Sunday, July 1, 2018

6 packs Abs အတွက် သိသင့်တဲ့အချက်များ



(Tips and facts for training abs)

" ဘယ်သူ မလိုချင်ဘူးလဲ "

ဒီလိုမေးရင် ကြည့်ကောင်းတဲ့ ဝမ်းဗိုက်သားကို မလိုချင်ပါဘူးဆိုသူတစ်ယောက်ကိုမှ သင်တွေ့မှာ မဟုတ်ပါဘူး။

Abs ဆိုတာမျိုးက ခန္ဓာကိုယ်တစ်ခုရဲ့ အသွင်ကိုတင် ရှယ်မိုက်စေတာမျိုးမဟုတ်ပဲ ဒီလူရဲ့

- ကျန်းမာရေးလိုက်စားမှု၊
- အစားအသောက် အပျော်အပါးတွေ အလွန်အကျူးစိတ်တွေကို ထိန်းနိုင်မှု၊
- အရာတစ်ခုခုကို အချိန်အကြာကြီး အာရုံစိုက်ပေးဆပ်နိုင်မှု
စတာတွေကိုပါ ထင်ဟပ်နေစေတာကိုး။ ဒါ့ကြောင့်လဲ Workout လုပ်သူတိုင်းမှာ Abs ကို အဓိကအဖြစ် တော်တော်များများလုပ်ကြတာပါပဲ။

ဒီတော့ Abs လေ့ကျင့်ခန်း၊ Abs နဲ့ သက်ဆိုင်တဲ့ မေးခွန်းတစ်ချို့ကို ဒီဆောင်းပါးမှာ ရေးလိုက်ပါတယ်။

၁- အဆီပမာဏ မနည်းမချင်း Abs ဟာ ပေါ်ဖို့ခက်ပါတယ်

ဒါက အရမ်းရိုးရှင်းပါတယ်။ ကျွန်တော်တို့မှာ Body fat ပမာဏ များနေသရွေ့ အောက်ကဖုထစ်နေတဲ့ Abs ကို မြင်ရမှာ မဟုတ်ပါဘူး။ အရမ်းကြီး Abs ကြွက်သားက ကြီးနေရင်တောင် အဆီများနေသရွေ့ ရေးရေးပဲ မြင်နိုင်တာမလို့ ပြတ်ပြတ်သားသား မြင်ချင်ရင် အဆီလျော့အောင် ကြိုးစားရပါမယ်။ အဆီချနည်းတွေကို Page ထဲမှာ အများကြီး ဝင်ဖတ်နိုင်ပါတယ်။

****************

၂- 6 packs - 8 packs - 10 packs မျိုးကွဲများ

တစ်ချို့က 6 packs ကနေ 8 packs ရအောင် လုပ်ချင်တယ်ဆိုသူတွေ ရှိပါတယ်။ အဖြေက လုပ်လို့မရပါဘူး။ Packs ပမာဏဟာ မွေးရာပါဖြစ်ပြီး ဒီတည်ဆောက်ပုံကို တိုးလာချင်လို့မရပါဘူး။ Packs များမှ လှတယ်မဟုတ်ပါ။ နာမည်ကျော် အာနိုးဆို 4 packs ပဲ ရှိပါတယ်။

****************

၃- မညီမညာဖြစ်နေရင် ဘယ်လိုလုပ်မလဲ

မညီမညာ ဖြစ်ပုံက ကွဲပါတယ်။

တစ်ချို့က ဘယ်ညာ နှစ်တုံးဟာ တစ်ညီတည်း မဟုတ်ပဲ ညာကမြင့် ဘယ်ကနိမ့်ဖြစ်တတ်တယ်။ မဟုတ်ရင်လဲ ဘယ်မြင့် ညာနိမ့်ပေါ့။ ဒီလိုလူများအတွက် အရင်ဆုံး ဘောင်းဘီ၊ ပုဆိုးဝတ်တဲ့ ခါးနေရာကိုကြည့်ပါ။ အနိမ့်အမြင့် ညီသလား၊ တစ်ဘက်က ပိုမြင့်နေတတ်လား။ ခါးအနိမ့်အမြင့် ညီရဲ့သားနဲ့ Abs က ဘယ်ညာ မညီရင် ဒါဟာမွေးရာပါပါ။ အမှားမရှိတာမလို့ ပြင်လို့မရပါ။

တစ်ချို့က ညာဘက်က ပိုပြတ်သားပြီး ဘယ်က သိပ်မမြင်ရတာမျိုး ဖြစ်တတ်တယ်။ ဒါမှမဟုတ် ဘယ်ကပြတ်သားပြီး ညာက သိပ်မထင်းတာမျိုးပေါ့။ ဒါဟာ ဘယ်သန်၊ ညာသန် ပြသနာဖြစ်ပြီး Training လုပ်ရာမှာ သန်တဲ့ဘက်နဲ့ ပိုလုပ်လို့ပါ။ ဒီလိုလူတွေအတွက်လဲ ခါးက ဘောင်းဘီ၊ ပုဆိုးဝတ်ကြောင်းကိုကြည့်ပါ။ များသောအားဖြင့် Abs ပိုထင်းတဲ့ဘက်မှာ ခါးဟာပိုမြင့်တက်နေဖို့ ရှိပါတယ်။ ဥပမာ ညာဘက်က Abs ဟာ ထင်းနေရင် ညာခါးဟာ ပိုမြင့်နေတတ်ပါတယ်။ ဒီလိုလူတွေအတွက် ပြင်လို့ရပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဘယ်ဘက်ကို အာရုံစိုက်တဲ့၊ ဘယ်ကိုအသားပေးတဲ့ဟာတွေကို အနည်းငယ် ပိုလုပ်ပါ။ နောက်တစ်ခုလုပ်သင့်တာက ပိုထင်းတဲ့ Abs ဘက်ကို ဆွဲဆန့်ပြီး အကြောလျှော့ပါ။ ၂-၃ လအတွင်းမှာ ပြောင်းလဲမှုကို တွေ့ရပါလိမ့်မယ်။

****************

၎- Training အတွင်း အသက်ရှူပုံ ရှူနည်း

Abs လေ့ကျင့်ခန်းလုပ်တာဟာ အိပ်လိုက်၊ ထလိုက် အချက်ရေများစွာလုပ်နေတာ မဟုတ်ပါဘူး။ ဝမ်းဗိုက်ကြွက်သားကို အကြုံ့၊ အဆန့် လုပ်နေတာပါ။ ဒီလိုဖြစ်ဖို့အတွက် အားသုံးတဲ့အခါမျိုးမှာ ဗိုက်ထဲ လေမရှိနေရပါဘူး။

အားသုံးတဲ့အခါဆိုတာ ပုံစံအရ ကွဲပါတယ်။ ဥပမာ လှဲနေရင်း ခေါင်းဘက်က ပြန်ထတာဆိုရင် ပြန်အထက အားသုံးတာပေါ့။ ဒီလိုအထမှာ အားသုံးမယ်ဆိုရင် မထခင် ဗိုက်ထဲက လေတွေကို ဗိုက်ချပ်နေတဲ့အထိ အကုန်မှုတ်ထုတ်ပြီးမှ ထရပါမယ်။

ဒီလိုမဟုတ်ပဲ လှဲနေရင်း ခြေထောက်က မြှောက်တင်တဲ့ ပုံစံကျ ခြေမြှောက်အတင်က အားသုံးတာဖြစ်သွားပါပြီ။ ဒီပုံစံမှာဆိုရင် ခြေမြှောက်အတင်က အားသုံးတာမလို့ ခြေမမြှောက်ခင်မှာ ဗိုက်ချပ်တဲ့အထိ လေမှုတ်ထုတ်ပြီးမှ တင်ရပါမယ်။

ဒီလို လေကုန်၊ ဗိုက်ချပ်ချိန်မှ ဗိုက်သားကို ကျင့်တာဟာ Training လုပ်သူများ 100% လိုက်နာရမယ့် အချက်ပါပဲ။

****************

၅- နေ့တိုင်း Train သင့်သလား

နေ့တိုင်းဆိုတာထပ် Gym ဆော့တဲ့ရက်တိုင်း Train သင့်လားပေါ့။ လေ့ကျင့်တယ်ဆိုတာ အမျိုးမျိုးရှိပါတယ်။ အလွယ် နှစ်မျိုးပြောပြမယ်။

တစ်ရက်ကို ၁၀ မိနစ်နဲ့ ၄ ရက် Train မလား။ ဒါမှမဟုတ် မိနစ် ၄၀ ကို တစ်ရက်အတွင်း Train မလား။

Abs အတွက်ပိုသင့်တော်တာက တစ်ရက် ၁၀ မိနစ်နဲ့ နေ့တိုင်း (တစ်ပတ် ၄-၅ရက်) Train တာပါပဲ။ ဒီနည်းဟာ နေ့စဉ်ကြွက်သားကို လှုံ့ဆော်နေတာဖြစ်သလို တစ်နေ့ ၁၀ မိနစ်ဆိုတော့ တစ်ခါထဲ မိနစ် ၃၀-၄၀ ထပ် ပိုအာရုံစိုက်နိုင်ပါတယ်။

လေ့ကျင့်တဲ့ အခါမှာ တစ်ရက်ကို အပေါ်၊ တစ်ရက်ကို အောက်၊ တစ်ရက်ကို ဘေး၊ တစ်ရက်ကို နံရိုးကြားက အသားလေးတွေ စသဖြင့် မတူအောင်ဆော့သွားတာမျိုး လုပ်ပါ။ ဒီအကြောင်းကို ပုံစံတွေနဲ့ နောက်တစ်ခေါက် ပို့စ်တင်လိုက်ပါမယ်။ Page ကို Like and see first မလုပ်ရသေးရင် လုပ်ထားပါ။

****************

၆- အလေးလွတ်လား၊ အလေးနဲ့လား

Abs ဆိုတာလဲ ကြွက်သားထုပါပဲ။ ဒီတော့ သူမတူအောင် ထွားလာချင်ရင် သူမတူအောင် Challenge လုပ်ပြီး Train ရပါမယ်။

ဒီလိုဆိုတော့ အလေးလွတ်တွေမှာလဲ Challenge ပိုပိုဖြစ်လာအောင် လုပ်လို့ရတဲ့ ပုံစံတွေရှိပါတယ်။ ဒါပေမယ့် တဖြေးဖြေးချင်း ရှေ့တိုးရတာခက်ပါတယ်။

အလေးနဲ့ဆော့တဲ့အခါကျ 10kg ကနေ 12.5kg ကို လွယ်လွယ်ကူကူ ရှေ့ဆက်နိုင်ပါတယ်။

ဒီတော့ အလေးလွတ်ဆော့မယ်ဆို တဖြေးဖြေး ပိုစိန်ခေါ်နိုင်ဖို့၊ ခက်တာတွေလုပ်နိုင်ဖို့ ကြိုးစားပါ။ မေးခွန်းကို ပြန်ဖြေရမယ်ဆိုရင် အလေးနဲ့ဆော့ဖို့ အခွင့်အလမ်းရှိရင် အလေးနဲ့ ဗိုက်သားကို ဆော့ပါ။ အလေးနဲ့ဆော့ခြင်းဟာ Abs ကို ပိုထူလာစေပြီး ပိုပြတ်သားလာစေပါတယ်။

****************


ဒါကတော့ Abs လေ့ကျင့်နေသူတွေ လုပ်တဲ့အခါ တွေ့လာနိုင်တဲ့ မေးခွန်းတွေကို လတ်တလော Admin တွေးကြည့်တာပါ။ အကယ်လို့ တစ်ခြား ဇဝေဇဝါ ရှိစရာလေးတွေ ကျန်သေးရင်လဲ Comment မှာ ချန်ခဲ့ပါ။

နောင် တစ်ပို့စ်အနေနဲ့ Abs တစ်ခုကို ကြွက်သား ဘယ်နှမျိုးနဲ့ တည်ဆောက်ထားလဲ၊ ဒါတွေကို ဘယ်လိုထိအောင် လုပ်နိုင်လဲနဲ့ ပတ်သက်ပြီး တင်ပေးပါမယ်။ Page ကို Like မလုပ်ရသေးရင် လုပ်ပြီး လွတ်မသွားအောင် See first လုပ်ထားပေးပါလို့။

Happy weekends, All 😊😊😊

Share and like the page Golden_Dreams ❤️

No comments: