Wednesday, May 6, 2020

မႏၲေလးျၿမိဳ႕ ဖြဲ႕စည္းတည္ေဆာက္ပုံ

မႏၱေလး ဟူသည္...
---------------------------


          သကၠရာဇ္ ၁၂၂၁ခုႏွစ္တြင္ ေနျပည္ေတာ္အျဖစ္ အသစ္တည္ မႏၲေလးသည္ ေရႊႀကိဳးသတ္ နယ္ေျမသေဘာအရ ေတာင္အလား ဒု႒ဝတီျမစ္၊ ေျမာက္အလား မတၱရာျမစ္၊ အေရွ႕အလား နတ္ထိပ္ ေတာင္႐ိုး အထိ၊ အေနာက္အလား ဧရာဝတီျမစ္တို႕ျဖစ္ေၾကာင္း ၁၈၅၇ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၃ ရက္၊ ေကာဇာသကၠရာဇ္ ၁၂၁၈ ခု တပို႕တြဲလျပည့္ေက်ာ္ ၅ ရက္ေန႕ထိုး ေက်ာက္စာတြင္ အေသးစိတ္ ေရးထိုးထားသည္။ ေက်ာက္စာပါနယ္ေျမေဒသမ်ားကို ေျမပံုအမ်ိဳးမ်ိဳးျဖင့္ အတိအက်ပင္ ျမစ္၊ ေခ်ာင္း၊ အင္းႏွင့္ တူးေျမာင္း၊ ဆည္၊ ကန္၊ ေက်းရြာအမည္မ်ားျဖင့္ ျပည့္ျပည့္စံုစံု ေရးဆြဲေဖာ္ျပထားၾက၏။ ေရွးျမန္မာ ေျမပံုေရးဆြဲပံုစနစ္အတိုင္း စေကးကိုက္ အကြာအေဝး၊ အက်ယ္အဝန္းျပ မဟုတ္ဘဲ ပကတိအရွိ မ်က္ျမင္ကို သ႐ုပ္ေဖာ္ ေရးဆြဲသည့္ ေျမပံုမ်ားျဖစ္သည္။ ထိုေျမပံုမ်ားအရ မႏၲေလး ေရႊႀကိဳးသတ္ နယ္နိမိတ္မွာ အလ်ားမိုင္ ၃ဝ၊ အနံ ရွစ္မိုင္မွ် က်ယ္ဝန္းသည္ကို ေတြ႕ရေပမည္။

မႏၲေလးေတာင္ေတာ္၏ အရိပ္ကို ခိုလႈံ
-----------------------------------------
 က်ံဳးေလးဘက္ေလးတန္ ကာရံ၍ အုတ္ၿမိဳ႕႐ိုးႀကီးျဖင့္ စတုရန္းက်က် တည္ေဆာက္ထားေသာ နန္းၿမိဳ႕ေတာ္ႀကီးမွာ တစ္ဖက္လွ်င္ တာ ၆ဝဝ အညီအမွ်ျဖင့္ စုစုေပါင္း တာ ၂၄ဝဝ ရွိ၏။ ၿမိဳ႕တည္သည့္ သာသနာ သကၠရာဇ္ ၂၄ဝဝ ကို အမွတ္အသားျပဳျခင္း ျဖစ္သည္။ (တစ္တာလွ်င္ ခုနစ္ေတာင္၊ တစ္ေတာင္ ၁၉ လက္မျဖင့္တြက္လွ်င္ ၿမိဳ႕႐ိုးတစ္ဖက္ ၁ မိုင္ ၂ ဖာလံု ၅၅ ကိုက္မွ်ရွိၿပီး ေလးဘက္ ေပါင္း ၅ မိုင္ ႏွင့္ ၁ ဖာလံုရွိသည္။) ၿမိဳ႕ေတာ္တြင္း၌ တာ ၅ဝ လွ်င္ တစ္ျပ (ေပ ၅၅ဝ ေက်ာ္) ျဖင့္ အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္ ၁၂ ျပစီျဖင့္ စတုရန္း ျပကြက္ႀကီးေပါင္း ၁၄၄ ကြက္ လ်ာထားသည္။ ၿမိဳ႕ျပင္၌လည္း ¤င္းအတိုင္းအထြာ ျပမ်ားအတိုင္း လမ္းမ်ားေဖာက္ကာ အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္ ကန္႕လန္႕ ျဖတ္ လမ္းမ်ားျဖင့္ စတုရန္းပံု ဝင္းႀကီးမ်ားကို ဖြဲ႕စည္းသည္။
 မႏၲေလးေတာင္ေတာ္၏ အရိပ္ကို ခိုလႈံသည့္ နိမိတ္ကိုေဆာင္သည့္အေနျဖင့္ နန္းၿမိဳ႕ေတာ္က ေျမာက္ဖ်ား မႏၲေလးေတာင္ေျခ၌ တည္ရွိၿပီး ၿမိဳ႕၏အခင္းအက်င္းက ေတာင္ေျမာက္အလ်ား ေျခာက္မိုင္ခြဲခန္႔၊ အေရွ႕အေနာက္ အနံ ေလးမိုင္ခန္႔ရွိေသာေၾကာင့္ စတင္တည္စဥ္က မႏၲေလး၏ အက်ယ္အဝန္းမွာ ဧရိယာ စတုရန္းမိုင္ ၂၄.၆၅ ခန္႕ ရွိသည္။ ၿမိဳ႕ကို ေလးျပင္ေလးရပ္ ခြဲျခားသတ္မွတ္ကာ အရပ္ဦးေရ ၅၄ ဌာန ကို အမည္သမုတ္ ေခၚတြင္ေစခဲ့၏။ နန္းေတာ္ကို ဗဟိုျပဳ၍ နန္းၿမိဳ႕႐ိုး၏ အေရွ႕ဘက္ ပိုင္းကို အေရွ႕ျပင္၊ အေနာက္ဘက္က်ေသာ အပိုင္းကို အေနာက္ျပင္၊ ေျမာက္ဘက္ က်ေသာ အပိုင္းကို ေျမာက္ျပင္ဟု အၾကမ္းဖ်ဥ္း သတ္မွတ္သည္။

လွပခံ့ညား နန္းဆန္ေသာ နာမည္မ်ား
---------------------------------------
 အတိအက် ဆိုရပါမႈ အေရွ႕ဘက္ၿမိဳ႕႐ိုးႏွင့္ အေနာက္ဘက္ၿမိဳ႕႐ိုးကို မူတည္ၿပီး အေရွ႕ဘက္ၿမိဳ႕႐ိုးအတိုင္း ေတာင္ေျမာက္မ်ဥ္းေျဖာင့္ဆြဲ၍ မ်ဥ္းအေရွ႕ဘက္ကို အေရွ႕ျပင္၊ မ်ဥ္းအေနာက္ဘက္ကို ေတာင္ျပင္ သတ္မွတ္သည္။ ထို႕အတူ အေနာက္ၿမိဳ႕႐ိုး အတိုင္း ေတာင္ေျမာက္ မ်ဥ္းေျဖာင့္တစ္ေၾကာင္း ဆြဲေစျပန္ၿပီး မ်ဥ္းအေနာက္ဘက္ကို အေနာက္ျပင္၊ မ်ဥ္းအေရွ႕ဘက္ကို ေတာင္ျပင္သတ္မွတ္ၿပီး၊ ေျမာက္ဘက္တြင္မူ အေနာက္ဘက္ ၿမိဳ႕႐ိုးအလိုက္ မဟုတ္ဘဲ ေျမာက္ဘက္ၿမိဳ႕႐ိုးအတိုင္း အေရွ႕သို႕ ေလးျပတိတိ တက္ၿပီးမွ ေျမာက္တည့္တည့္မ်ဥ္းေျဖာင့္ ဆြဲေစသည္။ ထိုမ်ဥ္းေျဖာင့္ႏွင့္ အေရွ႕ၿမိဳ႕႐ိုး မ်ဥ္းေျဖာင့္ၾကားမွာ ေျမာက္ျပင္ ျဖစ္၏။

 ထို႕ေၾကာင့္ အေရွ႕ျပင္တြင္ ရပ္ကြက္ႀကီး ခုနစ္ကြက္၊ ေတာင္ျပင္တြင္ ရပ္ကြက္ႀကီး ၁၃ ကြက္၊ အေနာက္ျပင္တြင္ ရပ္ကြက္ႀကီး ၂၉ ကြက္ႏွင့္ ေျမာက္ျပင္ တြင္ ရပ္ကြက္ႀကီး ငါးကြက္ျဖင့္ ဖြဲ႕စည္းထားၿပီး စုစုေပါင္းရပ္ကြက္ ၅၄ ကြက္ ရွိသည္။ ၅၄ ကြက္စလံုးလည္း လွပခံ့ညား နန္းဆန္ေသာ နာမည္မ်ား ေပးခဲ့၏။ ယခုေသာ္ ထိုရပ္ကြက္မ်ားမွာမူ နာမည္မ်ား တိမ္ျမဳပ္ ေပ်ာက္ကြယ္သြားၾက၏။ ဥပမာ- ဝိဇယမဟီ၊ ေဇယမဂၤလာ၊ ဘူမိေဇယာ၊ ဇမၺဴ႕ၾကငွန္း၊ တုလြတ္ရန္ေအာင္၊ ေဘးမဲ့လြတ္ေရွာင္၊ ကြၽန္းလံုးေၾကညာ၊ ဘုန္းေတာ္ေရာင္၊ ျမကြၽန္းတန္ေဆာင္၊ ျမနန္းေအာင္ေျမ၊ ျမနန္းစံရာ၊ ျမနန္းဘံုသာ၊ ျမကြၽန္းေျမငူ ဟူသည့္အမည္ႏွင့္ ရပ္ကြက္မ်ားျဖစ္သည္။ ၅၄ ကြက္ေသာ ရပ္ကြက္ႀကီးမ်ား အပါအဝင္ ေလးျပင္ ေလးရပ္ျဖင့္ ဖြဲ႕စည္းထားသည္။ ၿမိဳ႕ႀကီးကို ထု ၁ဝ တာ (ေပ ၁၂ဝ နီးပါး)၊ ထိပ္ျပင္ ေျခာက္တာ (ေပ ၇ဝ ေက်ာ္)၊ အျမင့္ သံ ၁ဝ ေတာင္ (၁၈ ေပနီးပါး) ရွိၿပီး တံခါး ၅၇ ရပ္ ပါဝင္သည့္အျပင္ ေျမၿမိဳ႕႐ိုးႀကီးျဖင့္ ကာဆီးထားသည္။  
                                                                                                        ဆူးငွက္ 

--------------------------------------------------------------------------

မႏၲေလး ဖြဲ႕စည္းတည္ေဆာက္ပုံ
===================
 ရတနာပုံေရႊၿမိဳ့ေတာ္သည္ သာသနာေတာ္ႏွစ္ ၂၄ဝဝ ျပည့္ႏွစ္တြင္ တည္သည့္ အထိမ္းအမွတ္အရ တစ္ျပလၽွင္ တာ ၅ဝ၊ အေရွ႕ အေနာက္ ၁၂ျပ၊ တာ ၆ဝဝ၊ ေတာင္ေျမာက္ ၁၂ျပ၊ တာ ၆ဝဝ၊ ျပကြက္ေပါင္း ၁၄၄ ကြက္ ေဖာ္ထားသည္။ နန္းၿမိဳ့ေတာ္ ရာျပကြက္ေပါင္း ၁၄၄ ကြက္ ေဖာ္ထားသည္။ နန္းၿမိဳ့ေတာ္ ရာျပကြက္ေပါင္း ၁၆ ကြက္ကို ႏုတ္ေသာ္ က်န္ျပကြက္ ၁ဝ၈ ကြက္တြင္ မင္းမိဖုရား၊ အိမ္ေရွ႕ မင္း၊ မင္းညီမင္းသား၊ မွူးေတာ္ မတ္ေတာ္၊ သူေ႒း သူႂကြယ္၊ အမွုထမ္းမ်ား၊ ဆင္းရဲသားမ်ား ေနထိုင္ရန္ ခ်မွတ္ေပးခဲ့သည္။ ၿမိဳ့ေတာ္ ေရႊႀကိဳးသတ္နယ္အျဖစ္ ေတာင္ကိုအလား ဒု႒ဝတီေခၚ ျမစ္ငယ္ျမစ္၊ ေျမာက္ကိုအလား မတၱရာျမစ္၊ အေနာက္ကိုအလား ဧရာဝတီျမစ္၊ အေရွ႕ကိုအလား နတ္ထိပ္ေတာင္ရိုးဟူ၍ သတ္မွတ္ခဲ့သည္။

ေလးျပင္ေလးရပ္
-------------------
             ေရႊၿမိဳ့ေတာ္ ေလးျပင္ေလးရပ္အတြက္ ရပ္ကြက္ ၅၄ ရပ္ကြက္ သတ္မွတ္ရာတြင္ အေရွ႕ျပင္၌ ၁။ ကၽြန္းလုံးေမာ္၊ ၂။ ဝိဇယမဟီ၊ ၃။ ေဇယ်မဂၤလ၊ ၄။ ဘူမိေဇယာ၊ ၅။ မဟာေဇယ်ဘုံ၊ ၆။ ျပည္ႀကီးမ်က္မွန္၊ ၇။ ျပည္ႀကီးမ်က္ရွင္။

 ေတာင္ျပင္၌ ၈။ ပတ္ကုံးေပ်ာ္ဘြယ္၊ ၉။ ဇမၺဴမ်က္ရွင္၊ ၁ဝ။ ပတ္ကုန္းဝန္းက်င္၊ ၁၁။ ရန္မ်ိဳးလုံ၊ ၁၂။ မဟာႏြယ္စဥ္၊ ၁၃။ သက် ႏြယ္စဥ္၊ (စၾကာႏြယ္စဥ္ဟု ေရးသည္။) ၁၄။ ေမာရဂီဝါ၊ ၁၅။ စိၾတမဟီ၊ ၁၆။ ေဟမာဇလ၊ ၁၇။ ကဥၥနမဟီ၊ ၁၈။ေဟမမာလာ၊ ၁၉။ ခ်မ္းျမ သာစည္၊ ၂ဝ။ ေအာင္ခ်မ္းသာ။

 အေနာက္ျပင္၌ ၂၁။ အမရစံေခါင္၊ ၂၂။ အမရဌာနီ၊ ၂၃။ ျပည္လုံးခ်မ္းသာ၊ ၂၄။ ေမဃဂီရိ၊ ၂၅။ ပုလဲေငြေရာင္၊ ၂၆။ ျပည္ႀကီးက်က္ သေရ၊ ၂၇။ ေအာင္ေျမရန္လုံ၊ ၂၈။ဇမၺဴၾကငွန္း၊ ၂၉။ခ်မ္းေအးသာစံ၊ ၃ဝ။ တုလြတ္ရန္ေအာင္၊ ၃၁။ ေဘးမဲ့လြတ္ေရွာင္၊ ၃၂။ေအာင္နန္းရိပ္သာ၊ ၃၃။ ရတနာဘူမိ၊ (ဘုမၼိဟု ေရးသည္) ၃၄။ မဟာေအာင္ေျမ၊ ၃၅။ ကၽြန္းလုံးေၾကျငာ၊ ၃၆။ ေရႊဘုန္းရွိန္၊ ၃၇။ ကၽြန္းလုံးဥေသၽွာင္၊ ၃၈။ တမၸဝတီ၊ ၃၉။ သန္လ်က္ေမာ္။ ၄ဝ။ စိန္ပန္း၊ ၄၁။ ေဒးဝန္း၊ ၄၂။ ျပည္ႀကီးေပ်ာ္ဘြယ္၊ ၄၃။ သီရိေဟမာ၊ ၄၄။ သီရိမာလာ၊ ၄၅။ေအာင္ေျမ သာစံ၊ ၄၆။ ျပည္ႀကီးရန္လုံ၊ ၄၇။ မင္းတဲ့အီကင္း၊ ၄၈။ ဘုန္းေတာ္ေရာင္၊ ၄၉။ ေညာင္ကြဲ။

 ေျမာက္ျပင္၌ ၅ဝ။ ျမကၽြန္းတန္ေဆာင္၊ ၅၁။ျမနန္းေအာင္ေျမ၊ ၅၂။ ျမနန္းစံရာ၊ ၅၃။ ျမနန္းဘုံသာ၊ ၅၄။ျမကၽြန္းေျမငူ၊ ဟူ၍ ကုန္း ေဘာင္ဆက္ မဟာရာဇဝင္ေတာ္ႀကီး၌ ေဖာ္ျပထားခဲ့သည္။

လြပ္လပ္ေရးရၿပီးေနာက္ပိုင္း
--------------------------------
 လြတ္လပ္ေရးရၿပီးေနာက္ ေခတ္အဆက္ဆက္ မႏၲေလးၿမိဳ့ကို ၿမိဳ့နယ္ အသီးသီး ခြဲျခားလိုက္ေသာအခါ မူလသတ္မွတ္ ရပ္ကြက္မ်ား အတိုင္း မဟုတ္ေတာ့ဘဲ တစ္ၿမိဳ့ နယ္လၽွင္ ရပ္ကြက္ ၁၆ ရပ္ကြက္၊ ၁၂ ရပ္ကြက္ စသည္ျဖင့္ ကြဲျပားသြားခဲ့သည္။ အခ်ိဳ့ရပ္ကြက္မ်ားမွာလည္း အမည္သာရွိေသာလည္း ေပ်ာက္ကြယ္သြားခဲ့သည္။ ရပ္ကြက္ေပါင္း ၃၈ အမည္သာ ထင္ရွားက်န္ရစ္သည္။ ရပ္ကြက္ဝင္းမ်ားမွာ ပိုင္ဆိုင္သူ အႀကီးအကဲမ်ား ေနထိုင္ရာ၊ သို့မဟုတ္ လုပ္ငန္းအလိုက္ ေနရာခ်ထားေပးရာ အစုအလိုက္ နာမည္မ်ားျဖင့္ ယေန႔တိုင္ ေခၚေဝၚဆဲရွိသည္။ သကၤန္းတန္း၊ ထီးတန္း၊ စကၠဴတန္း၊ ေက်ာက္ေသြးတန္း၊ ဆိုင္းတန္း၊ သေဘၤာတန္း၊ ေက်ာက္ဆစ္တန္း၊ ခဲလန္တန္း၊ ထန္းလ်က္တန္း၊ ပဲပုပ္တန္း၊ ပြဲစားတန္း စသည္ျဖင့္ မႏၲေလးၿမိဳ့၏ ရိုးရာယဥ္ေက်းမွု၊ စက္မွုလက္မွု အေရာင္းအဝယ္လုပ္ငန္းအလိုက္ ေနရာ၊ အကြက္ဝင္းမ်ား ထင္ရွားရွိသည္။

ဆူးငွက္

---------------------------------------------------------------------------------

မန္တလေး ဟူသည်...
---------------------------


          သက္ကရာဇ် ၁၂၂၁ခုနှစ်တွင် နေပြည်တော်အဖြစ် အသစ်တည် မန္တလေးသည် ရွှေကြိုးသတ် နယ်မြေသဘောအရ တောင်အလား ဒုဋ္ဌဝတီမြစ်၊ မြောက်အလား မတ္တရာမြစ်၊ အရှေ့အလား နတ်ထိပ် တောင်ရိုး အထိ၊ အနောက်အလား ဧရာဝတီမြစ်တို့ဖြစ်ကြောင်း ၁၈၅၇ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်၊ ကောဇာသက္ကရာဇ် ၁၂၁၈ ခု တပို့တွဲလပြည့်ကျော် ၅ ရက်နေ့ထိုး ကျောက်စာတွင် အသေးစိတ် ရေးထိုးထားသည်။ ကျောက်စာပါနယ်မြေဒေသများကို မြေပုံအမျိုးမျိုးဖြင့် အတိအကျပင် မြစ်၊ ချောင်း၊ အင်းနှင့် တူးမြောင်း၊ ဆည်၊ ကန်၊ ကျေးရွာအမည်များဖြင့် ပြည့်ပြည့်စုံစုံ ရေးဆွဲဖော်ပြထားကြ၏။ ရှေးမြန်မာ မြေပုံရေးဆွဲပုံစနစ်အတိုင်း စကေးကိုက် အကွာအဝေး၊ အကျယ်အဝန်းပြ မဟုတ်ဘဲ ပကတိအရှိ မျက်မြင်ကို သရုပ်ဖော် ရေးဆွဲသည့် မြေပုံများဖြစ်သည်။ ထိုမြေပုံများအရ မန္တလေး ရွှေကြိုးသတ် နယ်နိမိတ်မှာ အလျားမိုင် ၃ဝ၊ အနံ ရှစ်မိုင်မျှ ကျယ်ဝန်းသည်ကို တွေ့ရပေမည်။

မန္တလေးတောင်တော်၏ အရိပ်ကို ခိုလှုံ
-----------------------------------------
 ကျုံးလေးဘက်လေးတန် ကာရံ၍ အုတ်မြို့ရိုးကြီးဖြင့် စတုရန်းကျကျ တည်ဆောက်ထားသော နန်းမြို့တော်ကြီးမှာ တစ်ဖက်လျှင် တာ ၆ဝဝ အညီအမျှဖြင့် စုစုပေါင်း တာ ၂၄ဝဝ ရှိ၏။ မြို့တည်သည့် သာသနာ သက္ကရာဇ် ၂၄ဝဝ ကို အမှတ်အသားပြုခြင်း ဖြစ်သည်။ (တစ်တာလျှင် ခုနစ်တောင်၊ တစ်တောင် ၁၉ လက်မဖြင့်တွက်လျှင် မြို့ရိုးတစ်ဖက် ၁ မိုင် ၂ ဖာလုံ ၅၅ ကိုက်မျှရှိပြီး လေးဘက် ပေါင်း ၅ မိုင် နှင့် ၁ ဖာလုံရှိသည်။) မြို့တော်တွင်း၌ တာ ၅ဝ လျှင် တစ်ပြ (ပေ ၅၅ဝ ကျော်) ဖြင့် အရှေ့၊ အနောက်၊ တောင်၊ မြောက် ၁၂ ပြစီဖြင့် စတုရန်း ပြကွက်ကြီးပေါင်း ၁၄၄ ကွက် လျာထားသည်။ မြို့ပြင်၌လည်း ¤င်းအတိုင်းအထွာ ပြများအတိုင်း လမ်းများဖောက်ကာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ကန့်လန့် ဖြတ် လမ်းများဖြင့် စတုရန်းပုံ ဝင်းကြီးများကို ဖွဲ့စည်းသည်။
 မန္တလေးတောင်တော်၏ အရိပ်ကို ခိုလှုံသည့် နိမိတ်ကိုဆောင်သည့်အနေဖြင့် နန်းမြို့တော်က မြောက်ဖျား မန္တလေးတောင်ခြေ၌ တည်ရှိပြီး မြို့၏အခင်းအကျင်းက တောင်မြောက်အလျား ခြောက်မိုင်ခွဲခန့်၊ အရှေ့အနောက် အနံ လေးမိုင်ခန့်ရှိသောကြောင့် စတင်တည်စဉ်က မန္တလေး၏ အကျယ်အဝန်းမှာ ဧရိယာ စတုရန်းမိုင် ၂၄.၆၅ ခန့် ရှိသည်။ မြို့ကို လေးပြင်လေးရပ် ခွဲခြားသတ်မှတ်ကာ အရပ်ဦးရေ ၅၄ ဌာန ကို အမည်သမုတ် ခေါ်တွင်စေခဲ့၏။ နန်းတော်ကို ဗဟိုပြု၍ နန်းမြို့ရိုး၏ အရှေ့ဘက် ပိုင်းကို အရှေ့ပြင်၊ အနောက်ဘက်ကျသော အပိုင်းကို အနောက်ပြင်၊ မြောက်ဘက် ကျသော အပိုင်းကို မြောက်ပြင်ဟု အကြမ်းဖျဉ်း သတ်မှတ်သည်။

လှပခံ့ညား နန်းဆန်သော နာမည်များ
---------------------------------------
 အတိအကျ ဆိုရပါမှု အရှေ့ဘက်မြို့ရိုးနှင့် အနောက်ဘက်မြို့ရိုးကို မူတည်ပြီး အရှေ့ဘက်မြို့ရိုးအတိုင်း တောင်မြောက်မျဉ်းဖြောင့်ဆွဲ၍ မျဉ်းအရှေ့ဘက်ကို အရှေ့ပြင်၊ မျဉ်းအနောက်ဘက်ကို တောင်ပြင် သတ်မှတ်သည်။ ထို့အတူ အနောက်မြို့ရိုး အတိုင်း တောင်မြောက် မျဉ်းဖြောင့်တစ်ကြောင်း ဆွဲစေပြန်ပြီး မျဉ်းအနောက်ဘက်ကို အနောက်ပြင်၊ မျဉ်းအရှေ့ဘက်ကို တောင်ပြင်သတ်မှတ်ပြီး၊ မြောက်ဘက်တွင်မူ အနောက်ဘက် မြို့ရိုးအလိုက် မဟုတ်ဘဲ မြောက်ဘက်မြို့ရိုးအတိုင်း အရှေ့သို့ လေးပြတိတိ တက်ပြီးမှ မြောက်တည့်တည့်မျဉ်းဖြောင့် ဆွဲစေသည်။ ထိုမျဉ်းဖြောင့်နှင့် အရှေ့မြို့ရိုး မျဉ်းဖြောင့်ကြားမှာ မြောက်ပြင် ဖြစ်၏။

 ထို့ကြောင့် အရှေ့ပြင်တွင် ရပ်ကွက်ကြီး ခုနစ်ကွက်၊ တောင်ပြင်တွင် ရပ်ကွက်ကြီး ၁၃ ကွက်၊ အနောက်ပြင်တွင် ရပ်ကွက်ကြီး ၂၉ ကွက်နှင့် မြောက်ပြင် တွင် ရပ်ကွက်ကြီး ငါးကွက်ဖြင့် ဖွဲ့စည်းထားပြီး စုစုပေါင်းရပ်ကွက် ၅၄ ကွက် ရှိသည်။ ၅၄ ကွက်စလုံးလည်း လှပခံ့ညား နန်းဆန်သော နာမည်များ ပေးခဲ့၏။ ယခုသော် ထိုရပ်ကွက်များမှာမူ နာမည်များ တိမ်မြုပ် ပျောက်ကွယ်သွားကြ၏။ ဥပမာ- ဝိဇယမဟီ၊ ဇေယမင်္ဂလာ၊ ဘူမိဇေယာ၊ ဇမ္ဗူ့ကြငှန်း၊ တုလွတ်ရန်အောင်၊ ဘေးမဲ့လွတ်ရှောင်၊ ကျွန်းလုံးကြေညာ၊ ဘုန်းတော်ရောင်၊ မြကျွန်းတန်ဆောင်၊ မြနန်းအောင်မြေ၊ မြနန်းစံရာ၊ မြနန်းဘုံသာ၊ မြကျွန်းမြေငူ ဟူသည့်အမည်နှင့် ရပ်ကွက်များဖြစ်သည်။ ၅၄ ကွက်သော ရပ်ကွက်ကြီးများ အပါအဝင် လေးပြင် လေးရပ်ဖြင့် ဖွဲ့စည်းထားသည်။ မြို့ကြီးကို ထု ၁ဝ တာ (ပေ ၁၂ဝ နီးပါး)၊ ထိပ်ပြင် ခြောက်တာ (ပေ ရဝ ကျော်)၊ အမြင့် သံ ၁ဝ တောင် (၁၈ ပေနီးပါး) ရှိပြီး တံခါး ၅၇ ရပ် ပါဝင်သည့်အပြင် မြေမြို့ရိုးကြီးဖြင့် ကာဆီးထားသည်။  
                                                                                                        ဆူးငှက်

--------------------------------------------------------------------------

မန္တလေး ဖွဲ့စည်းတည်ဆောက်ပုံ
===================
 ရတနာပုံရွှေမြို့တော်သည် သာသနာတော်နှစ် ၂၄ဝဝ ပြည့်နှစ်တွင် တည်သည့် အထိမ်းအမှတ်အရ တစ်ပြလျှင် တာ ၅ဝ၊ အရှေ့ အနောက် ၁၂ပြ၊ တာ ၆ဝဝ၊ တောင်မြောက် ၁၂ပြ၊ တာ ၆ဝဝ၊ ပြကွက်ပေါင်း ၁၄၄ ကွက် ဖော်ထားသည်။ နန်းမြို့တော် ရာပြကွက်ပေါင်း ၁၄၄ ကွက် ဖော်ထားသည်။ နန်းမြို့တော် ရာပြကွက်ပေါင်း ၁၆ ကွက်ကို နုတ်သော် ကျန်ပြကွက် ၁ဝ၈ ကွက်တွင် မင်းမိဖုရား၊ အိမ်ရှေ့ မင်း၊ မင်းညီမင်းသား၊ မှူးတော် မတ်တော်၊ သူဋ္ဌေး သူကြွယ်၊ အမှုထမ်းများ၊ ဆင်းရဲသားများ နေထိုင်ရန် ချမှတ်ပေးခဲ့သည်။ မြို့တော် ရွှေကြိုးသတ်နယ်အဖြစ် တောင်ကိုအလား ဒုဋ္ဌဝတီခေါ် မြစ်ငယ်မြစ်၊ မြောက်ကိုအလား မတ္တရာမြစ်၊ အနောက်ကိုအလား ဧရာဝတီမြစ်၊ အရှေ့ကိုအလား နတ်ထိပ်တောင်ရိုးဟူ၍ သတ်မှတ်ခဲ့သည်။

လေးပြင်လေးရပ်
-------------------
             ရွှေမြို့တော် လေးပြင်လေးရပ်အတွက် ရပ်ကွက် ၅၄ ရပ်ကွက် သတ်မှတ်ရာတွင် အရှေ့ပြင်၌ ၁။ ကျွန်းလုံးမော်၊ ၂။ ဝိဇယမဟီ၊ ၃။ ဇေယျမင်္ဂလ၊ ၄။ ဘူမိဇေယာ၊ ၅။ မဟာဇေယျဘုံ၊ ၆။ ပြည်ကြီးမျက်မှန်၊ ၇။ ပြည်ကြီးမျက်ရှင်။

 တောင်ပြင်၌ ၈။ ပတ်ကုံးပျော်ဘွယ်၊ ၉။ ဇမ္ဗူမျက်ရှင်၊ ၁ဝ။ ပတ်ကုန်းဝန်းကျင်၊ ၁၁။ ရန်မျိုးလုံ၊ ၁၂။ မဟာနွယ်စဉ်၊ ၁၃။ သကျ နွယ်စဉ်၊ (စကြာနွယ်စဉ်ဟု ရေးသည်။) ၁၄။ မောရဂီဝါ၊ ၁၅။ စိတြမဟီ၊ ၁၆။ ဟေမာဇလ၊ ၁၇။ ကဥ္စနမဟီ၊ ၁၈။ဟေမမာလာ၊ ၁၉။ ချမ်းမြ သာစည်၊ ၂ဝ။ အောင်ချမ်းသာ။

 အနောက်ပြင်၌ ၂၁။ အမရစံခေါင်၊ ၂၂။ အမရဌာနီ၊ ၂၃။ ပြည်လုံးချမ်းသာ၊ ၂၄။ မေဃဂီရိ၊ ၂၅။ ပုလဲငွေရောင်၊ ၂၆။ ပြည်ကြီးကျက် သရေ၊ ၂၇။ အောင်မြေရန်လုံ၊ ၂၈။ဇမ္ဗူကြငှန်း၊ ၂၉။ချမ်းအေးသာစံ၊ ၃ဝ။ တုလွတ်ရန်အောင်၊ ၃၁။ ဘေးမဲ့လွတ်ရှောင်၊ ၃၂။အောင်နန်းရိပ်သာ၊ ၃၃။ ရတနာဘူမိ၊ (ဘုမ္မိဟု ရေးသည်) ၃၄။ မဟာအောင်မြေ၊ ၃၅။ ကျွန်းလုံးကြေငြာ၊ ၃၆။ ရွှေဘုန်းရှိန်၊ ၃၇။ ကျွန်းလုံးဥသျှောင်၊ ၃၈။ တမ္ပဝတီ၊ ၃၉။ သန်လျက်မော်။ ၄ဝ။ စိန်ပန်း၊ ၄၁။ ဒေးဝန်း၊ ၄၂။ ပြည်ကြီးပျော်ဘွယ်၊ ၄၃။ သီရိဟေမာ၊ ၄၄။ သီရိမာလာ၊ ၄၅။အောင်မြေ သာစံ၊ ၄၆။ ပြည်ကြီးရန်လုံ၊ ၄၇။ မင်းတဲ့အီကင်း၊ ၄၈။ ဘုန်းတော်ရောင်၊ ၄၉။ ညောင်ကွဲ။

 မြောက်ပြင်၌ ၅ဝ။ မြကျွန်းတန်ဆောင်၊ ၅၁။မြနန်းအောင်မြေ၊ ၅၂။ မြနန်းစံရာ၊ ၅၃။ မြနန်းဘုံသာ၊ ၅၄။မြကျွန်းမြေငူ၊ ဟူ၍ ကုန်း ဘောင်ဆက် မဟာရာဇဝင်တော်ကြီး၌ ဖော်ပြထားခဲ့သည်။

လွပ်လပ်ရေးရပြီးနောက်ပိုင်း
--------------------------------
 လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက် မန္တလေးမြို့ကို မြို့နယ် အသီးသီး ခွဲခြားလိုက်သောအခါ မူလသတ်မှတ် ရပ်ကွက်များ အတိုင်း မဟုတ်တော့ဘဲ တစ်မြို့ နယ်လျှင် ရပ်ကွက် ၁၆ ရပ်ကွက်၊ ၁၂ ရပ်ကွက် စသည်ဖြင့် ကွဲပြားသွားခဲ့သည်။ အချို့ရပ်ကွက်များမှာလည်း အမည်သာရှိသောလည်း ပျောက်ကွယ်သွားခဲ့သည်။ ရပ်ကွက်ပေါင်း ၃၈ အမည်သာ ထင်ရှားကျန်ရစ်သည်။ ရပ်ကွက်ဝင်းများမှာ ပိုင်ဆိုင်သူ အကြီးအကဲများ နေထိုင်ရာ၊ သို့မဟုတ် လုပ်ငန်းအလိုက် နေရာချထားပေးရာ အစုအလိုက် နာမည်များဖြင့် ယနေ့တိုင် ခေါ်ဝေါ်ဆဲရှိသည်။ သင်္ကန်းတန်း၊ ထီးတန်း၊ စက္ကူတန်း၊ ကျောက်သွေးတန်း၊ ဆိုင်းတန်း၊ သင်္ဘောတန်း၊ ကျောက်ဆစ်တန်း၊ ခဲလန်တန်း၊ ထန်းလျက်တန်း၊ ပဲပုပ်တန်း၊ ပွဲစားတန်း စသည်ဖြင့် မန္တလေးမြို့၏ ရိုးရာယဉ်ကျေးမှု၊ စက်မှုလက်မှု အရောင်းအဝယ်လုပ်ငန်းအလိုက် နေရာ၊ အကွက်ဝင်းများ ထင်ရှားရှိသည်။

ဆူးငှက်

---------------------------------------------------------------------------------

No comments: