Friday, May 29, 2020

ေတာၾကက္ခ်ဥ္စပ္ဟင္း - သက္သတ္လြတ္ခရမ္းသီးေပါင္း - ဝက္ေပါင္သားႏွမ္းကပ္ေၾကာ္ - င႐ုတ္သီးဆားေထာင္း

တောကြက်ချဉ်စပ်ဟင်း
---------------------------


ကြက်ဘူးသီးချဉ်စပ်၊ တောကြက်ချဉ်စပ်ဟင်းတွေက စားသောက်ဆိုင် တော်တော်များရဲ့ မီနူးမှာ တွေ့နေရပြီး လူအများကြိုက်နှစ်သက်တဲ့ ဟင်းတစ်ခွက်လည်း ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

မြန်မာကြက်  –  ၄၅၀ ဂရမ် (အတုံးသေးသေးတုံးထားပါ)

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အသားမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်နီ  –  ၁ဝဝ ဂရမ် (ပါးပါးလှီးထားပါ)

ရေ  –  ၁ လီတာ

ငရုတ်သီးစိမ်း  –  ၂၀ ဂရမ် (ထောင်းပါ)

ကြက်သွန်ဖြူ  –  ၈၀ ဂရမ် (ထောင်းပါ)

ငရုတ်ကောင်းစေ့အမည်း  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ချဉ်စော်ခါးသီးခြောက်  –  ၃ ဖတ် (ရေစိမ်ထားပါ)

ရှမ်းနံနံ  –  ၃ ပင်

ပြုလုပ်နည်း

၁။       ကြက်သားကို ဆား၊ နနွင်းမှုန့်၊ အသားမှုန့်တို့နှင့် နယ်ထားပါ။

၂။       ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းစေ့တို့ကို ရောပြီး ထောင်းထားပါ။

၃။       ပြီးလျှင် ဆီအိုးတည်၍ ကြက်သွန်နီထည့်ပြီး ဆီသတ်ပါ။

၄။       အနံ့မွှေးလာသည်နှင့် ထောင်းထားတဲ့ ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူအရောကို ထည့်ပြီး ဆီသတ်ပါ။

၅။       ပြီးလျှင် ကြက်သားကို ထည့်ပြီး မွှေပါ။

၆။       ကြက်သားအသားတင်းသည်နှင့် ရေထည့်ပါ။ ရေဆူသည်နှင့် ချဉ်စော်ခါးသီးခြောက် ထည့်ပြီး ကြက်သားနူးသည်အထိ ချက်ပါ။

၇။       ကြက်သားနူးလျှင် ရှမ်းနံနံကို ပါးပါးလှီးထည့်ပါ။ ပြီးလျှင် တောကြက်ချဉ်စပ်ဟင်း အဆင်သင့်ဖြစ်ပါပြီ။
-------------------------------------
Myint Oo Tha


သက်သတ်လွတ်ခရမ်းသီးပေါင်း
-------------------------------------


ပါဝင်ပစ္စည်းများ

ခရမ်းသီး (အလုံးကြီး)  –  ၁ လုံး

မှို (ပြုတ်ပြီး)  –  ၅ ပွင့်

ကြက်သွန်နီ –  ၁ လုံး

ကြက်သွန်ဖြူ  –  ၄ မြွှာ

ငရုတ်သီး (နီ/စိမ်း)  –  ၄ တောင့်

ကြက်သွန်မြိတ်  –  အနည်းငယ်

ပဲငံပြာရည် (အကြည်)  –  စားပွဲဇွန်း ၁ ဇွန်း

ပဲငံပြာရည် (အနောက်)  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

နှမ်းဆီမွှေး  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ခရမ်းသီးကို အကွင်းလိုက် မထူမပါး လှီးဖြတ်ထားပါ။

၂။       ဇလုံတစ်လုံးထဲ ကြက်သွန်ဖြူ/နီ (နုပ်နုပ်စဉ်း)၊ ငရုတ်သီး (တစ်ခြမ်းခြမ်း)၊ အရသာများ၊ ပဲငံပြာရည်များ၊ နှမ်းဆီမွှေးထည့်ပြီး အရသာပြုလုပ်ပေးပါ။

၃။       ပြီးလျှင် လှီးထားတဲ့ ခရမ်းသီး၊ မှိုတို့ပေါ်မှာ လောင်းထည့်ပြီး ၁၀ မိနစ်ခန့် ပေါင်းပါ။

၄။       ခရမ်းသီးနူးပြီး အရသာလည်း အနေတော်ဖြစ်ပြီဆိုလျှင် ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်ကို ဖြူးထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
-----------------------------------------
Eant Wint Htut


ဝက်ပေါင်သားနှမ်းကပ်ကြော်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°


ဝက်ပေါင်သား.............၃ဝကျပ်သား
ချင်းကြီးကြီး................၁တက်
ကြက်သွန်ဖြူ............... ၅မွှာ
ဟင်းချက်ဝိုင်အရက်......၁ဇွန်း
ABCပဲငံပြာရည်အကျဲ.....၂ဇွန်း
ABCပဲငံပြာရည်အပျစ်.....ဇွန်းဝက်
နှမ်းလှော်........................၂ဇွန်း
ရွှေလိပ်ပြာအကြော်မှုန့်.....၃ဇွန်း
ငရုတ်ကောင်းမှုန့်..............အနည်းငယ်

ဝက်ပေါင်သားကိုခပ်ပြားပြားအမြှောင်းငယ်များအဖြစ်လှီးဖြတ်ပါ။

အသားထဲသို့ ချင်း+ကြက်သွန်ဖြူထောင်းအရည်၊ ဟင်းချက်ဝိုင်အရက်၊ ငရုတ်ကောင်းမှုန့်၊ ABC ပဲငံပြာရည်အကျဲ၊ အပျစ်၊ သကြား၊ အရသာမှုန့်နယ်ပြီးအနည်းဆုံး(၃)နာရီကြာခန့်အအေးခန်း(သို့)သာမန်အခန်းအပူချိန်မှာနှပ်ထားပါ။

နှပ်ထားချိန်ပြည့်သွားလျှင် ဒယ်အိုးတစ်လုံးမှာဆီများများကိုအပူပေးထားပါ။

အရာသာနှပ်ထားတဲ့အသားတွေထဲ ရွှေလိပ်ပြာအကြော်မှုန့်လေးကိုအသားမှာကပ်ရုံလေးထည့်နယ်ပါ။

နှမ်းလှော်တွေကို ပန်ကန်းပြားထဲဖြန့်ထည့်ထားပါ။

ပူနေတဲ့ဆီထဲသို့ စပါးလင်(သို့)ချင်းပါးပါးလှီး(၃)ပြားခန့်ထည့်ဆီသပ်ပါ။ဆီမွှေးစေရန်အတွက်သာဖြစ်ပါသည်။

အသားပြားလေးတွေကိုနှမ်းလှော်ကပ်၍
ဆီပူပူထဲထည့်ကြော်ပြီးရွှေညိုရောင်လေးရအောင်ကြော်ယူဆီစစ်ပါ။

ABC Chilli Sauce (သို့)ဘိတ်ချဉ်လေးဖြင့်တွဲဖက်သုံးဆောင်ပါ။

ငရုတ်သီးဆားထောင်း
🌶🌶🌶🌶🌶🌶🌶


ငရုတ်ခြောက်တောင့်…………၅ကျပ်သား
ကြက်သွန်ဖြူ……………………၁၅တက်
ရှမ်းနံနံ………………………….၁စည်း
မန်ကျည်းသီးမှည့်……………ကျပ်ဝိုင်းပြားခန့်

ငရုတ်သီးဆားထောင်းဖို့ အဓိကကျဆုံးနည်းစနစ်က ငရုတ်သီးလှော်ဖို့ပါ။

မီးရှိန်အေးအေး အနေအထားမှာ အိုးကင်းကို ပူနေအောင်တည်ထားပါ။

အညှာခြွေထားတဲ့ ငရုတ်သီးတွေကို ထည့်လှော်ပါ ။

အနည်းငယ်ခြောက်ပြီး ကြွပ်လာပြီဆိုရင် ဆီ(၁)ဇွန်းခန့်ကို အနည်းငယ်ချင်းစီ ဆမ်းထည့်ပေးပါ။

အနည်းဆုံး နာရီဝက် ခန့်အချိန်ယူပြီး မွှေး၊ကျွမ်းနေအောင် လှော်ပါ။

ထိုစဉ်အချိန်အတွင်း မန်ကျည်းမှည့်ရည်ကို ရေစိုရုံလောက်လေး ရေနွေး စိမ်ထားသလို ကြက်သွန်ဖြူကို ခွာပြီး ထောင်းရလွယ်အောင်လေး စိတ်လောက်လှီးပါ။

 ရှမ်းနံနံတွေကိုလည်း ပါးပါးလှီးပါ။

ငရုတ်ဆုံထဲမှာ ငရုတ်သီးကို ဆား၊ဟင်းခတ်မှုန့်နှင့် ဦးစွာစထောင်းပါ။

ကြက်သွန်ဖြူ ဖတ်လေးတွေကို အနည်းငယ် စီထည့်ရင်း ထောင်းသွားပါ။

ငရုတ်သီးနှင့် ကြက်သွန်ဖြူ တွေ ခွဲ ခြမ်းအဆင့်ကို ကျော်ပြီဆိုရင် မန်ကျည်းသီးမှည့် ပျစ်ခဲခဲကိုအဖတ်လေးတွေပါ ရောထည့်ထောင်းပါ။

စေးထွေးတဲ့ အနေအထား ရောက်ပြီဆိုရင် ပါးပါးရိတ်ရိတ်လှီးထားတဲ့ ရှမ်းနံနံလေးတွေ ထည့်ထောင်းပါ။

ပထမအစမှာတော့ ငရုတ်သီးက ပူစပ်ပူလောင်ပုံစံမျိုး အစပ်ပြင်းနေတယ်လို့ ထင်ရပေမယ့် ၂ရက်လောက် ကြာတဲ့အခါ အရသာနှပ်ပြီး ထောင်းထားတဲ့ ငရုတ်သီးဆားထောင်းပုံစံမျိုး ရရှိပါပြီ။

သီးသန့်ဇွန်းလေးနဲ့ပဲ သုံးမယ်ဆိုရင် ရေခဲသေတ္တာ ထဲထည့်စရာမလိုပဲ အနည်းဆုံး(၁)လခန့်
ထမင်းစားပွဲပေါ်မှာတင်ထားလို့ ရနိူင်ပါတယ်။

(Zawgyi)

ေတာၾကက္ခ်ဥ္စပ္ဟင္း
---------------------------


ၾကက္ဘူးသီးခ်ဥ္စပ္၊ ေတာၾကက္ခ်ဥ္စပ္ဟင္းေတြက စားေသာက္ဆိုင္ ေတာ္ေတာ္မ်ားရဲ့ မီႏူးမွာ ေတြ႕ေနရၿပီး လူအမ်ားႀကိဳက္ႏွစ္သက္တဲ့ ဟင္းတစ္ခြက္လည္း ျဖစ္ပါတယ္။

ပါဝင္ပစၥည္းမ်ား

ျမန္မာၾကက္  –  ၄၅၀ ဂရမ္ (အတုံးေသးေသးတုံးထားပါ)

နႏြင္းမွုန႔္  –  လက္ဖက္ရည္ဇြန္း ၁/၂ ဇြန္း

ဆား  –  လက္ဖက္ရည္ဇြန္း ၁ ဇြန္း

အသားမွုန႔္  –  လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ၾကက္သြန္နီ  –  ၁၀ဝ ဂရမ္ (ပါးပါးလွီးထားပါ)

ေရ  –  ၁ လီတာ

င႐ုတ္သီးစိမ္း  –  ၂၀ ဂရမ္ (ေထာင္းပါ)

ၾကက္သြန္ျဖဴ  –  ၈၀ ဂရမ္ (ေထာင္းပါ)

င႐ုတ္ေကာင္းေစ့အမည္း  –  လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ခ်ဥ္ေစာ္ခါးသီးေျခာက္  –  ၃ ဖတ္ (ေရစိမ္ထားပါ)

ရွမ္းနံနံ  –  ၃ ပင္

ျပဳလုပ္နည္း

၁။       ၾကက္သားကို ဆား၊ နႏြင္းမွုန႔္၊ အသားမွုန႔္တို့ႏွင့္ နယ္ထားပါ။

၂။       င႐ုတ္သီးစိမ္း၊ ၾကက္သြန္ျဖဴႏွင့္ င႐ုတ္ေကာင္းေစ့တို့ကို ေရာၿပီး ေထာင္းထားပါ။

၃။       ၿပီးလၽွင္ ဆီအိုးတည္၍ ၾကက္သြန္နီထည့္ၿပီး ဆီသတ္ပါ။

၄။       အနံ့ေမႊးလာသည္ႏွင့္ ေထာင္းထားတဲ့ င႐ုတ္သီးစိမ္းႏွင့္ ၾကက္သြန္ျဖဴအေရာကို ထည့္ၿပီး ဆီသတ္ပါ။

၅။       ၿပီးလၽွင္ ၾကက္သားကို ထည့္ၿပီး ေမႊပါ။

၆။       ၾကက္သားအသားတင္းသည္ႏွင့္ ေရထည့္ပါ။ ေရဆူသည္ႏွင့္ ခ်ဥ္ေစာ္ခါးသီးေျခာက္ ထည့္ၿပီး ၾကက္သားႏူးသည္အထိ ခ်က္ပါ။

၇။       ၾကက္သားႏူးလၽွင္ ရွမ္းနံနံကို ပါးပါးလွီးထည့္ပါ။ ၿပီးလၽွင္ ေတာၾကက္ခ်ဥ္စပ္ဟင္း အဆင္သင့္ျဖစ္ပါၿပီ။
-------------------------------------
Myint Oo Tha


သက္သတ္လြတ္ခရမ္းသီးေပါင္း
-------------------------------------
ပါဝင္ပစၥည္းမ်ား

ခရမ္းသီး (အလုံးႀကီး)  –  ၁ လုံး

မွို (ျပဳတ္ၿပီး)  –  ၅ ပြင့္

ၾကက္သြန္နီ –  ၁ လုံး

ၾကက္သြန္ျဖဴ  –  ၄ ႁမႊာ

င႐ုတ္သီး (နီ/စိမ္း)  –  ၄ ေတာင့္

ၾကက္သြန္ၿမိတ္  –  အနည္းငယ္

ပဲငံျပာရည္ (အၾကည္)  –  စားပြဲဇြန္း ၁ ဇြန္း

ပဲငံျပာရည္ (အေနာက္)  –  လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ဆား  –  အနည္းငယ္

င႐ုတ္ေကာင္းမွုန႔္  –  အနည္းငယ္

ႏွမ္းဆီေမႊး  –  အနည္းငယ္

ျပဳလုပ္နည္း

၁။       ခရမ္းသီးကို အကြင္းလိုက္ မထူမပါး လွီးျဖတ္ထားပါ။

၂။       ဇလုံတစ္လုံးထဲ ၾကက္သြန္ျဖဴ/နီ (ႏုပ္ႏုပ္စဥ္း)၊ င႐ုတ္သီး (တစ္ျခမ္းျခမ္း)၊ အရသာမ်ား၊ ပဲငံျပာရည္မ်ား၊ ႏွမ္းဆီေမႊးထည့္ၿပီး အရသာျပဳလုပ္ေပးပါ။

၃။       ၿပီးလၽွင္ လွီးထားတဲ့ ခရမ္းသီး၊ မွိုတို့ေပၚမွာ ေလာင္းထည့္ၿပီး ၁၀ မိနစ္ခန႔္ ေပါင္းပါ။

၄။       ခရမ္းသီးႏူးၿပီး အရသာလည္း အေနေတာ္ျဖစ္ၿပီဆိုလၽွင္ ပါးပါးလွီးထားတဲ့ ၾကက္သြန္ၿမိတ္ကို ျဖဴးထည့္ၿပီး သုံးေဆာင္နိုင္ပါၿပီ။
-----------------------------------------
Eant Wint Htut


ဝက္ေပါင္သားႏွမ္းကပ္ေၾကာ္
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°


ဝက္ေပါင္သား.............၃၀က်ပ္သား
ခ်င္းႀကီးႀကီး................၁တက္
ၾကက္သြန္ျဖဴ............... ၅မႊာ
ဟင္းခ်က္ဝိုင္အရက္......၁ဇြန္း
ABCပဲငံျပာရည္အက်ဲ.....၂ဇြန္း
ABCပဲငံျပာရည္အပ်စ္.....ဇြန္းဝက္
ႏွမ္းေလွာ္........................၂ဇြန္း
ေရႊလိပ္ျပာအေၾကာ္မွုန္႔.....၃ဇြန္း
င႐ုတ္ေကာင္းမွုန္႔..............အနည္းငယ္

ဝက္ေပါင္သားကိုခပ္ျပားျပားအေျမႇာင္းငယ္မ်ားအျဖစ္လွီးျဖတ္ပါ။

အသားထဲသို့ ခ်င္း+ၾကက္သြန္ျဖဴေထာင္းအရည္၊ ဟင္းခ်က္ဝိုင္အရက္၊ င႐ုတ္ေကာင္းမွုန္႔၊ ABC ပဲငံျပာရည္အက်ဲ၊ အပ်စ္၊ သၾကား၊ အရသာမွုန္႔နယ္ၿပီးအနည္းဆုံး(၃)နာရီၾကာခန္႔အေအးခန္း(သို့)သာမန္အခန္းအပူခ်ိန္မွာႏွပ္ထားပါ။

ႏွပ္ထားခ်ိန္ျပည့္သြားလၽွင္ ဒယ္အိုးတစ္လုံးမွာဆီမ်ားမ်ားကိုအပူေပးထားပါ။

အရာသာႏွပ္ထားတဲ့အသားေတြထဲ ေရႊလိပ္ျပာအေၾကာ္မွုန္႔ေလးကိုအသားမွာကပ္႐ုံေလးထည့္နယ္ပါ။

ႏွမ္းေလွာ္ေတြကို ပန္ကန္းျပားထဲျဖန္႔ထည့္ထားပါ။

ပူေနတဲ့ဆီထဲသို့ စပါးလင္(သို့)ခ်င္းပါးပါးလွီး(၃)ျပားခန္႔ထည့္ဆီသပ္ပါ။ဆီေမႊးေစရန္အတြက္သာျဖစ္ပါသည္။

အသားျပားေလးေတြကိုႏွမ္းေလွာ္ကပ္၍
ဆီပူပူထဲထည့္ေၾကာ္ၿပီးေရႊညိဳေရာင္ေလးရေအာင္ေၾကာ္ယူဆီစစ္ပါ။

ABC Chilli Sauce (သို့)ဘိတ္ခ်ဥ္ေလးျဖင့္တြဲဖက္သုံးေဆာင္ပါ။

င႐ုတ္သီးဆားေထာင္း
🌶🌶🌶🌶🌶🌶🌶

င႐ုတ္ေျခာက္ေတာင့္…………၅က်ပ္သား
ၾကက္သြန္ျဖဴ……………………၁၅တက္
႐ွမ္းနံနံ………………………….၁စည္း
မန္က်ည္းသီးမွည့္……………က်ပ္ဝိုင္းျပားခန္႔

င႐ုတ္သီးဆားေထာင္းဖို႔ အဓိကက်ဆုံးနည္းစနစ္က င႐ုတ္သီးေလွာ္ဖို႔ပါ။

မီး႐ွိန္ေအးေအး အေနအထားမွာ အိုးကင္းကို ပူေနေအာင္တည္ထားပါ။

အညႇာေႁခြထားတဲ့ င႐ုတ္သီးေတြကို ထည့္ေလွာ္ပါ ။

အနည္းငယ္ေျခာက္ၿပီး ႂကြပ္လာၿပီဆိုရင္ ဆီ(၁)ဇြန္းခန္႔ကို အနည္းငယ္ခ်င္းစီ ဆမ္းထည့္ေပးပါ။

အနည္းဆုံး နာရီဝက္ ခန္႔အခ်ိန္ယူၿပီး ေမႊး၊ကြၽမ္းေနေအာင္ ေလွာ္ပါ။

ထိုစဥ္အခ်ိန္အတြင္း မန္က်ည္းမွည့္ရည္ကို ေရစို႐ုံေလာက္ေလး ေရေႏြး စိမ္ထားသလို ၾကက္သြန္ျဖဴကို ခြာၿပီး ေထာင္းရလြယ္ေအာင္ေလး စိတ္ေလာက္လွီးပါ။

 ႐ွမ္းနံနံေတြကိုလည္း ပါးပါးလွီးပါ။

င႐ုတ္ဆုံထဲမွာ င႐ုတ္သီးကို ဆား၊ဟင္းခတ္မွဳန္႔ႏွင့္ ဦးစြာစေထာင္းပါ။

ၾကက္သြန္ျဖဴ ဖတ္ေလးေတြကို အနည္းငယ္ စီထည့္ရင္း ေထာင္းသြားပါ။

င႐ုတ္သီးႏွင့္ ျကက္သြန္ျဖဴ ေတြ ခြဲ ျခမ္းအဆင့္ကို ေက်ာ္ၿပီဆိုရင္ မန္က်ည္းသီးမွည့္ ပ်စ္ခဲခဲကိုအဖတ္ေလးေတြပါ ေရာထည့္ေထာင္းပါ။

ေစးေထြးတဲ့ အေနအထား ေရာက္ၿပီဆိုရင္ ပါးပါးရိတ္ရိတ္လွီးထားတဲ့ ႐ွမ္းနံနံေလးေတြ ထည့္ေထာင္းပါ။

ပထမအစမွာေတာ့ င႐ုတ္သီးက ပူစပ္ပူေလာင္ပုံစံမ်ိဳး အစပ္ျပင္းေနတယ္လို႔ ထင္ရေပမယ့္ ၂ရက္ေလာက္ ၾကာတဲ့အခါ အရသာႏွပ္ၿပီး ေထာင္းထားတဲ့ င႐ုတ္သီးဆားေထာင္းပုံစံမ်ိဳး ရရိွပါၿပီ။

သီးသန္႔ဇြန္းေလးနဲ႔ပဲ သုံးမယ္ဆိုရင္ ေရခဲေသတၱာ ထဲထည့္စရာမလိုပဲ အနည္းဆုံး(၁)လခန္႔
ထမင္းစားပြဲေပၚမွာတင္ထားလို႔ ရႏိူင္ပါတယ္။

No comments: