေတာ့ ဟုတ္ပါၿပီ  ၊ ခဏခဏမွားေနရင္ မျဖစ္ေခ်ေသးဘူးဆိုေတာ့ ကိုယ့္၀န္ထမ္းေတြအေပၚ စီမံအုပ္ခ်ဳပ္သူ တစ္ေယာက္အေနနဲ႔ ဘယ္လိုစီမံခန္႔ခြဲသင့္တဲ့ဆိုတဲ့ အပိုင္းပါ။

🔹Pre guide line  

ဒါကအေရးႀကီးပါတယ္ ၊ ဘာလုပ္ရမလဲဆိုတာကို ေသခ်ာစြာမသိပဲလုပ္လို့ျဖစ္လာတဲ့အမွားေတြက မ်ားပါတယ္။ ဒီေတာ့ ကိုယ္တာ၀န္ေပးေတာ့မယ္ အလုပ္တစ္ခုအတြက္ လုပ္ေဆာင္ရမယ့္ နည္းလမ္းေတြကို သူေသခ်ာသိရဲ့လား၊ ေသခ်ာေကာ နားလည္ရဲ့လား ဆိုတာေသခ်ာသိေစဖို့လိုပါတယ္။ လုပ္ငန္းအဖြဲ႕အစည္းေတြမွာျဖစ္ေနတာက ေသခ်ာစြာနားလည္းမွန္း မသိ၊ ရွင္းျပေတာ့လည္း ၿပီးၿပီေရာ၊ ၀န္ထမ္းကလည္း ျပန္မေမးရဲ ၊ ဒီေတာ့ တာ၀န္တစ္ခုကို နားလည္သလိုလုပ္မိတယ္။ ျပသာနာျဖစ္ေတာ့ ေနာက္ဆုံး ဆုံးရွံးတာက အဖြဲ႕အစည္းပါပဲ ။ လုပ္ေဆာင္ခ်က္ေတြအတြက္ ေသခ်ာစြာ နားလည္ေအာင္ ရွင္းျပဖို့လိုပါတယ္။

🔹Re -Watch

 ကိုယ္က အဖြဲ႕အစည္းအတြက္ တာ၀န္တစ္ခုခုေပးၿပီးၿပီဆိုရင္ ဆက္လက္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ သူတတကယ္ေကာ လုပ္ေဆာင္ခ်က္ေတြက မွန္ေနရဲ့လား ဆိုတာပါ၊ ဒီေနရာမွာ နည္းနည္း ေရာေထြး တက္တာက ေစာင့္ၾကည့္ထိန္းေက်ာင္းတာနဲ႔ ၀င္ေရာက္ျခယ္လွယ္တာမ်ိဳးကို ကြဲျပားေစဖို့လိုပါတယ္။ သူကို ကိုယ္ပိုင္ ဆုံးျဖတ္ခ်က္ေတြနဲ႔ လုပ္ေဆာင္ပါေစ၊ ႀကီးမားတဲ့ အမွားအယြင္းမ်ိဳး မျဖစ္ေစဘူးဆိုရင္ အတတ္နိုင္ဆုံး   ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ေတြနဲ႔ ေဆာင္ရြက္ေစနိုင္ဖို့လိုပါတယ္။ဒါက ေစာင့္ၾကည့္ထိန္းေက်ာင္း ရတဲ့ အပိုင္းပါ။

🔹Recognition & Job Enlargement

အတိုခ်ဳပ္ေျပာရရင္ ဒါက စိတ္တြန္းအား တစ္ရပ္လို့ဆိုလို့ရပါတယ္၊ ျဖစ္ေနတာက ဒီအပိုင္းမွာ ျပသာနာေတြ တက္ေနတာပါ။ တကယ္တမ္း ကိုယ္က ေစာင့္ၾကည့္ ထိန္းေက်ာင္းခဲ့တာ မွန္ေပမဲ့ သူ႔အတြက္ စိတ္တြန္းအားတစ္ရပ္ကို ျဖစ္ေစဖို့ပါ။ ထက္ၿပီးေတာ့ ဒိထက္ပိုၿပီးႀကီးမားတဲ့ လုပ္ငန္းတာ၀န္ေတြ ေပးနိုင္ရင္ေတာ့ ေပးလိုက္ဖို့လည္းလိုအပ္ပါတယ္။ ကိုယ္က ဒါေတြပဲ ထပ္ခါထပ္ခါခိုင္းေနရယုံနဲ႔ သူ႔ဆီက ပိုမိုတိုးတတ္ေကာင္းမြန္တဲ့ အရည္အခ်င္းေတြ ေမၽွာ္လင့္လို့မရပါဘူး ။

ေနာက္ဆုံးအေနနဲ႔ တင္ျပခ်င္တာက ၀န္ထမ္းေတြကို အမွားအယြင္းေတြျဖစ္မွာေၾကာက္ေနတဲ့ လုပ္ငန္းအမ်ားစုက  ေအာင္ျမင္ဖို့အလားအလာ နည္းပါတယ္။ မွားတယ္ဆိုတာက အမွန္ကိုမေရာက္ေသးခင္ အခ်ိန္ကာလပါ ၊ ဒါကိုျဖတ္ေက်ာ္ၿပီးမွသာ မွန္ကန္တဲ့ အေၾကာင္းအရာေတြကို ေရာက္ရွိမွာျဖစ္တာေၾကာင့္ ၀န္ထမ္းေတြကို မွားခြင့္ျပဳလိုက္ဖို့လိုပါတယ္။

ထိန္လင္းေက်ာ္(HR)

(Unicode)

သင်အလုပ်မှာ မှားခဲ့ဖူးလား ?

▪️▪️▪️▪️▪️▪️▪️▪️▪️▪️

Htain Lin Kyaw (HR)

စာဖတ်သူတို့ အမှားဆိုတဲ့ အရာနဲ့ ကင်းကွာကြမှာ မဟုတ်ကြပါဘူး ။ လူဆိုတာ အမှားနဲ့မကင်းကြတာကြောင့် ငယ်ငယ်ကတည်းက သုံးခဲ့တဲ့ ခဲတံမှာတောင် နောက်ပိတ်ကလေးက ခဲဖျက်ကလေး ပါလာသေးတာပေါ့ ။

ဒီတော့ လူတိုင်းမှားဖူးမယ်၊ အမှားအယွင်းတွေက တဆင့် ပြသာနာတွေကို ကြုံတွေ့ရသလို ၊ သင်ခန်းစာရ အောင်မြင်ကျော်ကြားခဲ့တဲ့သူတွေ အများကြီးပါ။ ဆိုချင်တာက မှားတာက ပြသာနာမဟုတ် မပြင်တာက ပြသာနာပါ။ အက်ဒီဆင် က တီထွင်ဆန်းသစ်မှုတွေက မအောင်မြင်တဲ့ မှားယွင်မှုတွေဆီကနေ  လာတာလို့ဆိုပါတယ်။

မိတ်ဆွေ သင်ကော ဘယ်နှစ်ခါ မှားဖူးပြီလဲ ?

အိုင်းစတိုင်းက ပြောဖူးပါတယ် 👇🏻👇🏻

အမှားမလုပ်ဘူးတဲ့သူဆိုတာ ၊ ဘာမှ မလုပ်တဲ့သူပါတဲ့ ။

ဒီတော့ မှားတာ ကောင်းလားဆိုတော့ လွယ်လွယ်ပြောရင် ကောင်းပါတယ်လို့ ဆိုရမှာပါ။ အလုပ်ထဲမှာ ၊အိမ်မှာ ၊ ဆက်ဆံရေး ပတ်ဝန်းကျင် မှာ အမှားလုပ်မိကြမှာပါပဲ။

သူတို့တွေကို မှားခွင့်ပြုလိုက်ပါ။ အမှား နှစ်မျိုးရှိပါတယ် ဘာလဲဆိုတော့ 🤔🤔🤔

🔹ကုစားလို့မရတဲ့ အမှားနဲ့
🔹ကုစားလို့ရတဲ့ အမှားလို့ ဆိုပါတယ်။

ဒါက ဥပဒေ သဘော သဘာဝ ပိုဆန်ပါတယ်။ ဆိုလိုတာက ဒီနှစ်ပိုင်းကို သိအောင် ဆောင်ရွက်ထားနိုင်ရင် မှားခွင့်ပြုလိုက်ပါ။

လုပ်ငန်းခွင်ထဲမှာ အမှားတွေကို ကျွန်တော်တို့ ဘာကြောင့်လက်ခံသင့်တာလဲ ဆိုတော့ ဒီအပေါ်ကနေ ရနိုင်တာတွေရှိလို့ပါ။ ဘာတွေလဲဆိုတော့

ကောင်းမွန်တဲ့ အတွေ့အကြုံ ✔️

ဘာမှ မလုပ်ဖူးရင် တော့ ဘာအတွေ့အကြုံမှ မရနိုင်ပါဘူး၊ အလုပ်ဆိုတာလည်း လုပ်ရင်မှားမှာပါပဲ ။ ဒီနှစ်ခုကြားမှာ ရလာနိုင်တဲ့ အတွေ့အကြုံ ကို ဝယ်ယူလို့မရနိုင်ပါဘူး ။ ဘာမှ မလုပ်နိုင်ပဲ နှစ်တွေသာ ကြာသွားတယ် ၊ အရည်အချင်းတက်မလာဘူးဆိုရင်  မိတ်ဆွေ သင်မှား မှာကြောက်လာလို့ ပဲ ဖြစ်မှာပါလို့ ဆိုပါရစေ။

မိမိကိုယ် ကိုယ်ယုံကြည်ချက် ✔️

ယုံကြည်မှုရှိခြင်းကလည်း အလုပ်အတွက် အရေးပါတဲ့ အရာတစ်ခုပါ၊ ကိုယ်လုပ်နေရတဲ့ အလုပ်အပေါ်မှာ ယုံကြည်စွဲမြဲစွာ လုပ်ကိုင်နိုင်ဖို့လိုပါတယ်။  မှားခဲ့ဖူးတဲ့ အလုပ်တွေမှာ ဒါလုပ်ရင် မှားနိုင်တဲ့ဆိုတဲ့ ပျော့ကွက်ဟာကွက် တွေကို သင်ကြိုတင် သိရှိနိုင်တာဖြစ်တဲ့ အတွက် ဒီအပိုင်းကို ရှောင်ဖယ် ဆောင်ရွက်နိုင်မှာပါ။ ကိုယ့် ယုံကြည်မှုဟာ လုပ်ငန်းအတွက် အားဆေးဖြစ်ပါတယ်။

တာဝန်ခံလိုတဲ့စိတ် ✔️

ဒီအချက်ကို မရှိသေးရင် ရှိအောင် လုပ်ရမှာဖြစ်ပါတယ်။ မှားတယ် ၊မှားပါစေ .. ကုစားလို့မရတဲ့အမှား မဖြစ်အောင်သာ ဆောင်ရွက်ထိန်းကျောင်းပေးနိုင်ဖို့လိုပါတယ်။ ဒါပေမဲ့ တာဝန်ခံလိုတဲ့စိတ်ကလေး ထည့်ပေးနိုင်အောင် ဆောင်ရွက်ဖို့လိုပါတယ်။ ဒါက တည်ဆောက်မွေးမြုရမယ့် အချက်ပါ။

 ဒီအချက်တွေက အမှားအယွင်းတွေဆီကနေ ရလာနိုင်တဲ့ အခြေအနေတွေပါပဲ။  ဒါပေမဲ့ အမှားအယွင်းဆိုတာ အမြဲရှိနေလို့ကောင်းတဲ့ အရာမဟုတ်လို့ ခဏတာ အမှား မခံနိုင်တဲ့ အခြေအနေတွေရှိနေတယ်ဆိုတာလည်း သတိပြုမိစေချင်ပါတယ်။ ကျွမ်းကျင်မှုမရှိသေးခင် မှားတဲ့ အမှားက အလေ့အကျင့်မရှိသေးတဲ့ ဖြစ်တဲ့ အမှားပါ။

ကျွမ်းကျင်သူ အနေအထားမှာ မမှားသင့်တဲ့ အမှားမျိုးကတော့ ပေါ့ဆမှုလို့ ဆိုလိုရပါတယ်။ လူတွေက ဒီအမှားအယွင်းကို လက်မခံကြပါဘူး ။ လုပ်ငန်းခွင်ထဲက မှားယွင်းမှုတွေက ရှိနေဦးမှာပါ၊ ပြင်ဆင်ပေးနိုင်အောင် စီမံခန့်ခွဲသူတွေ အနေနဲ့ မှားခွင့်ပေးသင့်ပါတယ်။

 လတ်တလော တွေ့ကြုံနေရတာက မှားမှာကြောက်လို့ မလုပ်ရဲ ၊မခိုင်းရဲ ဖြစ်နေတာတွေကြောင့် အလုပ်ကြန့်ကြာနေရတာတွေက များပါတယ်။ ဒီတော့ မလုပ်လို့မတက် ၊မတက်တော့ မလုပ်နဲ့ ယောင်လည်လည်ဖြစ်နေရင်း အဖွဲ့အစည်းရဲ့ အားနည်းချက်ကြီးအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။

ဆက်ပြီးတော့ မမှားအောင် ဘယ်လို လုပ်သင့်သလဲဆိုတာကိုလည်း ခေါင်းစဉ်နဲ့ တစ်ဆက်တည်းမို့ တင်ပြပါရစေဦး ။ မှားခွင့်ပြုတာတော့ ဟုတ်ပါပြီ  ၊ ခဏခဏမှားနေရင် မဖြစ်ချေသေးဘူးဆိုတော့ ကိုယ့်ဝန်ထမ်းတွေအပေါ် စီမံအုပ်ချုပ်သူ တစ်ယောက်အနေနဲ့ ဘယ်လိုစီမံခန့်ခွဲသင့်တဲ့ဆိုတဲ့ အပိုင်းပါ။

🔹Pre guide line  

ဒါကအရေးကြီးပါတယ် ၊ ဘာလုပ်ရမလဲဆိုတာကို သေချာစွာမသိပဲလုပ်လို့ဖြစ်လာတဲ့အမှားတွေက များပါတယ်။ ဒီတော့ ကိုယ်တာဝန်ပေးတော့မယ် အလုပ်တစ်ခုအတွက် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို သူသေချာသိရဲ့လား၊ သေချာကော နားလည်ရဲ့လား ဆိုတာသေချာသိစေဖို့လိုပါတယ်။ လုပ်ငန်းအဖွဲ့အစည်းတွေမှာဖြစ်နေတာက သေချာစွာနားလည်းမှန်း မသိ၊ ရှင်းပြတော့လည်း ပြီးပြီရော၊ ဝန်ထမ်းကလည်း ပြန်မမေးရဲ ၊ ဒီတော့ တာဝန်တစ်ခုကို နားလည်သလိုလုပ်မိတယ်။ ပြသာနာဖြစ်တော့ နောက်ဆုံး ဆုံးရှံးတာက အဖွဲ့အစည်းပါပဲ ။ လုပ်ဆောင်ချက်တွေအတွက် သေချာစွာ နားလည်အောင် ရှင်းပြဖို့လိုပါတယ်။

🔹Re -Watch

 ကိုယ်က အဖွဲ့အစည်းအတွက် တာဝန်တစ်ခုခုပေးပြီးပြီဆိုရင် ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ သူတတကယ်ကော လုပ်ဆောင်ချက်တွေက မှန်နေရဲ့လား ဆိုတာပါ၊ ဒီနေရာမှာ နည်းနည်း ရောထွေး တက်တာက စောင့်ကြည့်ထိန်းကျောင်းတာနဲ့ ဝင်ရောက်ခြယ်လှယ်တာမျိုးကို ကွဲပြားစေဖို့လိုပါတယ်။ သူကို ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနဲ့ လုပ်ဆောင်ပါစေ၊ ကြီးမားတဲ့ အမှားအယွင်းမျိုး မဖြစ်စေဘူးဆိုရင် အတတ်နိုင်ဆုံး   ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ ဆောင်ရွက်စေနိုင်ဖို့လိုပါတယ်။ဒါက စောင့်ကြည့်ထိန်းကျောင်း ရတဲ့ အပိုင်းပါ။

🔹Recognition & Job Enlargement

အတိုချုပ်ပြောရရင် ဒါက စိတ်တွန်းအား တစ်ရပ်လို့ဆိုလို့ရပါတယ်၊ ဖြစ်နေတာက ဒီအပိုင်းမှာ ပြသာနာတွေ တက်နေတာပါ။ တကယ်တမ်း ကိုယ်က စောင့်ကြည့် ထိန်းကျောင်းခဲ့တာ မှန်ပေမဲ့ သူ့အတွက် စိတ်တွန်းအားတစ်ရပ်ကို ဖြစ်စေဖို့ပါ။ ထက်ပြီးတော့ ဒိထက်ပိုပြီးကြီးမားတဲ့ လုပ်ငန်းတာဝန်တွေ ပေးနိုင်ရင်တော့ ပေးလိုက်ဖို့လည်းလိုအပ်ပါတယ်။ ကိုယ်က ဒါတွေပဲ ထပ်ခါထပ်ခါခိုင်းနေရယုံနဲ့ သူ့ဆီက ပိုမိုတိုးတတ်ကောင်းမွန်တဲ့ အရည်အချင်းတွေ မျှော်လင့်လို့မရပါဘူး ။

နောက်ဆုံးအနေနဲ့ တင်ပြချင်တာက ဝန်ထမ်းတွေကို အမှားအယွင်းတွေဖြစ်မှာကြောက်နေတဲ့ လုပ်ငန်းအများစုက  အောင်မြင်ဖို့အလားအလာ နည်းပါတယ်။ မှားတယ်ဆိုတာက အမှန်ကိုမရောက်သေးခင် အချိန်ကာလပါ ၊ ဒါကိုဖြတ်ကျော်ပြီးမှသာ မှန်ကန်တဲ့ အကြောင်းအရာတွေကို ရောက်ရှိမှာဖြစ်တာကြောင့် ဝန်ထမ်းတွေကို မှားခွင့်ပြုလိုက်ဖို့လိုပါတယ်။

ထိန်လင်းကျော်(HR)

No comments: