Saturday, May 23, 2020

စြန႔္ဦးတီထြင္လုပ္ငန္းရွင္ ဆိုတာဘာလဲ❓

(Unicode) 
စွန့်ဦးတီထွင်လုပ်ငန်းရှင် ဆိုတာဘာလဲ❓


ကျွန်မတို့ အခုခေတ်မှာ Entrepreneur ဆိုတဲ့စကားလုံးလေးကိုခနခန ကြားဖူးကြပါလိမ့်မယ်.လူတွေက လည်းအမျိုးအမျိုးအဓိပ္ပါယ်ဖွင့်ကြပါတယ်. အဲ့ထဲကမှခြုံငုံပြီး အဓိပ္ပါယ်ဖွင့်မယ် ဆိုရင် (Entrepreneur)စွန့်ဉီးတီထွင်လုပ်ငန်းရှင်ဆိုတာ စီးပွားလုပ်ငန်းသစ်တစ်ခုကို စွန့်စားမှုကြားကနေဖန်တီးသူ၊သာရင်စံ နာရင်ခံ တက်သူ တစ်ယောက်ဖြစ်ပါတယ် .လူအများစုက သူတို့ကို တီထွင်သူအဖြစ်လည်းမြင်တက်ကြပါတယ် 🙋🏻‍♀️


💫စွန့်ဦးလုပ်ငန်းရှင်တစ်ယောက်၏လက္ခဏာ

အောင်မြင်တဲ့စွန့်ဦးသူတစ်ယောက်ဟာ အခွင့်အလမ်းကောင်းကိုအသုံးချပြီးအကျိုး
အမြတ်ရတဲ့လုပ်ငန်းအဖြစ်ပြောင်းနိုင်တဲ့ စွမ်းရည်မျိုးရှိတက်ကြတယ်. Idea  ကောင်းကောင်း ထုတ်တက်ပြီး အမြော်အမြင်ရှိတက်ကြတယ်.
📍ဥပမာ ကမ္ဘာကျော်တွေထဲမှာ ဆို Microsoft Company ဥက္ကဌ Bill Gate ၊
Amazon တည်ထောင်သူ Jeff Bezoz ၊
Space X  ဥက္ကဌ Elon Musk

📍မြန်မာ 🇲🇲 မှာဆို Tint Tint Myanmar တည်ထောင်သူ ဒေါ် တင့်တင့်လွင်၊
 Giantpay ရဲ့ ပူးတွဲတည်ထောင်သး ကို ထက်အာကာကျော်၊
360ed စီအီးအို ဒေါ်လှလှဝင်း .


🙍စွန့်ဦးတီထွင် လုပ်ငန်းရှင်Vs အသေးစားစီးပွား လုပ်ငန်းရှင် 🙍‍♂️

လုပ်ငန်း၂မျိုးလုံးကတော အမြတ်အစွန်းပေါ်  အ ခြေခံတယ်ဆိုပေမဲ့ အသေးစားစီးပွားလုပ်ငန်းအများစုက  စတိုးဆိုင် ၊ကုန်ဆုံဆိုင် လိုမျိုး မိသားစုပိုင်လုပ်ငန်းတွေ ဖြစ်ပြီး ကိုယ့်ဒေသခံတွေကိုပဲ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ဖြန့်ဖြူးရောင်းချပေးတာပါ

စွန့်ဦးတီထွင်သူတွေကျတော့ ဆန်းသစ်တဲ့အတွေး အခေါ်တွေနဲ့ Start-Up လုပ်ငန်းတွေတည်ထောင်ကြပြီး လုပ်ငန်းချဲ့ထွင်ဖို့အိမ်မက် တွေရှိကြပါတယ်.ပစ္စည်းဖြစ်စေဝန်ဆောင်မှုဖြစ်စေ နိုင်ငံအနှံ့ ကမ္ဘာအနှံ့ မှာ ရောင်းချကြပါတယ်.


ဒါဆို Entreprenurတစ်ယောက်ဖြစ်ခြင်းရဲ့အားသာချက်နဲ့အချက်နဲ့ အားနည်းတဲ့အချက်ကဘာတွေဖြစ်မလဲ🤔❓

ကောင်းကျိုးတွေကတော့
✅ကိုယ်ပိုင်ဆုံးဖြတ်တွေချနိုင်ခြင်း

✅ကိုယ့်ထက်တော်တဲ့သူတွေနဲ့တွေ့ပြီးလက်တွဲလုပ်ဆောင်နိုင်ခြင်း

✅ဝင်ငွေအကန့်အသတ်မရှိခြင်း

✅ကိုယ်ပိုင်လွတ်လပ်မှုရခြင်း

အားနည်းချက်တွေကတော့
ဝန်ထမ်း တစ်ယောက်မဟုတ်တဲ့အတွက်
📍အလုပ်အချိန်တွေ ပိုမိုလာခြင်း

📍စိတ်ဖိစီးမှုတိုးလားခြင်း

📍Phone Call တွေအ မြဲဝင် နေခြင်း

📍 ဘဏ္ဍာရေးဆိုင်ရာနစ်နာမှုရံဖန်ရံခါရှိမယ်

Amazon ဥက္ကဌ Jeff Beroz ကတော့ “အကယ်ရျ် သင်သိရှိတဲ့အရာတွေလုပ်မှပဲ အောင်မြင်မယ်ဆုံးဖြတ်ထားရင်တော့ အခွင့်အရေးတွေအများကြီးလက်လွှတ်လိုက်ရတာပဲ လို့ ပြောကြားထားပါတယ်"

Written by
Thiri Yadanar

Business Ethics ⚖️


📍အရင်ဆုံးEthics ဆိုတာဘာလဲ?🤔

Ethics ဆိုတာကတိုက်ရိုက်ဘာသာပြန်ရင်တော့ကျင့်ဝတ်ပေါ့။ဒီထက်လေးလေးနက်နက်ပြောရမယ်ဆိုရင်တော့လူတစ်ယောက်ရဲ့လုပ်ရပ်  သို့မဟုတ် အပြုအမူတစ်ခုကနောက်ထပ်လူဘယ်နှယောက်များများကိုကောင်းကျိုး သို့မဟုတ် ဆိုးကျိုးဖြစ်စေလဲ ပေါ်မူတည်ပြီးလူတစ်ယောက်ရဲ့ethicsကိုဆုံးဖြတ်နိုင်ပါတယ်။ 👏🏻

📍ဥပမာတစ်ခုရှိပါ တယ်။ တော်တော်များများလဲကြားဖူးပြီးသားပါ။
တစ်နေ့မှာလူတစ်ယောက်ကကားမောင်းလာရင်းနဲ့ရုတ်တရတ်ဘရိတ်ပျက်သွားပြီးရပ်လို့မရခဲ့ဘူး။အဲ့အချိန်သူ့အရှေ့မှာလမ်းခွဲနှစ်ခုရှိခဲ့တယ်။တစ်ဖက်မှာသူသဘောကျရတဲ့ကောင်မလေး၊တစ်ဖက်မှာတော့ကလေးငါးယောက်ကကစားနေကြတယ်။နှစ်ဖက်စလုံးက​တော့သူ့အတွက်ရွေးရခက်စေတယ်။ဒါပေမဲ့သူမဖြစ်မနေတစ်ဖက်ကိုပြတ်ပြတ်သားသားရွေးချယ်ရတော့မယ်။ နှစ်ဖက်စလုံးကတော့သူ့အတွက်ဆိုးကျိုးတွေပဲဖြစ်စေတာကတော့အသေအချာပါပဲ။ဒါပေမဲ့ဆိုးကျိုးနည်းတာရွေးမလားများတာရွေးမလားဆိုတာတော့သူ့ရဲ့ethicsပေါ်မူတည်သွားပါတယ်။ 💁🏻‍♂️

📍ဒါဆိုBusiness Ethics ဆိုတာကရောဘာလဲ?🤔

Business Ethics ဆိုတာကcompanyတစ်ခုကဆုံးဖြတ်ချက်တွေချမှတ်တဲ့အခါအမှားအမှန်သေချာခွဲခြားနိုင်ဖို့နဲcompanyအတွင်းရောအပြင်ရောမှာရှိတဲ့လူအားလုံးအတွက်ကောင်းမွန်တဲ့လွှမ်းမိုးမှုတွေပေးနိုင်အောင်လို့ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့စံသတ်မှတ်ချက်တွေဖြစ်ပါတယ်။⚖️

📍Business Ethics ကရောဘာကြောင့်အရေးကြီးတာလဲ?

အရင်တုန်းကစီးပွားရေးလုပ်ငန်းရှင်တွေကcompanyရဲ့အတွင်းအပြင်မှာရှိနေတဲ့အလုပ်သမားတွေနဲ့စားသုံးသူတွေရဲ့အကျိုးထက်မိမိအကျိုးစီးပွားအတွက်လုပ်ကိုင်သောသူတွေကပိုများပါတယ်။အဲ့တုန်းကဈေးကွက်ထဲမှာလဲအပြိုင်အဆိုင်ကသိပ်မရှိကြတဲ့အခါစားသုံးသူ အနေနဲ့လဲရွေးချယ်စရာနည်းပါးပြီးအလုပ်အကိုင်အခွင့်အလမ်းလဲရှားပါးပါတယ်။
ဒါပေမဲ့ဒီနေ့ခေတ်ကိုရောက်လာတဲ့အခါစီးပွားရေးလုပ်ငန်းတွေလဲပိုပြီးအပြိုင်အဆိုင်များလာတာကြောင့် စားသုံးသူတွေ အတွက်လဲရွေးချယ်စရာoptions တွေကပိုများလာပါတယ်။အလုပ်သမားတွေအတွက်လဲအလုပ်အကိုင်အခွင့်လမ်းတွေပိုများလာပါတယ်။ 🏆

📍ဒါ့ကြောင့်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လဲဒီလိုအပြိုင်အဆိုင်​ပြင်းထန်တဲ့ခေတ်ထဲမှာအသာစီးရဖို့ဆိုရင်

✅1.ကျင့်ဝတ်နဲ့မညီတဲ့အပြုအမူတွေဖြစ်တဲ့ ကျားမခဲဲခြားဆက်ဆံမှု၊လိင်ပိုင်းဆိုင်ရာ နောက်ယှက်စော်ကားမှု၊ဘက်လိုက်မှု၊အရည်အချင်းတူသူချင်းအခွင့်ရေးတူညီစွာမပေးမှုစသည်တို့ကိုရှောင်ရှားရပါမယ်။သို့မှသာ  အလုပ်သမားတွေအနေနဲ့လဲအလုပ်ခွင်မှာပိုမို​ပျော်ရွင်လာပြီးproductivityလဲပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။📈

✅2.လုပ်ငန်းဘက်ကလဲစျေးနှုန်းနဲ့အရည်အသွေးကိုက်ညီတဲ့ထုတ်ကုန်များကိုဖန်တီးပေးရပါမယ်။💎

✅3.ဒါ့အပြင်Coporate Social  Responsibilityလို့ခေါ်တဲ့ပြည်သူလူထုအတွက် လိုအပ်သည့်နေရာများတွင်လုပ်ငန်းဘက်မှပြန်လည်လှူဒါန်းပေးခြင်း၊ လမ်းတံတားကျောင်းများဆောက်လုပ်ရာတွင်ပူးပေါင်းပါဝင်ကူညီပေးခြင်း၊ပြည်သူလူထုအကျိုးပြုဆွေးနွေးပွဲများပြုလုပ်ပေးခြင်း
စသည်တို့ကိုလုပ်ဆောင်ရပါမယ်။
ဒါမှသာEthicsနှင့်ညီညွတ်သောcompanyများကိုပြည်သူလူထုကလဲပိုမိုဖယုံကြည်မှုရှိပြီးရေရှည်တွင်လဲအကျိုးစီးပွားပိုပြီးတည်တံ့ခိုင်မြဲနိုင်ပါတယ်။ ♻️

Written by
NawPriscilla

Work from Home Tips for Employers 👨‍💻👨‍🏫


လုပ်ငန်းတော်တော်များများ Work from Home ကို ပြောင်းလဲ လုပ်နေရတဲ့အချိန်မှာ အလုပ်ရှင်တွေ၊ မန်နေဂျာ တွေအတွက်လည်း ခေါင်းစားစရာတွေ ပေါ်လာနိုင်ပါတယ်။ လုပ်ငန်းကို အရင်လို နှောင့်နှေးမှုမရှိဘဲ လည်ပတ်နိုင်ဖို့၊ ဝန်ထမ်းတွေကို အပြည့်အဝ Support ပေးနိုင်ဖို့ကို အမျိုးမျိုးစဉ်းစားရသလို တဖက်မှာ ငွေအား၊ လူအားလည်း စိုက်ထုတ်ရနိုင်ပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ အလုပ်ရှင်တွေ၊ မန်နေဂျာ တွေအတွက် ဘယ်လိုလုပ်ရင် ကိုယ်လည်းပျော်၊ ဝန်ထမ်းလည်း ကျေနပ်၊ အလုပ်လည်း အဆင်ပြေနိုင်မလဲဆိုတာကို Tips လေးတွေ ဖော်ပြ လုပ်ပေးလိုက်ပါတယ်။

📍၁။ အလုပ်ချိန် (သို့) Productivity Target Guideline ကို သေချာသတ်မှတ်ပေးပါ။ 📈⏰

Work from Home အတွင်း မှာ မန်နေဂျာ တစ်ယောက်အနေနဲ့ ဆုံးဖြတ်ရမှာက ကိုယ်ဟာ ဝန်ထမ်းတွေဆီက အလုပ်ပြီးဖို့ မျှော်လင့်တာလား၊ အလုပ်ချိန်ပြည့်အောင်လုပ်ဖို့ မျှော်လင့်တာလား ဆိုတာ စဉ်းစားဖို့လိုပါတယ်။ နှစ်ခုစလုံးကို လိုချင်တယ်ဆိုရင်တော့ Flexbility ရှိဖို့ လိုလာပါပြီ။

စည်းမျဉ်း စည်းကမ်း ကို သတ်မှတ်တဲ့အခါ ကိုယ့်ဝန်ထမ်းတွေရဲ့ အခြေအနေ တွေကို အဓိက ထည့်တွက်သင့်ပါတယ်။ အိမ်ကနေ အလုပ်လုပ်တာ ဖြစ်တဲ့အတွက် ဝန်ထမ်းတိုင်းဆီက တူညီတဲ့ လုပ်ဆောင်ချက်တွေ ကို တူညီတဲ့ အချိန်အတိုင်းအတာ အတွင်းမှာ မျှော်လင့်တာက လက်တွေ့မကျနိုင်ပါဘူး။
ဒါကြောင့် ဝန်ထမ်းအများစု အဆင်ပြေနိုင်တဲ့ အချိန်နဲ့ တစ်နေ့ကို ပျမ်းမျှ အလုပ်ဘယ်လောက်ပြီးနိုင်မလဲပေါ် မူတည်ပြီး လက်တွေ့ကျကျ ဆုံးဖြတ်ပါ။ တချိန်ထဲမှာလည်း Flexibility ကို အတိုင်းအတာတစ်ခုအထိ ခွင့်ပြုပေးပါ။

နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ ကိုယ့် ကုမ္ပကီ မှာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေကို ကိုယ်တိုင် လိုက်နာပေးပါ။ တခါတလေ ဝန်ထမ်းတွေက အိမ်မှာရှိတာပဲလေ၊ ဒါလေးတော့ လုပ်ပေးနိုင်မှာပါဆိုပြီး အလုပ်ချိန် ပြင်ပမှာ အလုပ်မခိုင်းမိပါစေနဲ့။
ဒီလို ကုမ္ပကီာဘက်က တွေးပေးပြီး အကူအညီပေးတဲ့အခါ ဝန်ထမ်းတွေကလည်း အားတက်စေပြီး အလုပ်ပိုပြီးနိုင်ပါတယ်။

📍၂။ လိုအပ်တဲ့ Software တွေ၊ Services တွေ ပံ့ပိုး ပေးပါ။
💻💻

Video Conferencing လုပ်ဖို့ Zoom, Google Hangouts, Skype စတဲ့ Software တွေ၊ Microsoft Team လို Messaging System စတဲ့ Software တွေကို အသုံးပြုပေးပါ။
(Beatrix ကနေလည်း Work from Home Tools တွေနဲ့ပတ်သက်ပြီး ဖတ်ရှုနိုင်ပါတယ်။)

မြန်မာနိုင်ငံမှာ Facebook ကို လုပ်ငန်းသုံးအတွက် အသုံးပြုနေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ Facebook အစား အခြား Free Software တွေကို အသုံးပြုတာကို ပို အားပေးပါတယ်။ မြန်မာနိုင်ငံမှာက ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုတာများတဲ့အတွက် အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ကို ရောယှက်စေနိုင်ပါတယ်။

နောက်တစ်ခုကတော့ Team Communication Guideline ပါ။ Work from Home လုပ်တဲ့အခါမှာ ဝန်ထမ်းအချင်းချင်း ဆက်သွယ်ဖို့ အဆင်မပြေတာတွေ ကြုံလာနိုင်ပါတယ်။ ဥပမာ - တချို့ ဝန်ထမ်းတွေမှာ Wifi ရှိပေမဲ့ တချို့ကတော့ ဖုန်းဘေလ် နဲ့ အလုပ်လုပ်နေရသူတွေရှိပါတယ်။
ဒါကြောင့် တဘက်က Email နဲ့ ဆက်သွယ်ရင် တခြားတဘက်က လိုင်းပေါ်မှာမရှိလို့ စာပြန်မလာတဲ့အတွက် လုပ်ငန်းပိုင်းဆိုင်ရာ နှောင့်နှေးမှုတွေ ရှိလာနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးတွေကို လျှော့ချနိုင်ဖို့ ကုမ္ပဏီ ဘက်က Work from Home Support Kit နဲ့ Communication Guideline တွေ ချထားပေးဖို့ လိုအပ်ပါတယ်။

📍၃။ Micromanaging မလုပ်ပါနဲ့၊ Manage လုပ်ပါ။
👦🧒

Micro Managing က လိုတာထက်ပိုတဲ့ Supervising လုပ်ခြင်းကို ခေါ်ပါတယ်။ အထက်လူကြီးတစ်ယောက်အနေနဲ့ အလုပ်မပြီးမှာစိုးရိမ်တဲ့စိတ်၊ ကိုယ့်ရှေ့မှာမမြင်ရတဲ့အခါ ဝန်ထမ်းအလုပ်မလုပ်နေမှာ စိတ်ပူရင်း ဖြစ်တည်လာတဲ့ Management Style တစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့ ဒီ Management Style က Productive ဖြစ်မဲ့အစား Backfire Effect တွေပို ဖြစ်လာနိုင်စေပါတယ်။ ဝန်ထမ်းတွေဘက်က လိုတာထက်ပိုတဲ့ ဖိအား ကြုံလာတဲ့အခါမှာ အလုပ်မပြီးတာမျိုး၊ အလုပ်ပြီးခဲ့ရင်တောင် အမှားမှားအယွင်းယွင်းတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် Micromanaging လုပ်မဲ့အစား Manage လုပ်ပါ။
သင့်တော်တဲ့ဘောင်ကနေ ဝန်ထမ်းတွေကို Manage လုပ်လို့ရပါတယ်။ အခုဆို သင့်ဝန်ထမ်းတွေရဲ့ အလုပ်ချိန်တွေကို Track လုပ်လို့ရမဲ့ Time Doctor, Toggl, Rescue Time စတဲ့ Software များကိုလည်း အသုံးပြုပေးလို့ရပါတယ်။
ဒီလိုလုပ်မှရမှာကိုလည်း ဝန်ထမ်းတွေက လက်ခံနားလည်ပြီးသားပါ။ ဒါကြောင့် Productivity ကို Downgrade လုပ်မယ့် Micro Managing အစား၊ ဝန်ထမ်းတွေ လက်ခံနားလည်ပြီး အလုပ် ပြီးမြောက်စေတဲ့ Management Style ကို ပဲ လုပ်ဆောင်ပါ။

📍၄။ ဝန်ထမ်းတွေနဲ့ ဆက်သွယ်လုပ်ပါ။ ယုံကြည်မှုထားပါ။ 🙋‍♂️🙋‍♀️

Micromanaging ရဲ့ အားအကောင်းဆုံးပြိုင်ဖက်က Transparent Communication ပါ။ ကိုယ့်ရဲ့ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေကို နားထောင်ပြီး ကိုယ့်ဘက်က ဖြစ်စေချင်တာလေးတွေကိုလည်း တောင်းဆိုပါ။ ပြီးရင် တစ်ယောက်အပေါ် တစ်ယောက် ယုံကြည့်မှုထားပါ။ ဒါဟာ အချိန်တိုင်း အလုပ်လုပ်မလုပ် လိုက်စစ်ပြီး တစ်ယောက်ပေါ် တစ်ယောက် မယုံကြည်နိုင်တာထက်စာရင် ပိုထိရောက်နိုင်ပါတယ်။

📍၅။  ပျော်စရာ Meeting လေးတွေထည့်ပေးပါ။ 👩‍🎤👨‍🎤
နေ့တိုင်း အလုပ်တွေလုပ်ပြီး ပင်ပန်းဖြစ်နေတဲ့အချိန်မှာ ပျော်စရာ Meeting လေးတစ်ခုထည့်ပြီး ရုပ်ရှင်တူတူကြည့်တာဖြစ်ဖြစ်၊ စကားစမြည်ပြောတာဖြစ်ဖြစ်၊ Treasure Hunt ဂိမ်းလေးတွေ တူတူဆော့တာဖြစ်ဖြစ် လုပ်ပေးခြင်းကလည်း ဝန်ထမ်းတွေ စိတ်ပြေလက်ပျောက်ဖြစ်စေမှာပါ။

ဒီလို ကာလမှာ အလုပ်ရှင်ရော၊ ဝန်ထမ်းတွေအတွက်ပါ ခက်ခဲပါတယ်။
ယုံကြည်မှုနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးခြင်းဖြင့် ဒီ အခက်အခဲ တွေကို ကျော်လွှားနိုင်ပြီး ဝန်ထမ်းနဲ့ ကိုယ့်ရဲ့ ရင်းနှီးမှု ကို ရေရှည်တည်မြဲအောင် တည်ဆောက်နိုင်မယ်ဆိုရင်တော့ အရှုံးထဲက အမြတ်ဖြစ်လာမှာပါ။

Written by Ei Myatnoe Aung

Reference
https://www.business2community.com/human-resources/working-from-home-101-tips-from-remote-work-experts-02295661

(Zawgyi)

စြန႔္ဦးတီထြင္လုပ္ငန္းရွင္ ဆိုတာဘာလဲ❓

ကၽြန္မတို့ အခုေခတ္မွာ Entrepreneur ဆိုတဲ့စကားလုံးေလးကိုခနခန ၾကားဖူးၾကပါလိမ့္မယ္.လူေတြက လည္းအမ်ိဳးအမ်ိဳးအဓိပၸါယ္ဖြင့္ၾကပါတယ္. အဲ့ထဲကမွျခဳံငုံၿပီး အဓိပၸါယ္ဖြင့္မယ္ ဆိုရင္ (Entrepreneur)စြန႔္ဉီးတီထြင္လုပ္ငန္းရွင္ဆိုတာ စီးပြားလုပ္ငန္းသစ္တစ္ခုကို စြန႔္စားမွုၾကားကေနဖန္တီးသူ၊သာရင္စံ နာရင္ခံ တက္သူ တစ္ေယာက္ျဖစ္ပါတယ္ .လူအမ်ားစုက သူတို့ကို တီထြင္သူအျဖစ္လည္းျမင္တက္ၾကပါတယ္ 🙋🏻‍♀️

 💫စြန႔္ဦးလုပ္ငန္းရွင္တစ္ေယာက္၏လကၡဏာ

ေအာင္ျမင္တဲ့စြန႔္ဦးသူတစ္ေယာက္ဟာ အခြင့္အလမ္းေကာင္းကိုအသုံးခ်ၿပီးအက်ိဳး
အျမတ္ရတဲ့လုပ္ငန္းအျဖစ္ေျပာင္းနိုင္တဲ့ စြမ္းရည္မ်ိဳးရွိတက္ၾကတယ္. Idea  ေကာင္းေကာင္း ထုတ္တက္ၿပီး အေျမာ္အျမင္ရွိတက္ၾကတယ္.
📍ဥပမာ ကမၻာေက်ာ္ေတြထဲမွာ ဆို Microsoft Company ဥကၠဌ Bill Gate ၊
Amazon တည္ေထာင္သူ Jeff Bezoz ၊
Space X  ဥကၠဌ Elon Musk

📍ျမန္မာ 🇲🇲 မွာဆို Tint Tint Myanmar တည္ေထာင္သူ ေဒၚ တင့္တင့္လြင္၊
 Giantpay ရဲ့ ပူးတြဲတည္ေထာင္သး ကို ထက္အာကာေက်ာ္၊
360ed စီအီးအို ေဒၚလွလွဝင္း .


🙍စြန႔္ဦးတီထြင္ လုပ္ငန္းရွင္Vs အေသးစားစီးပြား လုပ္ငန္းရွင္ 🙍‍♂️

လုပ္ငန္း၂မ်ိဳးလုံးကေတာ အျမတ္အစြန္းေပၚ  အ ေျခခံတယ္ဆိုေပမဲ့ အေသးစားစီးပြားလုပ္ငန္းအမ်ားစုက  စတိုးဆိုင္ ၊ကုန္ဆုံဆိုင္ လိုမ်ိဳး မိသားစုပိုင္လုပ္ငန္းေတြ ျဖစ္ၿပီး ကိုယ့္ေဒသခံေတြကိုပဲ ကုန္ပစၥည္းနဲ႔ ဝန္ေဆာင္မွုေတြ ျဖန႔္ျဖဴးေရာင္းခ်ေပးတာပါ

စြန႔္ဦးတီထြင္သူေတြက်ေတာ့ ဆန္းသစ္တဲ့အေတြး အေခၚေတြနဲ႔ Start-Up လုပ္ငန္းေတြတည္ေထာင္ၾကၿပီး လုပ္ငန္းခ်ဲ႕ထြင္ဖို့အိမ္မက္ ေတြရွိၾကပါတယ္.ပစၥည္းျဖစ္ေစဝန္ေဆာင္မွုျဖစ္ေစ နိုင္ငံအႏွံ့ ကမၻာအႏွံ့ မွာ ေရာင္းခ်ၾကပါတယ္.


ဒါဆို Entreprenurတစ္ေယာက္ျဖစ္ျခင္းရဲ့အားသာခ်က္နဲ႔အခ်က္နဲ႔ အားနည္းတဲ့အခ်က္ကဘာေတြျဖစ္မလဲ🤔❓

ေကာင္းက်ိဳးေတြကေတာ့
✅ကိုယ္ပိုင္ဆုံးျဖတ္ေတြခ်နိုင္ျခင္း

✅ကိုယ့္ထက္ေတာ္တဲ့သူေတြနဲ႔ေတြ႕ၿပီးလက္တြဲလုပ္ေဆာင္နိုင္ျခင္း

✅ဝင္ေငြအကန႔္အသတ္မရွိျခင္း

✅ကိုယ္ပိုင္လြတ္လပ္မွုရျခင္း

အားနည္းခ်က္ေတြကေတာ့
ဝန္ထမ္း တစ္ေယာက္မဟုတ္တဲ့အတြက္
📍အလုပ္အခ်ိန္ေတြ ပိုမိုလာျခင္း

📍စိတ္ဖိစီးမွုတိုးလားျခင္း

📍Phone Call ေတြအ ျမဲဝင္ ေနျခင္း

📍 ဘ႑ာေရးဆိုင္ရာနစ္နာမွုရံဖန္ရံခါရွိမယ္

Amazon ဥကၠဌ Jeff Beroz ကေတာ့ “အကယ္ရ်္ သင္သိရွိတဲ့အရာေတြလုပ္မွပဲ ေအာင္ျမင္မယ္ဆုံးျဖတ္ထားရင္ေတာ့ အခြင့္အေရးေတြအမ်ားႀကီးလက္လႊတ္လိုက္ရတာပဲ လို့ ေျပာၾကားထားပါတယ္"

Written by
Thiri Yadanar

Business Ethics ⚖️

📍အရင္ဆုံးEthics ဆိုတာဘာလဲ?🤔

Ethics ဆိုတာကတိုက္ရိုက္ဘာသာျပန္ရင္ေတာ့က်င့္ဝတ္ေပါ့။ဒီထက္ေလးေလးနက္နက္ေျပာရမယ္ဆိုရင္ေတာ့လူတစ္ေယာက္ရဲ့လုပ္ရပ္  သို့မဟုတ္ အျပဳအမူတစ္ခုကေနာက္ထပ္လူဘယ္ႏွေယာက္မ်ားမ်ားကိုေကာင္းက်ိဳး သို့မဟုတ္ ဆိုးက်ိဳးျဖစ္ေစလဲ ေပၚမူတည္ၿပီးလူတစ္ေယာက္ရဲ့ethicsကိုဆုံးျဖတ္နိုင္ပါတယ္။ 👏🏻

📍ဥပမာတစ္ခုရွိပါ တယ္။ ေတာ္ေတာ္မ်ားမ်ားလဲၾကားဖူးၿပီးသားပါ။
တစ္ေန႔မွာလူတစ္ေယာက္ကကားေမာင္းလာရင္းနဲ႔႐ုတ္တရတ္ဘရိတ္ပ်က္သြားၿပီးရပ္လို့မရခဲ့ဘူး။အဲ့အခ်ိန္သူ႔အေရွ႕မွာလမ္းခြဲႏွစ္ခုရွိခဲ့တယ္။တစ္ဖက္မွာသူသေဘာက်ရတဲ့ေကာင္မေလး၊တစ္ဖက္မွာေတာ့ကေလးငါးေယာက္ကကစားေနၾကတယ္။ႏွစ္ဖက္စလုံးက​ေတာ့သူ႔အတြက္ေရြးရခက္ေစတယ္။ဒါေပမဲ့သူမျဖစ္မေနတစ္ဖက္ကိုျပတ္ျပတ္သားသားေရြးခ်ယ္ရေတာ့မယ္။ ႏွစ္ဖက္စလုံးကေတာ့သူ႔အတြက္ဆိုးက်ိဳးေတြပဲျဖစ္ေစတာကေတာ့အေသအခ်ာပါပဲ။ဒါေပမဲ့ဆိုးက်ိဳးနည္းတာေရြးမလားမ်ားတာေရြးမလားဆိုတာေတာ့သူ႔ရဲ့ethicsေပၚမူတည္သြားပါတယ္။ 💁🏻‍♂️

📍ဒါဆိုBusiness Ethics ဆိုတာကေရာဘာလဲ?🤔

Business Ethics ဆိုတာကcompanyတစ္ခုကဆုံးျဖတ္ခ်က္ေတြခ်မွတ္တဲ့အခါအမွားအမွန္ေသခ်ာခြဲျခားနိုင္ဖို့နဲcompanyအတြင္းေရာအျပင္ေရာမွာရွိတဲ့လူအားလုံးအတြက္ေကာင္းမြန္တဲ့လႊမ္းမိုးမွုေတြေပးနိုင္ေအာင္လို့ခ်မွတ္ထားတဲ့စည္းမ်ဥ္းစည္းကမ္းေတြနဲ႔စံသတ္မွတ္ခ်က္ေတြျဖစ္ပါတယ္။⚖️

📍Business Ethics ကေရာဘာေၾကာင့္အေရးႀကီးတာလဲ?

အရင္တုန္းကစီးပြားေရးလုပ္ငန္းရွင္ေတြကcompanyရဲ့အတြင္းအျပင္မွာရွိေနတဲ့အလုပ္သမားေတြနဲ႔စားသုံးသူေတြရဲ့အက်ိဳးထက္မိမိအက်ိဳးစီးပြားအတြက္လုပ္ကိုင္ေသာသူေတြကပိုမ်ားပါတယ္။အဲ့တုန္းကေဈးကြက္ထဲမွာလဲအၿပိဳင္အဆိုင္ကသိပ္မရွိၾကတဲ့အခါစားသုံးသူ အေနနဲ႔လဲေရြးခ်ယ္စရာနည္းပါးၿပီးအလုပ္အကိုင္အခြင့္အလမ္းလဲရွားပါးပါတယ္။
ဒါေပမဲ့ဒီေန႔ေခတ္ကိုေရာက္လာတဲ့အခါစီးပြားေရးလုပ္ငန္းေတြလဲပိုၿပီးအၿပိဳင္အဆိုင္မ်ားလာတာေၾကာင့္ စားသုံးသူေတြ အတြက္လဲေရြးခ်ယ္စရာoptions ေတြကပိုမ်ားလာပါတယ္။အလုပ္သမားေတြအတြက္လဲအလုပ္အကိုင္အခြင့္လမ္းေတြပိုမ်ားလာပါတယ္။ 🏆

📍ဒါ့ေၾကာင့္စီးပြားေရးလုပ္ငန္းရွင္ေတြအေနနဲ႔လဲဒီလိုအၿပိဳင္အဆိုင္​ျပင္းထန္တဲ့ေခတ္ထဲမွာအသာစီးရဖို့ဆိုရင္

✅1.က်င့္ဝတ္နဲ႔မညီတဲ့အျပဳအမူေတြျဖစ္တဲ့ က်ားမခဲဲျခားဆက္ဆံမွု၊လိင္ပိုင္းဆိုင္ရာ ေနာက္ယွက္ေစာ္ကားမွု၊ဘက္လိုက္မွု၊အရည္အခ်င္းတူသူခ်င္းအခြင့္ေရးတူညီစြာမေပးမွုစသည္တို့ကိုေရွာင္ရွားရပါမယ္။သို့မွသာ  အလုပ္သမားေတြအေနနဲ႔လဲအလုပ္ခြင္မွာပိုမို​ေပ်ာ္ရြင္လာၿပီးproductivityလဲပိုမိုတိုးတက္လာမွာျဖစ္ပါတယ္။📈

✅2.လုပ္ငန္းဘက္ကလဲေစ်းႏွုန္းနဲ႔အရည္အေသြးကိုက္ညီတဲ့ထုတ္ကုန္မ်ားကိုဖန္တီးေပးရပါမယ္။💎

✅3.ဒါ့အျပင္Coporate Social  Responsibilityလို့ေခၚတဲ့ျပည္သူလူထုအတြက္ လိုအပ္သည့္ေနရာမ်ားတြင္လုပ္ငန္းဘက္မွျပန္လည္လွူဒါန္းေပးျခင္း၊ လမ္းတံတားေက်ာင္းမ်ားေဆာက္လုပ္ရာတြင္ပူးေပါင္းပါဝင္ကူညီေပးျခင္း၊ျပည္သူလူထုအက်ိဳးျပဳေဆြးေႏြးပြဲမ်ားျပဳလုပ္ေပးျခင္း
စသည္တို့ကိုလုပ္ေဆာင္ရပါမယ္။
ဒါမွသာEthicsႏွင့္ညီညြတ္ေသာcompanyမ်ားကိုျပည္သူလူထုကလဲပိုမိုဖယုံၾကည္မွုရွိၿပီးေရရွည္တြင္လဲအက်ိဳးစီးပြားပိုၿပီးတည္တံ့ခိုင္ျမဲနိုင္ပါတယ္။ ♻️

Written by
NawPriscilla

Work from Home Tips for Employers 👨‍💻👨‍🏫

လုပ္ငန္းေတာ္ေတာ္မ်ားမ်ား Work from Home ကို ေျပာင္းလဲ လုပ္ေနရတဲ့အခ်ိန္မွာ အလုပ္ရွင္ေတြ၊ မန္ေနဂ်ာ ေတြအတြက္လည္း ေခါင္းစားစရာေတြ ေပၚလာနိုင္ပါတယ္။ လုပ္ငန္းကို အရင္လို ေႏွာင့္ေႏွးမွုမရွိဘဲ လည္ပတ္နိုင္ဖို့၊ ဝန္ထမ္းေတြကို အျပည့္အဝ Support ေပးနိုင္ဖို့ကို အမ်ိဳးမ်ိဳးစဥ္းစား၇သလို တဖက္မွာ ေငြအား၊ လူအားလည္း စိုက္ထုတ္ရနိုင္ပါတယ္။

ဒါေၾကာင့္ ဒီေန႔မွာေတာ့ အလုပ္ရွင္ေတြ၊ မန္ေနဂ်ာ ေတြအတြက္ ဘယ္လိုလုပ္ရင္ ကိုယ္လည္းေပ်ာ္၊ ဝန္ထမ္းလည္း ေက်နပ္၊ အလုပ္လည္း အဆင္ေျပနိုင္မလဲဆိုတာကို Tips ေလးေတြ ေဖာ္ျပ လုပ္ေပးလိုက္ပါတယ္။

📍၁။ အလုပ္ခ်ိန္ (သို့) Productivity Target Guideline ကို ေသခ်ာသတ္မွတ္ေပးပါ။ 📈⏰

Work from Home အတြင္း မွာ မန္ေနဂ်ာ တစ္ေယာက္အေနနဲ႔ ဆုံးျဖတ္ရမွာက ကိုယ္ဟာ ဝန္ထမ္းေတြဆီက အလုပ္ၿပီးဖို့ ေမၽွာ္လင့္တာလား၊ အလုပ္ခ်ိန္ျပည့္ေအာင္လုပ္ဖို့ ေမၽွာ္လင့္တာလား ဆိုတာ စဥ္းစားဖို့လိုပါတယ္။ ႏွစ္ခုစလုံးကို လိုခ်င္တယ္ဆိုရင္ေတာ့ Flexbility ရွိဖို့ လိုလာပါၿပီ။

စည္းမ်ဥ္း စည္းကမ္း ကို သတ္မွတ္တဲ့အခါ ကိုယ့္ဝန္ထမ္းေတြရဲ့ အေျခအေန ေတြကို အဓိက ထည့္တြက္သင့္ပါတယ္။ အိမ္ကေန အလုပ္လုပ္တာ ျဖစ္တဲ့အတြက္ ဝန္ထမ္းတိုင္းဆီက တူညီတဲ့ လုပ္ေဆာင္ခ်က္ေတြ ကို တူညီတဲ့ အခ်ိန္အတိုင္းအတာ အတြင္းမွာ ေမၽွာ္လင့္တာက လက္ေတြ႕မက်နိုင္ပါဘူး။
ဒါေၾကာင့္ ဝန္ထမ္းအမ်ားစု အဆင္ေျပနိုင္တဲ့ အခ်ိန္နဲ႔ တစ္ေန႔ကို ပ်မ္းမၽွ အလုပ္ဘယ္ေလာက္ၿပီးနိုင္မလဲေပၚ မူတည္ၿပီး လက္ေတြ႕က်က် ဆုံးျဖတ္ပါ။ တခ်ိန္ထဲမွာလည္း Flexibility ကို အတိုင္းအတာတစ္ခုအထိ ခြင့္ျပဳေပးပါ။

ေနာက္ထပ္ အေရးႀကီးတဲ့အခ်က္ကေတာ့ ကိုယ့္ ကုမၸကီ မွာ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္း ေတြကို ကိုယ္တိုင္ လိုက္နာေပးပါ။ တခါတေလ ဝန္ထမ္းေတြက အိမ္မွာရွိတာပဲေလ၊ ဒါေလးေတာ့ လုပ္ေပးနိုင္မွာပါဆိုၿပီး အလုပ္ခ်ိန္ ျပင္ပမွာ အလုပ္မခိုင္းမိပါေစနဲ႔။
ဒီလို ကုမၸကီာဘက္က ေတြးေပးၿပီး အကူအညီေပးတဲ့အခါ ဝန္ထမ္းေတြကလည္း အားတက္ေစၿပီး အလုပ္ပိုၿပီးနိုင္ပါတယ္။

📍၂။ လိုအပ္တဲ့ Software ေတြ၊ Services ေတြ ပံ့ပိုး ေပးပါ။
💻💻

Video Conferencing လုပ္ဖို့ Zoom, Google Hangouts, Skype စတဲ့ Software ေတြ၊ Microsoft Team လို Messaging System စတဲ့ Software ေတြကို အသုံးျပဳေပးပါ။
(Beatrix ကေနလည္း Work from Home Tools ေတြနဲ႔ပတ္သက္ၿပီး ဖတ္ရွုနိုင္ပါတယ္။)

ျမန္မာနိုင္ငံမွာ Facebook ကို လုပ္ငန္းသုံးအတြက္ အသုံးျပဳေနတာကိုေတြ႕၇ပါတယ္။ ဒါေပမဲ့ Facebook အစား အျခား Free Software ေတြကို အသုံးျပဳတာကို ပို အားေပးပါတယ္။ ျမန္မာနိုင္ငံမွာက ကိုယ္ေရးကိုယ္တာအတြက္ အသုံးျပဳတာမ်ားတဲ့အတြက္ အလုပ္နဲ႔ ကိုယ္ေရးကိုယ္တာ ကို ေရာယွက္ေစနိုင္ပါတယ္။

ေနာက္တစ္ခုကေတာ့ Team Communication Guideline ပါ။ Work from Home လုပ္တဲ့အခါမွာ ဝန္ထမ္းအခ်င္းခ်င္း ဆက္သြယ္ဖို့ အဆင္မေျပတာေတြ ၾကဳံလာနိုင္ပါတယ္။ ဥပမာ - တခ်ိဳ့ ဝန္ထမ္းေတြမွာ Wifi ရွိေပမဲ့ တခ်ိဳ့ကေတာ့ ဖုန္းေဘလ္ နဲ႔ အလုပ္လုပ္ေနရသူေတြရွိပါတယ္။
ဒါေၾကာင့္ တဘက္က Email နဲ႔ ဆက္သြယ္ရင္ တျခားတဘက္က လိုင္းေပၚမွာမရွိလို့ စာျပန္မလာတဲ့အတြက္ လုပ္ငန္းပိုင္းဆိုင္ရာ ေႏွာင့္ေႏွးမွုေတြ ရွိလာနိုင္ပါတယ္။ ဒီလို အေျခအေနမ်ိဳးေတြကို ေလၽွာ့ခ်နိုင္ဖို့ ကုမၸဏီ ဘက္က Work from Home Support Kit နဲ႔ Communication Guideline ေတြ ခ်ထားေပးဖို့ လိုအပ္ပါတယ္။

📍၃။ Micromanaging မလုပ္ပါနဲ႔၊ Manage လုပ္ပါ။
👦🧒

Micro Managing က လိုတာထက္ပိုတဲ့ Supervising လုပ္ျခင္းကို ေခၚပါတယ္။ အထက္လူႀကီးတစ္ေယာက္အေနနဲ႔ အလုပ္မၿပီးမွာစိုးရိမ္တဲ့စိတ္၊ ကိုယ့္ေရွ႕မွာမျမင္၇တဲ့အခါ ဝန္ထမ္းအလုပ္မလုပ္ေနမွာ စိတ္ပူရင္း ျဖစ္တည္လာတဲ့ Management Style တစ္ခုျဖစ္ပါတယ္။

ဒါေပမဲ့ ဒီ Management Style က Productive ျဖစ္မဲ့အစား Backfire Effect ေတြပို ျဖစ္လာနိုင္ေစပါတယ္။ ဝန္ထမ္းေတြဘက္က လိုတာထက္ပိုတဲ့ ဖိအား ၾကဳံလာတဲ့အခါမွာ အလုပ္မၿပီးတာမ်ိဳး၊ အလုပ္ၿပီးခဲ့ရင္ေတာင္ အမွားမွားအယြင္းယြင္းေတြ ျဖစ္လာနိုင္ပါတယ္။

ဒါေၾကာင့္ Micromanaging လုပ္မဲ့အစား Manage လုပ္ပါ။
သင့္ေတာ္တဲ့ေဘာင္ကေန ဝန္ထမ္းေတြကို Manage လုပ္လို့ရပါတယ္။ အခုဆို သင့္ဝန္ထမ္းေတြရဲ့ အလုပ္ခ်ိန္ေတြကို Track လုပ္လို့၇မဲ့ Time Doctor, Toggl, Rescue Time စတဲ့ Software မ်ားကိုလည္း အသုံးျပဳေပးလို့၇ပါတယ္။
ဒီလိုလုပ္မွ၇မွာကိုလည္း ဝန္ထမ္းေတြက လက္ခံနားလည္ၿပီးသားပါ။ ဒါေၾကာင့္ Productivity ကို Downgrade လုပ္မယ့္ Micro Managing အစား၊ ဝန္ထမ္းေတြ လက္ခံနားလည္ၿပီး အလုပ္ ၿပီးေျမာက္ေစတဲ့ Management Style ကို ပဲ လုပ္ေဆာင္ပါ။

📍၄။ ဝန္ထမ္းေတြနဲ႔ ဆက္သြယ္လုပ္ပါ။ ယုံၾကည္မွုထားပါ။ 🙋‍♂️🙋‍♀️

Micromanaging ရဲ့ အားအေကာင္းဆုံးၿပိဳင္ဖက္က Transparent Communication ပါ။ ကိုယ့္ရဲ့ ဝန္ထမ္းေတြရဲ့ လိုအပ္ခ်က္ေတြကို နားေထာင္ၿပီး ကိုယ့္ဘက္က ျဖစ္ေစခ်င္တာေလးေတြကိုလည္း ေတာင္းဆိုပါ။ ၿပီးရင္ တစ္ေယာက္အေပၚ တစ္ေယာက္ ယုံၾကည့္မွုထားပါ။ ဒါဟာ အခ်ိန္တိုင္း အလုပ္လုပ္မလုပ္ လိုက္စစ္ၿပီး တစ္ေယာက္ေပၚ တစ္ေယာက္ မယုံၾကည္နိုင္တာထက္စာရင္ ပိုထိေရာက္နိုင္ပါတယ္။

📍၅။  ေပ်ာ္စရာ Meeting ေလးေတြထည့္ေပးပါ။ 👩‍🎤👨‍🎤
ေန႔တိုင္း အလုပ္ေတြလုပ္ၿပီး ပင္ပန္းျဖစ္ေနတဲ့အခ်ိန္မွာ ေပ်ာ္စရာ Meeting ေလးတစ္ခုထည့္ၿပီး ႐ုပ္ရွင္တူတူၾကည့္တာျဖစ္ျဖစ္၊ စကားစျမည္ေျပာတာျဖစ္ျဖစ္၊ Treasure Hunt ဂိမ္းေလးေတြ တူတူေဆာ့တာျဖစ္ျဖစ္ လုပ္ေပးျခင္းကလည္း ဝန္ထမ္းေတြ စိတ္ေျပလက္ေပ်ာက္ျဖစ္ေစမွာပါ။

ဒီလို ကာလမွာ အလုပ္ရွင္ေရာ၊ ဝန္ထမ္းေတြအတြက္ပါ ခက္ခဲပါတယ္။
ယုံၾကည္မွုနဲ႔ ပြင့္ပြင့္လင္းလင္း တိုင္ပင္ေဆြးေႏြးျခင္းျဖင့္ ဒီ အခက္အခဲ ေတြကို ေက်ာ္လႊားနိုင္ၿပီး ဝန္ထမ္းနဲ႔ ကိုယ့္ရဲ့ ရင္းႏွီးမွု ကို ေရရွည္တည္ျမဲေအာင္ တည္ေဆာက္နိုင္မယ္ဆိုရင္ေတာ့ အရွုံးထဲက အျမတ္ျဖစ္လာမွာပါ။

Written by Ei Myatnoe Aung

Reference
https://www.business2community.com/human-resources/working-from-home-101-tips-from-remote-work-experts-02295661

No comments: