Tuesday, May 19, 2020

သဘာဝႏွင့္ လူမွုပတ္ဝန္းက်င္အတြက္ ဝါး

သဘာဝနှင့် လူမှုပတ်ဝန်းကျင်အတွက် ဝါး


ဝါးသည် အပင်လောကတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် အများဆုံး စုပ်ယူသည့် အပင်အမျိုးအစားတွင် ပါဝင်ခြင်းကြောင့် ဝါးပတ်ဝန်းကျင်တွင် သန့်ရှင်းလတ်ဆတ်သော လေကို ရှူနိုင်ပေသည်။ လေကာ နေကာ ရေတိုက်စားခြင်း လေတိုက်စားခြင်းဒဏ်မှ ကာကွယ်နိုင်သည့် အပင်အမျိုးအစား ဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အထူး အရေးပါသည့် အပင်ဖြစ်သည့်အပြင် အပင်တခုလုံးသည် သက်ရှိလောကအတွက် အသုံးဝင်သည့်အပင် အမျိုးအစားတွင် ပါဝင်ပေသည်။

ဝါးပင်ကို လေကာပင်အဖြစ် ကန်သင်းဘောင်ပေါ်တွင် လည်းကောင်း၊ ဆင်ခြေလျှော တောင်စောင်းများတွင် လည်းကောင်း၊ လွင်တီးခေါင်များတွင် လည်းကောင်း စိုက်ပျိုးသင့်ပါသည်။ အကြမ်းအားဖြင့် အပင်မြင့်၏ ၂ ဆခွဲ ကျယ်ဝန်းသည့် မြေဆီလွှာကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။ ဝါးပင်သည် အမြစ်ဆုံ ကြီးမား ကျယ်ပြန့်မှု မရှိခြင်းကြောင့် လေဒဏ် မိုးဒဏ် ရေဒဏ်အား ကြံ့ကြံ့ခံကာဆီးနိုင်ပါသည်။

ဝါးအမြစ်၏ ထူးခြားစွာ ဖွဲ့စည်း တည်ဆောက်ထားမှုအရ မြေဆီလွှာ ဆုံးရှုံးမှုကို ကာကွယ်ပေးသည်။ ပညာရှင်များ၏ တွေ့ရှိချက်အရ မြေဆီလွှာအတွင်းရှိ ရေကို ထိန်းသိမ်းသည့် ဝါးပင်သည် ၄င်းအလေးချိန် ၁/၃ ပုံ ရှိသော ဇီဝထု (biomass) ကို နှစ်စဉ် ခြွေချပေးသည်။ ဝါးစိုက်ခင်းတခုသည် ၄င်းနှင့် ဧရိယာတူညီသော သစ်တောနှင့် နှိုင်းယှဉ်ပါက အောက်စီဂျင် ထုတ်လုပ်မှု ၃၅% အထိ ပိုကြောင်း သိရပါသည်။ ဝါးအမျိုးအစား လိုက်၍ စိုက်ခင်း စိုက်ခင်း ၁ ဟက်တာ (၂ ဧကခွဲ) က ကာဗွန်ဒိုင်အောက်ဆိုဒ် တန် (၂၀၀)၊ ဆာလဖာဒိုင်အောက်ဆိုဒ် တန် (၆၀) မှ (၉၀) နှင့် ဖုန်မှုန့်တန် (၆၀) မှ (၉၀) စုပ်ယူနိုင်သဖြင့် သန့်ရှင်းရန် လေစစ်အဖြစ် အသုံးပြု စိုက်ပျိုးနိုင်သည်။

နိုင်ငံများစွာတွင် ဆင်ခြေလျှော တောင်ကုန်းများအား ရေတိုက်စားခြင်းမှ ကာကွယ်ရန်နှင့် မြေသားကြံ့ခိုင်စေရန် စိုက်ပျိုးကြသည်။ ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ရှိ UNDP က ကြီးကြပ်၍ အာဖရိကတိုက်ရှိ အီသီယိုပီးယား၊ ကင်ညာနှင့် ယူဂန်ဒါနိုင်ငံတို့တွင် လည်းကောင်း၊ အာရှိတိုက်ရှိ အိန္ဒိယ၊ သီရိလင်္ကာနိုင်ငံတို့တွင် လည်းကောင်း ဝါးစိုက်ပျိုးခြင်း၊ ထုတ်လုပ် အသုံးပြုခြင်း နည်းစနစ်များကို သင်တန်းပေးခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးခဲ့သည်။

ဝါးပင်ပေါက်မျှစ်သည် အာဟာရဓာတ် ၉၀% ပါဝင်ပြီး ဗီတာမင်ဓာတ်၊ အမျှင်ဓာတ်နှင့် အမိုင်နိုင်အ်စစ်တို့ ကြွယ်ဝစွာ ပါဝင်သည်။ မျှစ်အဖြစ် စားသုံးရန် ဝါးမျိုးများမှာ ဝါးဘိုး၊ ကြသောင်း၊ ဝါးဘိုးမျက်ဆံကျဲ၊ ဂုံဝါး၊ ခရင်ဝါး၊ မျှင်ဝါး၊ အလောင်းစည်သူဝါး၊ စသည်ဖြင့် မျိုးစိတ်ပေါင်း (၄၀) ကျော် ရှိပါသည်။

တောတွင်း နေထိုင် ကျက်စားကြသည့် ဆင်၊ ဆတ်၊ ချေ၊ တောဝက် အစရှိသည့် တိရစ္ဆာန်များသည်လည်း ဝါးရွက်နုများနှင့် မျှစ်နုများအား စားသုံးလေ့ရှိကြပါသည်။ တောတွင်း ရေပြတ်လပ်သွားသည့်အခါ လျှိုမြောင်အတွင်းရှိ ဝါးများ ခုတ်ယူပြီး သောက်သုံးရေ ရရှိနိုင်သည်။ တောတောင်အတွင်း ဆားပြတ်သွားပါက ဝါးရွက်အား ပြာချ၍ ဆားအဖြစ် အသုံးပြုနိုင်သည်။

ဝါးကို အမျိုးမျိုး အသုံးပြုကြပါသည်။ ဆောက်လုပ်ရေးပစ္စည်း၊ ပရိဘောဂ၊ ခြံစည်းရိုး၊ ပျော့ဖတ်နှင့် စက္ကူ၊ ပန်းပုမှ စ၍ လူတို့ အစားအစာ၊ အဝတ်အထည်၊ ခေါင်းအုံး၊ မွေ့ယာ၊ အခင်းနှင့် တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုကြပါသည်။ ကမ္ဘာပေါ်တွင် လူသန်းပေါင်း (၆၀) ကျော်သည် ဝါးမှ ရရှိသော ဝင်ငွေကို အမှီပြုနေကြရသည်။

ဝါးထရံယက်လုပ်ရာတွင် တင်းဝါးမျိုးအစားကို အများဆုံး အသုံးပြုကြပါသည်။ ဘုရားအဆောက်အအုံများတွင် ငြမ်းအဖြစ် ဝါးယားကို အများဆုံး အသုံးပြုကြပါသည်။ ကွန်ကရစ်တိုင်များတွင် သံချောင်းအစား ဝါးကို အစားထိုး သုံးစွဲကြသည်။ ယခုအခါတွင် အဆောက်အဦများသာမက ဝါးအမျှင်ဖြင့် ရက်လုပ်ထားသော အဝတ်အထည် အမျိုးမျိုးကိုလည်း ထုတ်လုပ်ကြသည်။ စက္ကူပျော့ဖတ် ပြုလုပ်ရာတွင်လည်း သစ်ကုန်ကြမ်းဖြင့် ပြုလုပ်သော စက္ကူထက် ဝါးကုန်ကြမ်းဖြင့် ပြုလုပ်သော စက္ကူသည် ပိုမို ကောင်းမွန်ကြောင်း သိရပါသည်။
ဝါးဖြင့် ပြုလုပ်သော တန်ဖိုးမြင့် ပစ္စည်းများအဖြစ် ဝါးဆက်တီကုလားထိုင်များ၊ ဝါးလိုက်ကာများ၊ ဝါးစားပွဲများ၊ အမျိုးသမီးလက်ကိုင်အိတ်များ၊ အလှခြင်းများ၊ ဝါးဖြင့် အလှဆင်ပစ္စည်းများသာမက ဝါးပင်များဖြင့် အလှဆင်လုပ်ငန်းများ ယခုအခါ များစွာ ထွန်းကားလာပေသည်။ နေအိမ်တိုက်တာ အဆောက်အအုံကြီးများအား အပူဒဏ်သက်သာစေရန် အိမ်ခေါင်မိုး၌ အပင်များ (roof garden) စိုက်ရာတွင် ဝါးကိုလည်း သုံးကြသည်။

တချိန်က မြန်မာ့ဝါးနှင့် ပြုလုပ်သော ငါးမျှားတံမှာ ကမ္ဘာ့စျေးကွက်တွင် အထူးရေပန်းစား လူကြိုက်များခဲ့သဖြင့် နှစ်တိုင်း ပြည်ပသို့ တင်ပို့ရောင်းချခဲ့ကြောင်း သိရပါသည်။ ငါးမျှားတံအဖြစ် အသုံးပြုသော ဝါးမှာ မြန်မာနိုင်ငံအနှံ့တွင် ပေါက်ရောက်သော ထီးရိုးဝါးပင် ဖြစ်ပါသည်။ ပုသိမ်ထီး၊ ဘုန်းကြီးဆောင်းထီး၊ ပအို့ဝ်ထီးများသည်လည်း ဝါးဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။


ဝါးပေါက်ရောက်ပုံ
ဝါးသည် နှစ်ရှည်ခံမြက်ကြီးမျိုးရင်း (perennial) ဖြစ်ပါသည်။ သာမန်အားဖြင့် မျိုးပွားခြင်း (reproduction) ဖြစ်သည့်အခါ ရိုင်ဇုမ်းတို့မှ အတက်ပေါက်၍ လိင်မဲ့နည်း မျိုးပွားသည်။ ဝါးပင်အသစ်မှ အကိုင်းအခက်အရွက်တို့ ထွက်ပေါ်လာပြီး အသက်ကြီးလာသည်နှင့်အမျှ ဝါးပင်သည် ပို၍ မာကြောသန်စွမ်းလာပါသည်။ သို့ရာတွင် ဝါးပင်၏ ရှိသင့်သော အမြင့်ထိ ကြီးထွားလာပြီးနောက် ပင်စည်လုံးပတ်မှာ ကြီးထွားလာခြင်း မရှိချေ။ ဝါးပင်သည် ၃ - ၄ နှစ်အတွင်း ရင့်လာပြီး ရင့်လာသော ဝါးပင်သည် အသက်ရလာသည်နှင့် အမျှ ပျက်စီးယိုယွင်းလာပြီး နောက်ဆုံးတွင် အပင်သေ၍ ခြောက်သွားပါသည်။ ရင့်မှည့်နေသော ဝါးပင်များကို စနစ်တကျ ခုတ်သိမ်းခြင်းဖြင့် ကျန်ရှိသော ဝါးပင်ငယ်များ၏ ကြီးထွားမှုကို ထိန်းသိမ်းထားနိုင်ပြီး အပင်သစ်များ ဖြစ်ပေါ် ကြီးထွားလာမှုကို အားပေးသည်။

ဝါးပင်၏ ပွင့်ခြင်း သီးခြင်း ဖြစ်စဉ်ကို ဝါးသုဉ်းခြင်းဟု ခေါ်သည်။ ဝါးသုဉ်းခြင်းအား အမျိုးအစား လိုက်၍ ဝါးသုဉ်းဖြစ်စဉ်များ ဖြစ်နိုင်ကြောင်း ပညာရှင်အချို့က လေ့လာသုံးသပ်ကြပါသည်။ ဝါးသုဉ်းခြင်းသည် အချိန်မှန် ထပ်တလဲလဲ ဖြစ်ခြင်း (periodicity) ကြောင့်ဟုလည်း ယူဆပါသည်။ မည်သည့်ဝါးမျိုးမဆို တကြိမ်နှင့် နောက်တကြိမ် သုဉ်းခြင်း၏ ကြားကာလသည် ထိုဝါးမျိုး၏ ဇီဝကမ္မဗေဒ (physiology) အရ ဖြစ်ပေါ်သည့် ဘဝစက်ဝန်းဟု မှတ်ယူသင့်ကြောင်းနှင့် ရာသီဥတုနှင့် အခြား အကြောင်းများကြောင့် ဘဝစက်ဝန်းကို အနည်းငယ် ပြောင်းလွဲနိုင်လိမ့်မည်ဟု သုံးသပ်ထားကြပါသည်။ ထူးကဲစွာ မိုးခေါင်ခြင်းကြောင့် ဝါးသုဉ်းခြင်းကို လှုံ့ဆော်ပေးနိုင်သည်ဟုလည်း သုံးသပ်ကြပါသည်။

 ရတနာစိုး၊ ဝါး (ဝါးစတင်ပေါက်ရောက်ပုံ၊ ဝါးမျိုးပွားပုံနှင့် ဝါးအသုံးပြုပုံ)၊ ၂၀၁၄ စာအုပ်မှ
ကောက်နုတ်ကူးယူသည်။

ဝါး၏ ဂေဟဗေဒနှင့် အကျိုးကျေးဇူး

ဝါးပင်မှာ ဆင်းရဲသားများအတွက် သစ် (poor man’s timber)၊ ရွှေစိမ်း (green gold) ဟု တင်စားခေါ်ဝေါ်သော အပင်၊ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်း (non-timber forest product/NTFP) ဟုလည်း ခေါ်ကြပါသည်။

ဝါးသည် လတ္တီတွဒ်အားဖြင့် ၄၆ ဒီဂရီ (မြောက်) နှင့် ၄၇ ဒီဂရီ (တောင်) အတွင်း ပေါက်ရောက်ပြီး အမြင့်အားဖြင့် ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၁၂၀၀၀ အထိ ပေါက်ရောက်နိုင်ပါသည်။ သို့ရာတွင် များသောအားဖြင့် ပင်လယ် ရေမျက်နှာပြင်မှ ပေ ၃၀၀ နှင့် ပေ ၂၆၀၀ အတွင်း ပေါက်ရောက်နေသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်တွင် တပြည်လုံး ဝါးပေါက်ရောက်လျက် ရှိပြီး ဝါးမျိုးစု (၂၂) မျိုးစုနှင့် မျိုးစိတ် (၁၀၂) ဝန်းကျင် သဘာဝအလျောက် ပျံ့နှံ့ပေါက်ရောက်လျက် ရှိပါသည်။

ဝါး၏ ပေါက်ရောက်မှုသည် မိုးရွာသွန်းမှု၊ အပူချိန်၊ ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေနှင့် မြေဆီလွှာတို့ အပေါ်တွင် မူတည်ပါသည်။ ဝါး ကောင်းမွန်စွာ ပေါက်ရောက်နိုင်ရန် အပူချိန် ၈ ဒီဂရီစင်တီဂရိတ်မှ ၃၆ ဒီဂရီစင်တီဂရိတ်အထိ လိုအပ်ပြီး မိုးရေချိန် အနည်းဆုံး ၃၉ လက်မ ရရှိရန် လိုအပ်ပါသည်။ စိုထိုင်းဆ များရန်လည်း လိုအပ်ပါသည်။ များသောအားဖြင့် မိုးရေချိန် ၄၇ လက်မမှ ၁၅၇ လက်မအတွင်းရှိ ဒေသများတွင် သဘာဝအလျောက် ဝါး ပေါက်ရောက်လေ့ရှိပါသည်။ ထုံးဓာတ်များသော မြေသည် ဝါးအတွက် မသင့်လျော်ပါ။ အက်ဆစ်ဓာတ်ခေါ် မြေအချဉ်ဓာတ် PH ၅.၀ မှ ၆.၅ အထိမှာ ဝါးအတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။

ဝါးပင်မှာ စိုက်ပြီး ၂ - ၃ နှစ်ဆို သုံး၍ ရပြီ။ ထို့ကြောင့် ဝါးပင်များကို ကမ္ဘာပေါ်တွင် သစ်သားပေးသော အကြီး အမြန်ဆုံးအပင်များ (fastest growing woody plants in the world) ဟု ခေါ်ပါသည်။

ဝါးစိုက်ခြင်းကြောင့် အိမ်သုံး၊ လယ်ယာသုံး၊ ဝါးရွက်မှ သဘာဝမြေသြဇာ ရရှိခြင်း၊ အစားအသောက် (မျှစ်) ရရှိခြင်း၊ သန့်ရှင်းလတ်ဆတ်သော လေကို ရှုရှိုက်ရခြင်း၊ စိမ်းစိုသော အရိပ်နှင့် အေးချမ်းသော ပတ်ဝန်းကျင်မှာ နေထိုင်ရခြင်း စသည့် အကျိုးကျေးဇူးများ ရပါလိမ့်မည်။ အိမ်ဆောက်ရန်၊ လျှာထိုးကြမ်းခင်း၊ အမိုးအကာအခင်း၊ ကွန်ကရစ် ထောက်တိုင်အတွက် အသုံးပြုလို့ ရသလို ဝါးရွက်နှင့် ဝါးမျှင်မှ ဘီယာ၊ အင်္ကျီ၊ ဆေးဝါး၊ လူ့အသုံးအဆောင် အမျိုးမျိုး၊ ဝါးမီးသွေး၊ ဝါးရှာလကာရည်၊ စက္ကူပျော့ဖတ်၊ စက္ကူအိတ် ထုတ်လုပ်နိုင်ပါသည်။ မျှစ်ကို အစိမ်း၊ အခြောက်၊ အချဉ် စသည်ဖြင့် စားသုံးနိုင်ပါသည်။

ဒေါက်တာစန်းဝင်း (သစ်တောတက္ကသိုလ်)။ လုပ်နိုင်သည်ကစ၍ အပါအဝင် သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်းပါးပေါင်းချုပ်မှ ကောက်နုတ်ကူးယူပါသည်။


မျှင်ဝါးစိုက်ပျိုးနည်း

မျှင်ဝါး (ရုက္ခဗေဒအမည် - dendrocalamus strictus) သည် အရှေ့တောင်အာရှ အပူပိုင်းနှင့် သမပိုင်းမျိုးစိတ် ဖြစ်သည်။ အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း ဇာတိဖြစ်သည်။

မျှင်ဝါးသည် အမြင့်ပေ ၃၀၀၀ အထိ ပေါက်ရောက်နိုင်သည်။ သစ်တောနှင့် ရောနှောပေါက်ရောက်တတ်သည်။ အချို့နေရာတွင် သစ်ပင် မရှိသော်လည်း မျှင်ဝါး ပေါက်ရောက်နေသည်ကို တွေ့ရသည်။ မျှင်ဝါးသည် အရွယ်လတ်ဝါးမျိုး ဖြစ်ပြီး တောခြောက်လျှင် အခေါင်းပိတ်တတ်ပြီး တောစိုလျှင် အခေါင်းပွတတ်သည်။ ရေခဲသည်အထိ အေးသောဒဏ်ကို ခံနိုင်ပြီး မိုးမကြာခဏ ခေါင်၍ အလွန်ပူသောဒဏ်ကိုလည်း ခံနိုင်သည်။

မျှင်ဝါးသည် တောင်သူလုပ်ငန်းအတွက် တိုင်ဝါး၊ ကွမ်းခြံတိုင်ဝါး၊ သခွားတိုင်ထောင်ဝါး၊ ထွန်သံ၊ ထွန်ကိုင်း၊ နှီးထရံယက်ခြင်း၊ အချင်ဝါး၊ ဆင့်ဝါး၊ ကြမ်းခင်း၊ ခြံစည်းရိုး စသဖြင့် အမျိုးမျိုး အသုံးများသည်။ အလှူ၊ မင်္ဂလာဆေင်တို့တွင် ကမ်းသော ယပ်တောင်လုပ်ငန်းတွင်လည်း သုံးသည်။ ပေါက်တူးရိုး၊ ပေါက်ပြားရိုး၊ တူရိုး၊ ဆောက်ရိုးများ ပြုလုပ်ရာတွင်လည်း သုံးသည်။

ဘက်စုံအသုံးပြုနိုင်သော မျှင်ဝါးသည် အပူကြိုက်ဝါး ဖြစ်သည်။ ရေလောင်းပြီး တယုတယ မပြုစုရသောကြောင့် အပူပိုင်းဒေသ အမြန်ပြန်လည် စိမ်းစိုရန် စိုက်ပျိုးသင့်လှသည်။ သီးနှံစိုက်ပျိုးရန် ခက်သောမြေများတွင်လည်း စိုက်နိုင်သည်။

မျှင်ဝါးကို မိုးဦးတစ်မိုး ကောင်းစွာ ရွာပြီးသည့်အချိန်တွင် စိုက်ပျိုးထားပါ။ နွေရာသီတွင် အရွက်များ ကြွေကာ ရွက်နုများ ပြန်ထလာတတ်သည်။ စနစ်တကျနှင့် အပင် အနည်းငယ်သာ စိုက်ပျိုးမည် ဆိုလျှင် နွေရာသီတွင် ရေသွင်း၊ မြေသြဇာ ကျွေးပေးပါက အပင်ဖြစ်ထွန်းမှု အားကောင်းသည်။ အပင် ငယ်စဉ်မှစ၍ ဘေးကိုင်းတက်များကို ရှင်းလင်းထားပါက အပင်မရှုပ်တော့ပါ။ အပင်စိုက်ပြီး နှစ်နှစ်ခန့် ကြာသောအခါ အပင်ဟောင်းများကို ရှင်းလင်းခြင်း၊ ဝါးရွက်ခြောက်များ ပုံပေးခြင်း၊ မြေကြီးအနည်းငယ် ပုံပေးခြင်းများဖြင့် ပြုစုပေးပါက ငါးနှစ်တွင် စတင်ခုတ်သိမ်းနိုင်သည်။


မျှင်ဝါးသည် လက်သန်းလုံးအရွယ်မှ စ၍ စျေးကွက်ရှိသော ဝါး ဖြစ်သည်။ မျှင်ဝါးကို စိုက်ပျိုးမည် ဆိုပါက တစ်ပင်နှင့် တစ်ပင် ၁၂ ပေ အကွာအဝေးမျှ စိုက်သင့်ပါသည်။ အပင် စိပ်စိပ် စိုက်ပါက ပန်းဝါးများများ ထားစရာ မလိုပါ။ အပင်စိပ်သောကြောင့် မျှစ်များသည် နေရောင် လုတက်ရသောကြောင့် ဖြောင့်ဖြောင့်တန်းတန်း ပေါက်သည်။ ကိုင်းတက် မရှုပ်တော့ပါ။ တစ်ဧကတွင် အပင်ရေ ၃၃၀ မှ ၄၄၀ အထိ စိုက်နိုင်သည်။ သုံးနှစ်မှ စ၍ အပင်သေးများကို ပင်ကျပ်ခုတ်ကာ သခွားတိုင်အဖြစ် စတင်ရောင်းချနိုင်သည်။ တစ်နှစ်လျှင် တစ်ရုံမှ ဝါးလုံး ၁၀ လုံးခန့် ရရှိနိုင်သည်။ မျှင် တစ်ပိဿာမှ သုံးပိဿာအထိ ရရှိနိုင်သည်။ နှီးဝါးအဖြစ် တစ်နှစ်လျှင် သုံးလုံးခန့် ရရှိနိုင်သည်။

မျှင်ဝါးသည် နှီးဖျာ၍ ကောင်းသောကြောင့် နှီးလက်မှုပညာ တတ်ထားပါက ဝါးစိုက်တောင်သူတို့ နေ့စဉ် အလုပ်နှင့် ဝင်ငွေ ရနိုင်မည်။ ပရိဘောဂ ပြုလုပ်၍ ကောင်းသောကြောင့် ဝါးလုံးရောင်းချသည်ထက် ကုန်ချော ရောင်းပါက ဝင်ငွေ ပိုနိုင်သည်။ မျှင်မျှစ်ကို မျှစ်ချိုဘူးများ ပြုလုပ်ရောင်းချပါက စျေးကောင်းရနိုင်သည်။

ဝင်းကျော်ဦး။ “မျှင်ဝါးစိုက်ပျိုးနည်း”၊ လေးစားရမည့် ဝါးပင်တို့၏သဘာဝနှင့် စီးပွားဖြစ် ဝါးစိုက်ပျိုးရေး။ ၂၀၁၇ စာအုပ်မှ ကောက်နုတ်ကူးယူသည်။

သာလာယံပေ့မှ ကူးယူဖော်ပြပါသည်။

[Unicode]
သဘာဝနှင့် လူမှုပတ်ဝန်းကျင်အတွက် ဝါး

ဝါးသည် အပင်လောကတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် အများဆုံး စုပ်ယူသည့် အပင်အမျိုးအစားတွင် ပါဝင်ခြင်းကြောင့် ဝါးပတ်ဝန်းကျင်တွင် သန့်ရှင်းလတ်ဆတ်သော လေကို ရှူနိုင်ပေသည်။ လေကာ နေကာ ရေတိုက်စားခြင်း လေတိုက်စားခြင်းဒဏ်မှ ကာကွယ်နိုင်သည့် အပင်အမျိုးအစား ဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အထူး အရေးပါသည့် အပင်ဖြစ်သည့်အပြင် အပင်တခုလုံးသည် သက်ရှိလောကအတွက် အသုံးဝင်သည့်အပင် အမျိုးအစားတွင် ပါဝင်ပေသည်။

ဝါးပင်ကို လေကာပင်အဖြစ် ကန်သင်းဘောင်ပေါ်တွင် လည်းကောင်း၊ ဆင်ခြေလျှော တောင်စောင်းများတွင် လည်းကောင်း၊ လွင်တီးခေါင်များတွင် လည်းကောင်း စိုက်ပျိုးသင့်ပါသည်။ အကြမ်းအားဖြင့် အပင်မြင့်၏ ၂ ဆခွဲ ကျယ်ဝန်းသည့် မြေဆီလွှာကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။ ဝါးပင်သည် အမြစ်ဆုံ ကြီးမား ကျယ်ပြန့်မှု မရှိခြင်းကြောင့် လေဒဏ် မိုးဒဏ် ရေဒဏ်အား ကြံ့ကြံ့ခံကာဆီးနိုင်ပါသည်။

ဝါးအမြစ်၏ ထူးခြားစွာ ဖွဲ့စည်း တည်ဆောက်ထားမှုအရ မြေဆီလွှာ ဆုံးရှုံးမှုကို ကာကွယ်ပေးသည်။ ပညာရှင်များ၏ တွေ့ရှိချက်အရ မြေဆီလွှာအတွင်းရှိ ရေကို ထိန်းသိမ်းသည့် ဝါးပင်သည် ၎င်းအလေးချိန် ၁/၃ ပုံ ရှိသော ဇီဝထု (biomass) ကို နှစ်စဉ် ခြွေချပေးသည်။ ဝါးစိုက်ခင်းတခုသည် ၎င်းနှင့် ဧရိယာတူညီသော သစ်တောနှင့် နှိုင်းယှဉ်ပါက အောက်စီဂျင် ထုတ်လုပ်မှု ၃၅% အထိ ပိုကြောင်း သိရပါသည်။ ဝါးအမျိုးအစား လိုက်၍ စိုက်ခင်း စိုက်ခင်း ၁ ဟက်တာ (၂ ဧကခွဲ) က ကာဗွန်ဒိုင်အောက်ဆိုဒ် တန် (၂၀၀)၊ ဆာလဖာဒိုင်အောက်ဆိုဒ် တန် (၆၀) မှ (၉၀) နှင့် ဖုန်မှုန့်တန် (၆၀) မှ (၉၀) စုပ်ယူနိုင်သဖြင့် သန့်ရှင်းရန် လေစစ်အဖြစ် အသုံးပြု စိုက်ပျိုးနိုင်သည်။

နိုင်ငံများစွာတွင် ဆင်ခြေလျှော တောင်ကုန်းများအား ရေတိုက်စားခြင်းမှ ကာကွယ်ရန်နှင့် မြေသားကြံ့ခိုင်စေရန် စိုက်ပျိုးကြသည်။ ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ရှိ UNDP က ကြီးကြပ်၍ အာဖရိကတိုက်ရှိ အီသီယိုပီးယား၊ ကင်ညာနှင့် ယူဂန်ဒါနိုင်ငံတို့တွင် လည်းကောင်း၊ အာရှိတိုက်ရှိ အိန္ဒိယ၊ သီရိလင်္ကာနိုင်ငံတို့တွင် လည်းကောင်း ဝါးစိုက်ပျိုးခြင်း၊ ထုတ်လုပ် အသုံးပြုခြင်း နည်းစနစ်များကို သင်တန်းပေးခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးခဲ့သည်။

ဝါးပင်ပေါက်မျှစ်သည် အာဟာရဓာတ် ၉၀% ပါဝင်ပြီး ဗီတာမင်ဓာတ်၊ အမျှင်ဓာတ်နှင့် အမိုင်နိုင်အ်စစ်တို့ ကြွယ်ဝစွာ ပါဝင်သည်။ မျှစ်အဖြစ် စားသုံးရန် ဝါးမျိုးများမှာ ဝါးဘိုး၊ ကြသောင်း၊ ဝါးဘိုးမျက်ဆံကျဲ၊ ဂုံဝါး၊ ခရင်ဝါး၊ မျှင်ဝါး၊ အလောင်းစည်သူဝါး၊ စသည်ဖြင့် မျိုးစိတ်ပေါင်း (၄၀) ကျော် ရှိပါသည်။

တောတွင်း နေထိုင် ကျက်စားကြသည့် ဆင်၊ ဆတ်၊ ချေ၊ တောဝက် အစရှိသည့် တိရစ္ဆာန်များသည်လည်း ဝါးရွက်နုများနှင့် မျှစ်နုများအား စားသုံးလေ့ရှိကြပါသည်။ တောတွင်း ရေပြတ်လပ်သွားသည့်အခါ လျှိုမြောင်အတွင်းရှိ ဝါးများ ခုတ်ယူပြီး သောက်သုံးရေ ရရှိနိုင်သည်။ တောတောင်အတွင်း ဆားပြတ်သွားပါက ဝါးရွက်အား ပြာချ၍ ဆားအဖြစ် အသုံးပြုနိုင်သည်။

ဝါးကို အမျိုးမျိုး အသုံးပြုကြပါသည်။ ဆောက်လုပ်ရေးပစ္စည်း၊ ပရိဘောဂ၊ ခြံစည်းရိုး၊ ပျော့ဖတ်နှင့် စက္ကူ၊ ပန်းပုမှ စ၍ လူတို့ အစားအစာ၊ အဝတ်အထည်၊ ခေါင်းအုံး၊ မွေ့ယာ၊ အခင်းနှင့် တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုကြပါသည်။ ကမ္ဘာပေါ်တွင် လူသန်းပေါင်း (၆၀) ကျော်သည် ဝါးမှ ရရှိသော ဝင်ငွေကို အမှီပြုနေကြရသည်။

ဝါးထရံယက်လုပ်ရာတွင် တင်းဝါးမျိုးအစားကို အများဆုံး အသုံးပြုကြပါသည်။ ဘုရားအဆောက်အအုံများတွင် ငြမ်းအဖြစ် ဝါးယားကို အများဆုံး အသုံးပြုကြပါသည်။ ကွန်ကရစ်တိုင်များတွင် သံချောင်းအစား ဝါးကို အစားထိုး သုံးစွဲကြသည်။ ယခုအခါတွင် အဆောက်အဦများသာမက ဝါးအမျှင်ဖြင့် ရက်လုပ်ထားသော အဝတ်အထည် အမျိုးမျိုးကိုလည်း ထုတ်လုပ်ကြသည်။ စက္ကူပျော့ဖတ် ပြုလုပ်ရာတွင်လည်း သစ်ကုန်ကြမ်းဖြင့် ပြုလုပ်သော စက္ကူထက် ဝါးကုန်ကြမ်းဖြင့် ပြုလုပ်သော စက္ကူသည် ပိုမို ကောင်းမွန်ကြောင်း သိရပါသည်။
ဝါးဖြင့် ပြုလုပ်သော တန်ဖိုးမြင့် ပစ္စည်းများအဖြစ် ဝါးဆက်တီကုလားထိုင်များ၊ ဝါးလိုက်ကာများ၊ ဝါးစားပွဲများ၊ အမျိုးသမီးလက်ကိုင်အိတ်များ၊ အလှခြင်းများ၊ ဝါးဖြင့် အလှဆင်ပစ္စည်းများသာမက ဝါးပင်များဖြင့် အလှဆင်လုပ်ငန်းများ ယခုအခါ များစွာ ထွန်းကားလာပေသည်။ နေအိမ်တိုက်တာ အဆောက်အအုံကြီးများအား အပူဒဏ်သက်သာစေရန် အိမ်ခေါင်မိုး၌ အပင်များ (roof garden) စိုက်ရာတွင် ဝါးကိုလည်း သုံးကြသည်။

တချိန်က မြန်မာ့ဝါးနှင့် ပြုလုပ်သော ငါးမျှားတံမှာ ကမ္ဘာ့ဈေးကွက်တွင် အထူးရေပန်းစား လူကြိုက်များခဲ့သဖြင့် နှစ်တိုင်း ပြည်ပသို့ တင်ပို့ရောင်းချခဲ့ကြောင်း သိရပါသည်။ ငါးမျှားတံအဖြစ် အသုံးပြုသော ဝါးမှာ မြန်မာနိုင်ငံအနှံ့တွင် ပေါက်ရောက်သော ထီးရိုးဝါးပင် ဖြစ်ပါသည်။ ပုသိမ်ထီး၊ ဘုန်းကြီးဆောင်းထီး၊ ပအို့ဝ်ထီးများသည်လည်း ဝါးဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

ဝါးပေါက်ရောက်ပုံ
ဝါးသည် နှစ်ရှည်ခံမြက်ကြီးမျိုးရင်း (perennial) ဖြစ်ပါသည်။ သာမန်အားဖြင့် မျိုးပွားခြင်း (reproduction) ဖြစ်သည့်အခါ ရိုင်ဇုမ်းတို့မှ အတက်ပေါက်၍ လိင်မဲ့နည်း မျိုးပွားသည်။ ဝါးပင်အသစ်မှ အကိုင်းအခက်အရွက်တို့ ထွက်ပေါ်လာပြီး အသက်ကြီးလာသည်နှင့်အမျှ ဝါးပင်သည် ပို၍ မာကြောသန်စွမ်းလာပါသည်။ သို့ရာတွင် ဝါးပင်၏ ရှိသင့်သော အမြင့်ထိ ကြီးထွားလာပြီးနောက် ပင်စည်လုံးပတ်မှာ ကြီးထွားလာခြင်း မရှိချေ။ ဝါးပင်သည် ၃ - ၄ နှစ်အတွင်း ရင့်လာပြီး ရင့်လာသော ဝါးပင်သည် အသက်ရလာသည်နှင့် အမျှ ပျက်စီးယိုယွင်းလာပြီး နောက်ဆုံးတွင် အပင်သေ၍ ခြောက်သွားပါသည်။ ရင့်မှည့်နေသော ဝါးပင်များကို စနစ်တကျ ခုတ်သိမ်းခြင်းဖြင့် ကျန်ရှိသော ဝါးပင်ငယ်များ၏ ကြီးထွားမှုကို ထိန်းသိမ်းထားနိုင်ပြီး အပင်သစ်များ ဖြစ်ပေါ် ကြီးထွားလာမှုကို အားပေးသည်။

ဝါးပင်၏ ပွင့်ခြင်း သီးခြင်း ဖြစ်စဉ်ကို ဝါးသုဉ်းခြင်းဟု ခေါ်သည်။ ဝါးသုဉ်းခြင်းအား အမျိုးအစား လိုက်၍ ဝါးသုဉ်းဖြစ်စဉ်များ ဖြစ်နိုင်ကြောင်း ပညာရှင်အချို့က လေ့လာသုံးသပ်ကြပါသည်။ ဝါးသုဉ်းခြင်းသည် အချိန်မှန် ထပ်တလဲလဲ ဖြစ်ခြင်း (periodicity) ကြောင့်ဟုလည်း ယူဆပါသည်။ မည်သည့်ဝါးမျိုးမဆို တကြိမ်နှင့် နောက်တကြိမ် သုဉ်းခြင်း၏ ကြားကာလသည် ထိုဝါးမျိုး၏ ဇီဝကမ္မဗေဒ (physiology) အရ ဖြစ်ပေါ်သည့် ဘဝစက်ဝန်းဟု မှတ်ယူသင့်ကြောင်းနှင့် ရာသီဥတုနှင့် အခြား အကြောင်းများကြောင့် ဘဝစက်ဝန်းကို အနည်းငယ် ပြောင်းလွဲနိုင်လိမ့်မည်ဟု သုံးသပ်ထားကြပါသည်။ ထူးကဲစွာ မိုးခေါင်ခြင်းကြောင့် ဝါးသုဉ်းခြင်းကို လှုံ့ဆော်ပေးနိုင်သည်ဟုလည်း သုံးသပ်ကြပါသည်။

 ရတနာစိုး၊ ဝါး (ဝါးစတင်ပေါက်ရောက်ပုံ၊ ဝါးမျိုးပွားပုံနှင့် ဝါးအသုံးပြုပုံ)၊ ၂၀၁၄ စာအုပ်မှ
ကောက်နုတ်ကူးယူသည်။

ဝါး၏ ဂေဟဗေဒနှင့် အကျိုးကျေးဇူး

ဝါးပင်မှာ ဆင်းရဲသားများအတွက် သစ် (poor man’s timber)၊ ရွှေစိမ်း (green gold) ဟု တင်စားခေါ်ဝေါ်သော အပင်၊ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်း (non-timber forest product/NTFP) ဟုလည်း ခေါ်ကြပါသည်။

ဝါးသည် လတ္တီတွဒ်အားဖြင့် ၄၆ ဒီဂရီ (မြောက်) နှင့် ၄၇ ဒီဂရီ (တောင်) အတွင်း ပေါက်ရောက်ပြီး အမြင့်အားဖြင့် ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၁၂၀၀၀ အထိ ပေါက်ရောက်နိုင်ပါသည်။ သို့ရာတွင် များသောအားဖြင့် ပင်လယ် ရေမျက်နှာပြင်မှ ပေ ၃၀၀ နှင့် ပေ ၂၆၀၀ အတွင်း ပေါက်ရောက်နေသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်တွင် တပြည်လုံး ဝါးပေါက်ရောက်လျက် ရှိပြီး ဝါးမျိုးစု (၂၂) မျိုးစုနှင့် မျိုးစိတ် (၁၀၂) ဝန်းကျင် သဘာဝအလျောက် ပျံ့နှံ့ပေါက်ရောက်လျက် ရှိပါသည်။

ဝါး၏ ပေါက်ရောက်မှုသည် မိုးရွာသွန်းမှု၊ အပူချိန်၊ ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေနှင့် မြေဆီလွှာတို့ အပေါ်တွင် မူတည်ပါသည်။ ဝါး ကောင်းမွန်စွာ ပေါက်ရောက်နိုင်ရန် အပူချိန် ၈ ဒီဂရီစင်တီဂရိတ်မှ ၃၆ ဒီဂရီစင်တီဂရိတ်အထိ လိုအပ်ပြီး မိုးရေချိန် အနည်းဆုံး ၃၉ လက်မ ရရှိရန် လိုအပ်ပါသည်။ စိုထိုင်းဆ များရန်လည်း လိုအပ်ပါသည်။ များသောအားဖြင့် မိုးရေချိန် ၄၇ လက်မမှ ၁၅၇ လက်မအတွင်းရှိ ဒေသများတွင် သဘာဝအလျောက် ဝါး ပေါက်ရောက်လေ့ရှိပါသည်။ ထုံးဓာတ်များသော မြေသည် ဝါးအတွက် မသင့်လျော်ပါ။ အက်ဆစ်ဓာတ်ခေါ် မြေအချဉ်ဓာတ် PH ၅.၀ မှ ၆.၅ အထိမှာ ဝါးအတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။

ဝါးပင်မှာ စိုက်ပြီး ၂ - ၃ နှစ်ဆို သုံး၍ ရပြီ။ ထို့ကြောင့် ဝါးပင်များကို ကမ္ဘာပေါ်တွင် သစ်သားပေးသော အကြီး အမြန်ဆုံးအပင်များ (fastest growing woody plants in the world) ဟု ခေါ်ပါသည်။

ဝါးစိုက်ခြင်းကြောင့် အိမ်သုံး၊ လယ်ယာသုံး၊ ဝါးရွက်မှ သဘာဝမြေသြဇာ ရရှိခြင်း၊ အစားအသောက် (မျှစ်) ရရှိခြင်း၊ သန့်ရှင်းလတ်ဆတ်သော လေကို ရှုရှိုက်ရခြင်း၊ စိမ်းစိုသော အရိပ်နှင့် အေးချမ်းသော ပတ်ဝန်းကျင်မှာ နေထိုင်ရခြင်း စသည့် အကျိုးကျေးဇူးများ ရပါလိမ့်မည်။ အိမ်ဆောက်ရန်၊ လျှာထိုးကြမ်းခင်း၊ အမိုးအကာအခင်း၊ ကွန်ကရစ် ထောက်တိုင်အတွက် အသုံးပြုလို့ ရသလို ဝါးရွက်နှင့် ဝါးမျှင်မှ ဘီယာ၊ အင်္ကျီ၊ ဆေးဝါး၊ လူ့အသုံးအဆောင် အမျိုးမျိုး၊ ဝါးမီးသွေး၊ ဝါးရှာလကာရည်၊ စက္ကူပျော့ဖတ်၊ စက္ကူအိတ် ထုတ်လုပ်နိုင်ပါသည်။ မျှစ်ကို အစိမ်း၊ အခြောက်၊ အချဉ် စသည်ဖြင့် စားသုံးနိုင်ပါသည်။

ဒေါက်တာစန်းဝင်း (သစ်တောတက္ကသိုလ်)။ လုပ်နိုင်သည်ကစ၍ အပါအဝင် သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်းပါးပေါင်းချုပ်မှ ကောက်နုတ်ကူးယူပါသည်။

မျှင်ဝါးစိုက်ပျိုးနည်း

မျှင်ဝါး (ရုက္ခဗေဒအမည် - dendrocalamus strictus) သည် အရှေ့တောင်အာရှ အပူပိုင်းနှင့် သမပိုင်းမျိုးစိတ် ဖြစ်သည်။ အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း ဇာတိဖြစ်သည်။

မျှင်ဝါးသည် အမြင့်ပေ ၃၀၀၀ အထိ ပေါက်ရောက်နိုင်သည်။ သစ်တောနှင့် ရောနှောပေါက်ရောက်တတ်သည်။ အချို့နေရာတွင် သစ်ပင် မရှိသော်လည်း မျှင်ဝါး ပေါက်ရောက်နေသည်ကို တွေ့ရသည်။ မျှင်ဝါးသည် အရွယ်လတ်ဝါးမျိုး ဖြစ်ပြီး တောခြောက်လျှင် အခေါင်းပိတ်တတ်ပြီး တောစိုလျှင် အခေါင်းပွတတ်သည်။ ရေခဲသည်အထိ အေးသောဒဏ်ကို ခံနိုင်ပြီး မိုးမကြာခဏ ခေါင်၍ အလွန်ပူသောဒဏ်ကိုလည်း ခံနိုင်သည်။

မျှင်ဝါးသည် တောင်သူလုပ်ငန်းအတွက် တိုင်ဝါး၊ ကွမ်းခြံတိုင်ဝါး၊ သခွားတိုင်ထောင်ဝါး၊ ထွန်သံ၊ ထွန်ကိုင်း၊ နှီးထရံယက်ခြင်း၊ အချင်ဝါး၊ ဆင့်ဝါး၊ ကြမ်းခင်း၊ ခြ

Credit ဗဟုသုတဒိုင်ဂျက်

၀ါးကို မိူမတက် ပိုးမထိုးအောင်ဘယ်လိုလုပ်ရမလဲ

၁)
#Boric_Acid နှင့် Borax Powder ဖြင့် ဆေးစိမ်ခြင်း
×××××××××××××××××××××××××××××××××
အများအခေါ်အဝေါ် (လက်ချားအမူန့်)
Boric powder လက်​ချားအမှုန်​ ့ နဲ့ Borax acid လက်​ချားအက်​ဆစ်​ ကို ၁ ဆ နှင့် ၁ဆ ခွဲ ရောပြီး ၁ ပေါင်လျှင် ရေ၃ဂါလံ နှင့် ၅ ရက်ခန့်စိမ်ခြင်း ဖြင့်ဝါးများကို မိူမတက် ပိုးမထိုးအောင်
ကာကွယ်နို်င်ပါတယ်။

၀ါးအတွင်းရှိ သကြားရည်သည် ရေထက်ပြစ်သည်။၀ါးကို ကန်အတွင်း စိမ်ထားပါကသကြားရည်များထွက်ကာ အချဉ်ပေါက်လာသည်။နောက်ထပ်တဖန်စိမ်သောအခါ အလျဉ်ရလာသောကြောင့်
လေးရက်ခန့်ကြာလျှင် အချဉ်ပေါက်လာသည်။ ပိုးများကြိုက်သော သကြားဓါတ်များကုန်၍ပိုးမစားကြောင်းသိရသည်။

ငွေကြေးသက်သော်လည်းကြာကြာထားပါက အပုတ်နံ့ထွက်လာ၍ရေအနည်းငယ်ချန်ကာ ရေလှဲလယ်သင့်သည်။

၂)
#ပင်လယ်ရေတွင် စိမ်ပြီး နေလှမ်းအခြောက်ခံခြင်း
××××××××××××××××××××××××××××××

စီးဆင်းနေသော ရေတွင်သုံးပတ်မှ တစ်လ အထိ စိမ်ထားပါက
သကြားရည်နေရာတွင် ရေအစား ဝင်ရောက်သွားသည်။
ထိုကြောင့် ရေစိမ်ဝါးသည်ပိုးမစားကြောင်း တွေ့ရသည်။
၀ါးကို ရေစိမ်ပါက အရောင်ပြောင်းလဲစေသည်။
ရူပ နှင့် အားအင်ဆိုင်ရာများဆုံးရှူံးစေသောကြောင့်
ခံနိုင်ရည်ကျဆင်းစေသည်။

၃)
#ကြပ်တိုက်ခြင်း
×××××××××××

၀ါးကို ကြပ်တိုက်ခြင်းဖြင့်လည်းကြာရှည်ခံအောင် ပြုလုပ်နိုင်သည်။မိုင်းတိုက်ခြင်း ၊ မီးရှိူ့ရန် မီးသွေး ၊ ထင်း ၊ ဂတ်(စ်)တို့ကို
အသုံးပြုနိုင်သည်။ မီးလောင်စာကြောင့်ဝါးသည် သိပ်သည်းလာပြီးပိုးမွှားအန္တာရာယ်ကာကွယ်နိုင်သည်။

၄)
#တန်ဆောင်မုန်းလ (သို့) ဒီရေကျချိန်တွင် ၀ါးကို ရွေးချယ်ခုတ်ခြင်း
××××××××××××××××××××××××××××××××

၀ါးသည် သဘာဝ နှင့် ဆက်စပ်မူအလွန်ရှိသည်။ဒီရေ တက်လျှင် ၀ါးပင်တွင် ရေများတက်ပြီးဒီရေ ကျချိန်တွင် ၀ါးပင်အတွင်းတွင် ရေများကျသွားတတ်သည် ။
လ၏ဆွဲငင်အားဖြင့် မြေကြီးအတွင်းမှအစာရည်က ဆွဲစုတ်ယူသည်။
လပြည့်ရက်တွင် ၀ါးအဆစ်အတွင်းသကြားရည် ပြည့်နေတတ်သည်။
ထို့ကြောင့် လကွယ်ရက်(သို့)တန်ဆောင်မုန်းလတွင်ဝါးခုတ်ပါက ပိုးမွှားအန္တာရယ်သက်သာသည်။

၅)
#နေရောင်မရှိချိန်တွင် ၀ါး ကို ရွေးချယ်ခုတ်ခြင်း
×××××××××××××××××××××××××××××××

သစ်ပင်တို့၏ သဘာဝ သည်အစာချက်ရန် နေရောင် လိုအပ်သည်။
၀ါးပင်သည်လည်း အစာမချက်သောနေရောင် မရှိသောအချိန်တွင်
ခုတ်ယူပါက ပိုးစားသက်သာကြောင်းတွေ့ရသည်။

၆)
#အပင်တွင် အပြတ် မခုတ်ပဲ အနည်းငယ်ချန်ကာ အရွက်ကျမှ သိမ်းခြင်း
××××××××××××××××××××××××××××××××

ကိုယ်ပိုင်စိုက်ခင်းဖြစ်ပါကသက်တမ်းမှန်သော ၀ါးကိုရွေးချယ်ပါ။
အောက်ဆုံးအဆစ်မှ တစ်လက်မလောက်ချန်ထား၍ ပြတ်မသွားအောင် ခုတ်ပါ ။
ခုတ်စာထွက်သွေားသောနေရာကို သပ်ခု ထားပြီးတခြားအပင်ကို မှီထားပါ ။
၂ ပတ် ၃ ပတ်ကြာသောအခါသကြားရည်ထွက်သွားမည် ။
ကျန်ရှိသော သကြားဓါတ်ကိုလည်းအရွက်များက အစာချက်၍ သကြားဓါတ်နည်းသွားမည်။
၀ါးအတွင်း ကျန်ရှိသောသကြားရည်သည်လည်း အချဉ်ပေါက်ပြီး
အယ်(လ်)ကိုဟော သို့ပြောင်းကာပိုးမွှားများမကြိုက်တော့ပါ။
ယခုနည်းသည်အကောင်းဆုံး ၀ါးခုတ်နည်း ဖြစ်ပါသည်။

အားလုံးအဆင်ပြေကြပါစေ

Source: ဆရာဝင်းကျော်ဦး

(လေးစားရမည့် ၀ါးပင်တို့၏ သဘာဝ စာအုပ်မှ)

(Zawgyi) 

သဘာဝႏွင့္ လူမွုပတ္ဝန္းက်င္အတြက္ ဝါး


ဝါးသည္ အပင္ေလာကတြင္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ အမ်ားဆုံး စုပ္ယူသည့္ အပင္အမ်ိဳးအစားတြင္ ပါဝင္ျခင္းေၾကာင့္ ဝါးပတ္ဝန္းက်င္တြင္ သန္႔ရွင္းလတ္ဆတ္ေသာ ေလကို ရွူနိုင္ေပသည္။ ေလကာ ေနကာ ေရတိုက္စားျခင္း ေလတိုက္စားျခင္းဒဏ္မွ ကာကြယ္နိုင္သည့္ အပင္အမ်ိဳးအစား ျဖစ္သျဖင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးအတြက္ အထူး အေရးပါသည့္ အပင္ျဖစ္သည့္အျပင္ အပင္တခုလုံးသည္ သက္ရွိေလာကအတြက္ အသုံးဝင္သည့္အပင္ အမ်ိဳးအစားတြင္ ပါဝင္ေပသည္။

ဝါးပင္ကို ေလကာပင္အျဖစ္ ကန္သင္းေဘာင္ေပၚတြင္ လည္းေကာင္း၊ ဆင္ေျခေလၽွာ ေတာင္ေစာင္းမ်ားတြင္ လည္းေကာင္း၊ လြင္တီးေခါင္မ်ားတြင္ လည္းေကာင္း စိုက္ပ်ိဳးသင့္ပါသည္။ အၾကမ္းအားျဖင့္ အပင္ျမင့္၏ ၂ ဆခြဲ က်ယ္ဝန္းသည့္ ေျမဆီလႊာကို ကာကြယ္ေပးနိုင္ေၾကာင္း ေတြ႕ရွိရပါသည္။ ဝါးပင္သည္ အျမစ္ဆုံ ႀကီးမား က်ယ္ျပန္႔မွု မရွိျခင္းေၾကာင့္ ေလဒဏ္ မိုးဒဏ္ ေရဒဏ္အား ႀကံ့ႀကံ့ခံကာဆီးနိုင္ပါသည္။

ဝါးအျမစ္၏ ထူးျခားစြာ ဖြဲ႕စည္း တည္ေဆာက္ထားမွုအရ ေျမဆီလႊာ ဆုံးရွုံးမွုကို ကာကြယ္ေပးသည္။ ပညာရွင္မ်ား၏ ေတြ႕ရွိခ်က္အရ ေျမဆီလႊာအတြင္းရွိ ေရကို ထိန္းသိမ္းသည့္ ဝါးပင္သည္ ၄င္းအေလးခ်ိန္ ၁/၃ ပုံ ရွိေသာ ဇီဝထု (biomass) ကို ႏွစ္စဥ္ ေႁခြခ်ေပးသည္။ ဝါးစိုက္ခင္းတခုသည္ ၄င္းႏွင့္ ဧရိယာတူညီေသာ သစ္ေတာႏွင့္ ႏွိုင္းယွဥ္ပါက ေအာက္စီဂ်င္ ထုတ္လုပ္မွု ၃၅% အထိ ပိုေၾကာင္း သိရပါသည္။ ဝါးအမ်ိဳးအစား လိုက္၍ စိုက္ခင္း စိုက္ခင္း ၁ ဟက္တာ (၂ ဧကခြဲ) က ကာဗြန္ဒိုင္ေအာက္ဆိုဒ္ တန္ (၂၀၀)၊ ဆာလဖာဒိုင္ေအာက္ဆိုဒ္ တန္ (၆၀) မွ (၉၀) ႏွင့္ ဖုန္မွုန္႔တန္ (၆၀) မွ (၉၀) စုပ္ယူနိုင္သျဖင့္ သန္႔ရွင္းရန္ ေလစစ္အျဖစ္ အသုံးျပဳ စိုက္ပ်ိဳးနိုင္သည္။

နိုင္ငံမ်ားစြာတြင္ ဆင္ေျခေလၽွာ ေတာင္ကုန္းမ်ားအား ေရတိုက္စားျခင္းမွ ကာကြယ္ရန္ႏွင့္ ေျမသားႀကံ့ခိုင္ေစရန္ စိုက္ပ်ိဳးၾကသည္။ ကမၻာ့ကုလသမဂၢ လက္ေအာက္ရွိ UNDP က ႀကီးၾကပ္၍ အာဖရိကတိုက္ရွိ အီသီယိုပီးယား၊ ကင္ညာႏွင့္ ယူဂန္ဒါနိုင္ငံတို့တြင္ လည္းေကာင္း၊ အာရွိတိုက္ရွိ အိႏၵိယ၊ သီရိလကၤာနိုင္ငံတို့တြင္ လည္းေကာင္း ဝါးစိုက္ပ်ိဳးျခင္း၊ ထုတ္လုပ္ အသုံးျပဳျခင္း နည္းစနစ္မ်ားကို သင္တန္းေပးျခင္းႏွင့္ အလုပ္႐ုံေဆြးေႏြးပြဲမ်ား က်င္းပေပးခဲ့သည္။

ဝါးပင္ေပါက္မၽွစ္သည္ အာဟာရဓာတ္ ၉၀% ပါဝင္ၿပီး ဗီတာမင္ဓာတ္၊ အမၽွင္ဓာတ္ႏွင့္ အမိုင္နိုင္အ္စစ္တို့ ႂကြယ္ဝစြာ ပါဝင္သည္။ မၽွစ္အျဖစ္ စားသုံးရန္ ဝါးမ်ိဳးမ်ားမွာ ဝါးဘိုး၊ ၾကေသာင္း၊ ဝါးဘိုးမ်က္ဆံက်ဲ၊ ဂုံဝါး၊ ခရင္ဝါး၊ မၽွင္ဝါး၊ အေလာင္းစည္သူဝါး၊ စသည္ျဖင့္ မ်ိဳးစိတ္ေပါင္း (၄၀) ေက်ာ္ ရွိပါသည္။

ေတာတြင္း ေနထိုင္ က်က္စားၾကသည့္ ဆင္၊ ဆတ္၊ ေခ်၊ ေတာဝက္ အစရွိသည့္ တိရစၧာန္မ်ားသည္လည္း ဝါးရြက္ႏုမ်ားႏွင့္ မၽွစ္ႏုမ်ားအား စားသုံးေလ့ရွိၾကပါသည္။ ေတာတြင္း ေရျပတ္လပ္သြားသည့္အခါ လၽွိုေျမာင္အတြင္းရွိ ဝါးမ်ား ခုတ္ယူၿပီး ေသာက္သုံးေရ ရရွိနိုင္သည္။ ေတာေတာင္အတြင္း ဆားျပတ္သြားပါက ဝါးရြက္အား ျပာခ်၍ ဆားအျဖစ္ အသုံးျပဳနိုင္သည္။

ဝါးကို အမ်ိဳးမ်ိဳး အသုံးျပဳၾကပါသည္။ ေဆာက္လုပ္ေရးပစၥည္း၊ ပရိေဘာဂ၊ ၿခံစည္းရိုး၊ ေပ်ာ့ဖတ္ႏွင့္ စကၠဴ၊ ပန္းပုမွ စ၍ လူတို့ အစားအစာ၊ အဝတ္အထည္၊ ေခါင္းအုံး၊ ေမြ႕ယာ၊ အခင္းႏွင့္ တိရစၧာန္အစားအစာအျဖစ္ အသုံးျပဳၾကပါသည္။ ကမၻာေပၚတြင္ လူသန္းေပါင္း (၆၀) ေက်ာ္သည္ ဝါးမွ ရရွိေသာ ဝင္ေငြကို အမွီျပဳေနၾကရသည္။

ဝါးထရံယက္လုပ္ရာတြင္ တင္းဝါးမ်ိဳးအစားကို အမ်ားဆုံး အသုံးျပဳၾကပါသည္။ ဘုရားအေဆာက္အအုံမ်ားတြင္ ျငမ္းအျဖစ္ ဝါးယားကို အမ်ားဆုံး အသုံးျပဳၾကပါသည္။ ကြန္ကရစ္တိုင္မ်ားတြင္ သံေခ်ာင္းအစား ဝါးကို အစားထိုး သုံးစြဲၾကသည္။ ယခုအခါတြင္ အေဆာက္အဦမ်ားသာမက ဝါးအမၽွင္ျဖင့္ ရက္လုပ္ထားေသာ အဝတ္အထည္ အမ်ိဳးမ်ိဳးကိုလည္း ထုတ္လုပ္ၾကသည္။ စကၠဴေပ်ာ့ဖတ္ ျပဳလုပ္ရာတြင္လည္း သစ္ကုန္ၾကမ္းျဖင့္ ျပဳလုပ္ေသာ စကၠဴထက္ ဝါးကုန္ၾကမ္းျဖင့္ ျပဳလုပ္ေသာ စကၠဴသည္ ပိုမို ေကာင္းမြန္ေၾကာင္း သိရပါသည္။

ဝါးျဖင့္ ျပဳလုပ္ေသာ တန္ဖိုးျမင့္ ပစၥည္းမ်ားအျဖစ္ ဝါးဆက္တီကုလားထိုင္မ်ား၊ ဝါးလိုက္ကာမ်ား၊ ဝါးစားပြဲမ်ား၊ အမ်ိဳးသမီးလက္ကိုင္အိတ္မ်ား၊ အလွျခင္းမ်ား၊ ဝါးျဖင့္ အလွဆင္ပစၥည္းမ်ားသာမက ဝါးပင္မ်ားျဖင့္ အလွဆင္လုပ္ငန္းမ်ား ယခုအခါ မ်ားစြာ ထြန္းကားလာေပသည္။ ေနအိမ္တိုက္တာ အေဆာက္အအုံႀကီးမ်ားအား အပူဒဏ္သက္သာေစရန္ အိမ္ေခါင္မိုး၌ အပင္မ်ား (roof garden) စိုက္ရာတြင္ ဝါးကိုလည္း သုံးၾကသည္။

တခ်ိန္က ျမန္မာ့ဝါးႏွင့္ ျပဳလုပ္ေသာ ငါးမၽွားတံမွာ ကမၻာ့ေစ်းကြက္တြင္ အထူးေရပန္းစား လူႀကိဳက္မ်ားခဲ့သျဖင့္ ႏွစ္တိုင္း ျပည္ပသို့ တင္ပို့ေရာင္းခ်ခဲ့ေၾကာင္း သိရပါသည္။ ငါးမၽွားတံအျဖစ္ အသုံးျပဳေသာ ဝါးမွာ ျမန္မာနိုင္ငံအႏွံ့တြင္ ေပါက္ေရာက္ေသာ ထီးရိုးဝါးပင္ ျဖစ္ပါသည္။ ပုသိမ္ထီး၊ ဘုန္းႀကီးေဆာင္းထီး၊ ပအို့ဝ္ထီးမ်ားသည္လည္း ဝါးျဖင့္ ျပဳလုပ္ျခင္း ျဖစ္သည္။

ဝါးေပါက္ေရာက္ပုံ
ဝါးသည္ ႏွစ္ရွည္ခံျမက္ႀကီးမ်ိဳးရင္း (perennial) ျဖစ္ပါသည္။ သာမန္အားျဖင့္ မ်ိဳးပြားျခင္း (reproduction) ျဖစ္သည့္အခါ ရိုင္ဇုမ္းတို့မွ အတက္ေပါက္၍ လိင္မဲ့နည္း မ်ိဳးပြားသည္။ ဝါးပင္အသစ္မွ အကိုင္းအခက္အရြက္တို့ ထြက္ေပၚလာၿပီး အသက္ႀကီးလာသည္ႏွင့္အမၽွ ဝါးပင္သည္ ပို၍ မာေၾကာသန္စြမ္းလာပါသည္။ သို့ရာတြင္ ဝါးပင္၏ ရွိသင့္ေသာ အျမင့္ထိ ႀကီးထြားလာၿပီးေနာက္ ပင္စည္လုံးပတ္မွာ ႀကီးထြားလာျခင္း မရွိေခ်။ ဝါးပင္သည္ ၃ - ၄ ႏွစ္အတြင္း ရင့္လာၿပီး ရင့္လာေသာ ဝါးပင္သည္ အသက္ရလာသည္ႏွင့္ အမၽွ ပ်က္စီးယိုယြင္းလာၿပီး ေနာက္ဆုံးတြင္ အပင္ေသ၍ ေျခာက္သြားပါသည္။ ရင့္မွည့္ေနေသာ ဝါးပင္မ်ားကို စနစ္တက် ခုတ္သိမ္းျခင္းျဖင့္ က်န္ရွိေသာ ဝါးပင္ငယ္မ်ား၏ ႀကီးထြားမွုကို ထိန္းသိမ္းထားနိုင္ၿပီး အပင္သစ္မ်ား ျဖစ္ေပၚ ႀကီးထြားလာမွုကို အားေပးသည္။

ဝါးပင္၏ ပြင့္ျခင္း သီးျခင္း ျဖစ္စဥ္ကို ဝါးသုဥ္းျခင္းဟု ေခၚသည္။ ဝါးသုဥ္းျခင္းအား အမ်ိဳးအစား လိုက္၍ ဝါးသုဥ္းျဖစ္စဥ္မ်ား ျဖစ္နိုင္ေၾကာင္း ပညာရွင္အခ်ိဳ့က ေလ့လာသုံးသပ္ၾကပါသည္။ ဝါးသုဥ္းျခင္းသည္ အခ်ိန္မွန္ ထပ္တလဲလဲ ျဖစ္ျခင္း (periodicity) ေၾကာင့္ဟုလည္း ယူဆပါသည္။ မည္သည့္ဝါးမ်ိဳးမဆို တႀကိမ္ႏွင့္ ေနာက္တႀကိမ္ သုဥ္းျခင္း၏ ၾကားကာလသည္ ထိုဝါးမ်ိဳး၏ ဇီဝကမၼေဗဒ (physiology) အရ ျဖစ္ေပၚသည့္ ဘဝစက္ဝန္းဟု မွတ္ယူသင့္ေၾကာင္းႏွင့္ ရာသီဥတုႏွင့္ အျခား အေၾကာင္းမ်ားေၾကာင့္ ဘဝစက္ဝန္းကို အနည္းငယ္ ေျပာင္းလြဲနိုင္လိမ့္မည္ဟု သုံးသပ္ထားၾကပါသည္။ ထူးကဲစြာ မိုးေခါင္ျခင္းေၾကာင့္ ဝါးသုဥ္းျခင္းကို လွုံ႔ေဆာ္ေပးနိုင္သည္ဟုလည္း သုံးသပ္ၾကပါသည္။

 ရတနာစိုး၊ ဝါး (ဝါးစတင္ေပါက္ေရာက္ပုံ၊ ဝါးမ်ိဳးပြားပုံႏွင့္ ဝါးအသုံးျပဳပုံ)၊ ၂၀၁၄ စာအုပ္မွ
ေကာက္ႏုတ္ကူးယူသည္။

ဝါး၏ ေဂဟေဗဒႏွင့္ အက်ိဳးေက်းဇူး

ဝါးပင္မွာ ဆင္းရဲသားမ်ားအတြက္ သစ္ (poor man’s timber)၊ ေရႊစိမ္း (green gold) ဟု တင္စားေခၚေဝၚေသာ အပင္၊ သစ္မဟုတ္ေသာ သစ္ေတာထြက္ပစၥည္း (non-timber forest product/NTFP) ဟုလည္း ေခၚၾကပါသည္။

ဝါးသည္ လတၱီတြဒ္အားျဖင့္ ၄၆ ဒီဂရီ (ေျမာက္) ႏွင့္ ၄၇ ဒီဂရီ (ေတာင္) အတြင္း ေပါက္ေရာက္ၿပီး အျမင့္အားျဖင့္ ပင္လယ္ေရမ်က္ႏွာျပင္မွ အျမင့္ေပ ၁၂၀၀၀ အထိ ေပါက္ေရာက္နိုင္ပါသည္။ သို့ရာတြင္ မ်ားေသာအားျဖင့္ ပင္လယ္ ေရမ်က္ႏွာျပင္မွ ေပ ၃၀၀ ႏွင့္ ေပ ၂၆၀၀ အတြင္း ေပါက္ေရာက္ေနသည္ကို ေတြ႕ရွိရပါသည္။ ျမန္မာနိုင္တြင္ တျပည္လုံး ဝါးေပါက္ေရာက္လ်က္ ရွိၿပီး ဝါးမ်ိဳးစု (၂၂) မ်ိဳးစုႏွင့္ မ်ိဳးစိတ္ (၁၀၂) ဝန္းက်င္ သဘာဝအေလ်ာက္ ပ်ံ႕ႏွံ့ေပါက္ေရာက္လ်က္ ရွိပါသည္။

ဝါး၏ ေပါက္ေရာက္မွုသည္ မိုးရြာသြန္းမွု၊ အပူခ်ိန္၊ ပင္လယ္ေရမ်က္ႏွာျပင္မွ အျမင့္ေပႏွင့္ ေျမဆီလႊာတို့ အေပၚတြင္ မူတည္ပါသည္။ ဝါး ေကာင္းမြန္စြာ ေပါက္ေရာက္နိုင္ရန္ အပူခ်ိန္ ၈ ဒီဂရီစင္တီဂရိတ္မွ ၃၆ ဒီဂရီစင္တီဂရိတ္အထိ လိုအပ္ၿပီး မိုးေရခ်ိန္ အနည္းဆုံး ၃၉ လက္မ ရရွိရန္ လိုအပ္ပါသည္။ စိုထိုင္းဆ မ်ားရန္လည္း လိုအပ္ပါသည္။ မ်ားေသာအားျဖင့္ မိုးေရခ်ိန္ ၄၇ လက္မမွ ၁၅၇ လက္မအတြင္းရွိ ေဒသမ်ားတြင္ သဘာဝအေလ်ာက္ ဝါး ေပါက္ေရာက္ေလ့ရွိပါသည္။ ထုံးဓာတ္မ်ားေသာ ေျမသည္ ဝါးအတြက္ မသင့္ေလ်ာ္ပါ။ အက္ဆစ္ဓာတ္ေခၚ ေျမအခ်ဥ္ဓာတ္ PH ၅.၀ မွ ၆.၅ အထိမွာ ဝါးအတြက္ အသင့္ေတာ္ဆုံး ျဖစ္ပါသည္။

ဝါးပင္မွာ စိုက္ၿပီး ၂ - ၃ ႏွစ္ဆို သုံး၍ ရၿပီ။ ထို့ေၾကာင့္ ဝါးပင္မ်ားကို ကမၻာေပၚတြင္ သစ္သားေပးေသာ အႀကီး အျမန္ဆုံးအပင္မ်ား (fastest growing woody plants in the world) ဟု ေခၚပါသည္။

ဝါးစိုက္ျခင္းေၾကာင့္ အိမ္သုံး၊ လယ္ယာသုံး၊ ဝါးရြက္မွ သဘာဝေျမၾသဇာ ရရွိျခင္း၊ အစားအေသာက္ (မၽွစ္) ရရွိျခင္း၊ သန္႔ရွင္းလတ္ဆတ္ေသာ ေလကို ရွုရွိုက္ရျခင္း၊ စိမ္းစိုေသာ အရိပ္ႏွင့္ ေအးခ်မ္းေသာ ပတ္ဝန္းက်င္မွာ ေနထိုင္ရျခင္း စသည့္ အက်ိဳးေက်းဇူးမ်ား ရပါလိမ့္မည္။ အိမ္ေဆာက္ရန္၊ လၽွာထိုးၾကမ္းခင္း၊ အမိုးအကာအခင္း၊ ကြန္ကရစ္ ေထာက္တိုင္အတြက္ အသုံးျပဳလို့ ရသလို ဝါးရြက္ႏွင့္ ဝါးမၽွင္မွ ဘီယာ၊ အကၤ်ီ၊ ေဆးဝါး၊ လူ႔အသုံးအေဆာင္ အမ်ိဳးမ်ိဳး၊ ဝါးမီးေသြး၊ ဝါးရွာလကာရည္၊ စကၠဴေပ်ာ့ဖတ္၊ စကၠဴအိတ္ ထုတ္လုပ္နိုင္ပါသည္။ မၽွစ္ကို အစိမ္း၊ အေျခာက္၊ အခ်ဥ္ စသည္ျဖင့္ စားသုံးနိုင္ပါသည္။

ေဒါက္တာစန္းဝင္း (သစ္ေတာတကၠသိုလ္)။ လုပ္နိုင္သည္ကစ၍ အပါအဝင္ သစ္ေတာႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာ ေဆာင္းပါးေပါင္းခ်ဳပ္မွ ေကာက္ႏုတ္ကူးယူပါသည္။

မၽွင္ဝါးစိုက္ပ်ိဳးနည္း

မၽွင္ဝါး (႐ုကၡေဗဒအမည္ - dendrocalamus strictus) သည္ အေရွ႕ေတာင္အာရွ အပူပိုင္းႏွင့္ သမပိုင္းမ်ိဳးစိတ္ ျဖစ္သည္။ အိႏၵိယ၊ နီေပါ၊ ဘဂၤလားေဒ့ရွ္၊ ျမန္မာ၊ ထိုင္း ဇာတိျဖစ္သည္။

မၽွင္ဝါးသည္ အျမင့္ေပ ၃၀၀၀ အထိ ေပါက္ေရာက္နိုင္သည္။ သစ္ေတာႏွင့္ ေရာေႏွာေပါက္ေရာက္တတ္သည္။ အခ်ိဳ့ေနရာတြင္ သစ္ပင္ မရွိေသာ္လည္း မၽွင္ဝါး ေပါက္ေရာက္ေနသည္ကို ေတြ႕ရသည္။ မၽွင္ဝါးသည္ အရြယ္လတ္ဝါးမ်ိဳး ျဖစ္ၿပီး ေတာေျခာက္လၽွင္ အေခါင္းပိတ္တတ္ၿပီး ေတာစိုလၽွင္ အေခါင္းပြတတ္သည္။ ေရခဲသည္အထိ ေအးေသာဒဏ္ကို ခံနိုင္ၿပီး မိုးမၾကာခဏ ေခါင္၍ အလြန္ပူေသာဒဏ္ကိုလည္း ခံနိုင္သည္။

မၽွင္ဝါးသည္ ေတာင္သူလုပ္ငန္းအတြက္ တိုင္ဝါး၊ ကြမ္းၿခံတိုင္ဝါး၊ သခြားတိုင္ေထာင္ဝါး၊ ထြန္သံ၊ ထြန္ကိုင္း၊ ႏွီးထရံယက္ျခင္း၊ အခ်င္ဝါး၊ ဆင့္ဝါး၊ ၾကမ္းခင္း၊ ၿခံစည္းရိုး စသျဖင့္ အမ်ိဳးမ်ိဳး အသုံးမ်ားသည္။ အလွူ၊ မဂၤလာေဆင္တို့တြင္ ကမ္းေသာ ယပ္ေတာင္လုပ္ငန္းတြင္လည္း သုံးသည္။ ေပါက္တူးရိုး၊ ေပါက္ျပားရိုး၊ တူရိုး၊ ေဆာက္ရိုးမ်ား ျပဳလုပ္ရာတြင္လည္း သုံးသည္။

ဘက္စုံအသုံးျပဳနိုင္ေသာ မၽွင္ဝါးသည္ အပူႀကိဳက္ဝါး ျဖစ္သည္။ ေရေလာင္းၿပီး တယုတယ မျပဳစုရေသာေၾကာင့္ အပူပိုင္းေဒသ အျမန္ျပန္လည္ စိမ္းစိုရန္ စိုက္ပ်ိဳးသင့္လွသည္။ သီးႏွံစိုက္ပ်ိဳးရန္ ခက္ေသာေျမမ်ားတြင္လည္း စိုက္နိုင္သည္။

မၽွင္ဝါးကို မိုးဦးတစ္မိုး ေကာင္းစြာ ရြာၿပီးသည့္အခ်ိန္တြင္ စိုက္ပ်ိဳးထားပါ။ ေႏြရာသီတြင္ အရြက္မ်ား ေႂကြကာ ရြက္ႏုမ်ား ျပန္ထလာတတ္သည္။ စနစ္တက်ႏွင့္ အပင္ အနည္းငယ္သာ စိုက္ပ်ိဳးမည္ ဆိုလၽွင္ ေႏြရာသီတြင္ ေရသြင္း၊ ေျမၾသဇာ ေကၽြးေပးပါက အပင္ျဖစ္ထြန္းမွု အားေကာင္းသည္။ အပင္ ငယ္စဥ္မွစ၍ ေဘးကိုင္းတက္မ်ားကို ရွင္းလင္းထားပါက အပင္မရွုပ္ေတာ့ပါ။ အပင္စိုက္ၿပီး ႏွစ္ႏွစ္ခန္႔ ၾကာေသာအခါ အပင္ေဟာင္းမ်ားကို ရွင္းလင္းျခင္း၊ ဝါးရြက္ေျခာက္မ်ား ပုံေပးျခင္း၊ ေျမႀကီးအနည္းငယ္ ပုံေပးျခင္းမ်ားျဖင့္ ျပဳစုေပးပါက ငါးႏွစ္တြင္ စတင္ခုတ္သိမ္းနိုင္သည္။

မၽွင္ဝါးသည္ လက္သန္းလုံးအရြယ္မွ စ၍ ေစ်းကြက္ရွိေသာ ဝါး ျဖစ္သည္။ မၽွင္ဝါးကို စိုက္ပ်ိဳးမည္ ဆိုပါက တစ္ပင္ႏွင့္ တစ္ပင္ ၁၂ ေပ အကြာအေဝးမၽွ စိုက္သင့္ပါသည္။ အပင္ စိပ္စိပ္ စိုက္ပါက ပန္းဝါးမ်ားမ်ား ထားစရာ မလိုပါ။ အပင္စိပ္ေသာေၾကာင့္ မၽွစ္မ်ားသည္ ေနေရာင္ လုတက္ရေသာေၾကာင့္ ေျဖာင့္ေျဖာင့္တန္းတန္း ေပါက္သည္။ ကိုင္းတက္ မရွုပ္ေတာ့ပါ။ တစ္ဧကတြင္ အပင္ေရ ၃၃၀ မွ ၄၄၀ အထိ စိုက္နိုင္သည္။ သုံးႏွစ္မွ စ၍ အပင္ေသးမ်ားကို ပင္က်ပ္ခုတ္ကာ သခြားတိုင္အျဖစ္ စတင္ေရာင္းခ်နိုင္သည္။ တစ္ႏွစ္လၽွင္ တစ္႐ုံမွ ဝါးလုံး ၁၀ လုံးခန္႔ ရရွိနိုင္သည္။ မၽွင္ တစ္ပိႆာမွ သုံးပိႆာအထိ ရရွိနိုင္သည္။ ႏွီးဝါးအျဖစ္ တစ္ႏွစ္လၽွင္ သုံးလုံးခန္႔ ရရွိနိုင္သည္။

မၽွင္ဝါးသည္ ႏွီးဖ်ာ၍ ေကာင္းေသာေၾကာင့္ ႏွီးလက္မွုပညာ တတ္ထားပါက ဝါးစိုက္ေတာင္သူတို့ ေန႔စဥ္ အလုပ္ႏွင့္ ဝင္ေငြ ရနိုင္မည္။ ပရိေဘာဂ ျပဳလုပ္၍ ေကာင္းေသာေၾကာင့္ ဝါးလုံးေရာင္းခ်သည္ထက္ ကုန္ေခ်ာ ေရာင္းပါက ဝင္ေငြ ပိုနိုင္သည္။ မၽွင္မၽွစ္ကို မၽွစ္ခ်ိဳဘူးမ်ား ျပဳလုပ္ေရာင္းခ်ပါက ေစ်းေကာင္းရနိုင္သည္။

ဝင္းေက်ာ္ဦး။ “မၽွင္ဝါးစိုက္ပ်ိဳးနည္း”၊ ေလးစားရမည့္ ဝါးပင္တို့၏သဘာဝႏွင့္ စီးပြားျဖစ္ ဝါးစိုက္ပ်ိဳးေရး။ ၂၀၁၇ စာအုပ္မွ ေကာက္ႏုတ္ကူးယူသည္။

သာလာယံေပ့မွ ကူးယူေဖာ္ျပပါသည္။

သဘာဝႏွင့္ လူမွုပတ္ဝန္းက်င္အတြက္ ဝါး

ဝါးသည္ အပင္ေလာကတြင္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ အမ်ားဆုံး စုပ္ယူသည့္ အပင္အမ်ိဳးအစားတြင္ ပါဝင္ျခင္းေၾကာင့္ ဝါးပတ္ဝန္းက်င္တြင္ သန႔္ရွင္းလတ္ဆတ္ေသာ ေလကို ရွူနိုင္ေပသည္။ ေလကာ ေနကာ ေရတိုက္စားျခင္း ေလတိုက္စားျခင္းဒဏ္မွ ကာကြယ္နိုင္သည့္ အပင္အမ်ိဳးအစား ျဖစ္သျဖင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးအတြက္ အထူး အေရးပါသည့္ အပင္ျဖစ္သည့္အျပင္ အပင္တခုလုံးသည္ သက္ရွိေလာကအတြက္ အသုံးဝင္သည့္အပင္ အမ်ိဳးအစားတြင္ ပါဝင္ေပသည္။

ဝါးပင္ကို ေလကာပင္အျဖစ္ ကန္သင္းေဘာင္ေပၚတြင္ လည္းေကာင္း၊ ဆင္ေျခေလၽွာ ေတာင္ေစာင္းမ်ားတြင္ လည္းေကာင္း၊ လြင္တီးေခါင္မ်ားတြင္ လည္းေကာင္း စိုက္ပ်ိဳးသင့္ပါသည္။ အၾကမ္းအားျဖင့္ အပင္ျမင့္၏ ၂ ဆခြဲ က်ယ္ဝန္းသည့္ ေျမဆီလႊာကို ကာကြယ္ေပးနိုင္ေၾကာင္း ေတြ႕ရွိရပါသည္။ ဝါးပင္သည္ အျမစ္ဆုံ ႀကီးမား က်ယ္ျပန႔္မွု မရွိျခင္းေၾကာင့္ ေလဒဏ္ မိုးဒဏ္ ေရဒဏ္အား ႀကံ့ႀကံ့ခံကာဆီးနိုင္ပါသည္။

ဝါးအျမစ္၏ ထူးျခားစြာ ဖြဲ႕စည္း တည္ေဆာက္ထားမွုအရ ေျမဆီလႊာ ဆုံးရွုံးမွုကို ကာကြယ္ေပးသည္။ ပညာရွင္မ်ား၏ ေတြ႕ရွိခ်က္အရ ေျမဆီလႊာအတြင္းရွိ ေရကို ထိန္းသိမ္းသည့္ ဝါးပင္သည္ ၎အေလးခ်ိန္ ၁/၃ ပုံ ရွိေသာ ဇီဝထု (biomass) ကို ႏွစ္စဥ္ ေႁခြခ်ေပးသည္။ ဝါးစိုက္ခင္းတခုသည္ ၎ႏွင့္ ဧရိယာတူညီေသာ သစ္ေတာႏွင့္ ႏွိုင္းယွဥ္ပါက ေအာက္စီဂ်င္ ထုတ္လုပ္မွု ၃၅% အထိ ပိုေၾကာင္း သိရပါသည္။ ဝါးအမ်ိဳးအစား လိုက္၍ စိုက္ခင္း စိုက္ခင္း ၁ ဟက္တာ (၂ ဧကခြဲ) က ကာဗြန္ဒိုင္ေအာက္ဆိုဒ္ တန္ (၂၀၀)၊ ဆာလဖာဒိုင္ေအာက္ဆိုဒ္ တန္ (၆၀) မွ (၉၀) ႏွင့္ ဖုန္မွုန႔္တန္ (၆၀) မွ (၉၀) စုပ္ယူနိုင္သျဖင့္ သန႔္ရွင္းရန္ ေလစစ္အျဖစ္ အသုံးျပဳ စိုက္ပ်ိဳးနိုင္သည္။

နိုင္ငံမ်ားစြာတြင္ ဆင္ေျခေလၽွာ ေတာင္ကုန္းမ်ားအား ေရတိုက္စားျခင္းမွ ကာကြယ္ရန္ႏွင့္ ေျမသားႀကံ့ခိုင္ေစရန္ စိုက္ပ်ိဳးၾကသည္။ ကမၻာ့ကုလသမဂၢ လက္ေအာက္ရွိ UNDP က ႀကီးၾကပ္၍ အာဖရိကတိုက္ရွိ အီသီယိုပီးယား၊ ကင္ညာႏွင့္ ယူဂန္ဒါနိုင္ငံတို့တြင္ လည္းေကာင္း၊ အာရွိတိုက္ရွိ အိႏၵိယ၊ သီရိလကၤာနိုင္ငံတို့တြင္ လည္းေကာင္း ဝါးစိုက္ပ်ိဳးျခင္း၊ ထုတ္လုပ္ အသုံးျပဳျခင္း နည္းစနစ္မ်ားကို သင္တန္းေပးျခင္းႏွင့္ အလုပ္႐ုံေဆြးေႏြးပြဲမ်ား က်င္းပေပးခဲ့သည္။

ဝါးပင္ေပါက္မၽွစ္သည္ အာဟာရဓာတ္ ၉၀% ပါဝင္ၿပီး ဗီတာမင္ဓာတ္၊ အမၽွင္ဓာတ္ႏွင့္ အမိုင္နိုင္အ္စစ္တို့ ႂကြယ္ဝစြာ ပါဝင္သည္။ မၽွစ္အျဖစ္ စားသုံးရန္ ဝါးမ်ိဳးမ်ားမွာ ဝါးဘိုး၊ ၾကေသာင္း၊ ဝါးဘိုးမ်က္ဆံက်ဲ၊ ဂုံဝါး၊ ခရင္ဝါး၊ မၽွင္ဝါး၊ အေလာင္းစည္သူဝါး၊ စသည္ျဖင့္ မ်ိဳးစိတ္ေပါင္း (၄၀) ေက်ာ္ ရွိပါသည္။

ေတာတြင္း ေနထိုင္ က်က္စားၾကသည့္ ဆင္၊ ဆတ္၊ ေခ်၊ ေတာဝက္ အစရွိသည့္ တိရစၧာန္မ်ားသည္လည္း ဝါးရြက္ႏုမ်ားႏွင့္ မၽွစ္ႏုမ်ားအား စားသုံးေလ့ရွိၾကပါသည္။ ေတာတြင္း ေရျပတ္လပ္သြားသည့္အခါ လၽွိုေျမာင္အတြင္းရွိ ဝါးမ်ား ခုတ္ယူၿပီး ေသာက္သုံးေရ ရရွိနိုင္သည္။ ေတာေတာင္အတြင္း ဆားျပတ္သြားပါက ဝါးရြက္အား ျပာခ်၍ ဆားအျဖစ္ အသုံးျပဳနိုင္သည္။

ဝါးကို အမ်ိဳးမ်ိဳး အသုံးျပဳၾကပါသည္။ ေဆာက္လုပ္ေရးပစၥည္း၊ ပရိေဘာဂ၊ ၿခံစည္းရိုး၊ ေပ်ာ့ဖတ္ႏွင့္ စကၠဴ၊ ပန္းပုမွ စ၍ လူတို့ အစားအစာ၊ အဝတ္အထည္၊ ေခါင္းအုံး၊ ေမြ႕ယာ၊ အခင္းႏွင့္ တိရစၧာန္အစားအစာအျဖစ္ အသုံးျပဳၾကပါသည္။ ကမၻာေပၚတြင္ လူသန္းေပါင္း (၆၀) ေက်ာ္သည္ ဝါးမွ ရရွိေသာ ဝင္ေငြကို အမွီျပဳေနၾကရသည္။

ဝါးထရံယက္လုပ္ရာတြင္ တင္းဝါးမ်ိဳးအစားကို အမ်ားဆုံး အသုံးျပဳၾကပါသည္။ ဘုရားအေဆာက္အအုံမ်ားတြင္ ျငမ္းအျဖစ္ ဝါးယားကို အမ်ားဆုံး အသုံးျပဳၾကပါသည္။ ကြန္ကရစ္တိုင္မ်ားတြင္ သံေခ်ာင္းအစား ဝါးကို အစားထိုး သုံးစြဲၾကသည္။ ယခုအခါတြင္ အေဆာက္အဦမ်ားသာမက ဝါးအမၽွင္ျဖင့္ ရက္လုပ္ထားေသာ အဝတ္အထည္ အမ်ိဳးမ်ိဳးကိုလည္း ထုတ္လုပ္ၾကသည္။ စကၠဴေပ်ာ့ဖတ္ ျပဳလုပ္ရာတြင္လည္း သစ္ကုန္ၾကမ္းျဖင့္ ျပဳလုပ္ေသာ စကၠဴထက္ ဝါးကုန္ၾကမ္းျဖင့္ ျပဳလုပ္ေသာ စကၠဴသည္ ပိုမို ေကာင္းမြန္ေၾကာင္း သိရပါသည္။
ဝါးျဖင့္ ျပဳလုပ္ေသာ တန္ဖိုးျမင့္ ပစၥည္းမ်ားအျဖစ္ ဝါးဆက္တီကုလားထိုင္မ်ား၊ ဝါးလိုက္ကာမ်ား၊ ဝါးစားပြဲမ်ား၊ အမ်ိဳးသမီးလက္ကိုင္အိတ္မ်ား၊ အလွျခင္းမ်ား၊ ဝါးျဖင့္ အလွဆင္ပစၥည္းမ်ားသာမက ဝါးပင္မ်ားျဖင့္ အလွဆင္လုပ္ငန္းမ်ား ယခုအခါ မ်ားစြာ ထြန္းကားလာေပသည္။ ေနအိမ္တိုက္တာ အေဆာက္အအုံႀကီးမ်ားအား အပူဒဏ္သက္သာေစရန္ အိမ္ေခါင္မိုး၌ အပင္မ်ား (roof garden) စိုက္ရာတြင္ ဝါးကိုလည္း သုံးၾကသည္။

တခ်ိန္က ျမန္မာ့ဝါးႏွင့္ ျပဳလုပ္ေသာ ငါးမၽွားတံမွာ ကမၻာ့ေဈးကြက္တြင္ အထူးေရပန္းစား လူႀကိဳက္မ်ားခဲ့သျဖင့္ ႏွစ္တိုင္း ျပည္ပသို့ တင္ပို့ေရာင္းခ်ခဲ့ေၾကာင္း သိရပါသည္။ ငါးမၽွားတံအျဖစ္ အသုံးျပဳေသာ ဝါးမွာ ျမန္မာနိုင္ငံအႏွံ့တြင္ ေပါက္ေရာက္ေသာ ထီးရိုးဝါးပင္ ျဖစ္ပါသည္။ ပုသိမ္ထီး၊ ဘုန္းႀကီးေဆာင္းထီး၊ ပအို့ဝ္ထီးမ်ားသည္လည္း ဝါးျဖင့္ ျပဳလုပ္ျခင္း ျဖစ္သည္။

ဝါးေပါက္ေရာက္ပုံ
ဝါးသည္ ႏွစ္ရွည္ခံျမက္ႀကီးမ်ိဳးရင္း (perennial) ျဖစ္ပါသည္။ သာမန္အားျဖင့္ မ်ိဳးပြားျခင္း (reproduction) ျဖစ္သည့္အခါ ရိုင္ဇုမ္းတို့မွ အတက္ေပါက္၍ လိင္မဲ့နည္း မ်ိဳးပြားသည္။ ဝါးပင္အသစ္မွ အကိုင္းအခက္အရြက္တို့ ထြက္ေပၚလာၿပီး အသက္ႀကီးလာသည္ႏွင့္အမၽွ ဝါးပင္သည္ ပို၍ မာေၾကာသန္စြမ္းလာပါသည္။ သို့ရာတြင္ ဝါးပင္၏ ရွိသင့္ေသာ အျမင့္ထိ ႀကီးထြားလာၿပီးေနာက္ ပင္စည္လုံးပတ္မွာ ႀကီးထြားလာျခင္း မရွိေခ်။ ဝါးပင္သည္ ၃ - ၄ ႏွစ္အတြင္း ရင့္လာၿပီး ရင့္လာေသာ ဝါးပင္သည္ အသက္ရလာသည္ႏွင့္ အမၽွ ပ်က္စီးယိုယြင္းလာၿပီး ေနာက္ဆုံးတြင္ အပင္ေသ၍ ေျခာက္သြားပါသည္။ ရင့္မွည့္ေနေသာ ဝါးပင္မ်ားကို စနစ္တက် ခုတ္သိမ္းျခင္းျဖင့္ က်န္ရွိေသာ ဝါးပင္ငယ္မ်ား၏ ႀကီးထြားမွုကို ထိန္းသိမ္းထားနိုင္ၿပီး အပင္သစ္မ်ား ျဖစ္ေပၚ ႀကီးထြားလာမွုကို အားေပးသည္။

ဝါးပင္၏ ပြင့္ျခင္း သီးျခင္း ျဖစ္စဥ္ကို ဝါးသုဥ္းျခင္းဟု ေခၚသည္။ ဝါးသုဥ္းျခင္းအား အမ်ိဳးအစား လိုက္၍ ဝါးသုဥ္းျဖစ္စဥ္မ်ား ျဖစ္နိုင္ေၾကာင္း ပညာရွင္အခ်ိဳ့က ေလ့လာသုံးသပ္ၾကပါသည္။ ဝါးသုဥ္းျခင္းသည္ အခ်ိန္မွန္ ထပ္တလဲလဲ ျဖစ္ျခင္း (periodicity) ေၾကာင့္ဟုလည္း ယူဆပါသည္။ မည္သည့္ဝါးမ်ိဳးမဆို တႀကိမ္ႏွင့္ ေနာက္တႀကိမ္ သုဥ္းျခင္း၏ ၾကားကာလသည္ ထိုဝါးမ်ိဳး၏ ဇီဝကမၼေဗဒ (physiology) အရ ျဖစ္ေပၚသည့္ ဘဝစက္ဝန္းဟု မွတ္ယူသင့္ေၾကာင္းႏွင့္ ရာသီဥတုႏွင့္ အျခား အေၾကာင္းမ်ားေၾကာင့္ ဘဝစက္ဝန္းကို အနည္းငယ္ ေျပာင္းလြဲနိုင္လိမ့္မည္ဟု သုံးသပ္ထားၾကပါသည္။ ထူးကဲစြာ မိုးေခါင္ျခင္းေၾကာင့္ ဝါးသုဥ္းျခင္းကို လွုံ႔ေဆာ္ေပးနိုင္သည္ဟုလည္း သုံးသပ္ၾကပါသည္။

 ရတနာစိုး၊ ဝါး (ဝါးစတင္ေပါက္ေရာက္ပုံ၊ ဝါးမ်ိဳးပြားပုံႏွင့္ ဝါးအသုံးျပဳပုံ)၊ ၂၀၁၄ စာအုပ္မွ
ေကာက္ႏုတ္ကူးယူသည္။

ဝါး၏ ေဂဟေဗဒႏွင့္ အက်ိဳးေက်းဇူး

ဝါးပင္မွာ ဆင္းရဲသားမ်ားအတြက္ သစ္ (poor man’s timber)၊ ေရႊစိမ္း (green gold) ဟု တင္စားေခၚေဝၚေသာ အပင္၊ သစ္မဟုတ္ေသာ သစ္ေတာထြက္ပစၥည္း (non-timber forest product/NTFP) ဟုလည္း ေခၚၾကပါသည္။

ဝါးသည္ လတၱီတြဒ္အားျဖင့္ ၄၆ ဒီဂရီ (ေျမာက္) ႏွင့္ ၄၇ ဒီဂရီ (ေတာင္) အတြင္း ေပါက္ေရာက္ၿပီး အျမင့္အားျဖင့္ ပင္လယ္ေရမ်က္ႏွာျပင္မွ အျမင့္ေပ ၁၂၀၀၀ အထိ ေပါက္ေရာက္နိုင္ပါသည္။ သို့ရာတြင္ မ်ားေသာအားျဖင့္ ပင္လယ္ ေရမ်က္ႏွာျပင္မွ ေပ ၃၀၀ ႏွင့္ ေပ ၂၆၀၀ အတြင္း ေပါက္ေရာက္ေနသည္ကို ေတြ႕ရွိရပါသည္။ ျမန္မာနိုင္တြင္ တျပည္လုံး ဝါးေပါက္ေရာက္လ်က္ ရွိၿပီး ဝါးမ်ိဳးစု (၂၂) မ်ိဳးစုႏွင့္ မ်ိဳးစိတ္ (၁၀၂) ဝန္းက်င္ သဘာဝအေလ်ာက္ ပ်ံ႕ႏွံ့ေပါက္ေရာက္လ်က္ ရွိပါသည္။

ဝါး၏ ေပါက္ေရာက္မွုသည္ မိုးရြာသြန္းမွု၊ အပူခ်ိန္၊ ပင္လယ္ေရမ်က္ႏွာျပင္မွ အျမင့္ေပႏွင့္ ေျမဆီလႊာတို့ အေပၚတြင္ မူတည္ပါသည္။ ဝါး ေကာင္းမြန္စြာ ေပါက္ေရာက္နိုင္ရန္ အပူခ်ိန္ ၈ ဒီဂရီစင္တီဂရိတ္မွ ၃၆ ဒီဂရီစင္တီဂရိတ္အထိ လိုအပ္ၿပီး မိုးေရခ်ိန္ အနည္းဆုံး ၃၉ လက္မ ရရွိရန္ လိုအပ္ပါသည္။ စိုထိုင္းဆ မ်ားရန္လည္း လိုအပ္ပါသည္။ မ်ားေသာအားျဖင့္ မိုးေရခ်ိန္ ၄၇ လက္မမွ ၁၅၇ လက္မအတြင္းရွိ ေဒသမ်ားတြင္ သဘာဝအေလ်ာက္ ဝါး ေပါက္ေရာက္ေလ့ရွိပါသည္။ ထုံးဓာတ္မ်ားေသာ ေျမသည္ ဝါးအတြက္ မသင့္ေလ်ာ္ပါ။ အက္ဆစ္ဓာတ္ေခၚ ေျမအခ်ဥ္ဓာတ္ PH ၅.၀ မွ ၆.၅ အထိမွာ ဝါးအတြက္ အသင့္ေတာ္ဆုံး ျဖစ္ပါသည္။

ဝါးပင္မွာ စိုက္ၿပီး ၂ - ၃ ႏွစ္ဆို သုံး၍ ရၿပီ။ ထို့ေၾကာင့္ ဝါးပင္မ်ားကို ကမၻာေပၚတြင္ သစ္သားေပးေသာ အႀကီး အျမန္ဆုံးအပင္မ်ား (fastest growing woody plants in the world) ဟု ေခၚပါသည္။

ဝါးစိုက္ျခင္းေၾကာင့္ အိမ္သုံး၊ လယ္ယာသုံး၊ ဝါးရြက္မွ သဘာဝေျမၾသဇာ ရရွိျခင္း၊ အစားအေသာက္ (မၽွစ္) ရရွိျခင္း၊ သန႔္ရွင္းလတ္ဆတ္ေသာ ေလကို ရွုရွိုက္ရျခင္း၊ စိမ္းစိုေသာ အရိပ္ႏွင့္ ေအးခ်မ္းေသာ ပတ္ဝန္းက်င္မွာ ေနထိုင္ရျခင္း စသည့္ အက်ိဳးေက်းဇူးမ်ား ရပါလိမ့္မည္။ အိမ္ေဆာက္ရန္၊ လၽွာထိုးၾကမ္းခင္း၊ အမိုးအကာအခင္း၊ ကြန္ကရစ္ ေထာက္တိုင္အတြက္ အသုံးျပဳလို့ ရသလို ဝါးရြက္ႏွင့္ ဝါးမၽွင္မွ ဘီယာ၊ အကၤ်ီ၊ ေဆးဝါး၊ လူ႔အသုံးအေဆာင္ အမ်ိဳးမ်ိဳး၊ ဝါးမီးေသြး၊ ဝါးရွာလကာရည္၊ စကၠဴေပ်ာ့ဖတ္၊ စကၠဴအိတ္ ထုတ္လုပ္နိုင္ပါသည္။ မၽွစ္ကို အစိမ္း၊ အေျခာက္၊ အခ်ဥ္ စသည္ျဖင့္ စားသုံးနိုင္ပါသည္။

ေဒါက္တာစန္းဝင္း (သစ္ေတာတကၠသိုလ္)။ လုပ္နိုင္သည္ကစ၍ အပါအဝင္ သစ္ေတာႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာ ေဆာင္းပါးေပါင္းခ်ဳပ္မွ ေကာက္ႏုတ္ကူးယူပါသည္။

မၽွင္ဝါးစိုက္ပ်ိဳးနည္း

မၽွင္ဝါး (႐ုကၡေဗဒအမည္ - dendrocalamus strictus) သည္ အေရွ႕ေတာင္အာရွ အပူပိုင္းႏွင့္ သမပိုင္းမ်ိဳးစိတ္ ျဖစ္သည္။ အိႏၵိယ၊ နီေပါ၊ ဘဂၤလားေဒ့ရွ္၊ ျမန္မာ၊ ထိုင္း ဇာတိျဖစ္သည္။

မၽွင္ဝါးသည္ အျမင့္ေပ ၃၀၀၀ အထိ ေပါက္ေရာက္နိုင္သည္။ သစ္ေတာႏွင့္ ေရာေႏွာေပါက္ေရာက္တတ္သည္။ အခ်ိဳ့ေနရာတြင္ သစ္ပင္ မရွိေသာ္လည္း မၽွင္ဝါး ေပါက္ေရာက္ေနသည္ကို ေတြ႕ရသည္။ မၽွင္ဝါးသည္ အရြယ္လတ္ဝါးမ်ိဳး ျဖစ္ၿပီး ေတာေျခာက္လၽွင္ အေခါင္းပိတ္တတ္ၿပီး ေတာစိုလၽွင္ အေခါင္းပြတတ္သည္။ ေရခဲသည္အထိ ေအးေသာဒဏ္ကို ခံနိုင္ၿပီး မိုးမၾကာခဏ ေခါင္၍ အလြန္ပူေသာဒဏ္ကိုလည္း ခံနိုင္သည္။

မၽွင္ဝါးသည္ ေတာင္သူလုပ္ငန္းအတြက္ တိုင္ဝါး၊ ကြမ္းၿခံတိုင္ဝါး၊ သခြားတိုင္ေထာင္ဝါး၊ ထြန္သံ၊ ထြန္ကိုင္း၊ ႏွီးထရံယက္ျခင္း၊ အခ်င္ဝါး၊ ဆင့္ဝါး၊ ၾကမ္းခင္း၊ ျခ

Credit ဗဟုသုတဒိုင္ဂ်က္


မိုးဦးက် ေျမခ်စိုက္ရန္ဝါးပ်ိဳးပင္ေပါက္ မ်ား
လူႀကီးမင္းတို့ရဲ့-ၿခံ၊ဆီဆိ္ုင္၊စားေသာက္ဆိုင္၊အိမ္ၿခံဝင္း၊ဟိုတယ္ေတြမွာ -အလွစိုက္ဖို့၊မၽွစ္စားဖို့၊ေလကာဖို့၊ စီးပြားျဖစ္ခုတ္ေရာင္းဖို့စိုက္သင့္တဲ့ဝါးပ်ိဳးပင္ေလးေတြပါဗ်။

🎋 ထီးရိုးဝါး            = 1500
🎋 မၽွစ္ခ်ိဳဝါး           =2500
🎋ဝါးမင္း(ဝါးပုတီး)=10000    
🎋ဝါးပေဒသာ         =10000
🎋ဝါးဘိုးဝါး            =500
🎋တင္းဝါး              =500
🎋 မၽွင္ဝါးျဖဴ          =400

🍀စိမ္​းလန္​း​ေျမစိုက္​ပ်ိဳး​ေရးၿခံ🍀
မ​ေကြးတိုင္​း​ေဒသႀကီး ၊ၿမိဳင္​ၿမိဳ့နယ္​ ၊​ေအာင္​သုခ​က်းရြာ
📞 09444 888 949
📞 0969999 0101

အိမ္အေရာက္၊ ကားဂိတ္အေရာက္ပို့ဝန္ေဆာင္မွုမ်ားလည္းရွိပါသည္။

https://www.facebook.com/greenland.atk/
Green Land Garden
Aung Thu Kha Village,Myaing,Pakokku Township
09 44488 8949
https://goo.gl/maps/AgB1b6a7digFjzoZ7

၀ါးကို မူိမတက္ ပိုးမထိုးေအာင္ဘယ္လိုလုပ္ရမလဲ 

၁)
#Boric_Acid နွင္႕ Borax Powder ျဖင္႕ ေဆးစိမ္ျခင္း
×××××××××××××××××××××××××××××××××
အမ်ားအေခၚအေ၀ၚ (လက္ခ်ားအမူန္႕)
Boric powder လက္​ခ်ားအမႈန္​ ့ နဲ႕ Borax acid လက္​ခ်ားအက္​ဆစ္​ ကို ၁ ဆ ႏွင္႕ ၁ဆ ခြဲ ေရာျပီး ၁ ေပါင္လွ်င္ ေရ၃ဂါလံ ႏွင္႕ ၅ ရက္ခန္႕စိမ္ျခင္း ျဖင္႕၀ါးမ်ားကို မိူမတက္ ပိုးမထိုးေအာင္
ကာကြယ္နို္င္ပါတယ္။

၀ါးအတြင္းရိွ သၾကားရည္သည္ ေရထက္ျပစ္သည္။၀ါးကို ကန္အတြင္း စိမ္ထားပါကသၾကားရည္မ်ားထြက္ကာ အခ်ဥ္ေပါက္လာသည္။ေနာက္ထပ္တဖန္စိမ္ေသာအခါ အလ်ဥ္ရလာေသာေၾကာင္႕
ေလးရက္ခန္႕ၾကာလွ်င္ အခ်ဥ္ေပါက္လာသည္။ ပိုးမ်ားၾကိဳက္ေသာ သၾကားဓါတ္မ်ားကုန္၍ပိုးမစားေၾကာင္းသိရသည္။

ေငြေၾကးသက္ေသာ္လည္းၾကာၾကာထားပါက အပုတ္နံ႕ထြက္လာ၍ေရအနည္းငယ္ခ်န္ကာ ေရလွဲလယ္သင္႕သည္။

၂)
#ပင္လယ္ေရတြင္ စိမ္ျပီး ေနလွမ္းအေျခာက္ခံျခင္း
××××××××××××××××××××××××××××××

စီးဆင္းေနေသာ ေရတြင္သံုးပတ္မွ တစ္လ အထိ စိမ္ထားပါက
သၾကားရည္ေနရာတြင္ ေရအစား ၀င္ေရာက္သြားသည္။
ထိုေၾကာင္႕ ေရစိမ္၀ါးသည္ပိုးမစားေၾကာင္း ေတြ႕ရသည္။
၀ါးကို ေရစိမ္ပါက အေရာင္ေျပာင္းလဲေစသည္။
ရူပ ႏွင္႕ အားအင္ဆိုင္ရာမ်ားဆံုးရံွဴးေစေသာေၾကာင္႕
ခံနိုင္ရည္က်ဆင္းေစသည္။

၃)
#ၾကပ္တိုက္ျခင္း
×××××××××××

၀ါးကို ၾကပ္တိုက္ျခင္းျဖင္႕လည္းၾကာရွည္ခံေအာင္ ျပဳလုပ္နိုင္သည္။မိုင္းတိုက္ျခင္း ၊ မီးရိွဴ႕ရန္ မီးေသြး ၊ ထင္း ၊ ဂတ္(စ္)တို႕ကို
အသံုးျပဳနိုင္သည္။ မီးေလာင္စာေၾကာင္႕၀ါးသည္ သိပ္သည္းလာျပီးပိုးမႊားအႏၱာရာယ္ကာကြယ္နိုင္သည္။

၄)
#တန္ေဆာင္မုန္းလ (သို႕) ဒီေရက်ခ်ိန္တြင္ ၀ါးကို ေရြးခ်ယ္ခုတ္ျခင္း
××××××××××××××××××××××××××××××××

၀ါးသည္ သဘာ၀ ႏွင္႕ ဆက္စပ္မူအလြန္ရိွသည္။ဒီေရ တက္လွ်င္ ၀ါးပင္တြင္ ေရမ်ားတက္ျပီးဒီေရ က်ခ်ိန္တြင္ ၀ါးပင္အတြင္းတြင္ ေရမ်ားက်သြားတတ္သည္ ။
လ၏ဆြဲငင္အားျဖင္႕ ေျမၾကီးအတြင္းမွအစာရည္က ဆြဲစုတ္ယူသည္။
လျပည္႕ရက္တြင္ ၀ါးအဆစ္အတြင္းသၾကားရည္ ျပည္႕ေနတတ္သည္။
ထို႕ေၾကာင္႕ လကြယ္ရက္(သို႕)တန္ေဆာင္မုန္းလတြင္၀ါးခုတ္ပါက ပိုးမႊားအႏၱာရယ္သက္သာသည္။

၅)
#ေနေရာင္မရိွခ်ိန္တြင္ ၀ါး ကို ေရြးခ်ယ္ခုတ္ျခင္း
×××××××××××××××××××××××××××××××

သစ္ပင္တို႕၏ သဘာ၀ သည္အစာခ်က္ရန္ ေနေရာင္ လိုအပ္သည္။
၀ါးပင္သည္လည္း အစာမခ်က္ေသာေနေရာင္ မရိွေသာအခ်ိန္တြင္
ခုတ္ယူပါက ပိုးစားသက္သာေၾကာင္းေတြ႕ရသည္။

၆)
#အပင္တြင္ အျပတ္ မခုတ္ပဲ အနည္းငယ္ခ်န္ကာ အရြက္က်မွ သိမ္းျခင္း
××××××××××××××××××××××××××××××××

ကိုယ္ပိုင္စိုက္ခင္းျဖစ္ပါကသက္တမ္းမွန္ေသာ ၀ါးကိုေရြးခ်ယ္ပါ။
ေအာက္ဆံုးအဆစ္မွ တစ္လက္မေလာက္ခ်န္ထား၍ ျပတ္မသြားေအာင္ ခုတ္ပါ ။
ခုတ္စာထြက္ေသြားေသာေနရာကို သပ္ခု ထားျပီးတျခားအပင္ကို မွီထားပါ ။
၂ ပတ္ ၃ ပတ္ၾကာေသာအခါသၾကားရည္ထြက္သြားမည္ ။
က်န္ရိွေသာ သၾကားဓါတ္ကိုလည္းအရြက္မ်ားက အစာခ်က္၍ သၾကားဓါတ္နည္းသြားမည္။
၀ါးအတြင္း က်န္ရိွေသာသၾကားရည္သည္လည္း အခ်ဥ္ေပါက္ျပီး
အယ္(လ္)ကိုေဟာ သို႕ေျပာင္းကာပိုးမႊားမ်ားမၾကိဳက္ေတာ႕ပါ။
ယခုနည္းသည္အေကာင္းဆံုး ၀ါးခုတ္နည္း ျဖစ္ပါသည္။

အားလံုးအဆင္ေျပၾကပါေစ

Source: ဆရာ၀င္းေက်ာ္ဦး
(ေလးစားရမည္႕ ၀ါးပင္တို႕၏ သဘာ၀ စာအုပ္မွ)

No comments: