Saturday, May 9, 2020

အရက္ ဆိုသည္မွာ


(ေဒါက္တာ) Kyaw Swe ၏ပို႔စ္ ၂ ခုကို စုစည္းတင္ျပထားျခင္းျဖစ္ပါသည္။
.
--------------------------------------------
အရက္ ဆိုသည္မွာ (၁)
23 April 2017
--------------------------------------------


ဒီေန႔ ႐ြာက တပည့္တေယာက္က ေတာအရက္ ၂ ပုလင္းနဲ႔
ပ်ားရည္ ၁ ပုလင္း၊ လာ ကန္ေတာ့တယ္။ ကန္ေတာ့တယ္ဆိုတာထက္ လက္ေဆာင္ေပးတယ္ ေျပာရမွာပဲ။
တပည့္လာေပးတဲ့ အရက္ပုလင္းေတြကို ၾကည့္ရင္း
လူက ေလတက္လာတယ္။ ပ်ားရည္ပုလင္းကို အေမ့ ေပးလိုက္ၿပီး အရက္ပုလင္းေတြကိုေတာ့ ဗီဒိုထဲ ေခ်ာင္ကပ္ သိမ္းထားလိုက္တယ္။
ညေနပိုင္းေရာက္လာေတာ့ လက္က သိမ္းထားတဲ့ေနရာ
အလိုလို ေရာက္သြားတယ္။ ဒါနဲ႔ စာေရးဖို႔ အာရံုစိုက္ရင္း
အျပင္ထြက္ ထိုင္ေနလိုက္တယ္။
.
ဒီကေန႔ လူ အေတာ္မ်ားမ်ားက အရက္ကို ဧည့္ခံပြဲတည္စရာအျဖစ္ ျမင္ေနၾကတယ္။ ေပ်ာ္လို႔လည္း ေသာက္တယ္။ ပ်င္းလို႔လည္း ေသာက္တယ္။
အလွဴ မဂၤလာေဆာင္ကေန အသုဘခ်  ဆြမ္းသြတ္အထိ
အရက္နဲ႔ ဧည့္ခံေနၾကတယ္။
အရက္မေသာက္တဲ့သူက လူရာမဝင္သလို အရက္ဝိုင္းဝင္မွ မိတ္ေဆြ ထင္ေနၾကတယ္။
အေရာင္းအဝယ္ကေန မဂၤလာစကားစပ္အထိ အရက္ဟာ
ဧည့္ခံဝိုင္း ျဖစ္ေနၾကၿပီ။ ဒါေၾကာင့္ အရက္အေၾကာင္း ေျပာျပခ်င္လို႔ ဒီစာကို ေရးလိုက္တာပါ။
.
ေသာက္သံုးလို႔ ရတဲ့ အရက္ဆိုတာ Ethanol ကို ေခၚတာပါ။
ဓာတုဖြဲ႕စည္းပံုက CH3CH2OH ျဖစ္ပါတယ္။
အရက္ဟာ သဘာဝအတိုင္း ျဖစ္ေပၚနိုင္တဲ့ ဟိုက္ဒရိုကာဗြန္ ကြန္ေပါင္းတခု ျဖစ္ပါတယ္။ သၾကားကို တေဆး (Yeast) မွာပါတဲ့  ဘက္တီးရီးယားပိုးမ်ား၏ ေအာက္ဆီဂ်င္မဲ့ အသက္ရွဴျခင္းျဖစ္စဥ္ကေန ထြက္လာတာ ျဖစ္ပါတယ္။
ဒါသည္ သဘာဝအရက္ ျဖစ္ပါတယ္။ စိမ္ရည္နဲ႔ ဝိုင္ဟာ သဘာဝ အတူတူပါပဲ။
ဒီစိမ္ရည္ကို ေပါင္းခံနည္းနဲ႔ ခ်က္တဲ့ အခါမွာ အရက္ကို ရရိွပါတယ္။

ဒီလို ေပါင္းခံ ခ်က္လုပ္တဲ့ အခ်ိန္မွာ ျပႆ       နာ တက္တာပါပဲ။ Ethanol ကေန အဆိပ္ျဖစ္တဲ့ Methnol အျဖစ္ ဓာတ္ေျပာင္းသြားလို႔ ျဖစ္ပါတယ္။
ခ်က္အရက္ထဲမွာ Methnol ဟာ 5-12% အထိ ပါဝင္ေနပါတယ္။
ေပါင္းခံမႈ အပူခ်ိန္ျမင့္ေလ Methnol ပါဝင္မႈ မ်ားေလ ျဖစ္ပါတယ္။
Ethanol နဲ႔ Methnol ကုိ အလြယ္တကူ ခြဲျခားဖို႔ မလြယ္ပါဘူး။
သဘာဝအတိုင္း အေငြ႕ျပန္မႈနဲ႔သာ ဖယ္ရွားနိုင္ပါတယ္။
ဒါေၾကာင့္ အရက္ေတြကို သစ္သားစည္ေတြထဲမွာ
နွစ္ရွည္ သိုေလွာင္ထားရတာ ျဖစ္ပါတယ္။
Methanol ပါဝင္မႈ ရာနႈန္းဟာ အရက္ရဲ႕ တန္ဖိုးနဲ႔ ေျပာင္းျပန္ အခ်ိဳးက်ပါတယ္။ Methanol ပါဝင္မႈ နည္းေလ အရက္ဟာ ေစ်းႀကီးေလ၊ အႏၲရာယ္လည္း ေလ်ာ့ပါးေလ ျဖစ္ပါတယ္။
ေတာေရာက္တုန္း ခ်က္အရက္ဝယ္လာၿပီး ဖန္ပုလင္းနဲ႔ အဖံုးအေသပိတ္နဲ႔ နွစ္တစ္ရာ ထားလည္း Methanol ပမာဏ မေလ်ာ့သြားနိုင္ပါဘူး။
ေတာခ်က္အရက္ဆိုၿပီး အႏၲရာယ္ကင္းတယ္ မထင္ပါနဲ႔။
Methanol ပိုပါနိုင္လို႔ ပိုအႏၲရာယ္ မ်ားပါတယ္။
100% Ethanol ရဖို႔ အရက္အဆီ သို႔မဟုတ္ ဦးရည္ကို သစ္သားစည္ သို႔မဟုတ္ ဖန္ပုလင္းမွာ အဖံုးအျဖစ္ အဝတ္စ စည္းၿပီး ထားလ်ွင္ ၇ နွစ္ ေလာက္အၾကာမွာ ရနိုင္ပါတယ္။
.
Medical Use အျဖစ္ Ethanol 100% ကို ဝယ္လို႔ရနိုင္ပါတယ္။ ၁ လီတာကို ၂၅၀၀၀ က်ပ္ ေစ်းေလာက္ ရိွပါတယ္။ ဒါကို ေရနဲ႔ ၁း၂.၅ စပ္ရင္ အႏၲရာယ္နည္းတဲ့ အရက္ေကာင္းရပါလိမ့္မယ္။ ၃၅% V/V ဆိုတာ လက္ရိွ နာမည္ေက်ာ္ အရက္ေတြအားလံုးထက္ သာပါတယ္။
ဒီလိုေျပာလို႔ အရက္ေသာက္ဖို႔ ေျမႇာက္ေပးေနတာ မဟုတ္ပါဘူး။
.
အရက္မေသာက္တာ အေကာင္းဆံုးပါ။
မေသာက္ပါနဲ႔ တားလို႔လည္း ထိေရာက္မည္ မဟုတ္ပါ။
.
ဒီကေန႔ အစိုးရအေနနဲ႔ အရက္အပၚမွာ အခြန္ေတြ တိုးေကာက္ေနပါတယ္။
အရက္ဆိုင္ လိုင္စင္ေတြလည္း အသစ္ခ်ထားေပးတာ ပိတ္ထားပါတယ္။
အရက္ပုန္း ေရာင္းသူေတြကိုလည္း ဖမ္းဆီး အေရးယူေနတာ မ်ားပါၿပီ။
ဒါေပမယ့္ အရက္ေသာက္သူ ဦးေရ၊ အရက္ ေသာက္နႈန္း ေလ်ာ့က်သြားတာ မေတြ႕ရေသးပါဘူး။ ၂၀၁၅-၂၀၁၆ အတြင္း ျပည္တြင္း အရက္ထုတ္လုပ္မႈ ဂါလံ ၁၈ သိန္း အထိ ရိွခဲ့ၿပီး၊ နိုင္ငံျခားမွ တင္သြင္းမႈ၊ အရက္ လီတာ ၃ သိန္းေက်ာ္ ရိွခဲ့ပါတယ္။ ျပည္ပတင္ပို႔မႈမွာ လီတာ ၁၈၀၀၀ ပဲ ရိွခဲ့ပါတယ္။
အရက္ထုတ္လုပ္မႈအေပၚ အခြန္တိုးေကာက္တာကို အခုထက္
ပိုလုပ္သင့္သလို ထုတ္လုပ္တဲ့ အရက္ေတြမွာ Methanol ပါဝင္မႈ၊ အရက္ ျပင္းအား တို႔ကို စစ္ေဆးျခင္းျဖင့္ ေသာက္သံုးသူကို
ကာကြယ္ေရးလည္း လုပ္သင့္ပါေၾကာင္း အႀကံျပဳအပ္ပါသည္။
(အရက္နွင့္ ခႏၶာကိုယ္အေပၚ သက္ေရာက္မႈကို ဆက္ေရးပါမယ္)

-------------------------------------
အရက္ဆိုသည္မွာ (၂)
24  April 2017
-------------------------------------
အရက္ကို ေသာက္လိုက္တိုင္း၊ အဆိပ္ျဖစ္ေစတဲ့ Methanol ဆိုတာ % အနည္းငယ္ေတာ့ ေသာက္လိုက္မိၿပီဆိုတာ သတိထားဖို႔ လိုပါတယ္။
ေစ်းအႀကီးဆံုး အသန္႔ဆံုး အရက္ဆိုတာေတာင္ Methanol မကင္းစင္ပါဘူး။
% အနည္း အမ်ားပဲ ကြာပါတယ္။ ဒီကေန႔ BE အဆီကို ေဖ်ာ္ေသာက္ေနတဲ့ အရက္ကေတာ့ ေျပာဖြယ္ရာ မရိွၿပီ။

အရက္ တခြက္ေသာက္ထားတာကို ၈ လ အထိ စစ္လို႔ ရတယ္ဆိုတာ Methanol အႂကြင္းအက်န္ကို စစ္တာ ျဖစ္ပါတယ္။
Methanol သည္ ခႏၶာကိုယ္ထဲ တႀကိမ္ဝင္ေရာက္လာလ်ွင္ အကုန္အစင္ ခႏၶာကိုယ္က ဖယ္ရွားဖို႔ အခ်ိန္ ၉ လ လိုအပ္ပါတယ္။ ခႏၶကိုယ္အေရျပားမွ အေငြ႕ျပန္ျခင္းနွင့္ အသက္ရွဴလမ္းေၾကာင္းမွ အေငြ႕ျပန္ျခင္းျဖင့္သာ ဖယ္ထုတ္နိုင္ပါတယ္။

အရက္ေသာက္လာတာနဲ႔ အမ်ွ ခႏၶာကိုယ္ထဲမွာ Methanol level ျမင့္တက္လာပါတယ္။ Methanol ကို ေက်ာ္နိုင္ဖို႔ Ethanol ပမာဏ ပိုလိုလာပါတယ္။ ဒါကို ေရခ်ိန္တက္လာတယ္ ေျပာၾကတာပါ။
Ethanol ကို အသည္း Liver ထဲမွာ Hydroxylation ျဖစ္ၿပီး ေခ်ဖ်က္ပါတယ္။

Methanol ကိုေတာ့ အသည္းက မေခ်ဖ်က္နိုင္ပါဘူး။  Methanol level ျမင့္ေလ အရက္ ေသာက္နိုင္ေလ ျဖစ္လာပါတယ္။ ခႏၶာကိုယ္ထဲမွာ ရိွေနတဲ့ Methanol level ကို Ethanol level က ေက်ာ္တက္လာမွ အရက္ရဲ႕ အရသာ ေပၚလာပါတယ္။ ရီေဝေဝ၊ ရိပ္တိတ္တိတ္ ခံစားမႈကို ေျပာတာပါ။
Methanol level 1.5ml/1L BLOOD ေရာက္လာခ်ိန္မွာ အရက္မေသာက္ရ မေနနိုင္တဲ့ အဆင့္ကို ေရာက္ပါတယ္။ ဒီအဆင့္ကို အရက္စြဲၿပီလို႔ သတ္မွတ္ပါတယ္။
.
အရက္ကို အေပါင္းအသင္းနဲ႔ ႀကံဳတုန္းဆံုတုန္း တပတ္တႀကိမ္၊ တလတႀကိမ္ ေသာက္ျဖစ္ရံုနဲ႔ မစြဲပါဘူး။ ဒါေပမယ့္ တေျဖးေျဖး ေရခ်ိန္ေတာ့ တက္လာပါလိမ့္မယ္။ ေဆးျဖစ္ဝါးျဖစ္ တပက္၊ နွစ္ပက္ ေသာက္ၾကသူေတြလည္း ရိွပါတယ္။ ဒီလိုပုဂၢိဳလ္ေတြမွာလည္း ေရခ်ိန္တက္လာမွာပါပဲ။ အရက္ကို တႀကိမ္ တႀကိမ္ၾကားမွာ
အနည္းဆံုး ၄၈ နာရီေလာက္ ျခားသင့္ပါတယ္။
တေနကုန္ ခဏခ်င္ တဇြတ္ဇြတ္ ေသာက္ေနရင္ ပိုၿပီး ဒုကၡေပးပါတယ္။ အရက္ကို အသည္းက ေခ်ဖ်က္ခ်ိန္မွာ Energy ထြက္လာပါတယ္။
ဒီ Energy ကို ခႏၶာကိုယ္က အသံုးမျပဳဘဲ အဆီအျဖစ္ သိမ္းဆည္းထားပါတယ္။ ဒီအဆီေတြဟာ အသည္းပတ္လည္မွာ အခဲအဆီျပင္အျဖစ္ ရိွေနပါတယ္။
ဒါေၾကာင့္ အရက္သမားေတြ ဗိုက္႐ႊဲလာတာ ျဖစ္ပါတယ္။
အရက္ေသာက္လိုက္ခ်ိန္မွာ ပူေႏြးတဲ့ အာရံုကို ခံစားရပါတယ္။
ဒါသည္ အရက္က စြမ္းအင္ေတြ ေပးေနလို႔ မဟုတ္ပါဘူး။ အေရျပားေတြ
က်ယ္ပ်ံ့သြားၿပီး ခႏၶာကိုယ္မွ အပူစြမ္းအင္ေတြ ဆံုးရႈံးေနတာ ျဖစ္ပါတယ္။
.
တခ်ိဳ႕က အရက္ေသာက္ရင္ ထမင္းပိုစားနိုင္တယ္လို႔ ထင္ၾကတယ္။
ဒါကေတာ့ အရက္ေၾကာင့္ အစာအိမ္ ႂကြက္သားေတြ ေျပေလ်ာ့သြားၿပီး အစာအိမ္ပိုက်ယ္လာလို႔ အစာ ပို ဝင္တာ ျဖစ္ပါတယ္။ ဒီအခ်က္ကလည္း ေကာင္းတဲ့ အခ်က္မဟုတ္ပါဘူး။
အဆိုးဆံုးကေတာ့ တခ်ိဳ႕ေတြက အရက္ေသာက္ရင္ အျမည္း မပါဘဲ၊ ပါရင္လည္း အျမည္းနဲနဲ နဲ႔ ေသာက္တတ္ၾကတယ္။
ဒါဟာအႏၲရာယ္ကို ဖိတ္ေခၚေနတာ ျဖစ္ပါတယ္။
တခ်ိဳ႕ေတြ ညက အရက္အတူေသာက္ေနၾကတာ၊ အခုမနက္ၾက သူေသၿပီတဲ့ ဆိုတာမ်ိဳး ၾကားရရင္ လန္႔သြားတတ္ၾကတယ္။ လန္႔သြားလို႔ အေသာက္ေတာ့ မျပတ္သြားၾကပါဘူး။ အေသာက္ပ်က္ရင္ အသက္ေပ်ာက္မယ္ဆိုတာ အရက္သမား စကားသာ ျဖစ္ပါတယ္။ အရက္ဆိုတာ အဆိပ္ဆိုတာ ျမင္မိရင္ ျမင္တဲ့ အခ်ိန္ကစၿပီး မေသာက္ဖို႔ လိုအပ္ပါတယ္။

အရက္ မေသာက္တာ အေကာင္းဆံုးပါ။
ေသာက္ျဖစ္ခဲ့ရင္လည္း အလြန္အကြၽံမေသာက္မိဖို႔ ထိန္းၾကပါ။
အရက္ကို အျမည္းမပါဘဲ မေသာက္ၾကပါနဲ႔။ သစ္သီးေတြကို အျမည္းလုပ္ျခင္းဟာ အႏၲရာယ္ ေလ်ာ့နိုင္ပါတယ္။ အရက္မ်ားမ်ား
ေသာက္ၿပီးတုိင္း သၾကားကို ျမင္းေခါင္းဇြန္း ၂ ဇြန္းေလာက္ စားဖို႔ မေမ့ပါနဲ။
အဝတ္မပါ၊ ေစာင္မၿခံဳဘဲ မအိပ္ပါနဲ႔၊ အဲဒါနဲ႔ေျပာင္းျပန္
ေစာင္ေခါင္းၿမီးၿခံဳၿပီးလည္း မအိပ္ပါနဲ႔။

မိသားစုတိုင္းလိုလို အေဖ၊ ဦးႀကီး၊ ဦးေလး၊ အစ္ကို၊ ညီ၊ ေမာင္
ဒါမွမဟုတ္ ကိုယ္တိုင္ ေသာက္ေနမိတတ္ၾကပါတယ္။
အသိသတိေလးနဲ႔ ေစာင့္ၾကည့္ရင္း အေႂကြမေစာေစဖို႔ သတိထပ္ေပးလိုက္ပါတယ္။
.
Kyaw Swe

(Unicode)


(ဒေါက်တာ) Kyaw Swe ၏ပို့စ် ၂ ခုကို စုစည်းတင်ပြထားခြင်းဖြစ်ပါသည်။
.
--------------------------------------------
အရက် ဆိုသည်မှာ (၁)
23 April 2017
--------------------------------------------


ဒီနေ့ ရွာက တပည့်တယောက်က တောအရက် ၂ ပုလင်းနဲ့
ပျားရည် ၁ ပုလင်း၊ လာ ကန်တော့တယ်။ ကန်တော့တယ်ဆိုတာထက် လက်ဆောင်ပေးတယ် ပြောရမှာပဲ။
တပည့်လာပေးတဲ့ အရက်ပုလင်းတွေကို ကြည့်ရင်း
လူက လေတက်လာတယ်။ ပျားရည်ပုလင်းကို အမေ့ ပေးလိုက်ပြီး အရက်ပုလင်းတွေကိုတော့ ဗီဒိုထဲ ချောင်ကပ် သိမ်းထားလိုက်တယ်။
ညနေပိုင်းရောက်လာတော့ လက်က သိမ်းထားတဲ့နေရာ
အလိုလို ရောက်သွားတယ်။ ဒါနဲ့ စာရေးဖို့ အာရုံစိုက်ရင်း
အပြင်ထွက် ထိုင်နေလိုက်တယ်။
.
ဒီကနေ့ လူ အတော်များများက အရက်ကို ဧည့်ခံပွဲတည်စရာအဖြစ် မြင်နေကြတယ်။ ပျော်လို့လည်း သောက်တယ်။ ပျင်းလို့လည်း သောက်တယ်။
အလှူ မင်္ဂလာဆောင်ကနေ အသုဘချ  ဆွမ်းသွတ်အထိ
အရက်နဲ့ ဧည့်ခံနေကြတယ်။
အရက်မသောက်တဲ့သူက လူရာမဝင်သလို အရက်ဝိုင်းဝင်မှ မိတ်ဆွေ ထင်နေကြတယ်။
အရောင်းအဝယ်ကနေ မင်္ဂလာစကားစပ်အထိ အရက်ဟာ
ဧည့်ခံဝိုင်း ဖြစ်နေကြပြီ။ ဒါကြောင့် အရက်အကြောင်း ပြောပြချင်လို့ ဒီစာကို ရေးလိုက်တာပါ။
.
သောက်သုံးလို့ ရတဲ့ အရက်ဆိုတာ Ethanol ကို ခေါ်တာပါ။
ဓာတုဖွဲ့စည်းပုံက CH3CH2OH ဖြစ်ပါတယ်။
အရက်ဟာ သဘာဝအတိုင်း ဖြစ်ပေါ်နိုင်တဲ့ ဟိုက်ဒရိုကာဗွန် ကွန်ပေါင်းတခု ဖြစ်ပါတယ်။ သကြားကို တဆေး (Yeast) မှာပါတဲ့  ဘက်တီးရီးယားပိုးများ၏ အောက်ဆီဂျင်မဲ့ အသက်ရှူခြင်းဖြစ်စဉ်ကနေ ထွက်လာတာ ဖြစ်ပါတယ်။
ဒါသည် သဘာဝအရက် ဖြစ်ပါတယ်။ စိမ်ရည်နဲ့ ဝိုင်ဟာ သဘာဝ အတူတူပါပဲ။
ဒီစိမ်ရည်ကို ပေါင်းခံနည်းနဲ့ ချက်တဲ့ အခါမှာ အရက်ကို ရရှိပါတယ်။

ဒီလို ပေါင်းခံ ချက်လုပ်တဲ့ အချိန်မှာ ပြဿ       နာ တက်တာပါပဲ။ Ethanol ကနေ အဆိပ်ဖြစ်တဲ့ Methnol အဖြစ် ဓာတ်ပြောင်းသွားလို့ ဖြစ်ပါတယ်။
ချက်အရက်ထဲမှာ Methnol ဟာ 5-12% အထိ ပါဝင်နေပါတယ်။
ပေါင်းခံမှု အပူချိန်မြင့်လေ Methnol ပါဝင်မှု များလေ ဖြစ်ပါတယ်။
Ethanol နဲ့ Methnol ကို အလွယ်တကူ ခွဲခြားဖို့ မလွယ်ပါဘူး။
သဘာဝအတိုင်း အငွေ့ပြန်မှုနဲ့သာ ဖယ်ရှားနိုင်ပါတယ်။
ဒါကြောင့် အရက်တွေကို သစ်သားစည်တွေထဲမှာ
နှစ်ရှည် သိုလှောင်ထားရတာ ဖြစ်ပါတယ်။
Methanol ပါဝင်မှု ရာနှုန်းဟာ အရက်ရဲ့ တန်ဖိုးနဲ့ ပြောင်းပြန် အချိုးကျပါတယ်။ Methanol ပါဝင်မှု နည်းလေ အရက်ဟာ စျေးကြီးလေ၊ အန္တရာယ်လည်း လျော့ပါးလေ ဖြစ်ပါတယ်။
တောရောက်တုန်း ချက်အရက်ဝယ်လာပြီး ဖန်ပုလင်းနဲ့ အဖုံးအသေပိတ်နဲ့ နှစ်တစ်ရာ ထားလည်း Methanol ပမာဏ မလျော့သွားနိုင်ပါဘူး။
တောချက်အရက်ဆိုပြီး အန္တရာယ်ကင်းတယ် မထင်ပါနဲ့။
Methanol ပိုပါနိုင်လို့ ပိုအန္တရာယ် များပါတယ်။
100% Ethanol ရဖို့ အရက်အဆီ သို့မဟုတ် ဦးရည်ကို သစ်သားစည် သို့မဟုတ် ဖန်ပုလင်းမှာ အဖုံးအဖြစ် အဝတ်စ စည်းပြီး ထားလျှင် ၇ နှစ် လောက်အကြာမှာ ရနိုင်ပါတယ်။
.
Medical Use အဖြစ် Ethanol 100% ကို ဝယ်လို့ရနိုင်ပါတယ်။ ၁ လီတာကို ၂၅၀၀၀ ကျပ် စျေးလောက် ရှိပါတယ်။ ဒါကို ရေနဲ့ ၁း၂.၅ စပ်ရင် အန္တရာယ်နည်းတဲ့ အရက်ကောင်းရပါလိမ့်မယ်။ ၃၅% V/V ဆိုတာ လက်ရှိ နာမည်ကျော် အရက်တွေအားလုံးထက် သာပါတယ်။
ဒီလိုပြောလို့ အရက်သောက်ဖို့ မြှောက်ပေးနေတာ မဟုတ်ပါဘူး။
.
အရက်မသောက်တာ အကောင်းဆုံးပါ။
မသောက်ပါနဲ့ တားလို့လည်း ထိရောက်မည် မဟုတ်ပါ။
.
ဒီကနေ့ အစိုးရအနေနဲ့ အရက်အပါ်မှာ အခွန်တွေ တိုးကောက်နေပါတယ်။
အရက်ဆိုင် လိုင်စင်တွေလည်း အသစ်ချထားပေးတာ ပိတ်ထားပါတယ်။
အရက်ပုန်း ရောင်းသူတွေကိုလည်း ဖမ်းဆီး အရေးယူနေတာ များပါပြီ။
ဒါပေမယ့် အရက်သောက်သူ ဦးရေ၊ အရက် သောက်နှုန်း လျော့ကျသွားတာ မတွေ့ရသေးပါဘူး။ ၂၀၁၅-၂၀၁၆ အတွင်း ပြည်တွင်း အရက်ထုတ်လုပ်မှု ဂါလံ ၁၈ သိန်း အထိ ရှိခဲ့ပြီး၊ နိုင်ငံခြားမှ တင်သွင်းမှု၊ အရက် လီတာ ၃ သိန်းကျော် ရှိခဲ့ပါတယ်။ ပြည်ပတင်ပို့မှုမှာ လီတာ ၁၈၀၀၀ ပဲ ရှိခဲ့ပါတယ်။
အရက်ထုတ်လုပ်မှုအပေါ် အခွန်တိုးကောက်တာကို အခုထက်
ပိုလုပ်သင့်သလို ထုတ်လုပ်တဲ့ အရက်တွေမှာ Methanol ပါဝင်မှု၊ အရက် ပြင်းအား တို့ကို စစ်ဆေးခြင်းဖြင့် သောက်သုံးသူကို
ကာကွယ်ရေးလည်း လုပ်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။
(အရက်နှင့် ခန္ဓာကိုယ်အပေါ် သက်ရောက်မှုကို ဆက်ရေးပါမယ်)

-------------------------------------
အရက်ဆိုသည်မှာ (၂)
24  April 2017
-------------------------------------
အရက်ကို သောက်လိုက်တိုင်း၊ အဆိပ်ဖြစ်စေတဲ့ Methanol ဆိုတာ % အနည်းငယ်တော့ သောက်လိုက်မိပြီဆိုတာ သတိထားဖို့ လိုပါတယ်။
စျေးအကြီးဆုံး အသန့်ဆုံး အရက်ဆိုတာတောင် Methanol မကင်းစင်ပါဘူး။
% အနည်း အများပဲ ကွာပါတယ်။ ဒီကနေ့ BE အဆီကို ဖျော်သောက်နေတဲ့ အရက်ကတော့ ပြောဖွယ်ရာ မရှိပြီ။

အရက် တခွက်သောက်ထားတာကို ၈ လ အထိ စစ်လို့ ရတယ်ဆိုတာ Methanol အကြွင်းအကျန်ကို စစ်တာ ဖြစ်ပါတယ်။
Methanol သည် ခန္ဓာကိုယ်ထဲ တကြိမ်ဝင်ရောက်လာလျှင် အကုန်အစင် ခန္ဓာကိုယ်က ဖယ်ရှားဖို့ အချိန် ၉ လ လိုအပ်ပါတယ်။ ခန္ဓကိုယ်အရေပြားမှ အငွေ့ပြန်ခြင်းနှင့် အသက်ရှူလမ်းကြောင်းမှ အငွေ့ပြန်ခြင်းဖြင့်သာ ဖယ်ထုတ်နိုင်ပါတယ်။

အရက်သောက်လာတာနဲ့ အမျှ ခန္ဓာကိုယ်ထဲမှာ Methanol level မြင့်တက်လာပါတယ်။ Methanol ကို ကျော်နိုင်ဖို့ Ethanol ပမာဏ ပိုလိုလာပါတယ်။ ဒါကို ရေချိန်တက်လာတယ် ပြောကြတာပါ။
Ethanol ကို အသည်း Liver ထဲမှာ Hydroxylation ဖြစ်ပြီး ချေဖျက်ပါတယ်။

Methanol ကိုတော့ အသည်းက မချေဖျက်နိုင်ပါဘူး။  Methanol level မြင့်လေ အရက် သောက်နိုင်လေ ဖြစ်လာပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ Methanol level ကို Ethanol level က ကျော်တက်လာမှ အရက်ရဲ့ အရသာ ပေါ်လာပါတယ်။ ရီဝေဝေ၊ ရိပ်တိတ်တိတ် ခံစားမှုကို ပြောတာပါ။
Methanol level 1.5ml/1L BLOOD ရောက်လာချိန်မှာ အရက်မသောက်ရ မနေနိုင်တဲ့ အဆင့်ကို ရောက်ပါတယ်။ ဒီအဆင့်ကို အရက်စွဲပြီလို့ သတ်မှတ်ပါတယ်။
.
အရက်ကို အပေါင်းအသင်းနဲ့ ကြုံတုန်းဆုံတုန်း တပတ်တကြိမ်၊ တလတကြိမ် သောက်ဖြစ်ရုံနဲ့ မစွဲပါဘူး။ ဒါပေမယ့် တဖြေးဖြေး ရေချိန်တော့ တက်လာပါလိမ့်မယ်။ ဆေးဖြစ်ဝါးဖြစ် တပက်၊ နှစ်ပက် သောက်ကြသူတွေလည်း ရှိပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေမှာလည်း ရေချိန်တက်လာမှာပါပဲ။ အရက်ကို တကြိမ် တကြိမ်ကြားမှာ
အနည်းဆုံး ၄၈ နာရီလောက် ခြားသင့်ပါတယ်။
တနေကုန် ခဏချင် တဇွတ်ဇွတ် သောက်နေရင် ပိုပြီး ဒုက္ခပေးပါတယ်။ အရက်ကို အသည်းက ချေဖျက်ချိန်မှာ Energy ထွက်လာပါတယ်။
ဒီ Energy ကို ခန္ဓာကိုယ်က အသုံးမပြုဘဲ အဆီအဖြစ် သိမ်းဆည်းထားပါတယ်။ ဒီအဆီတွေဟာ အသည်းပတ်လည်မှာ အခဲအဆီပြင်အဖြစ် ရှိနေပါတယ်။
ဒါကြောင့် အရက်သမားတွေ ဗိုက်ရွှဲလာတာ ဖြစ်ပါတယ်။
အရက်သောက်လိုက်ချိန်မှာ ပူနွေးတဲ့ အာရုံကို ခံစားရပါတယ်။
ဒါသည် အရက်က စွမ်းအင်တွေ ပေးနေလို့ မဟုတ်ပါဘူး။ အရေပြားတွေ
ကျယ်ပျံ့သွားပြီး ခန္ဓာကိုယ်မှ အပူစွမ်းအင်တွေ ဆုံးရှုံးနေတာ ဖြစ်ပါတယ်။
.
တချို့က အရက်သောက်ရင် ထမင်းပိုစားနိုင်တယ်လို့ ထင်ကြတယ်။
ဒါကတော့ အရက်ကြောင့် အစာအိမ် ကြွက်သားတွေ ပြေလျော့သွားပြီး အစာအိမ်ပိုကျယ်လာလို့ အစာ ပို ဝင်တာ ဖြစ်ပါတယ်။ ဒီအချက်ကလည်း ကောင်းတဲ့ အချက်မဟုတ်ပါဘူး။
အဆိုးဆုံးကတော့ တချို့တွေက အရက်သောက်ရင် အမြည်း မပါဘဲ၊ ပါရင်လည်း အမြည်းနဲနဲ နဲ့ သောက်တတ်ကြတယ်။
ဒါဟာအန္တရာယ်ကို ဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။
တချို့တွေ ညက အရက်အတူသောက်နေကြတာ၊ အခုမနက်ကြ သူသေပြီတဲ့ ဆိုတာမျိုး ကြားရရင် လန့်သွားတတ်ကြတယ်။ လန့်သွားလို့ အသောက်တော့ မပြတ်သွားကြပါဘူး။ အသောက်ပျက်ရင် အသက်ပျောက်မယ်ဆိုတာ အရက်သမား စကားသာ ဖြစ်ပါတယ်။ အရက်ဆိုတာ အဆိပ်ဆိုတာ မြင်မိရင် မြင်တဲ့ အချိန်ကစပြီး မသောက်ဖို့ လိုအပ်ပါတယ်။

အရက် မသောက်တာ အကောင်းဆုံးပါ။
သောက်ဖြစ်ခဲ့ရင်လည်း အလွန်အကျွံမသောက်မိဖို့ ထိန်းကြပါ။
အရက်ကို အမြည်းမပါဘဲ မသောက်ကြပါနဲ့။ သစ်သီးတွေကို အမြည်းလုပ်ခြင်းဟာ အန္တရာယ် လျော့နိုင်ပါတယ်။ အရက်များများ
သောက်ပြီးတိုင်း သကြားကို မြင်းခေါင်းဇွန်း ၂ ဇွန်းလောက် စားဖို့ မမေ့ပါနဲ။
အဝတ်မပါ၊ စောင်မခြုံဘဲ မအိပ်ပါနဲ့၊ အဲဒါနဲ့ပြောင်းပြန်
စောင်ခေါင်းမြီးခြုံပြီးလည်း မအိပ်ပါနဲ့။

မိသားစုတိုင်းလိုလို အဖေ၊ ဦးကြီး၊ ဦးလေး၊ အစ်ကို၊ ညီ၊ မောင်
ဒါမှမဟုတ် ကိုယ်တိုင် သောက်နေမိတတ်ကြပါတယ်။
အသိသတိလေးနဲ့ စောင့်ကြည့်ရင်း အကြွေမစောစေဖို့ သတိထပ်ပေးလိုက်ပါတယ်။
.
Kyaw Swe

No comments: