Monday, May 11, 2020

"သစ္ပင္မ်ားကေျပာေသာ ရာသီဥတုေျပာင္းလဲမွုျဖစ္စဥ္မ်ား"

ေဒါက္တာညီညီေက်ာ္ (သစ္ေတာ)


သစ္ေတာသစ္ပင္မ်ားသည္ လူသားတို့အတြက္ လိုအပ္သည့္ သစ္ႏွင့္ သစ္ေတာထြက္ပစၥည္းမ်ားႏွင့္ ေဂဟစနစ္ဝန္ေဆာင္မွုမ်ားကို စဥ္ဆက္မျပတ္ ျဖည့္ဆည္းေပးလ်က္ရွိသည္။ ထိုမၽွမက  သစ္ေတာသစ္ပင္မ်ားသည္ ကၽြန္ုပ္တို့ခႏၶာကိုယ္ အတြင္းရွိ အဆုတ္ကဲ့သို့ ကမၻာ့ေလထုအတြင္းမွ ကာဗြန္ဒိုင္ေအာက္ဆိုက္ဓာတ္ေငြ႕ကို စုပ္ယူရွူသြင္းၿပီး ေအာက္ဆီဂ်င္ ဓာတ္ေငြ႕ ျပန္ထုတ္ေပးသည့္အတြက္ Lungs of the Earth ဟု တင္စားေခၚေဝၚၾကသည္။ ကာဗြန္ဒိုင္ေအာက္ဆိုက္ဓာတ္ေငြ႕ ထုတ္လႊတ္မွုေၾကာင့္ ျဖစ္ေပၚလာသည့္ ရာသီဥတု ေျပာင္းလဲမွုျဖစ္စဥ္ကို သစ္ေတာသစ္ပင္မ်ားက ထိန္းညႇိေလၽွာ့ခ်ေပးသည့္ ယႏၲရားလုပ္ငန္းစဥ္တစ္ခုကို စြမ္းေဆာင္ေပးလ်က္ရွိသည္။

 ျဖစ္ပ်က္ေနေသာ ရာသီဥတုေျပာင္းလဲမွုမ်ား ဥပမာအားျဖင့္ မိုးေခါင္ျခင္း၊ ေရႀကီးျခင္း၊ အပူခ်ိန္ျမင့္မားျခင္း၊ မီးေလာင္ျခင္းစသည္တို့ကို သစ္ပင္မ်ားက ႏွစ္အလိုက္၊ ရာသီအလိုက္ မွတ္တမ္းတင္ထား ၾကသျဖင့္ လြန္ခဲ့ေသာႏွစ္မ်ားစြာအတြင္း ျဖစ္ပ်က္ခဲ့သည့္ ရာသီဥတုျဖစ္စဥ္မ်ားကို သစ္ပင္မ်ားမွတစ္ဆင့္ ျပန္လည္ရွာေဖြ ေဖာ္ထုတ္သိရွိနိုင္သည္။

ထိုမၽွမက အတိတ္ကာလ ရာသီဥတုအေျခအေနမ်ား ကို သ႐ုပ္ခြဲေလ့လာဆန္းစစ္ၿပီး လာမည့္ႏွစ္မ်ားအတြင္း  ျဖစ္ေပၚလာနိုင္သည့္ ရာသီဥတုအေျခအေနမ်ားကိုလည္း  သိပၸံပညာရွင္မ်ားက  ခန႔္မွန္းတြက္ခ်က္  ေဖာ္ျပနိုင္ပါ သည္။  သစ္ပင္တို့တြင္  ျဖစ္ေပၚေနေသာ  ႏွစ္ကြင္းမ်ား (Tree Rings) မွတစ္ဆင့္ သမိုင္းျဖစ္စဥ္မ်ားကို ျပန္လည္ ေဖာ္ထုတ္သည့္ပညာရပ္ကို       အဂၤလိပ္ဘာသာျဖင့္ Dendrochronology ဟု ေခၚပါသည္။ ၎ပညာရပ္ကို  ေလ့လာျခင္းျဖင့္  ေရွးေဟာင္းသုေတသနလုပ္ငန္းမ်ား၊ ေရဒီယိုကာဗြန္ (C14) ကို  သ႐ုပ္ခြဲဆန္းစစ္ၿပီး  သမိုင္း ျဖစ္စဥ္မ်ားေဖာ္ထုတ္ျခင္း၊ အတိတ္ကာလ ရာသီဥတု ျဖစ္စဥ္မ်ား၊ သဘာဝပတ္ဝန္းက်င္ဆိုင္ရာျဖစ္ရပ္မ်ားကို  သစ္ပင္မ်ား၏   ႏွစ္ကြင္းအက်ယ္    (Ring width) ကို တိုင္းတာတြက္ခ်က္   သိရွိနိုင္ျခင္းႏွင့္   သစ္ေတာစီမံ အုပ္ခ်ဳပ္မွုကို အေထာက္အကူျပဳေစျခင္း ဥပမာ၊ သစ္ပင္ တို့၏ ႀကီးထြားႏွုန္း၊ သစ္ပင္စု သိပ္သည္းမွု စသည္တို့ကို  တြက္ခ်က္သိရွိနိုင္ပါသည္။

စက္ဝိုင္းပုံသဏၭာန္ရွိေသာ  အကြင္းေလးမ်ား
သစ္ပင္မ်ားသည္ ကမၻာေပၚတြင္ ႏွစ္သန္းေပါင္း ၃၈၀  ကတည္းက  ျဖစ္ေပၚတည္ရွိခဲ့ၿပီး   အပင္၏ပုံသဏၭာန္၊ အမ်ိဳးအစား၊ သဘာဝအတိုင္းျဖစ္စဥ္မ်ားအရ  သစ္ပင္ ႀကီးမ်ားတြင္   ပင္စည္  (Woody stem)   မ်ားသည္ သစ္ပင္ရွင္သန္ရပ္တည္နိုင္ေရး အပင္ဇီဝကမၼျဖစ္စဥ္မ်ား  ေဆာင္ရြက္ရန္    အစာေရစာသယ္ပို့ျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ ပင္စည္၏အတြင္းပိုင္းမွ ဖြံ့ၿဖိဳးလာ ၿပီး အျပင္ဘက္သို့ ႀကီးထြားကာ ျပင္ပရာသီဥတု (မိုးေရ ခ်ိန္၊ အပူခ်ိန္) သက္ေရာက္မွုေၾကာင့္ ႀကီးထြားမွုရပ္ဆိုင္း သည့္  ကာလတြင္  ပင္စည္၌  ႏွစ္ကြင္း (Annual Ring) ျဖစ္ေပၚေလ့ရွိသည္။  သစ္ငုတ္တစ္ခု၏   ျဖတ္ပိုင္းပုံကို အေပၚမွ ၾကည့္ရွုပါက  စက္ဝိုင္းပုံသဏၭာန္ရွိေသာ  အကြင္း ေလးမ်ားကို ျမင္နိုင္ပါသည္။ အျပင္ဘက္ရွိ ႏွစ္ကြင္းသည္ အတြင္းဘက္ရွိ ႏွစ္ကြင္းထက္ ပိုမိုသက္တမ္းႏုၿပီး ႏွစ္ကြင္း မ်ားသည္   ရာသီဥတုျဖစ္စဥ္ေၾကာင့္   အက်ဥ္းအက်ယ္  ကြာျခားသည္ကို ေတြ႕ျမင္ရမည္ ျဖစ္သည္။

 ပင္စည္တြင္  ႏွစ္ကြင္းမ်ားျဖစ္ေပၚေစသည့္   အေၾကာင္းရင္း  သုံးခုရွိ သည္။ ၎တို့မွာ မိုးရြာသြန္းသည့္ ကာလျပတ္ေတာက္ ျခင္း (No Precipitation)၊ အပူခ်ိန္ လြန္စြာေလ်ာ့က်ျခင္း  (Very Low Temperature) ႏွင့္ ေရလႊမ္းမိုးျခင္း (Inun- dation) တို့  ျဖစ္သည္။  အပင္ႏွစ္ကြင္းမ်ားကို  ေလ့လာ သည့္ပညာရပ္သည္ ၁၉၈၀ ႏွစ္မ်ားတြင္  စတင္ခဲ့ၾကၿပီး  အထူးသျဖင့္ ႏွစ္ကြင္းမ်ား ထင္ရွားစြာေတြ႕ျမင္ရသည့္  အေအးပိုင္းေဒသ ထင္းရွူးႏွင့္ ဝက္သစ္ခ်သစ္မ်ိဳးမ်ားကို  ေလ့လာခဲ့ၾကရာ Bristlecone ထင္းရွူးမ်ိဳးမွ ႏွစ္ေပါင္း  ၈၆၀၀ ႏွင့္ Hohenheim Oak ဝက္သစ္ခ်မ်ိဳးမွ ႏွစ္ေပါင္း  ၁၂၅၀၀ အထိ ႏွစ္ကြင္းမ်ားကို ေလ့လာနိုင္ခဲ့ၾကသည္။

အပူပိုင္းေဒသနိုင္ငံမ်ားတြင္ သစ္ပင္ႏွစ္ကြင္းမ်ားမွ  ေျပာင္းလဲျဖစ္ေပၚခဲ့သည့္ ရာသီဥတုႏွင့္ သဘာဝပတ္ဝန္း က်င္အေျခအေနမ်ားကို ေလ့လာၾကသည္မွာ မၾကာေသး ပါ။  အပူပိုင္းေဒသတစ္ခုျဖစ္သည့္   အေရွ႕ေတာင္အာရွ ေဒသနိုင္ငံမ်ားတြင္ ကၽြန္းကဲ့သို့ေသာ ႏွစ္ကြင္းထင္ရွားစြာ  ျမင္ရသည့္အပင္မ်ားကို   သုေတသနျပဳ  ေလ့လာခဲ့ၾက သည္၊၊   ျမန္မာနိုင္ငံ   သစ္ေတာသုေတသနဌာနသည္ အေမရိကန္ျပည္ေထာင္စု ကိုလံဘီယာတကၠသိုလ္၊ ဂ်ာမနီ နိုင္ငံ ဂိုတင္ဂန္တကၠသိုလ္၊ ထိုင္းနိုင္ငံ မဟီေဒါတကၠသိုလ္ တို့ႏွင့္ ႏွစ္ကြင္းသုေတသနလုပ္ငန္းမ်ား ပူးေပါင္းေဆာင္ ရြက္လ်က္ရွိသည္။ ကၽြန္းပင္မ်ား၏ ႀကီးထြားမွုသည္  မိုးရြာ သြန္းမွုကာလႏွင့္ တိုက္ရိုက္ဆက္စပ္ပတ္သက္ေၾကာင္း၊  အထူးသျဖင့္ ျမန္မာနိုင္ငံႏွင့္ ထိုင္းနိုင္ငံကဲ့သို့ေသာ နိုင္ငံ မ်ားတြင္ မုတ္သုံရာသီကာလ (ေမလမွ ေအာက္တိုဘာ လ) အတြင္း  ရြာသြန္းေသာ   မိုးေရခ်ိန္ႏွင့္  တိုက္ရိုက္ ဆက္စပ္ေၾကာင္း သုေတသီမ်ားက ေဖာ္ထုတ္ေလ့လာ နိုင္ၾကသည္။ မိုးရြာသြန္းမွုမ်ားေသာႏွစ္တြင္ ႏွစ္ကြင္းမ်ား  က်ယ္ၿပီး   ေျခာက္ေသြ႕ကာလ    မိုးနည္းေသာႏွစ္တြင္ ႏွစ္ကြင္းမ်ား က်ဥ္းေျမာင္းသည္ကို ေတြ႕ရွိသည္၊၊ ထို့အျပင္  ပင္စည္ေပၚရွိ ႏွစ္ကြင္းမ်ား၏ အခ်င္းကို ေလ့လာၿပီး ထိုႏွစ္ အတြင္း မိုးရြာသြန္းမွု၊ အပူခ်ိန္ႏွင့္ ထူးျခားသည့္ ရာသီဥတု ေျပာင္းလဲမွုျဖစ္စဥ္မ်ားကို ေလ့လာေဖာ္ထုတ္ၾကသည္။  (ဥပမာ၊ အယ္နီညိဳျဖစ္စဥ္စက္ဝန္းကို ေလ့လာေဖာ္ထုတ္ ၿပီး ေနာင္ျဖစ္လာနိုင္သည့္ႏွစ္ကို ခန႔္မွန္းျခင္း) ထို့အျပင္  မုတ္သုံရာသီ၏ျဖစ္စဥ္ (Monsoon Rhythm)  ကိုလည္း  တြက္ခ်က္ေဖာ္ထုတ္ခဲ့ၾကသည္။

ကေမၻာဒီးယားနိုင္ငံ၏  အန္ကာၿမိဳ့ေဟာင္းသည္  ၁၅  ရာစုအတြင္း  ဆိုးရြားစြာ ေရလႊမ္းမိုးမွုႏွင့္ ၾကာျမင့္စြာမိုးေခါင္မွုမ်ားေၾကာင့္ ခရစ္ ႏွစ္ ၁၄၃၁ ခုႏွစ္တြင္ ၿမိဳ့ပ်က္သုဥ္းခဲ့ေၾကာင္း ၎ေနရာ ရွိ သစ္ပင္ႀကီးမ်ား၏ ႏွစ္ကြင္းမ်ားမွတစ္ဆင့္ ေဖာ္ထုတ္ ေလ့လာခဲ့ၾကသည္။   ထို့ေၾကာင့္   ယေန႔ကမၻာႀကီးတြင္ ျဖစ္ပ်က္ေျပာင္းလဲေနေသာ    ရာသီဥတုျဖစ္စဥ္မ်ားကို ေလ့လာသိရွိနိုင္ရန္ႏွင့္   ယခင္ႏွစ္ကာလမ်ားအတြင္း ျဖစ္ပ်က္ခဲ့မွုမ်ားအေပၚအေျခခံ၍ အနာဂတ္ ရာသီဥတု  ေျပာင္းလဲမွုကို    ႀကိဳတင္ခန႔္မွန္းတြက္ခ်က္ရန္အတြက္  သက္တမ္းရင့္သစ္ပင္ႀကီးမ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ ရန္ အလြန္အေရးႀကီးလွပါသည္၊၊

ပင္စည္ႏွစ္ကြင္းမ်ားကိုေလ့လာ..
သက္ရွိသစ္ပင္ႀကီးမ်ားမွ   ပင္စည္ႏွစ္ကြင္းမ်ားကို  ေလ့လာရန္ အပင္ခုတ္လွဲရန္မလိုအပ္ဘဲ ပင္စည္ျဖတ္ပိုင္း ပုံစံအတိုင္း  ႏွစ္ကြင္းနမူနာေခ်ာင္းမ်ားကို  ထုတ္ယူနိုင္ သည္။ ေနရာေဒသတစ္ခု၏ Chronological index တစ္ခု  ေရးဆြဲေဖာ္ထုတ္ရာတြင္ သက္ရွိသစ္ပင္မ်ားရွိ ႏွစ္ကြင္း မ်ားကိုသာမက  ေရွးေဟာင္းအေဆာက္အဦမ်ားတြင္ အသုံးျပဳထားေသာ   သစ္သားမ်ားေပၚရွိ  ႏွစ္ကြင္းမ်ား ကိုပါ ဆက္စပ္တိုင္းထြာေဖာ္ထုတ္ၾကသည္။ ဂ်ပန္နိုင္ငံ ရွိ သစ္သားျဖင့္ျပဳလုပ္ထားေသာ ေရွးေဟာင္းဗုဒၶ႐ုပ္ပြား ဆင္းတုတစ္ဆူအား သစ္သားေပၚရွိ ႏွစ္ကြင္းကို ေလ့လာ ၿပီး    ထုလုပ္ခဲ့သည့္ႏွစ္ကို    ေဖာ္ထုတ္နိုင္ခဲ့ၾကသည္။ ဘုရင့္ေနာင္မင္းတရားႀကီးတည္ေဆာက္ခဲ့ေသာ ကေမၻာဇ သာဒီနန္းေတာ္ႀကီးတြင္ အသုံးျပဳခဲ့ေသာ ကၽြန္းတိုင္ႀကီး မ်ား၏ ႏွစ္ကြင္းမ်ားကို ေလ့လာ၍ ထိုေခတ္က နန္းေတာ္ တည္ေဆာက္ရာတြင္ လက္ေဆာင္အျဖစ္ ကၽြန္းတိုင္မ်ား ကို  ရွမ္းေစာ္ဘြားမ်ားအျပင္   အိမ္နီးခ်င္းနိုင္ငံမ်ားမွပါ ေပးပို့ခဲ့ေၾကာင္း သိရွိရသည္။

အယ္နီညိဳႏွင့္ လာနီညာဟု လူသိမ်ားေသာ ပစိဖိတ္ သမုဒၵရာ၏  အပူခ်ိန္ေျပာင္းလဲမွုျဖစ္စဥ္ေၾကာင့္  ကမၻာ ေပၚတြင္ ၾကာျမင့္စြာမိုးေခါင္ျခင္း သို့မဟုတ္ ျပင္းထန္စြာ မိုးရြာသြန္းမွုတို့ ခံစားရေလ့ရွိသည္။ အေမရိကန္နိုင္ငံမွ သုေတသီမ်ားသည္ သက္တမ္း ႏွစ္ ၁၁၀၀ ရွိေသာ သစ္ပင္  ၏  ႏွစ္ကြင္းမ်ားကို   ေလ့လာခဲ့ၾကၿပီး  အယ္နီညိဳႏွင့္ လာနီညာျဖစ္စဥ္မ်ားကို လာမည့္ႏွစ္မ်ားအတြက္ ႀကိဳတင္ ခန႔္မွန္းတြက္ခ်က္ခဲ့ၾကရာ    ႏွစ္ႏွစ္မွ    ရွစ္ႏွစ္ကာလ အပိုင္းအျခားတစ္ခုအတြင္း ပင္လယ္ေရပူေႏြးမွုေၾကာင့္ ေဆာင္းရာသီတြင္ မိုးရြာသြန္းမွုမ်ားျပားလာကာ လာနီညာ ျဖစ္စဥ္ေၾကာင့္    အျခားတစ္ဖက္တြင္   ေျခာက္ေသြ႕မွု (မိုးေခါင္မွု) ျဖစ္ေပၚနိုင္ေၾကာင္း ေဖာ္ထုတ္ခဲ့ၾကသည္။

 ထိုေတြ႕ရွိခ်က္မ်ားမွ   အယ္နီညိဳေတာင္ပိုင္းလွုပ္ရမ္းမွု စက္ဝန္း (El Nino Southern Oscillation Cycle) ေၾကာင့္  ေႏြရာသီအတြင္း သာမန္ထက္ပိုမိုပူျပင္းၿပီး ေဆာင္းရာသီ တြင္ ပိုမိုေအးနိုင္သည့္ ျပင္းထန္သည့္ရာသီဥတုျဖစ္စဥ္ မ်ားကို ခန႔္မွန္းေဖာ္ထုတ္ခဲ့ၾကသည္။

အပူပိုင္းေဒသနိုင္ငံမ်ားတြင္ သစ္ပင္မ်ား၏ ႏွစ္ကြင္း မွတစ္ဆင့္ ေရွးလြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာတြင္ ျဖစ္ေပၚ ခဲ့ေသာ ရာသီဥတုေျပာင္းလဲမွုမ်ားကို ေလ့လာသုေတသန ျပဳမွုမွာ အေအးပိုင္းနိုင္ငံမ်ားႏွင့္ ႏွိုင္းယွဥ္ပါက နည္းပါး သည္ဟု  ဆိုနိုင္သည္။  ကၽြန္းႏွင့္  ထင္းရွူးကဲ့သို့ေသာ သစ္ပင္မ်ားကို ေလ့လာမွုမ်ားအရ ၎သစ္မ်ိဳးမ်ားသည္ သက္တမ္းရွည္ၾကာစြာ  ရွင္သန္ႀကီးထြားနိုင္ၿပီး  ရာသီ ဥတုအေပၚ တုံ႔ျပန္ျဖစ္ေပၚသည့္ ႏွစ္ကြင္းမ်ားကို ထင္ရွား စြာေတြ႕ျမင္နိုင္သျဖင့္ ရာသီဥတုေျပာင္းလဲမွုျဖစ္စဥ္မ်ား ကို ေလ့လာသိရွိနိုင္ရန္ ထိန္းသိမ္းထားသင့္ေပသည္။

အခ်ဳပ္ဆိုရေသာ္   ကမၻာေပၚတြင္   လူသားမ်ား၏ လုပ္ေဆာင္ခ်က္မ်ားေၾကာင့္ သဘာဝပတ္ဝန္းက်င္အေျခ အေနမ်ား ပ်က္ယြင္းလာမွုေၾကာင့္ လည္းေကာင္း၊ သဘာဝ ျဖစ္စဥ္မ်ားေၾကာင့္ လည္းေကာင္း ရာသီဥတုေျပာင္းလဲ ျခင္းကို  မလြဲမေသြ  ရင္ဆိုင္ေျဖရွင္းရမည္  ျဖစ္ပါသည္။  ထိုသို့   ရင္ဆိုင္ေျဖရွင္းရန္အတြက္  သစ္ပင္မ်ားသည္ ေရွးယခင္က     ရာသီဥတုေျပာင္းလဲမွုျဖစ္စဥ္မ်ားကို ျပန္လည္ေလ့လာရန္ လြန္စြာအေထာက္အကူျပဳသကဲ့သို့   သဘာဝပတ္ဝန္းက်င္တည္ၿငိမ္ေရး၊ ရာသီဥတုေျပာင္းလဲ မွု ေလၽွာ့ခ်ေရးအတြက္ မရွိမျဖစ္လိုအပ္ေပသည္။ သစ္ပင္ မ်ားက ေဖာ္ျပေပးနိုင္သည့္ ယခင္ ရာသီဥတုေျပာင္းလဲ မွုျဖစ္စဥ္မ်ားကို ေလ့လာဆန္းစစ္၍ လာမည့္ အနာဂတ္  ကာလမ်ားတြင္  ျဖစ္ေပၚလာနိုင္သည့္  ရာသီဥတုအေျခ အေနမ်ားကို  ႀကိဳတင္ခန႔္မွန္း  သိရွိနိုင္ျခင္းျဖင့္  လက္ရွိ  ကမၻာႀကီးတည္ျမဲေရး၊ လူသားတို့၏ အက်ိဳးစီးပြားမ်ား  ဖြံ့ၿဖိဳးတိုးတက္ေရးအတြက္ သက္ရွိသစ္ပင္ႀကီးမ်ားအား  ထာဝစဥ္   ထိန္းသိမ္းေစာင့္ေရွာက္ၾကပါရန္   တိုက္တြန္း ေရးသားလိုက္ရပါသည္။     ။

Credit- ေဒါက္တာညီညီေက်ာ္{သစ္ေတာ}

ဓာက္ပုံ သစ္ေတာဦးစီးဌာန

(Unicode)

"သစ်ပင်များကပြောသော 
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ"
===================


ဒေါက်တာညီညီကျော် (သစ်တော)

သစ်တောသစ်ပင်များသည် လူသားတို့အတွက် လိုအပ်သည့် သစ်နှင့် သစ်တောထွက်ပစ္စည်းများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးလျက်ရှိသည်။ ထိုမျှမက  သစ်တောသစ်ပင်များသည် ကျွန်ုပ်တို့ခန္ဓာကိုယ် အတွင်းရှိ အဆုတ်ကဲ့သို့ ကမ္ဘာ့လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို စုပ်ယူရှူသွင်းပြီး အောက်ဆီဂျင် ဓာတ်ငွေ့ ပြန်ထုတ်ပေးသည့်အတွက် Lungs of the Earth ဟု တင်စားခေါ်ဝေါ်ကြသည်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် ဖြစ်ပေါ်လာသည့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကို သစ်တောသစ်ပင်များက ထိန်းညှိလျှော့ချပေးသည့် ယန္တရားလုပ်ငန်းစဉ်တစ်ခုကို စွမ်းဆောင်ပေးလျက်ရှိသည်။

 ဖြစ်ပျက်နေသော ရာသီဥတုပြောင်းလဲမှုများ ဥပမာအားဖြင့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူချိန်မြင့်မားခြင်း၊ မီးလောင်ခြင်းစသည်တို့ကို သစ်ပင်များက နှစ်အလိုက်၊ ရာသီအလိုက် မှတ်တမ်းတင်ထား ကြသဖြင့် လွန်ခဲ့သောနှစ်များစွာအတွင်း ဖြစ်ပျက်ခဲ့သည့် ရာသီဥတုဖြစ်စဉ်များကို သစ်ပင်များမှတစ်ဆင့် ပြန်လည်ရှာဖွေ ဖော်ထုတ်သိရှိနိုင်သည်။

ထိုမျှမက အတိတ်ကာလ ရာသီဥတုအခြေအနေများ ကို သရုပ်ခွဲလေ့လာဆန်းစစ်ပြီး လာမည့်နှစ်များအတွင်း  ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုအခြေအနေများကိုလည်း  သိပ္ပံပညာရှင်များက  ခန့်မှန်းတွက်ချက်  ဖော်ပြနိုင်ပါ သည်။  သစ်ပင်တို့တွင်  ဖြစ်ပေါ်နေသော  နှစ်ကွင်းများ (Tree Rings) မှတစ်ဆင့် သမိုင်းဖြစ်စဉ်များကို ပြန်လည် ဖော်ထုတ်သည့်ပညာရပ်ကို       အင်္ဂလိပ်ဘာသာဖြင့် Dendrochronology ဟု ခေါ်ပါသည်။ ၎င်းပညာရပ်ကို  လေ့လာခြင်းဖြင့်  ရှေးဟောင်းသုတေသနလုပ်ငန်းများ၊ ရေဒီယိုကာဗွန် (C14) ကို  သရုပ်ခွဲဆန်းစစ်ပြီး  သမိုင်း ဖြစ်စဉ်များဖော်ထုတ်ခြင်း၊ အတိတ်ကာလ ရာသီဥတု ဖြစ်စဉ်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဖြစ်ရပ်များကို  သစ်ပင်များ၏   နှစ်ကွင်းအကျယ်    (Ring width) ကို တိုင်းတာတွက်ချက်   သိရှိနိုင်ခြင်းနှင့်   သစ်တောစီမံ အုပ်ချုပ်မှုကို အထောက်အကူပြုစေခြင်း ဥပမာ၊ သစ်ပင် တို့၏ ကြီးထွားနှုန်း၊ သစ်ပင်စု သိပ်သည်းမှု စသည်တို့ကို  တွက်ချက်သိရှိနိုင်ပါသည်။

စက်ဝိုင်းပုံသဏ္ဌာန်ရှိသော  အကွင်းလေးများ
သစ်ပင်များသည် ကမ္ဘာပေါ်တွင် နှစ်သန်းပေါင်း ၃၈၀  ကတည်းက  ဖြစ်ပေါ်တည်ရှိခဲ့ပြီး   အပင်၏ပုံသဏ္ဌာန်၊ အမျိုးအစား၊ သဘာဝအတိုင်းဖြစ်စဉ်များအရ  သစ်ပင် ကြီးများတွင်   ပင်စည်  (Woody stem)   များသည် သစ်ပင်ရှင်သန်ရပ်တည်နိုင်ရေး အပင်ဇီဝကမ္မဖြစ်စဉ်များ  ဆောင်ရွက်ရန်    အစာရေစာသယ်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ပင်စည်၏အတွင်းပိုင်းမှ ဖွံ့ဖြိုးလာ ပြီး အပြင်ဘက်သို့ ကြီးထွားကာ ပြင်ပရာသီဥတု (မိုးရေ ချိန်၊ အပူချိန်) သက်ရောက်မှုကြောင့် ကြီးထွားမှုရပ်ဆိုင်း သည့်  ကာလတွင်  ပင်စည်၌  နှစ်ကွင်း (Annual Ring) ဖြစ်ပေါ်လေ့ရှိသည်။  သစ်ငုတ်တစ်ခု၏   ဖြတ်ပိုင်းပုံကို အပေါ်မှ ကြည့်ရှုပါက  စက်ဝိုင်းပုံသဏ္ဌာန်ရှိသော  အကွင်း လေးများကို မြင်နိုင်ပါသည်။ အပြင်ဘက်ရှိ နှစ်ကွင်းသည် အတွင်းဘက်ရှိ နှစ်ကွင်းထက် ပိုမိုသက်တမ်းနုပြီး နှစ်ကွင်း များသည်   ရာသီဥတုဖြစ်စဉ်ကြောင့်   အကျဉ်းအကျယ်  ကွာခြားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

 ပင်စည်တွင်  နှစ်ကွင်းများဖြစ်ပေါ်စေသည့်   အကြောင်းရင်း  သုံးခုရှိ သည်။ ၎င်းတို့မှာ မိုးရွာသွန်းသည့် ကာလပြတ်တောက် ခြင်း (No Precipitation)၊ အပူချိန် လွန်စွာလျော့ကျခြင်း  (Very Low Temperature) နှင့် ရေလွှမ်းမိုးခြင်း (Inun- dation) တို့  ဖြစ်သည်။  အပင်နှစ်ကွင်းများကို  လေ့လာ သည့်ပညာရပ်သည် ၁၉၈၀ နှစ်များတွင်  စတင်ခဲ့ကြပြီး  အထူးသဖြင့် နှစ်ကွင်းများ ထင်ရှားစွာတွေ့မြင်ရသည့်  အအေးပိုင်းဒေသ ထင်းရှူးနှင့် ဝက်သစ်ချသစ်မျိုးများကို  လေ့လာခဲ့ကြရာ Bristlecone ထင်းရှူးမျိုးမှ နှစ်ပေါင်း  ၈၆၀၀ နှင့် Hohenheim Oak ဝက်သစ်ချမျိုးမှ နှစ်ပေါင်း  ၁၂၅၀၀ အထိ နှစ်ကွင်းများကို လေ့လာနိုင်ခဲ့ကြသည်။

အပူပိုင်းဒေသနိုင်ငံများတွင် သစ်ပင်နှစ်ကွင်းများမှ  ပြောင်းလဲဖြစ်ပေါ်ခဲ့သည့် ရာသီဥတုနှင့် သဘာဝပတ်ဝန်း ကျင်အခြေအနေများကို လေ့လာကြသည်မှာ မကြာသေး ပါ။  အပူပိုင်းဒေသတစ်ခုဖြစ်သည့်   အရှေ့တောင်အာရှ ဒေသနိုင်ငံများတွင် ကျွန်းကဲ့သို့သော နှစ်ကွင်းထင်ရှားစွာ  မြင်ရသည့်အပင်များကို   သုတေသနပြု  လေ့လာခဲ့ကြ သည်၊၊   မြန်မာနိုင်ငံ   သစ်တောသုတေသနဌာနသည် အမေရိကန်ပြည်ထောင်စု ကိုလံဘီယာတက္ကသိုလ်၊ ဂျာမနီ နိုင်ငံ ဂိုတင်ဂန်တက္ကသိုလ်၊ ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ် တို့နှင့် နှစ်ကွင်းသုတေသနလုပ်ငန်းများ ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။ ကျွန်းပင်များ၏ ကြီးထွားမှုသည်  မိုးရွာ သွန်းမှုကာလနှင့် တိုက်ရိုက်ဆက်စပ်ပတ်သက်ကြောင်း၊  အထူးသဖြင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကဲ့သို့သော နိုင်ငံ များတွင် မုတ်သုံရာသီကာလ (မေလမှ အောက်တိုဘာ လ) အတွင်း  ရွာသွန်းသော   မိုးရေချိန်နှင့်  တိုက်ရိုက် ဆက်စပ်ကြောင်း သုတေသီများက ဖော်ထုတ်လေ့လာ နိုင်ကြသည်။ မိုးရွာသွန်းမှုများသောနှစ်တွင် နှစ်ကွင်းများ  ကျယ်ပြီး   ခြောက်သွေ့ကာလ    မိုးနည်းသောနှစ်တွင် နှစ်ကွင်းများ ကျဉ်းမြောင်းသည်ကို တွေ့ရှိသည်၊၊ ထို့အပြင်  ပင်စည်ပေါ်ရှိ နှစ်ကွင်းများ၏ အချင်းကို လေ့လာပြီး ထိုနှစ် အတွင်း မိုးရွာသွန်းမှု၊ အပူချိန်နှင့် ထူးခြားသည့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကို လေ့လာဖော်ထုတ်ကြသည်။  (ဥပမာ၊ အယ်နီညိုဖြစ်စဉ်စက်ဝန်းကို လေ့လာဖော်ထုတ် ပြီး နောင်ဖြစ်လာနိုင်သည့်နှစ်ကို ခန့်မှန်းခြင်း) ထို့အပြင်  မုတ်သုံရာသီ၏ဖြစ်စဉ် (Monsoon Rhythm)  ကိုလည်း  တွက်ချက်ဖော်ထုတ်ခဲ့ကြသည်။

ကမ္ဘောဒီးယားနိုင်ငံ၏  အန်ကာမြို့ဟောင်းသည်  ၁၅  ရာစုအတွင်း  ဆိုးရွားစွာ ရေလွှမ်းမိုးမှုနှင့် ကြာမြင့်စွာမိုးခေါင်မှုများကြောင့် ခရစ် နှစ် ၁၄၃၁ ခုနှစ်တွင် မြို့ပျက်သုဉ်းခဲ့ကြောင်း ၎င်းနေရာ ရှိ သစ်ပင်ကြီးများ၏ နှစ်ကွင်းများမှတစ်ဆင့် ဖော်ထုတ် လေ့လာခဲ့ကြသည်။   ထို့ကြောင့်   ယနေ့ကမ္ဘာကြီးတွင် ဖြစ်ပျက်ပြောင်းလဲနေသော    ရာသီဥတုဖြစ်စဉ်များကို လေ့လာသိရှိနိုင်ရန်နှင့်   ယခင်နှစ်ကာလများအတွင်း ဖြစ်ပျက်ခဲ့မှုများအပေါ်အခြေခံ၍ အနာဂတ် ရာသီဥတု  ပြောင်းလဲမှုကို    ကြိုတင်ခန့်မှန်းတွက်ချက်ရန်အတွက်  သက်တမ်းရင့်သစ်ပင်ကြီးများကို ထိန်းသိမ်းစောင့်ရှောက် ရန် အလွန်အရေးကြီးလှပါသည်၊၊

ပင်စည်နှစ်ကွင်းများကိုလေ့လာ..
သက်ရှိသစ်ပင်ကြီးများမှ   ပင်စည်နှစ်ကွင်းများကို  လေ့လာရန် အပင်ခုတ်လှဲရန်မလိုအပ်ဘဲ ပင်စည်ဖြတ်ပိုင်း ပုံစံအတိုင်း  နှစ်ကွင်းနမူနာချောင်းများကို  ထုတ်ယူနိုင် သည်။ နေရာဒေသတစ်ခု၏ Chronological index တစ်ခု  ရေးဆွဲဖော်ထုတ်ရာတွင် သက်ရှိသစ်ပင်များရှိ နှစ်ကွင်း များကိုသာမက  ရှေးဟောင်းအဆောက်အဦများတွင် အသုံးပြုထားသော   သစ်သားများပေါ်ရှိ  နှစ်ကွင်းများ ကိုပါ ဆက်စပ်တိုင်းထွာဖော်ထုတ်ကြသည်။ ဂျပန်နိုင်ငံ ရှိ သစ်သားဖြင့်ပြုလုပ်ထားသော ရှေးဟောင်းဗုဒ္ဓရုပ်ပွား ဆင်းတုတစ်ဆူအား သစ်သားပေါ်ရှိ နှစ်ကွင်းကို လေ့လာ ပြီး    ထုလုပ်ခဲ့သည့်နှစ်ကို    ဖော်ထုတ်နိုင်ခဲ့ကြသည်။ ဘုရင့်နောင်မင်းတရားကြီးတည်ဆောက်ခဲ့သော ကမ္ဘောဇ သာဒီနန်းတော်ကြီးတွင် အသုံးပြုခဲ့သော ကျွန်းတိုင်ကြီး များ၏ နှစ်ကွင်းများကို လေ့လာ၍ ထိုခေတ်က နန်းတော် တည်ဆောက်ရာတွင် လက်ဆောင်အဖြစ် ကျွန်းတိုင်များ ကို  ရှမ်းစော်ဘွားများအပြင်   အိမ်နီးချင်းနိုင်ငံများမှပါ ပေးပို့ခဲ့ကြောင်း သိရှိရသည်။

အယ်နီညိုနှင့် လာနီညာဟု လူသိများသော ပစိဖိတ် သမုဒ္ဒရာ၏  အပူချိန်ပြောင်းလဲမှုဖြစ်စဉ်ကြောင့်  ကမ္ဘာ ပေါ်တွင် ကြာမြင့်စွာမိုးခေါင်ခြင်း သို့မဟုတ် ပြင်းထန်စွာ မိုးရွာသွန်းမှုတို့ ခံစားရလေ့ရှိသည်။ အမေရိကန်နိုင်ငံမှ သုတေသီများသည် သက်တမ်း နှစ် ၁၁၀၀ ရှိသော သစ်ပင်  ၏  နှစ်ကွင်းများကို   လေ့လာခဲ့ကြပြီး  အယ်နီညိုနှင့် လာနီညာဖြစ်စဉ်များကို လာမည့်နှစ်များအတွက် ကြိုတင် ခန့်မှန်းတွက်ချက်ခဲ့ကြရာ    နှစ်နှစ်မှ    ရှစ်နှစ်ကာလ အပိုင်းအခြားတစ်ခုအတွင်း ပင်လယ်ရေပူနွေးမှုကြောင့် ဆောင်းရာသီတွင် မိုးရွာသွန်းမှုများပြားလာကာ လာနီညာ ဖြစ်စဉ်ကြောင့်    အခြားတစ်ဖက်တွင်   ခြောက်သွေ့မှု (မိုးခေါင်မှု) ဖြစ်ပေါ်နိုင်ကြောင်း ဖော်ထုတ်ခဲ့ကြသည်။

 ထိုတွေ့ရှိချက်များမှ   အယ်နီညိုတောင်ပိုင်းလှုပ်ရမ်းမှု စက်ဝန်း (El Nino Southern Oscillation Cycle) ကြောင့်  နွေရာသီအတွင်း သာမန်ထက်ပိုမိုပူပြင်းပြီး ဆောင်းရာသီ တွင် ပိုမိုအေးနိုင်သည့် ပြင်းထန်သည့်ရာသီဥတုဖြစ်စဉ် များကို ခန့်မှန်းဖော်ထုတ်ခဲ့ကြသည်။

အပူပိုင်းဒေသနိုင်ငံများတွင် သစ်ပင်များ၏ နှစ်ကွင်း မှတစ်ဆင့် ရှေးလွန်ခဲ့သော နှစ်ပေါင်းများစွာတွင် ဖြစ်ပေါ် ခဲ့သော ရာသီဥတုပြောင်းလဲမှုများကို လေ့လာသုတေသန ပြုမှုမှာ အအေးပိုင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါး သည်ဟု  ဆိုနိုင်သည်။  ကျွန်းနှင့်  ထင်းရှူးကဲ့သို့သော သစ်ပင်များကို လေ့လာမှုများအရ ၎င်းသစ်မျိုးများသည် သက်တမ်းရှည်ကြာစွာ  ရှင်သန်ကြီးထွားနိုင်ပြီး  ရာသီ ဥတုအပေါ် တုံ့ပြန်ဖြစ်ပေါ်သည့် နှစ်ကွင်းများကို ထင်ရှား စွာတွေ့မြင်နိုင်သဖြင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ကို လေ့လာသိရှိနိုင်ရန် ထိန်းသိမ်းထားသင့်ပေသည်။

အချုပ်ဆိုရသော်   ကမ္ဘာပေါ်တွင်   လူသားများ၏ လုပ်ဆောင်ချက်များကြောင့် သဘာဝပတ်ဝန်းကျင်အခြေ အနေများ ပျက်ယွင်းလာမှုကြောင့် လည်းကောင်း၊ သဘာဝ ဖြစ်စဉ်များကြောင့် လည်းကောင်း ရာသီဥတုပြောင်းလဲ ခြင်းကို  မလွဲမသွေ  ရင်ဆိုင်ဖြေရှင်းရမည်  ဖြစ်ပါသည်။  ထိုသို့   ရင်ဆိုင်ဖြေရှင်းရန်အတွက်  သစ်ပင်များသည် ရှေးယခင်က     ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို ပြန်လည်လေ့လာရန် လွန်စွာအထောက်အကူပြုသကဲ့သို့   သဘာဝပတ်ဝန်းကျင်တည်ငြိမ်ရေး၊ ရာသီဥတုပြောင်းလဲ မှု လျှော့ချရေးအတွက် မရှိမဖြစ်လိုအပ်ပေသည်။ သစ်ပင် များက ဖော်ပြပေးနိုင်သည့် ယခင် ရာသီဥတုပြောင်းလဲ မှုဖြစ်စဉ်များကို လေ့လာဆန်းစစ်၍ လာမည့် အနာဂတ်  ကာလများတွင်  ဖြစ်ပေါ်လာနိုင်သည့်  ရာသီဥတုအခြေ အနေများကို  ကြိုတင်ခန့်မှန်း  သိရှိနိုင်ခြင်းဖြင့်  လက်ရှိ  ကမ္ဘာကြီးတည်မြဲရေး၊ လူသားတို့၏ အကျိုးစီးပွားများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ရှိသစ်ပင်ကြီးများအား  ထာဝစဉ်   ထိန်းသိမ်းစောင့်ရှောက်ကြပါရန်   တိုက်တွန်း ရေးသားလိုက်ရပါသည်။     ။

Credit- ဒေါက်တာညီညီကျော်{သစ်တော}

ဓာက်ပုံ သစ်တောဦးစီးဌာန

No comments: