Friday, May 22, 2020

အမဲသားေထာင္းေၾကာ္ -သခင္​ႀကီးငါးပိေဖ်ာ္ရည္ _ သရက္သီးအုန္းနို႔ေက်ာက္ေက်ာသာကူျပင္

အမဲသားေထာင္းေၾကာ္
°°°°°°°°°°°°°°°°°°°°°°


အမဲေပါင္သား...............၃၀က်ပ္သား
ၾကက္သြန္နီ..................၂လုံး
ၾကက္သြန္ျဖဴ.................၅တက္
င႐ုတ္ေျခာက္ေတာင့္........၁၅ေတာင့္ခန္႔

အမဲေပါင္သားကိုေရေဆးသန္႔စင္ၿပီးအေျမႇာင္ရွည္ပုံစံရေအာင္ေဒါင္လိုက္ ၂ျခမ္းစီလွီးျဖတ္ပါ။

ဆား၊ဟင္းခတ္မွုန္႔၊ နႏြင္းမွုန္႔တို့ႏွင့္အရသာနယ္ၿပီးခ်င္းေသးေသးတစ္တက္ကိုဓားျပားရိုက္ထည့္ကာႏွုးသည္အထိျပဳတ္ထားပါ။

ေရအနည္းငယ္ေလးသာက်န္ပါေစ။

ထိုစဥ္အတြင္းၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ ကိုပါးပါးလွီးၿပီးင႐ုတ္ေျခာက္ေတာင့္ကိုမညႇက္တညႇက္ေထာင္း(သို့) ႀကိတ္ေပးပါ။

အမဲသားႏွုးအိၿပီဆိုလၽွင္ခပ္ဖြဖြေထာင္းေပးၿပီးအသားမၽွင္ေလးေတြရေအာင္ဖြာေပးပါ။

အမဲသားမၽွင္ေလးထဲမ်ားသို့ ဆား၊ဟင္းခတ္မွုန္႔၊ၾကက္သားမွုန္႔၊ေထာင္းထားတဲ့င႐ုတ္ၾကမ္းမွုန္႔မ်ားကိုသမေအာင္နယ္ေပးပါ။

ဒယ္အိုးတစ္လုံးမွာဆီအနည္းငယ္ကိုအပူေပးၿပီးပါးပါးလွီးထားတဲ့ၾကက္သြန္နီ၊ ျဖဴ ကိုနႏြင္းမွုန္႔၊အေရာင္တင္မွုန္႔တို့ႏွင့္အတူဆီသတ္ပါ။

အနည္းငယ္ေမႊးလာလၽွင္အရသာနယ္ထားတဲ့အမဲသားမၽွင္ေတြထည့္ေၾကာ္ေပးပါ။

အစိုပုံစံႀကိဳက္တယ္ဆိုရင္(၅)မိနစ္ခန္႔သာေၾကာ္ေပးရန္လိုအပ္ၿပီးခပ္ေျခာက္ေျခာက္ေလးႀကိဳက္တယ္ဆိုရင္ေတာ့မီးရွိန္ေလၽွာ့ခ်ၿပီးအခ်ိန္အနည္းငယ္ပိုၿပီးေၾကာ္ေပးရပါမယ္။

*ၾကက္၊ ဝက္၊ ဆိတ္ မိမိႏွစ္သက္ရာအသားျဖင့္ဤဟင္းပြဲကိုေၾကာ္စားနိူင္ပါသည္။

ယခုလို Stay at Home ကာလမွာ အိမ္တိုင္းအတြက္မပါမျဖစ္တဲ့ ငါးပိရည္ေဖ်ာ္နည္းေလးတင္ဆက္ေပးလိုက္ပါတယ္။ အဆင့္ေလးေတြမ်ားေပမယ့္ တစ္ႀကိမ္ေဖ်ာ္ၿပီး
(၅)ရက္ေလာက္ စားသုံးနိူင္ပါတယ္။

သခင္​ႀကီးငါးပိေဖ်ာ္ရည္
°°°°°°°°°°°°°°°°°°°°°°°°°°


ငါးပိရည္က်ိဳ.........၁၀က်ပ္သား
ၾကက္သြန္ျဖဴ.........၇မႊာ
ၾကက္သြန္နီ..........၁လုံး
ပုစြန္ၿမီးနီ.............၁ဝေကာင္ခန္႔
င႐ုတ္သီးစိမ္း.........မိမိႏွစ္သက္သေလာက္
ကုလားေအာ္ျငဳတ္သီး.....၇ေတာင့္
င႐ုတ္ေျခာက္ေတာင့္......၅ေတာင့္
ဒညင္းသီးျပဳတ္.............၅လုံး

ပထမဆုံးၿမီးနီပုစြန္ေလးေတြကိုဒယ္အိုးေလးထဲထည့္ၿပီးေရခမ္းသည္အထိေလွာ္ပါ။

ငါးပိရည္ကိုနႏြင္းမွုန္႔အနည္းငယ္ျဖင့္က်ေအာင္က်ိဳပါ။အရိုးေတြထည့္ျပဳတ္ပါ။

ဇကာေလးျဖင့္အရံသင့္စစ္ယူထားပါ။

ၾကက္သြန္ျဖဴ ၊ ၾကက္သြန္နီ
င႐ုတ္သီးစိမ္း၊ကုလားေအာ္သီးတို့ကို တံစို့ေလးထိုးၿပီးမီးကင္ေပးပါ။

မီးေသြးဖိုမရွိလို့စိတ္မပူပါနဲ႔ ။
ဒယ္အိုးနီကိုမီးရွိန္ေအးေအးထားၿပီး ေမႊးေနေအာင္ေလွာ္ပါ။

င႐ုတ္ေျခာက္ေတာင့္ကိုလဲ ကၽြမ္းၿပီးေမႊးေနေအာင္ေလွာ္ပါ။

င႐ုတ္ေျခာက္ေတာင့္ ၊ ကင္/ ေလွာ္ထားတဲ့ အာဝါးသီး ၃ ေတာင့္ကိုဖယ္ထားၿပီး
ကင္/ေလွာ္ထားတဲ့အေရာေတြအားလုံးကိုေရာေထာင္းပါ။

ျပင္ဆင္မယ့္ပန္းကန္ထဲသို့ဆယ္ထုတ္ထားပါ။

စစ္ယူထားတဲ့ငါးပိရည္ေတြေလာင္းခ်ပါ။

ေလွာ္ထားတဲ့ပုစြန္ၿမီးနီေတာင့္ေလးေတြခြာထည့္ပါ။

င႐ုတ္သီးေလွာ္မွုန္႔၊ ဟင္းခတ္မွုန္႔ေလးျဖင့္အရသာျဖည့္ေပးပါ။ ဒညင္းသီးကေတာ့
စားခါနီးမွ လိုသေလာက္ လွီးစိတ္ထည့္ပါ။

ကၽြန္ေတာ္က ႐ုံးသမားဆိုေတာ့ တစ္ႀကိမ္စားမွကိုယ္လိုသေလာက္ထည့္စားပါတယ္။

အၾကာႀကီးထည့္ထားတဲ့အခါ ငါးပိရည္နဲ႔
ဒညင္းသီးအနံ့ေရာေထြးသြားတတ္ပါတယ္။

ဒီဟင္းပြဲမွာ ပုစြန္၊ ၾကက္သြန္ျဖဴ ၊ င႐ုတ္သီးစိမ္း ၊ ကုလားေအာ္သီး အစရွိတာေတြကို မီးေသြးဖိုေလးမွာျမႇင္း ကင္ရင္
ပိုအနံ့ေမႊးေပမယ့္ အကုန္လုံးအတြက္အဆင္မေျပျဖစ္နိူင္တာေၾကာင့္ ေလွာ္ၿပီးလဲ ဖန္တီးနိူင္ပါတယ္။

မိမိႏွစ္သက္တဲ့တို့စရာအစုံအလင္ႏွင့္တြဲဖက္နိူင္ပါသည္။


#သရက္သီးအုန္းနို႔ေက်ာက္ေက်ာသာကူျပင္😮


#အရသာ ၃မ်ိဳးထြက္တယ္ ရာသီစာေလး လုပ္စားေစခ်င္လို႔ပါ။
#AGAR ေက်ာက္ေက်ာ   ၁ ထုပ္
သၾကား                   ၁၅ က်ပ္သား အခ်ိဳႀကိဳက္ရင္ ပိုထညိ့ပါ
ဆား                      အနည္းငယ္
အုန္းနို႔                    ဗူးေသး   ၁ ဗူး
သရက္သီး                ၁လုံး
သာကူ                     ၅က်ပ္သား
ေရက                     ပုံပါေသာက္ေရခြက္နဲ႕ ၃ခြက္ပါ


ပထမဦးဆုံး သာကူကို ေရစိမ္ထားပါ။ သရက္သီးကို စက္နဲ႕ႀကိတ္ထားပါ။ ေက်ာက္ေက်ာရယ္ သၾကားရယ္ ဆားရယ္ ေရ၃ခြက္ရယ္ကိုသၾကားေပ်ာ္တဲ့ထိ ေမႊထားပါ။ သၾကားေပ်ာ္သြားရင္ ေရခြက္နဲ႕ ၁ခြက္ ကိုအိုးတလုံးနဲ႕ မီးျပင္းျပင္းမွာက်ိဳပါ။ အဆက္မပ်က္ေမႊေပးပါ ပြက္ပြက္ဆူလာရင္ႀကိတ္ထားတဲ့ သရက္သီးကို ထည့္က်ိဳပါ ပြက္လာတာနဲ႕ အေအးခံမည့္ဗန္းထဲထည့္ပါ။ဒါဆို ၁ထပ္ရပါပီ သာကူကို ေရႏြေးပြက္ပြက္ဆူထဲ ထည့္ပီးအေစ့ေပ်ာက္႐ုံျပဳတ္ပီး  ဇကားေလးနဲ႕စစ္ထားေပးပါ။


က်န္တဲ့ေက်ာက္ေက်ာကို မီးျပင္းျပင္းမွာ က်ိဳေပးပါ ပြက္လာရင္ အုန္းနို႔ဗူးေလးေဖာက္ထည့္ေပးပါ။ ေမႊရင္းနဲ႕ သာကူေလးပါ ထည့္ေပးပါ။ ပီးရက္ေတာ့ အေစာက သရက္သီးေပၚ  ေျဖးေျဖးေလး ေလာင္းခ်ေပးပါ။ အေအးခံၿပီးရင္ေတာ့  ၃ထပ္ လွလွေလး သရက္သီး အုန္းနို႔ေက်ာက္ေက်ာ သာကူျပင္ေလး ရပါၿပီ။  သာကူးကို အလယ္မွာထားခ်င္ရင္ေတာ့ အုန္းနို႔သာကူေက်ာက္ေက်ာကို အရင္က်ိဳ ပီး ေနာက္မွ သရက္သီးေက်ာက္ေက်ာကို အေပၚက ေလာင္းထည့္ပါ။

(Unicode)

အမဲသားထောင်းကြော်
°°°°°°°°°°°°°°°°°°°°°°


အမဲပေါင်သား...............၃ဝကျပ်သား
ကြက်သွန်နီ..................၂လုံး
ကြက်သွန်ဖြူ.................၅တက်
ငရုတ်ခြောက်တောင့်........၁၅တောင့်ခန့်

အမဲပေါင်သားကိုရေဆေးသန့်စင်ပြီးအမြှောင်ရှည်ပုံစံရအောင်ဒေါင်လိုက် ၂ခြမ်းစီလှီးဖြတ်ပါ။

ဆား၊ဟင်းခတ်မှုန့်၊ နနွင်းမှုန့်တို့နှင့်အရသာနယ်ပြီးချင်းသေးသေးတစ်တက်ကိုဓားပြားရိုက်ထည့်ကာနှုးသည်အထိပြုတ်ထားပါ။

ရေအနည်းငယ်လေးသာကျန်ပါစေ။

ထိုစဉ်အတွင်းကြက်သွန်နီ၊ ကြက်သွန်ဖြူ ကိုပါးပါးလှီးပြီးငရုတ်ခြောက်တောင့်ကိုမညှက်တညှက်ထောင်း(သို့) ကြိတ်ပေးပါ။

အမဲသားနှုးအိပြီဆိုလျှင်ခပ်ဖွဖွထောင်းပေးပြီးအသားမျှင်လေးတွေရအောင်ဖွာပေးပါ။

အမဲသားမျှင်လေးထဲများသို့ ဆား၊ဟင်းခတ်မှုန့်၊ကြက်သားမှုန့်၊ထောင်းထားတဲ့ငရုတ်ကြမ်းမှုန့်များကိုသမအောင်နယ်ပေးပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးပါးပါးလှီးထားတဲ့ကြက်သွန်နီ၊ ဖြူ ကိုနနွင်းမှုန့်၊အရောင်တင်မှုန့်တို့နှင့်အတူဆီသတ်ပါ။

အနည်းငယ်မွှေးလာလျှင်အရသာနယ်ထားတဲ့အမဲသားမျှင်တွေထည့်ကြော်ပေးပါ။

အစိုပုံစံကြိုက်တယ်ဆိုရင်(၅)မိနစ်ခန့်သာကြော်ပေးရန်လိုအပ်ပြီးခပ်ခြောက်ခြောက်လေးကြိုက်တယ်ဆိုရင်တော့မီးရှိန်လျှော့ချပြီးအချိန်အနည်းငယ်ပိုပြီးကြော်ပေးရပါမယ်။

*ကြက်၊ ဝက်၊ ဆိတ် မိမိနှစ်သက်ရာအသားဖြင့်ဤဟင်းပွဲကိုကြော်စားနိူင်ပါသည်။

ယခုလို Stay at Home ကာလမှာ အိမ်တိုင်းအတွက်မပါမဖြစ်တဲ့ ငါးပိရည်ဖျော်နည်းလေးတင်ဆက်ပေးလိုက်ပါတယ်။ အဆင့်လေးတွေများပေမယ့် တစ်ကြိမ်ဖျော်ပြီး
(၅)ရက်လောက် စားသုံးနိူင်ပါတယ်။

သခင်​ကြီးငါးပိဖျော်ရည်
°°°°°°°°°°°°°°°°°°°°°°°°°°


ငါးပိရည်ကျို.........၁ဝကျပ်သား
ကြက်သွန်ဖြူ.........ရမွှာ
ကြက်သွန်နီ..........၁လုံး
ပုစွန်မြီးနီ.............၁ဝကောင်ခန့်
ငရုတ်သီးစိမ်း.........မိမိနှစ်သက်သလောက်
ကုလားအော်ငြုတ်သီး.....ရတောင့်
ငရုတ်ခြောက်တောင့်......၅တောင့်
ဒညင်းသီးပြုတ်.............၅လုံး

ပထမဆုံးမြီးနီပုစွန်လေးတွေကိုဒယ်အိုးလေးထဲထည့်ပြီးရေခမ်းသည်အထိလှော်ပါ။

ငါးပိရည်ကိုနနွင်းမှုန့်အနည်းငယ်ဖြင့်ကျအောင်ကျိုပါ။အရိုးတွေထည့်ပြုတ်ပါ။

ဇကာလေးဖြင့်အရံသင့်စစ်ယူထားပါ။

ကြက်သွန်ဖြူ ၊ ကြက်သွန်နီ
ငရုတ်သီးစိမ်း၊ကုလားအော်သီးတို့ကို တံစို့လေးထိုးပြီးမီးကင်ပေးပါ။

မီးသွေးဖိုမရှိလို့စိတ်မပူပါနဲ့ ။
ဒယ်အိုးနီကိုမီးရှိန်အေးအေးထားပြီး မွှေးနေအောင်လှော်ပါ။

ငရုတ်ခြောက်တောင့်ကိုလဲ ကျွမ်းပြီးမွှေးနေအောင်လှော်ပါ။

ငရုတ်ခြောက်တောင့် ၊ ကင်/ လှော်ထားတဲ့ အာဝါးသီး ၃ တောင့်ကိုဖယ်ထားပြီး
ကင်/လှော်ထားတဲ့အရောတွေအားလုံးကိုရောထောင်းပါ။

ပြင်ဆင်မယ့်ပန်းကန်ထဲသို့ဆယ်ထုတ်ထားပါ။

စစ်ယူထားတဲ့ငါးပိရည်တွေလောင်းချပါ။

လှော်ထားတဲ့ပုစွန်မြီးနီတောင့်လေးတွေခွာထည့်ပါ။

ငရုတ်သီးလှော်မှုန့်၊ ဟင်းခတ်မှုန့်လေးဖြင့်အရသာဖြည့်ပေးပါ။ ဒညင်းသီးကတော့
စားခါနီးမှ လိုသလောက် လှီးစိတ်ထည့်ပါ။

ကျွန်တော်က ရုံးသမားဆိုတော့ တစ်ကြိမ်စားမှကိုယ်လိုသလောက်ထည့်စားပါတယ်။

အကြာကြီးထည့်ထားတဲ့အခါ ငါးပိရည်နဲ့
ဒညင်းသီးအနံ့ရောထွေးသွားတတ်ပါတယ်။

ဒီဟင်းပွဲမှာ ပုစွန်၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ ကုလားအော်သီး အစရှိတာတွေကို မီးသွေးဖိုလေးမှာမြှင်း ကင်ရင်
ပိုအနံ့မွှေးပေမယ့် အကုန်လုံးအတွက်အဆင်မပြေဖြစ်နိူင်တာကြောင့် လှော်ပြီးလဲ ဖန်တီးနိူင်ပါတယ်။

မိမိနှစ်သက်တဲ့တို့စရာအစုံအလင်နှင့်တွဲဖက်နိူင်ပါသည်။


#သရက်သီးအုန်းနို့ကျောက်ကျောသာကူပြင်😮


#အရသာ ၃မျိုးထွက်တယ် ရာသီစာလေး လုပ်စားစေချင်လို့ပါ။
#AGAR ကျောက်ကျော   ၁ ထုပ်
သကြား                   ၁၅ ကျပ်သား အချိုကြိုက်ရင် ပိုထညိ့ပါ
ဆား                      အနည်းငယ်
အုန်းနို့                    ဗူးသေး   ၁ ဗူး
သရက်သီး                ၁လုံး
သာကူ                     ၅ကျပ်သား
ရေက                     ပုံပါသောက်ရေခွက်နဲ့ ၃ခွက်ပါ

ပထမဦးဆုံး သာကူကို ရေစိမ်ထားပါ။ သရက်သီးကို စက်နဲ့ကြိတ်ထားပါ။ ကျောက်ကျောရယ် သကြားရယ် ဆားရယ် ရေ၃ခွက်ရယ်ကိုသကြားပျော်တဲ့ထိ မွှေထားပါ။ သကြားပျော်သွားရင် ရေခွက်နဲ့ ၁ခွက် ကိုအိုးတလုံးနဲ့ မီးပြင်းပြင်းမှာကျိုပါ။ အဆက်မပျက်မွှေပေးပါ ပွက်ပွက်ဆူလာရင်ကြိတ်ထားတဲ့ သရက်သီးကို ထည့်ကျိုပါ ပွက်လာတာနဲ့ အအေးခံမည့်ဗန်းထဲထည့်ပါ။ဒါဆို ၁ထပ်ရပါပီ သာကူကို ရေနွေးပွက်ပွက်ဆူထဲ ထည့်ပီးအစေ့ပျောက်ရုံပြုတ်ပီး  ဇကားလေးနဲ့စစ်ထားပေးပါ။ ကျန်တဲ့ကျောက်ကျောကို မီးပြင်းပြင်းမှာ ကျိုပေးပါ ပွက်လာရင် အုန်းနို့ဗူးလေးဖောက်ထည့်ပေးပါ။ မွှေရင်းနဲ့ သာကူလေးပါ ထည့်ပေးပါ။ ပီးရက်တော့ အစောက သရက်သီးပေါ်  ဖြေးဖြေးလေး လောင်းချပေးပါ။ အအေးခံပြီးရင်တော့  ၃ထပ် လှလှလေး သရက်သီး အုန်းနို့ကျောက်ကျော သာကူပြင်လေး ရပါပြီ။  သာကူးကို အလယ်မှာထားချင်ရင်တော့ အုန်းနို့သာကူကျောက်ကျောကို အရင်ကျို ပီး နောက်မှ သရက်သီးကျောက်ကျောကို အပေါ်က လောင်းထည့်ပါ။

No comments: