Tuesday, July 10, 2018

P.R ဆိုတဲ့ Public Relation ဆိုတာဘာလည်း ? ? ?



++++++++++

Public Relation ဘာ့ကြောင့်လုပ်လည်းဆိုတာကို ရိုးရိုးနဲ့ ရှင်းရှင်းပြောရရင် ကိုယ့် Product ဒါမှမဟုတ် Organization ကို Promote လုပ်ချင်လို့ (သို့) ကာကွယ်ချင်လို့ဆိုတာကိုတွေ့ရပါတယ် ။ ( Philip Kotler ပြောတာနော် :P )

Public Relation ရဲ့ Functions တွေအနေနဲ့ ဒီ ၅ ခုနဲ့ ခွဲခြားထားပါသေးတယ် . . .

၁ ) Press Relation – P.R Manager တစ်ယောက်အနေနဲ့ Organization ရဲ့ Positive ဖြစ်စေမယ့် သတင်းတွေရေးသားပြီး သတင်းသမားတွေစီပို့ပေးတာမျိုးတွေ . . .

၂ ) Product Publicity - ဒါကတော့ ကိုယ့် Product ကို Sponsor ပေးတာဖြစ်ပါတယ် T.V Channel တွေမှာရော အားကစားပွဲတွေမှာရော တွေ့လေ့တွေ့ထရှိပါတယ် . . . (ကောင်မလေးတွေကို စပွန်ဆာပေးတာ မဟုတ်ဖူးရယ် :P)

၃ ) Corporate Communication – ကိုယ့် Organization (သို့) Product အကြောင်းကို Internal (Stakeholders) ရယ် External ဖြစ်တဲ့ Customer ကအစ Supplier ရော Government , Media အကုန်အကုန်လုံးနဲ့ ဆက်သွယ်ချိတ်ဆက်ပြီးလုပ်ကိုင်ခြင်း . . .

၎ ) Lobbying – လော်ဘီယင်းကို Business Type နဲ့ပဲပြောမယ်ဆိုရင် ကိုယ့် Business ကို Lobby လုပ်ပေးနိုင်တဲ့လူမျိုးပေါ့ Lobbyist or Lobbyပေါ့ သူတို့ကိုဖန်တီးတာပေါ့ (အစိုးရအဖွဲ့အစည်းတွေကလုပ်လေ့လုပ်ထ ရှိတယ်ဆိုပဲ)

 ၅ ) Counseling – Counseling ဆိုတာက Organization ရဲ့ Public နဲ့ပတ်သတ်တဲ့ ပြသာနာတွေကို ကူညီဖြေရှင်းပေးတဲ့လူကိုဆိုလိုတာမျိုးပါ (P.R Functions မှာမို့ပါ)

နောက်ထပ်ပြီးတော့ Marketing Public Relation တွေကို ဘယ်လိုနေရာတွေမှာ သုံးတာလည်းဆိုတာလေး တင်ပြပေးချင်ပါတယ် . . .

၁ ) ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲ

၂ ) ကိုယ့်ကုန်ပစ္စည်းကို Repositioning ပြန်လုပ်ချင်တဲ့အခါမျိုး​တွေ

၃ ) Product အစုအဖွဲ့လိုက်တွေကို စိတ်ဝင်စားမှု့ရအောင် ပြန်လည်တည်ဆောက်တဲ့နေရာမျိုးတွေ ( ဥပမာ . Fashions Trade Show လုပ်တာမျိုးတွေ )

၎ ) တိကျသေခြာတဲ့ Target Group ကိုလွှမ်းမိုးချင်တဲ့ အခါမျိုးတွေ

၅ ) ကိုယ့် Product က Public မှာ ပြသာနာ တစ်ခုခုနဲ့ ကြုံတဲ့အခါမျိုးတွေ (ဟိုတလောကတောင် မိတ်ကပ် တစ်မျိုး အဲ့လိုသုံးရသေးတယ်)

၆ ) ကိုယ့် Organization ရဲ့ Image ကို မြှင့်တင့်တဲ့အခါမျိုးတွေမှာ သုံးတတ်ကြပါတယ် . . .


အခုခေတ်မှာ Marketing သမားတွေက Advertising နဲ့ Public Relation ကို ထိထိရောက်ရောက် အသုံးချပြီး Company ရဲ့ Image နဲ့ Product တွေအတွက် အများကြီး အသုံးချလာတာကို တွေ့ရပါတယ် . . .

Naing Kyaw Thu ( ​လေ့လာသူ အချင်းချင်း ​ဝေမျှသည်​ )

No comments: