Thursday, May 7, 2020

Laptop တစ္လုံး၀ယ္လၽွင္ သိထားသင့္ေသာအခ်က္မ်ား

Laptop တစ္လုံး၀ယ္လၽွင္ သိထားသင့္ေသာအခ်က္မ်ား💻💻💻🖱️🖱️🖱️🛒🛒
---------------------------------------------

၁။ ဘာအတြက္သုံးမလဲ ေရြးခ်ယ္ပါ။
ေက်ာင္းအတြက္လား၊ သင္တန္းတက္ဖို့လား၊ အလုပ္အတြက္သုံးမွာလား၊ မသုံးတတ္ေသးလို့ စမ္းသုံးဖို့လား။ ေက်ာင္းတက္ရင္းသုံးမယ္ဆို ေငြေၾကးနဲ႔ကိုက္ညီမယ့္ အမ်ိဳးအစားကိုေရြးခ်ယ္ပါ။ သင္တန္းလဲအလားတူပါဘဲ မိမိတက္မယ့္သင္တန္းကိုလိုက္ၿပီး အမ်ိဳးအစားကြဲျပားနိုင္ပါတယ္။ အလုပ္မွာသုံးမယ့္သူေတြကေတာ့ ေျပာစရာမလိုေတာ့ပါဘူး။ အိမ္မွာသုံးတတ္႐ုံေလ့လာဖို့အတြက္ဘဲဆိုရင္ေတာ့ ေစ်းအသင့္အသင့္ရွိတဲ့တစ္လုံးေလာက္ကိုေရြးခ်ယ္သင့္ပါတယ္။

၂။ Laptop size ကိုေရြးပါ။
အေရးႀကီးပါတယ္ ဘာလို့ေရြးခိုင္းရသလဲဆို အခ်ိန္ၾကာေလပိုနားလည္ေလျဖစ္မွာပါ။ အေရြးမွားရင္​ အနဲဆုံး၆ႏွစ္ ၇ႏွစ္ေလာက္(အသစ္မဝယ္နိုင္မခ်င္း) ေနာင္တရတတ္ပါတယ္။ မိမိက လူၾကားထဲ တိုးေဝွ႕ၿပီးမွ ေက်ာင္းကိုသယ္သြားရတဲ့အခါ၊ အလုပ္ကိုသယ္သြားရတဲ့အခါမ်ိဳးမွာ sizeက ႀကီးေနတဲ့အခါ သယ္ရတာ မလြယ္လွပါဘူး ကိုယ္ပိုင္ကားနဲ႔ အျမဲသြားေနတာဆိုရင္ေတာ့ ႀကီးလဲျပသနာ မရွိပါဘူးေပါ့။ size ကိုသေဘာက်ၿပီဆို ဆိုင္ထဲမွာဘဲ Laptop, Adapter, Mouse ဒါေတြကို Laptop အိတ္ထဲထည့္ၿပီး ၅မိနစ္ ၁၀မိနစ္ေလာက္ စမ္းလြယ္ၾကည့္လိုက္ပါ Ok အဆင္ေျပၿပီဆို ေငြေခ်လိုက္ပါ။

၃. Keyboard နဲ႔ Touch pad ကိုစစ္ေဆးပါ။
 ျဖစ္ေလ့ျဖစ္ထရွိပါတယ္ Laptop ကိုဖြင့္တယ္ သုံးတယ္ ေကာင္းတယ္၊ ဒါေပမဲ့ ဝယ္ယူေနတဲ့ အခ်ိန္မွာ ခလုတ္တိုင္းကို ႏွိပ္မိဖို့ဆိုတာ ရွားပါတယ္။ ငါေတာ့အသစ္ဝယ္မွာဘဲ မလိုပါဘူးလို့မေတြးပါနဲ႔ ျဖစ္နိုင္ေခ်နည္းေပမယ့္ ျဖစ္တတ္ပါတယ္။ အာမခံေပးတဲ့ဆိုင္ေတြမွာဝယ္ယူပါ။ ဒါမွတစ္ခုခု error ရွိလာတဲ့အခါ ခ်က္ခ်င္းျပန္လဲလို့ရမွာပါ။

၄. မိမိသုံးခ်င္တဲ့ အမ်ိဳးအစားကို ေရြးပါ
(Celeron/Pentium, Core i3,i5,i7)

 Celeron/Pentium က​ေစ်းေပါေပါနဲ႔ ရနိုင္တဲ့ Laptop မ်ိဳးပါ။ တခ်ိဳ့Pentium ေတြကေတာ့ i-series ေတြနဲ႔တတန္းတည္း လုပ္ေဆာင္နိုင္တာလဲေတြရွိပါတယ္။ သုံးတတ္႐ုံစသုံးမယ့္သူ office software ေလာက္သာသုံးမယ့္သူေတြ အထူးသင့္ေလၽွာ္ပါတယ္။
 Intel core i3,i5,i7 - ေနာက္ပိုင္းက်ေလ ပိုေကာင္းေလလို့ေျပာရမွာပဲ။ i7 ကေတာ့ ေသခ်ာေပါက္ေကာင္းပါတယ္ (ေျပာတတ္တယ္😂😂😂)
i3,i5 က်ေတာ့ Processor( 2.2,2.4,2.5 GHz ) ေပၚမူတည္ၿပီးကြဲျပားပါတယ္။
Processor နိမ့္ေနရင္ေတာ့ ၾကာလာရင္ အရည္အေသြးက်ဆင္းလာပါတယ္။

၅.ေနာက္တစ္ခုက Generationပါ။
တစ္ခ်ိဳ့က Intel နဲ႔ Generation ကိုေတာင္မခြဲတတ္ၾကပါဘူး။ Intel က CPU အမ်ိဳးအစားပါ Generation က ထုတ္လုပ္တဲ့မ်ိဳးဆက္ပါ မတူၾကပါဘူး။ အလြယ္ကူဆုံးခြဲတဲ့နည္းရွိပါတယ္။ My computer ကို right click ေထာက္ properties မွာဝင္ၾကည့္လိုက္ရင္ မိမိကြန္ပ်ဴတာရဲ့ Detail က်လာပါလိမ့္မယ္။

Processor: Intel(R) Core(TM) i7-1065G7 CPU @ 1.30GHz 1.50GHz အဲ့လိုေလးပါလာတယ္ဆိုပါစို့။ i7 ရဲ့ေနာက္က Generation ပါ 10th Genေပါ့ 10ရဲ့ေနာက္က 65G7 ကထုတ္တဲ့နိုင္ငံ code ပါ။ Generation အနိမ့္အျမင့္ကိုလိုက္ၿပီး ေစ်းလဲကြာပါတယ္။ i7 ခ်င္းတူရင္ေတာင္ 5th Generation နဲ႔ 10th Generation ကေစ်းမတူပါဘူး။ အဲ့ထက္ေသခ်ာခ်င္ရင္ Window နဲ႔ R key ကိုတြဲႏွိပ္ပါ။ Run box က်လာရင္ dxdiag လို့ရိုက္ၿပီး Enter ေခါက္ၾကည့္ပါ။ မိမိကြန္ပ်ဴတာမွာပါရွိတဲ့ စက္ပစၥည္းတစ္ခုခ်င္းစီရဲ့ Details ကိုၾကည့္ရွုနိုင္မွာပါ။

၆. RAM ကိုၾကည့္ပါ
 Laptop တစ္လုံးဟာ RAM ေပၚမူတည္ၿပီး ေစ်းကြာနိုင္ပါတယ္
က်န္တာ အကုန္တူၿပီး RAM မတူတာနဲ႔ ေစ်းလဲမတူေတာ့ပါဘူး။ RAM- Random Access Memories ဆိုတာကေတာ့ သူ႔ရဲ့လုပ္ေဆာင္ခ်က္က ကြန္ပ်ဴတာတစ္လုံးအသုံးျပဳေနၿပီဆိုရင္ CPU ကေစခိုင္းသမၽွ RAM ေပၚမွာအလုပ္လုပ္ပါတယ္။ စက္ဟမ္းတယ္ဆိုတာက RAM ကလိုက္နိုင္တဲ့ ပမာဏထက္ပိုၿပီးခိုင္းေစတာမ်ိဳးမွာျဖစ္တာပါ။

ေရရွည္သုံးမယ္ဆိုရင္ေတာ့ RAM မ်ားတာေလး ဝယ္ေစခ်င္ပါတယ္။ အခုထြက္လာတဲ့ Laptop ေတြမွာ 4Gb ေလာက္ပုံမွန္အဆင့္ပါလာၾကၿပီ 8Gb ေလာက္သုံးရင္ေတာ့ လုပ္ေဆာင္ခ်က္ပိုေကာင္းပါတယ္။ တစ္ခ်ိဳ့ Laptop ေတြမွာ 4Gb ဆိုေပမယ့္ RAM ထပ္စိုက္လို့ရတဲ့ အမ်ိဳးအစားမ်ားေတြလဲ ရွိပါတယ္။

၇. Hard Disk
လက္ရွိ Hard disk မွာ ရိုးရိုး HDD နဲ႔ SSD ဆိုၿပီး ႏွစ္မ်ိဳးကြဲျပားသြားပါၿပီ လုပ္ေဆာင္ခ်က္ျခင္းလဲမတူသလို ေစ်းလဲကြာသြားပါတယ္ HDD ဆိုတာကေတာ့ Hard Disk Drive လို့ေခၚပါတယ္။ Data ေတြကိုသိမ္းဆည္းနိုင္တဲ့ Storage Drive တစ္ခုပါ။ သူရဲ့အလုပ္လုပ္ပုံကေတာ့ Disk ျပားေတြေပၚမွာ ေမာင္းႏွင္တံတစ္ခုနဲ႔လည္ပတ္ၿပီး ေဒတာေတြကို ဖတ္ရွုျခင္း၊ သိမ္းဆည္းျခင္း အစရွိတဲ့လုပ္ငန္းေတြကိုလုပ္ေဆာင္ပါတယ္။

SSD ဆိုတာကေတာ့ Solid State Drive လို့ေခၚပါတယ္။ သူကလည္း Data ေတြကိုသိမ္းဆည္းနိုင္တဲ့ Storage Drive တစ္ခုပါပဲ။ သူကေတာ့ HDD လို Disk ျပားေတြေပၚမွာအလုပ္မလုပ္ပဲ Circuit Plate ေပၚမွာ Electronic Current တစ္ခုအေနနဲ႔အလုပ္လုပ္ၿပီး ေဒတာေတြကို ဖတ္ရွုျခင္း၊ သိမ္းဆည္းျခင္း အစရွိတဲ့လုပ္ငန္းေတြကိုလုပ္ေဆာင္ပါတယ္။

ေစ်းႏွုန္းပိုင္းမွာဆိုရင္ေတာ့ HDD ကပိုၿပီးေတာ့ သက္သာပါတယ္။ အရပ္စကားနဲ႔ေျပာရရင္ SSD 512Gb တစ္လုံးေစ်းက HDD 1Tb တစ္လုံးေစ်းထက္ပင္ သာလြန္ေနပါတယ္။ေစ်းႏွုန္းပိုင္းမွာ HDD က အသာရပါတယ္။
Capacity ပိုင္းမွာဆိုရင္လည္း HDD ကပဲ အသာရပါတယ္။

Data ေတြသိုေလွာင္နိုင္ဖို့အတြက္ Storage ပမာဏအပိုင္းမွာဆိုရင္ HDD ေတြက SSD ထက္ပိုၿပီးေတာ့မ်ားေလ့ရွိပါတယ္။
Window Boost တက္တဲ့အခ်ိန္ကေတာ့ SSD ကပိုၿပီးေတာ့ အသာစီးရရွိပါတယ္။ ပၽွဥ္းမၽွအားျဖင့္ SSD ကိုအသုံးျပဳထားတဲ့ Laptop ေတြက Window Boost တက္ရန္ၾကာခ်ိန္ 10 to 13 seconds ၾကားရွိၿပီး၊ HDD ကိုအသုံးျပဳထားတဲ့ Laptop ေတြက 30 to 40 seconds အထိၾကာျမင့္ပါတယ္။ HDD ေတြက ေမာင္းႏွင္တံကိုတပ္ဆင္ၿပီး အသုံးျပဳထားတဲ့အတြက္ တစ္ခါတစ္ေလမွာ ဆူညံသံေတြပိုထြက္ေပၚပါတယ္။ Computerကိုအလုပ္ေတြအၾကာႀကီးခိုင္းထားတဲ့အခါမ်ိဳးေတြမွာဆိုရင္ ပိုၿပီးေတာ့သိသာပါတယ္။

တုန္ခါမွုအပိုင္းမွာဆိုရင္လည္း HDD ေတြက Disk ျပားေတြေပၚမွာ ေမာင္းႏွင္တံကိုလွည္ပတ္ၿပီး အလုပ္လုပ္ရတာျဖစ္တဲ့အတြက္ SSD ထက္ပိုၿပီးေတာ့ တုန္ခါမွုကို ျဖစ္ေပၚေစပါတယ္။
ေဒတာေတြကို ကူေျပာင္းမွုျပဳလုပ္တဲ့ အပိုင္းမွာဆိုရင္ေတာ့ SSD ေတြက Speed 200 MB/s ကေန up to 550 MB/s အထိရွိတက္ၿပီး HDD ေတြကေတာ့ 50 to 120MB /s ေလာက္သာရွိတဲ့အတြက္ ဒီအပိုင္းမွာေတာ့ SSD ကသိသိသာသာႀကီးကို အသာရရွိပါတယ္။

Software အပိတ္အဖြင့္ျပဳလုပ္တာေတြ၊ File ေတြကိုအပိတ္အဖြင့္ျပဳလုပ္တာေတြ အစရွိတဲ့အပိုင္းမွာဆိုရင္လည္း SSD က HDD ထက္ 40% ေလာက္ပိုၿပီးေတာ့ျမန္ဆန္တာကိုေတြ႕ရပါတယ္။

ေဒတာေတြပ်က္စီးနိုင္မွုအပိုင္းမွာဆိုရင္လည္း HDD ေတြက သံလိုက္ဓါတ္နဲ႔ထိေတြ႕မိမယ္ဆိုရင္ ေဒတာေတြပ်က္စီးတက္ပါတယ္။ SSD ကေတာ့ သံလိုက္ဓာတ္နဲ႔ထိမယ္ဆိုရင္လည္း ေဒတာေတြပ်က္စီးမွုကိုမျဖစ္ေစနိုင္ပါဘူး။ ဒါ့အျပင္ SSD ေတြက HDD ေတြထက္ ပိုၿပီးေတာ့လည္း ၾကာရွည္စြာအသုံးျပဳနိုင္တာကိုေတြ႕ရပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမၽွ HDD ရဲ့စြမ္းေဆာင္ရည္က က်လာတတ္ပါတယ္။ အလြယ္ေျပာရရင္ေတာ့ Computer မွာ HDD ကိုတပ္ဆင္ၿပီးအသုံးျပဳတာထက္ SSD ကိုတပ္ဆင္ၿပီးအသုံးျပဳတာက ပိုၿပီးေတာ့ေကာင္းမြန္ပါတယ္။

ဒါေပမယ့္လည္း SSD ကိုေတာ့ အဓိကအားျဖင့္ Graphic Designer, Developer, Video Editor အစရွိသျဖင့္ High Performance Software ေတြကိုအသုံးျပဳေနၾကတဲ့သူေတြအေနနဲ႔အသုံးျပဳသင့္ပါတယ္။ Software အျမင့္ေတြကိုအသုံးမျပဳဘူး ပုံမွန္ Office Software ေတြေလာက္ကိုပဲအသုံးျပဳမယ္ဆိုရင္ေတာ့ SSD ကမလိုအပ္ပါဘူး HDD ေလာက္နဲ႔လည္းအဆင္ေျပပါတယ္။

၈. Display ( Screen Resolution )
 အေရးႀကီးလားဆိုေတာ့ ႀကီးတဲ့ထဲမွာပါ ပါတယ္
ပုံမွန္ကေတာ့ 1366x768 ေကာင္းတယ္လို့ ထင္ရေပမဲ့ တကယ္တမ္းသုံးေတာ့ လိုအပ္လာပါတယ္
Desktop Background ပုံေလးေတြထားတဲ့ အခါမွာေပါ့ မိမိ laptop က 1366x768 ဆိုပါေတာ့ မိမိတင္ခ်င္လို့ Website ကသိမ္းထားတဲ့ ပုံေလးက 1920x1080 HD ေလးျဖစ္ေနတယ္။ ေသခ်ာတာကေတာ့ တင္လိုက္ရင္ ဝါးေနမွာပဲ screen အျပည့္ထားတဲ့အခါမ်ိဳးမွာ သိသာပါတယ္။

၉. Graphic
ကြန္ပ်ဴတာနဲ႔ဂိမ္းေဆာ့တတ္သူေတြ၊ video ၾကည့္တတ္သူေတြသိပါတယ္။ အခုလက္ရွိေခတ္စားေနတဲ့ PUBG, Call of Duty လိုဂိမ္းမ်ိဳး Graphic ကြာတဲ့ computer ႏွစ္လုံးယဥ္ၿပီးဖြင့္ၾကည့္ပါ။ ႐ုပ္ထြက္မတူတာ၊ graphic မလိုက္နိုင္တဲ့စက္က ဟမ္းေနတာမ်ိဳးေတြျဖစ္တတ္ပါတယ္။

၉. Battery
 အမ်ိဳးမ်ိဳးရွိပါတယ္။ Brand ေပၚမူတည္ၿပီး အသုံးခံနိုင္တဲ့ၾကာခ်ိန္မတူပါဘူး။ Battery မွာေတာ့ေျပာစရာသိပ္လိုမယ္မထင္ပါဘူး။ အသုံးခံတဲ့ၾကာခ်ိန္နဲ႔ ေပါ့ပါးမွုရွိမရွိကို ဦးစားေပးေရြးခ်ယ္ပါ။

၁၀. Brand ေရြးခ်ယ္ျခင္း
 မိမိ ႏွစ္သက္ေသာ အမ်ိဳးအမည္ကေန စၾကည့္ပါ။ ဒါေပမယ့္ လူသုံးအမ်ားဆုံးကို ေရြးခ်ယ္တာေတာ့ အေကာင္းဆုံးျဖစ္မွာပါ။ Dell နဲ႔ Asus ဘယ္ဟာပိုေကာင္းလဲလို့လာမေမးပါနဲ႔။ အေပၚကေရးခဲ့တဲ့အခ်က္ေတြ အရင္ဆုံးယွဥ္ပါ။ ၿပီးရင္ေတာ့ ေစ်းႏွုန္းကိုယွဥ္ၾကည့္ပါ။ ေစ်းႏွုန္းသိပ္မကြာေနရင္ ကိုယ္နဲ႔အဆင္ေျပမယ့္တစ္ခုကိုေရြးပါ။ Dell မွာလဲ Asusနဲ႔မတူတဲ့ သူ႔အားသာခ်က္ အားနည္းခ်က္ရွိသလို Asus မွာလဲရွိမွာပါဘဲ။ အဲ့လိုမဟုတ္ဘဲ ေစ်းကအရမ္းကြာေနရင္ေတာ့ ေစ်းမ်ားတဲ့အလုံးကပိုေကာင္းပါတယ္။ ေသခ်ာတာကေတာ့ ဘယ္စီးပြားေရးသမားကမွ ေရာင္းရမယ့္ေစ်းထက္ ေလ်ာ့လို့မေရာင္းပါဘူး။

သိသေလာက္မၽွေဝေပးတာပါ ဒီစာကိုေသခ်ာဖတ္ၿပီးရင္ေတာ့ Laptop တစ္လုံးကို မိမိဘာသာဝယ္ယူနိုင္လိမ့္မယ္လို့ထင္ပါတယ္။

မူရင္းေရးသူကို🖊️🖊️  credit ေပးပါေၾကာင္း

(Unicode)

Laptop တစ်လုံးဝယ်လျှင် သိထားသင့်သောအချက်များ💻💻💻🖱️🖱️🖱️🛒🛒
---------------------------------------------


၁။ ဘာအတွက်သုံးမလဲ ရွေးချယ်ပါ။
ကျောင်းအတွက်လား၊ သင်တန်းတက်ဖို့လား၊ အလုပ်အတွက်သုံးမှာလား၊ မသုံးတတ်သေးလို့ စမ်းသုံးဖို့လား။ ကျောင်းတက်ရင်းသုံးမယ်ဆို ငွေကြေးနဲ့ကိုက်ညီမယ့် အမျိုးအစားကိုရွေးချယ်ပါ။ သင်တန်းလဲအလားတူပါဘဲ မိမိတက်မယ့်သင်တန်းကိုလိုက်ပြီး အမျိုးအစားကွဲပြားနိုင်ပါတယ်။ အလုပ်မှာသုံးမယ့်သူတွေကတော့ ပြောစရာမလိုတော့ပါဘူး။ အိမ်မှာသုံးတတ်ရုံလေ့လာဖို့အတွက်ဘဲဆိုရင်တော့ စျေးအသင့်အသင့်ရှိတဲ့တစ်လုံးလောက်ကိုရွေးချယ်သင့်ပါတယ်။

၂။ Laptop size ကိုရွေးပါ။
အရေးကြီးပါတယ် ဘာလို့ရွေးခိုင်းရသလဲဆို အချိန်ကြာလေပိုနားလည်လေဖြစ်မှာပါ။ အရွေးမှားရင်​ အနဲဆုံး၆နှစ် ရနှစ်လောက်(အသစ်မဝယ်နိုင်မချင်း) နောင်တရတတ်ပါတယ်။ မိမိက လူကြားထဲ တိုးဝှေ့ပြီးမှ ကျောင်းကိုသယ်သွားရတဲ့အခါ၊ အလုပ်ကိုသယ်သွားရတဲ့အခါမျိုးမှာ sizeက ကြီးနေတဲ့အခါ သယ်ရတာ မလွယ်လှပါဘူး ကိုယ်ပိုင်ကားနဲ့ အမြဲသွားနေတာဆိုရင်တော့ ကြီးလဲပြသနာ မရှိပါဘူးပေါ့။ size ကိုသဘောကျပြီဆို ဆိုင်ထဲမှာဘဲ Laptop, Adapter, Mouse ဒါတွေကို Laptop အိတ်ထဲထည့်ပြီး ၅မိနစ် ၁ဝမိနစ်လောက် စမ်းလွယ်ကြည့်လိုက်ပါ Ok အဆင်ပြေပြီဆို ငွေချေလိုက်ပါ။

၃. Keyboard နဲ့ Touch pad ကိုစစ်ဆေးပါ။
 ဖြစ်လေ့ဖြစ်ထရှိပါတယ် Laptop ကိုဖွင့်တယ် သုံးတယ် ကောင်းတယ်၊ ဒါပေမဲ့ ဝယ်ယူနေတဲ့ အချိန်မှာ ခလုတ်တိုင်းကို နှိပ်မိဖို့ဆိုတာ ရှားပါတယ်။ ငါတော့အသစ်ဝယ်မှာဘဲ မလိုပါဘူးလို့မတွေးပါနဲ့ ဖြစ်နိုင်ချေနည်းပေမယ့် ဖြစ်တတ်ပါတယ်။ အာမခံပေးတဲ့ဆိုင်တွေမှာဝယ်ယူပါ။ ဒါမှတစ်ခုခု error ရှိလာတဲ့အခါ ချက်ချင်းပြန်လဲလို့ရမှာပါ။

၄. မိမိသုံးချင်တဲ့ အမျိုးအစားကို ရွေးပါ
(Celeron/Pentium, Core i3,i5,i7)

 Celeron/Pentium က​စျေးပေါပေါနဲ့ ရနိုင်တဲ့ Laptop မျိုးပါ။ တချို့Pentium တွေကတော့ i-series တွေနဲ့တတန်းတည်း လုပ်ဆောင်နိုင်တာလဲတွေရှိပါတယ်။ သုံးတတ်ရုံစသုံးမယ့်သူ office software လောက်သာသုံးမယ့်သူတွေ အထူးသင့်လျှော်ပါတယ်။
 Intel core i3,i5,i7 - နောက်ပိုင်းကျလေ ပိုကောင်းလေလို့ပြောရမှာပဲ။ i7 ကတော့ သေချာပေါက်ကောင်းပါတယ် (ပြောတတ်တယ်😂😂😂)
i3,i5 ကျတော့ Processor( 2.2,2.4,2.5 GHz ) ပေါ်မူတည်ပြီးကွဲပြားပါတယ်။
Processor နိမ့်နေရင်တော့ ကြာလာရင် အရည်အသွေးကျဆင်းလာပါတယ်။

၅.နောက်တစ်ခုက Generationပါ။
တစ်ချို့က Intel နဲ့ Generation ကိုတောင်မခွဲတတ်ကြပါဘူး။ Intel က CPU အမျိုးအစားပါ Generation က ထုတ်လုပ်တဲ့မျိုးဆက်ပါ မတူကြပါဘူး။ အလွယ်ကူဆုံးခွဲတဲ့နည်းရှိပါတယ်။ My computer ကို right click ထောက် properties မှာဝင်ကြည့်လိုက်ရင် မိမိကွန်ပျူတာရဲ့ Detail ကျလာပါလိမ့်မယ်။

Processor: Intel(R) Core(TM) i7-1065G7 CPU @ 1.30GHz 1.50GHz အဲ့လိုလေးပါလာတယ်ဆိုပါစို့။ i7 ရဲ့နောက်က Generation ပါ 10th Genပေါ့ 10ရဲ့နောက်က 65G7 ကထုတ်တဲ့နိုင်ငံ code ပါ။ Generation အနိမ့်အမြင့်ကိုလိုက်ပြီး စျေးလဲကွာပါတယ်။ i7 ချင်းတူရင်တောင် 5th Generation နဲ့ 10th Generation ကစျေးမတူပါဘူး။ အဲ့ထက်သေချာချင်ရင် Window နဲ့ R key ကိုတွဲနှိပ်ပါ။ Run box ကျလာရင် dxdiag လို့ရိုက်ပြီး Enter ခေါက်ကြည့်ပါ။ မိမိကွန်ပျူတာမှာပါရှိတဲ့ စက်ပစ္စည်းတစ်ခုချင်းစီရဲ့ Details ကိုကြည့်ရှုနိုင်မှာပါ။

၆. RAM ကိုကြည့်ပါ
 Laptop တစ်လုံးဟာ RAM ပေါ်မူတည်ပြီး စျေးကွာနိုင်ပါတယ်
ကျန်တာ အကုန်တူပြီး RAM မတူတာနဲ့ စျေးလဲမတူတော့ပါဘူး။ RAM- Random Access Memories ဆိုတာကတော့ သူ့ရဲ့လုပ်ဆောင်ချက်က ကွန်ပျူတာတစ်လုံးအသုံးပြုနေပြီဆိုရင် CPU ကစေခိုင်းသမျှ RAM ပေါ်မှာအလုပ်လုပ်ပါတယ်။ စက်ဟမ်းတယ်ဆိုတာက RAM ကလိုက်နိုင်တဲ့ ပမာဏထက်ပိုပြီးခိုင်းစေတာမျိုးမှာဖြစ်တာပါ။

ရေရှည်သုံးမယ်ဆိုရင်တော့ RAM များတာလေး ဝယ်စေချင်ပါတယ်။ အခုထွက်လာတဲ့ Laptop တွေမှာ 4Gb လောက်ပုံမှန်အဆင့်ပါလာကြပြီ 8Gb လောက်သုံးရင်တော့ လုပ်ဆောင်ချက်ပိုကောင်းပါတယ်။ တစ်ချို့ Laptop တွေမှာ 4Gb ဆိုပေမယ့် RAM ထပ်စိုက်လို့ရတဲ့ အမျိုးအစားများတွေလဲ ရှိပါတယ်။

၇. Hard Disk
လက်ရှိ Hard disk မှာ ရိုးရိုး HDD နဲ့ SSD ဆိုပြီး နှစ်မျိုးကွဲပြားသွားပါပြီ လုပ်ဆောင်ချက်ခြင်းလဲမတူသလို စျေးလဲကွာသွားပါတယ် HDD ဆိုတာကတော့ Hard Disk Drive လို့ခေါ်ပါတယ်။ Data တွေကိုသိမ်းဆည်းနိုင်တဲ့ Storage Drive တစ်ခုပါ။ သူရဲ့အလုပ်လုပ်ပုံကတော့ Disk ပြားတွေပေါ်မှာ မောင်းနှင်တံတစ်ခုနဲ့လည်ပတ်ပြီး ဒေတာတွေကို ဖတ်ရှုခြင်း၊ သိမ်းဆည်းခြင်း အစရှိတဲ့လုပ်ငန်းတွေကိုလုပ်ဆောင်ပါတယ်။

SSD ဆိုတာကတော့ Solid State Drive လို့ခေါ်ပါတယ်။ သူကလည်း Data တွေကိုသိမ်းဆည်းနိုင်တဲ့ Storage Drive တစ်ခုပါပဲ။ သူကတော့ HDD လို Disk ပြားတွေပေါ်မှာအလုပ်မလုပ်ပဲ Circuit Plate ပေါ်မှာ Electronic Current တစ်ခုအနေနဲ့အလုပ်လုပ်ပြီး ဒေတာတွေကို ဖတ်ရှုခြင်း၊ သိမ်းဆည်းခြင်း အစရှိတဲ့လုပ်ငန်းတွေကိုလုပ်ဆောင်ပါတယ်။

စျေးနှုန်းပိုင်းမှာဆိုရင်တော့ HDD ကပိုပြီးတော့ သက်သာပါတယ်။ အရပ်စကားနဲ့ပြောရရင် SSD 512Gb တစ်လုံးစျေးက HDD 1Tb တစ်လုံးစျေးထက်ပင် သာလွန်နေပါတယ်။စျေးနှုန်းပိုင်းမှာ HDD က အသာရပါတယ်။
Capacity ပိုင်းမှာဆိုရင်လည်း HDD ကပဲ အသာရပါတယ်။

Data တွေသိုလှောင်နိုင်ဖို့အတွက် Storage ပမာဏအပိုင်းမှာဆိုရင် HDD တွေက SSD ထက်ပိုပြီးတော့များလေ့ရှိပါတယ်။
Window Boost တက်တဲ့အချိန်ကတော့ SSD ကပိုပြီးတော့ အသာစီးရရှိပါတယ်။ ပျှဉ်းမျှအားဖြင့် SSD ကိုအသုံးပြုထားတဲ့ Laptop တွေက Window Boost တက်ရန်ကြာချိန် 10 to 13 seconds ကြားရှိပြီး၊ HDD ကိုအသုံးပြုထားတဲ့ Laptop တွေက 30 to 40 seconds အထိကြာမြင့်ပါတယ်။ HDD တွေက မောင်းနှင်တံကိုတပ်ဆင်ပြီး အသုံးပြုထားတဲ့အတွက် တစ်ခါတစ်လေမှာ ဆူညံသံတွေပိုထွက်ပေါ်ပါတယ်။ Computerကိုအလုပ်တွေအကြာကြီးခိုင်းထားတဲ့အခါမျိုးတွေမှာဆိုရင် ပိုပြီးတော့သိသာပါတယ်။

တုန်ခါမှုအပိုင်းမှာဆိုရင်လည်း HDD တွေက Disk ပြားတွေပေါ်မှာ မောင်းနှင်တံကိုလှည်ပတ်ပြီး အလုပ်လုပ်ရတာဖြစ်တဲ့အတွက် SSD ထက်ပိုပြီးတော့ တုန်ခါမှုကို ဖြစ်ပေါ်စေပါတယ်။
ဒေတာတွေကို ကူပြောင်းမှုပြုလုပ်တဲ့ အပိုင်းမှာဆိုရင်တော့ SSD တွေက Speed 200 MB/s ကနေ up to 550 MB/s အထိရှိတက်ပြီး HDD တွေကတော့ 50 to 120MB /s လောက်သာရှိတဲ့အတွက် ဒီအပိုင်းမှာတော့ SSD ကသိသိသာသာကြီးကို အသာရရှိပါတယ်။

Software အပိတ်အဖွင့်ပြုလုပ်တာတွေ၊ File တွေကိုအပိတ်အဖွင့်ပြုလုပ်တာတွေ အစရှိတဲ့အပိုင်းမှာဆိုရင်လည်း SSD က HDD ထက် 40% လောက်ပိုပြီးတော့မြန်ဆန်တာကိုတွေ့ရပါတယ်။

ဒေတာတွေပျက်စီးနိုင်မှုအပိုင်းမှာဆိုရင်လည်း HDD တွေက သံလိုက်ဓါတ်နဲ့ထိတွေ့မိမယ်ဆိုရင် ဒေတာတွေပျက်စီးတက်ပါတယ်။ SSD ကတော့ သံလိုက်ဓာတ်နဲ့ထိမယ်ဆိုရင်လည်း ဒေတာတွေပျက်စီးမှုကိုမဖြစ်စေနိုင်ပါဘူး။ ဒါ့အပြင် SSD တွေက HDD တွေထက် ပိုပြီးတော့လည်း ကြာရှည်စွာအသုံးပြုနိုင်တာကိုတွေ့ရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ HDD ရဲ့စွမ်းဆောင်ရည်က ကျလာတတ်ပါတယ်။ အလွယ်ပြောရရင်တော့ Computer မှာ HDD ကိုတပ်ဆင်ပြီးအသုံးပြုတာထက် SSD ကိုတပ်ဆင်ပြီးအသုံးပြုတာက ပိုပြီးတော့ကောင်းမွန်ပါတယ်။

ဒါပေမယ့်လည်း SSD ကိုတော့ အဓိကအားဖြင့် Graphic Designer, Developer, Video Editor အစရှိသဖြင့် High Performance Software တွေကိုအသုံးပြုနေကြတဲ့သူတွေအနေနဲ့အသုံးပြုသင့်ပါတယ်။ Software အမြင့်တွေကိုအသုံးမပြုဘူး ပုံမှန် Office Software တွေလောက်ကိုပဲအသုံးပြုမယ်ဆိုရင်တော့ SSD ကမလိုအပ်ပါဘူး HDD လောက်နဲ့လည်းအဆင်ပြေပါတယ်။

၈. Display ( Screen Resolution )
 အရေးကြီးလားဆိုတော့ ကြီးတဲ့ထဲမှာပါ ပါတယ်
ပုံမှန်ကတော့ 1366x768 ကောင်းတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းသုံးတော့ လိုအပ်လာပါတယ်
Desktop Background ပုံလေးတွေထားတဲ့ အခါမှာပေါ့ မိမိ laptop က 1366x768 ဆိုပါတော့ မိမိတင်ချင်လို့ Website ကသိမ်းထားတဲ့ ပုံလေးက 1920x1080 HD လေးဖြစ်နေတယ်။ သေချာတာကတော့ တင်လိုက်ရင် ဝါးနေမှာပဲ screen အပြည့်ထားတဲ့အခါမျိုးမှာ သိသာပါတယ်။

၉. Graphic
ကွန်ပျူတာနဲ့ဂိမ်းဆော့တတ်သူတွေ၊ video ကြည့်တတ်သူတွေသိပါတယ်။ အခုလက်ရှိခေတ်စားနေတဲ့ PUBG, Call of Duty လိုဂိမ်းမျိုး Graphic ကွာတဲ့ computer နှစ်လုံးယဉ်ပြီးဖွင့်ကြည့်ပါ။ ရုပ်ထွက်မတူတာ၊ graphic မလိုက်နိုင်တဲ့စက်က ဟမ်းနေတာမျိုးတွေဖြစ်တတ်ပါတယ်။

၉. Battery
 အမျိုးမျိုးရှိပါတယ်။ Brand ပေါ်မူတည်ပြီး အသုံးခံနိုင်တဲ့ကြာချိန်မတူပါဘူး။ Battery မှာတော့ပြောစရာသိပ်လိုမယ်မထင်ပါဘူး။ အသုံးခံတဲ့ကြာချိန်နဲ့ ပေါ့ပါးမှုရှိမရှိကို ဦးစားပေးရွေးချယ်ပါ။

၁၀. Brand ရွေးချယ်ခြင်း
 မိမိ နှစ်သက်သော အမျိုးအမည်ကနေ စကြည့်ပါ။ ဒါပေမယ့် လူသုံးအများဆုံးကို ရွေးချယ်တာတော့ အကောင်းဆုံးဖြစ်မှာပါ။ Dell နဲ့ Asus ဘယ်ဟာပိုကောင်းလဲလို့လာမမေးပါနဲ့။ အပေါ်ကရေးခဲ့တဲ့အချက်တွေ အရင်ဆုံးယှဉ်ပါ။ ပြီးရင်တော့ စျေးနှုန်းကိုယှဉ်ကြည့်ပါ။ စျေးနှုန်းသိပ်မကွာနေရင် ကိုယ်နဲ့အဆင်ပြေမယ့်တစ်ခုကိုရွေးပါ။ Dell မှာလဲ Asusနဲ့မတူတဲ့ သူ့အားသာချက် အားနည်းချက်ရှိသလို Asus မှာလဲရှိမှာပါဘဲ။ အဲ့လိုမဟုတ်ဘဲ စျေးကအရမ်းကွာနေရင်တော့ စျေးများတဲ့အလုံးကပိုကောင်းပါတယ်။ သေချာတာကတော့ ဘယ်စီးပွားရေးသမားကမှ ရောင်းရမယ့်စျေးထက် လျော့လို့မရောင်းပါဘူး။

သိသလောက်မျှဝေပေးတာပါ ဒီစာကိုသေချာဖတ်ပြီးရင်တော့ Laptop တစ်လုံးကို မိမိဘာသာဝယ်ယူနိုင်လိမ့်မယ်လို့ထင်ပါတယ်။

မူရင်းရေးသူကို🖊️🖊️  credit ပေးပါကြောင်း

No comments: