------------------------------------------
ဒီမိုကရေစီ စနစ်ဆိုတာဟာ အများပြည်သူက မဲပေးပြီး
ကိုယ်သဘောကျတဲ့ အစိုးရအုပ်ချုပ်မှုအဖွဲ့ဝင်တွေကို
ရွေးချယ်တင်မြောက်တဲ့စနစ်ဖြစ်တယ်။ဒီမိုကရေစီမှာ
အခြေခံနိုင်ငံသားအခွင့်အရေး နှစ်ပိုင်းရှိတယ်။
ဒီမိုကရေစီရဲ့ အခြေခံအခွင့်အရေးနှစ်မျိုး
Positive Rights နဲ့ Negative Rights ဆိုတာပဲ
ဖြစ်တယ်။ Positive Right ဆိုတာ အစိုးရဖက်က
ဆောင်ရွက်ပေးရတဲ့ လုပ်ဆောင်ချက်အခြေပြု
အခွင့်အရေးပါ။ဒီအခွင့်အရေးကို ရဖို့အတွက်
အစိုးရဟာ နှစ်ကာလကြာရှည်စွာ စီမံကိန်းတွေ
လုပ်ပြီး ဖော်ဆောင်ရတဲ့ အခွင့်အရေးတွေဖြစ်တယ်။
ဥပမာ မြို့ပြအခြေခံစနစ်တည်ဆောက်ရေး
(infrastructure)၊ နိုင်ငံရေးပေါ်မူဝါတွေချမှတ်၊ပြုပြင်၊
Public Facilities တွေဖြစ်တဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှုနဲ့
အခြေခံအဆောက်အဦးတွေကို ကောင်းမွန်တိုးတက်အောင်
ပြုလုပ်ဆောင်ရွက်ရတဲ့အပိုင်း။နှစ်နဲ့ချီကြာတယ်။
Negative Right ကတော့ အစိုးရက လုပ်ဆောင်ခြင်း
မပြုရတဲ့ အရေးမယူရခြင်းအခွင့်အရေးပါ။ အစိုးရက
ဘာမှမလုပ်ရင် ပြည့်ဝစွာရရှိတဲ့
နိုင်ငံသားအခွင့်အရေးမျိုး။ဥပမာ ဆန္ဒပြလို့အဖမ်းမခံရတာ၊
ကိုယ့်လယ်ယာမြေကို မတရားလာမသိမ်းတာ၊
အစိုးရကို ဝေဖန်ဆဲဆိုလို့ အဖမ်းမခံရတာ။လွပ်လပ်စွာ
ပြောရေးဆိုခွင့်၊ ဝေဖန်ပိုင်ခွင့် စတာတွေ။ဒါမျိုးတွေဟာ
အစိုးရက ဘာမှမချိုးဖောက်ရင် ကိုယ်တွေမှာ ရနိုင်
တာ။ဒီအခွင့်အရေးအတွက် အချိန်ကြာမြင့်စွာ
အကောင်ထည်မဖော်ရဘူး။
ဒီမိုကရေစီမှာ အုပ်ချုပ်မှု ပုံစံနှစ်မျိုးရှိတယ်။
ကိုယ်စားပြုဒီမိုကရေစီ( Representative Democracy)
နဲ့ တိုက်ရိုက်ဒီမိုကရေစီ (Direct Democracy)တို့ပဲ
ဖြစ်တယ်။
ကိုယ်စားပြုဒီမိုကရေစီဆိုတာဘာလဲ
ကိုယ်စားပြုဒီမိုကရေစီဆိုတာ ဒီမိုကရေစီတိုင်းပြည်အများစု
မှာ လက်ရှိကျင့်သုံးနေတဲ့ ဒီမိုကရေစီပုံစံပဲဖြစ်တယ်။
အမေရိကန်၊ဂျာမနီ၊ အင်္ဂလန်၊ ဒိန်းမတ်၊ ကနေဒါ တို့ဟာ
ဥပမာအားဖြင့် ကိုယ်စားပြုဒီမိုကရေစီကို ကျင့်သုံးကြတဲ့
နိုင်ငံတွေဖြစ်တယ်။ ကိုယ်စားပြုဒီမိုကရေစီမှာ ဒေသ
အသီးသီးက ပြည်သူတွေဟာ အာဏာမရှိပဲ မဲပေးပြီး
ဆိုင်ရာ ဒေသကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေကို
ရွေးချယ်ရတယ်။
ယင်းကိုယ်စားလှယ်များ လွှတ်တော်နှစ်ရပ်
ကိုရောက်တဲ့အခါ ၄င်းတို့ကတဆင့် အခြား လွှတ်တော်
ကိုယ်စားလှယ်များ၊ သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေကို မဲပေး
ရွေးချယ်နိုင်ပြီး ဥပဒေပြုမဏ္ဏိုင်မှာ ပါဝင်မယ့်လူတွေကိုလည်း
ရွေးချယ်နိုင်တယ်။ကိုယ်စားပြုဒီမိုကရေစီဟာ လူဦးရေ
များပြားလွန်းပြီး တိုင်းရင်းသားလူနည်းစုနဲ့ အခြားလူမျိုးစု
အနည်းငယ်သာရှိတဲ့ အမေရိကန်၊တရုတ်နဲ့ မြန်မာပြည်လို
နိုင်ငံမျိုးအတွက် အသင့်တော်ဆုံး ဒီမိုကရေစီစနစ်ပဲ။
ကိုယ်စားပြုဒီမိုကရေစီရဲ့ အဓိက မဏ္ဏိုင် သုံးရပ်ရှိတယ်။
၁။ ခိုင်မာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊
(Strong Constitution)
၂။ ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ခုံရုံးသုံးသပ်ချက်
(Constitutional Judicial Body)
၃။ အားကောင်းတဲ့ အထက်၊ အောက်
လွှတ်တော်၂ ရပ် (Strong Bicameralism)
တို့ ဖြစ်တယ်။
အဘယ်ကြောင့် ခိုင်မာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရှိသင့်သလဲ
ခိုင်မာတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေစာတမ်းဆိုတာဟာ
စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံအတွက်
ပဓာနအကျဆုံးအရာဖြစ်တယ်။
၎င်းစာတမ်းမှာ ပြည်ထောင်စုနယ်မြေခွဲဝေ
သတ်မှတ်ရေး၊ ဖက်ဒရယ်စနစ်စီမံရေး၊ အထက်အောက်
လွှတ်တော်နှစ်ရပ်ရဲ့
တာဝန်တွေ၊အစိုးရနဲ့ ပြည်သူကြား
ဆက်သွယ်ဆောင်ရွက်ရေး
ဥပဒေသတွေ၊ အစိုးရအဖွဲ့ယန္တရားအသီးသီးနဲ့သက်ဆိုင်တဲ့
လည်ပတ်ဆောင်ရွက်ရေးပညတ်ချက်တွေ ၊ ပြည်သူ့ဆန္ဒတွေ
ယေဘူယျအားဖြင့် ပါဝင်တယ်။ဒါပေမယ့် တရားရေးမဏ္ဏိုင်
ကတော့ (ဥပမာ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး
အဖွဲ့စည်း၊ တရားရုံးချုပ်)ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့
အာဏာလက်အောက်က ကင်းလွတ်ရမှာဖြစ်ပြီး
ဥပဒေပြုရေးဆိုင်ရာ ဆောင်ရွက်ချက်
တွေကို လွှတ်တော်အမတ်တွေနဲ့ သမ္မတို့ရဲ့ လွှမ်းမိုးမှုမပါပဲ
တရားမျှတစွာ ချမှတ်ဆောင်ရွက်ရမှာ ဖြစ်တယ်။
အခြေခံဖွဲ့စည်းပုံဥပဒေတစ်ခုဟာ ပြည်သူ့ဆန္ဒအတိုင်း
အတိအကျဖြစ်ဖို့လိုတယ်။
အဘယ်ကြောင့် ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ခုံရုံးလိုအပ်သလဲ
ဖက်ဒရယ် စနစ်မှာ အားကောင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ
ဆိုင်ရာ ခုံရုံး ရှိဖို့ဟာလည်း အရေးကြီးတယ်။ အဆိုပါ
ခုံရုံးဟာ ဘက်လိုက်မှုမရှိဘဲအခြေခံ ဥပဒေအတိုင်း
ဆောင်ရွက်တဲ့ အဖွဲ့ဖြစ်ဖို့ လိုပါလိမ့်မယ်။ ခုံရုံးရဲ့ အဓိက
တာဝန်ဖြစ်တဲ့ဗဟိုအစိုးရနဲ့ ပြည်နယ် အစိုးရတွေရဲ့ အခြေခံ
ဥပဒေဆိုင်ရာ အငြင်းပွားမှုတွေကို မျှမျှတတ
ဖြေရှင်းပေးနိုင်စွမ်း ရှိရပါလိမ့်မယ်။ အဲဒီတာဝန်
အပြင် ဥပဒေပြု လွှတ်တော်က ပြဌာန်းလိုက်တဲ့
ဥပဒေတွေဟာ အခြေခံဥပဒေနဲ့ ဆန့်ကျင်မှု ရှိ၊
မရှိဆိုတဲ့ ဥပဒေတွေကို သုံးသပ်ချက်(judicial review)
ရှိလာမှာလည်း ဖြစ်တယ်။
အခြေခံ ခုံရုံရဲ့ ဥပဒေဆိုင်ရာ သုံးသပ်ချက်(judicial review)
ရဲ့ အရေးပါမှု တစ်ခုကို ပြောရရင်.. လက်ရှိ
ပြဌာန်းထားတဲ့ လွတ်လပ်စွာဆန္ဒပြခွင့် ဥပဒေနဲ့
သက်ဆိုင်တဲ့ပြဿနာမျိုးတွေကို ဖယ်ရှားပြီးလည်း
ဖြစ်ပါလိမ့်မယ်။ဥပမာ မြန်မာနိုင်ငံဥပဒေအရပြောရရင်
ဆန္ဒပြခွင့် ဥပဒေဟာ ၂၀၀၈ အခြေခံ
ဥပဒေရဲ့၃၅၄ (က) မှာ ပေးထားတဲ့ အခွင့်အရေး ဖြစ်တဲ့
"နိုင်ငံသားတိုင်း မိမိတို့၏ ယုံကြည်ချက်၊ထင်မြင်
ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့်၊
ရေးသား ဖြန့်ဝေခွင့် ရှိသည်"ဆိုတဲ့ အချက်ကနေ
ပေါက်ဖွားလာတာ ဖြစ်တယ်။
အလားတူ ၃၅၄ (ခ) မှာလည်း
"လက်နက်မပါဘဲငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်း
လှည့်လည်ခွင့် ရှိသည်" ဆိုပြီးလည်း ထပ်မံ
ပြဌာန်းထားတယ်။ဒါပေမယ့် ပြည်သူတွေက
ဆန္ဒပြလိုလျှင် ရဲစခန်းရဲ့ ခွင့်ပြုချက်လိုအပ်လာတယ်။
ခွင့်ပြုချက်မယူရင် ဖမ်းခွင့်၊ အပြစ်ပေးခွင့်၊ ထောင်ချခွင့်
ဆိုတဲ့ နည်းဥပဒေ ပုဒ်မ (၁၈) ကို ပြဌာန်းထားပါတယ်။
ဒါဟာပြဌာန်းထားတဲ့ နည်းဥပဒေက မူလ ဥပဒေဖြစ်တဲ့
ဖွဲ့စည်းပုံအခြေခံ ဥပဒကို ကျော်လွန်ဆန့်ကျင် နေတာ
ဖြစ်တယ်။ ဒီပြဿနာဟာ အခြေခံဥပဒေ ခုံရုံးက
ဥပဒေတွေကို သုံးသပ်ချက် (judicial review) မရှိလို့
ဖြစ်နေတာ ဖြစ်တယ်။
ဘာကြောင့် လွှတ်တော်နှစ်ရပ်ရှိသင့်သလဲ
ဥပဒေပြုရေးဌာနဖြစ်တဲ့ လွှတ်တော် ၂ ခု ဘာအတွက်
တိုင်းပြည်မှာ လိုအပ်ရတာလဲ။ လွှတ်တော် တစ်ခုတည်း
(Unicameralism) ထားရင် မရနိုင်ဘူးလား… ဆိုတာ
မေးချင်စရာ အင်မတန်ကောင်းတဲ့ မေးခွန်း ဖြစ်ပါတယ်။
ဖက်ဒရယ် စနစ်အတွက် လွှတ်တော်၂ ရပ် ဘာကြောင့်
လိုအပ်သလဲ ဆိုတာကို မသွားခင် အထက် အောက်
လွှတ်တော် ၂ ရပ် ရှိနေရခြင်းအကြောင်း သိဖို့ လိုလာတယ်။
လွှတ်တော်ဆိုတာ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့အရေးအရာ
တွေကို ခြုံပြီး ဥပဒေပြုရတဲ့ ဌာန ဖြစ်တယ်။ ဒီတော့
လွှတ်တော် တစ်ခုတည်း ဆိုရင်လူများစုရဲ့ အသံဟာ
ဥပဒေပြု လွှတ်တော်မှာ ဖုံးလွှမ်းသွားပြီး တိုင်းရင်းသား
လူနည်းစု လူမျိုးစုတွေရဲ့အသံဟာ တိမ်မြုပ်နေပါလိမ့်မယ်။
ဥပမာ မြန်မာနိုင်ငံမှာ ဗမာတိုင်းရင်းသားဟာ လူဦးရေ
အရအများဆုံးဖြစ်ပြီး ချင်းတိုင်းရင်းသားတွေက လူနည်းစု
ဖြစ်တာကြောင့် ချင်းတိုင်းရင်းသားတွေရဲ့အရေးကိစ္စဟာ
ဗမာတိုင်းရင်းသားတွေရဲ့ အရေးကိစ္စလောက်
လွှတ်တော်မှာ အရေးပေး မခံရတာ ဖြစ်နိုင်တယ်။
ဒါကြောင့် လူနည်းစုရဲ့ အသံကို ဥပဒပြု လွှတ်တော်မှာ
လူများစုတွေနဲ့ တန်းတူ ကြားနိုင်ဖို့နည်းလမ်းကို
စဉ်းစားရင်း လွှတ်တော် ၂ ခု ကို
ဖန်တီးရတာဖြစ်တယ်။
ဒီအခါ လွှတ်တော် ၂ ရပ်ရဲ့ အကြမ်းဖျင်း ခွဲခြားမှုမှာ
အောက်လွှတ်တော် ဆိုတာဟာနိုင်ငံ
တစ်ခုလုံးရဲ့ နယ်မြေအသီသီးကနေ
ရွေးချယ် တင်မြှောက်လိုက်တဲ့
ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့
ဥပဒေပြု လွှတ်တော် ဖြစ်တယ်။ ဒါကြောင့်
အောက်လွှတ်တော်ဟာ တစ်နိုင်ငံလုံးကို
ကိုယ်စားပြုတယ်။ အထက်လွှတ်တော်
ဆိုတာကတော့ ပြည်နယ် တစ်ခုခြင်းကို
ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေအချိုးကျ
တက်ရောက်တဲ့ လွှတ်တော် ဖြစ်လာပါတယ်။
အထက်လွှတ်တော်မှာ လူဦးရေများတဲ့
ရန်ကုန်တိုင်းလိုဒေသနဲ့ လူဦးရေနည်းတဲ့
ကယားပြည်နယ်အတွက် ကိုယ်စားပြုမှုဟာ
တန်းတူရှိစေတဲ့ လွှတ်တော်ပုံစံဖြစ်တယ်။
အမေရိကန်ရဲ့ အထက်လွှတ်တော်ဟာ
ကိုယ်စားလှယ် ၁၀၀ နဲ့ ဖွဲ့စည်းထားပြီး
ပြည်နယ်၅၀ မှာ တပြည်နယ် ကိုယ်စားလှယ်
၂ ယောက်နှုန်းဖြစ်တယ်။ အောက်လွှတ်တော်ကတော့
ကိုယ်စားလှယ် ၄၃၅ ယောက် ဖြစ်ပြီး လူဦးရေ
အနည်းအများအပေါ် မူတည်ပြီး နယ်မြေတွေကို
သတ်မှတ်တာ ဖြစ်တယ်။
တိုက်ရိုက်ဒီမိုကရေစီဆိုတာဘာလဲ
တိုက်ရိုက်ဒီမိုကရေစီဆိုတာဟာ ပြည်တွေကနေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ( Referendum) တွေကနေတဆင့် မဲပေးပြီး တိုင်ပြည်လုံးဆိုင်ရာ မူဝါဒတွေနဲ့ ဥပဒေတွေကို တိုက်ရိုက်ချုပ်ကိုင်ပြင်ဆင်နိုင်ပြီးအရာရှိတွေကို ကိုယ်တိုင်ရွေးချယ်တင်မြောက်
နိုင်တဲ့စနစ်ပါ။ကိုယ်စားလှယ်ထားစရာမလိုပါဘူး။
တိုက်ရိုက်ဒီမိုကရေစီစနစ်ကတော့ ပြဌာန်းထားတဲ့
ဥပဒေကို ပယ်ချဖျက်သိမ်းပစ်နိုင်တဲ့ ဗီတိုအာဏာဟာ
အစိုးမှာမရှိပဲ ပြည်သူမှာရှိတာပါ။တိုက်ရိုက်ဒီမိုကရေစီ
စနစ်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ (Referendum)၊
ခြေဥ သို့မဟုတ် ဥပဒေတစ်ရပ်အား ပြင်ဆင်ရန်
မဲပေးပိုင်ခွင့်ရှိသူများမှ မေတ္တာရပ်ခံလွှာအား စုပေါင်း
လက်မှတ်ထိုးတင်သွင်းခြင်းအဆင့် (Initiative)
နဲ့ မဲပေးပိုင်ခွင့်ရှိပြည်သူများက အစိုးရအဖွဲ့မှ
အရာရှိများကို တိုက်ရိုက်ဖြုတ်ချပိုင်ခွင့်ရှိခြင်း
တို့ ရှိရတယ်။ ကမ္ဘာမှာ တစ်ခုတည်းသော
တိုက်ရိုက်ဒီမိုကရေစီကျင့်သုံးနေတဲ့ နိုင်ငံကတော့
ဆွစ်ဇာလန်နိုင်ငံပဲဖြစ်တယ်။
တိုက်ရိုက်ဒီမိုကရေစီဟာ
ပြည်သူကို လုပ်ပိုင်ခွင့်အာဏာပိုမိုရရှိစေတဲ့ ဒီမိုကရေစီ
စနစ်တစ်ရပ်ဖြစ်ပေမယ့်လည်း Tyranny of Majority
ဆိုတဲ့ လူများစုအပေါ်လိုက်ပြီး လူနည်းစုအခွင့်အရေး
ထိခိုက်သွားနိုင်စေတဲ့ သဘောရှိတယ်။ တိုက်ရိုက်
ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတစ်ရပ်မှာ ပြည်သူတွင်သာ
ဗီတိုအာဏာရှိပြီး အစိုးရမှာမရှိတဲ့အတွက် လူများစုက
မဲပေး ပြဌာန်းတဲ့ ဥပဒေတစ်ရပ်ဟာ လူနည်းစုအတွက်
မတရားဖြစ်လာခဲ့သည်ရှိသော် အစိုးရဲ့ ပါဝင်စွက်ဖက်နိုင်
စွမ်းအားနည်းလှတဲ့အတွက် တိုင်းရင်းသားလူနည်းစုနဲ့
ဒေသခံလူမျိုးစုတွေရှိတဲ့ နိုင်ငံတွေအတွက် အလှမ်းဝေး
တယ်။တိုက်ရိုက်ဒီမိုကရေစီကို ဖြစ်ထွန်းစေဖို့
ပဓာနကျတဲ့အချက်က ပြည်သူအားလုံးဟာ
လက်ဝဲဆန်ဖို့နဲ့ ပညာရေချိန်မြင့်ဖို့ပဲ။
ဥပမာ အမေရိကန်လိုနို်င်ငံမျိုးဟာ
လက်ယာတွေများတာကြောင့် တိုက်ရိုက်ဒီမိုကရေစီ
ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆိုတာဘာလဲ
ဖက်ဒရယ်စနစ်ဆိုတာ ပိုမိုအဆင့်မြင့်တဲ့ ပေါင်းစည်းမှုပုံစံဒီမိုကရေစီအုပ်ချုပ်ရေးပုံစံဖြစ်တယ်။ ပြည်ထောင်စုလို့ ခေါ်ဆိုရင် ဖက်ဒရယ်စနစ်ဖြစ်ကိုဖြစ်ရမယ်။
ဖက်ဒရယ်စနစ်မှာ ဆိုင်ရာ တိုင်းပြည်တွင်းက ဒေသနဲ့ပြည်နယ်တွေကို Autonomy လို့ခေါ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ စီမံခန့်ခွဲခွင့်ပေးရတယ်။
ဖက်ဒရယ် စနစ်ဆိုတာ နိုင်ငံ တစ်နိုင်ငံရဲ့“အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင်ရေး” စတဲ့ အာဏာတွေကို ပြည်နယ် အစိုးရများနဲ့ ဗဟိုအစိုးရကြား အာဏာခွဲဝေထားရေးပဲ။ ဥပမာ ကုန်လမ်းပို့ဆောင်ရေးဆိုင်ရာ ဆုံးဖြတ်ခွင့် အာဏာကိုပြည်နယ်အစိုးရတွေက ရယူထားတယ် ဆိုရင် … ကရင်ပြည်နယ်အတွင်းက ဘတ်(စ်)ကားပြေးဆွဲရေးဆိုင်ရာကိစ္စတွေကို လုပ်ငန်း လိုင်စင်
ချပေးတာက စပြီး ကုန်လမ်းပို့ဆောင်ရေး လုပ်ငန်းဆိုင်ရာကိစ္စ အဝဝ ကို ကရင်ပြည်နယ် အစိုးရကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိမှာ ဖြစ်ပြီး … ဗဟိုအစိုးရ နဲ့ အခြားသော ပြည်နယ် အစိုးရများက
ကရင်ပြည်နယ်တွင်းကကိစ္စတွေကို ဝင်ရောက်စွက်ဖက်ပိုင်ခွင့် လုံးဝ မရှိပါ။
ထို့အတူ ကချင်ပြည်နယ်ဟာလည်း ကုန်လမ်းပို့ဆောင်ရေးအတွက်စီမံခွင့်အာဏာကို မိမိတို့ပြည်နယ်အတွင်း ကိုယ်ပိုင် စီမံခွင့် ရရှိစေရမှာဖြစ်တယ်။အပြန်အလှန် အားဖြင့်လည်း နိုင်ငံခြားရေးရာဆက်ဆံရေးကိစ္စတွေကို ဗဟိုအစိုးရက ဆုံးဖြတ်ပိုင်ခွင့်ယူထားလျှင်သံတမန်ခန့်အပ်တာမျိုးကအစနိုင်ငံတကာနဲ့ ဆက်ဆံရေး ကိစ္စတွေမှာ ပြည်နယ်အစိုးရတွေကဝင်ရာက်စွက်ဖက်ခွင့် လုံးဝ မရှိစေရတာမျိုးဖြစ်တယ်။ ထိုကဲသို့ နိုင်ငံတစ်နိုင်ငံရဲ့ အာဏာတွေကို ခွဲဝေ အုပ်ချုပ်တဲ့ စနစ်ကို ဖက်ဒရယ် စနစ်လို့ ခေါ်တယ်။
ဘိုဘိုသော်ဇင်
(ဘိုဘိုသော်ဇင် စာသားလေးကိုနှိပ်လိုက်ပါ မူရင်းရေးသားသူရဲ့ Facebook Account နဲ့ချိတ်ဆက်ပေးထားပါတယ်။)
No comments:
Post a Comment