Wednesday, July 18, 2018

သင်​သတိမထားမိသည့်​ စိတ်ကျရောဂါ လက္ခဏာ - ၈မျိုး -



အားအင်ကုန်ခမ်း ယုတ်လျော့နေသည့် နာမကျန်းမှုဖြစ်စဉ်တစ်ခု ခံစားနေရတယ်လို့ စဉ်းစားမိတဲ့အခါ ကင်​ဆာ​ရောဂါ ၊ နှလုံး​ရောဂါ ၊ သို့မဟုတ် အင်လ်ဇိုင်းမား ဖြစ်နေပြီလား အရင်တွေးဆမိပါတယ်။ တဖက်ကလည်း ကျန်းမာရေး ယိုယွင်းလာမှုက ဦးဆောင်နေပြီး အလုပ်​အကိုင်​မှာရော ဘ၀နေထိုင်မှု ပေါင်းသင်းဆက်ဆံရေးတွေမှာပါ စွမ်းဆောင်ရည် ကျလာတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်လာနေရတယ်လေ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ပြောကြားချက်အရ ၃၀၀ မီလီယမ် (300 million) ထက်ပိုသော လူတွေဟာ စိတ်ကျရောဂါ ဝေဒနာခံစားရတာတွေ့ရပြီး ၂၀၀၅ ခုနှစ်မှ ၂၀၁၅ခုနှစ်အတွင်း ၁၈ ရာခိုင်​နှုန်း ပိုမြင့်တက်ခဲ့တာတွေ့ရကြောင်းသိရပါတယ်။ ပိုဆိုးတာက အဆိုပါလူဦးရေရဲ့ တစ်ဝက်လောက်ဟာ ဆေးကုသမှု မခံယူနိုင်ခဲ့သလို စိတ်နှင့်ဆိုင်တဲ့ ကျန်းမာရေး ပြဿနာများကို မျှော်လင့်ထားတာထက် ရင်ဆိုင်ခံစားနေခဲ့ကြရတယ်လို့ဆိုပါတယ်။

အထူးသဖြင့် အမျိုးသားအများစုအတွက် အမှန်တရားက သူတို့စိတ်ထဲ ခံစားနေရတဲ့ စိတ်ဓာတ်ကျ ရောဂါလက္ခဏာများ နဲ့ပတ်သက်ပြီး ဖွင့်ဟလေ့မရှိသလို တော်တန်ရုံ မဆွေးနွေး မကုသလိုကြပါဘူး။ စိတ်ကျန်းမာရေး ရောဂါလက္ခဏာများကို အဓိက ခံစားနေရသည့်တိုင် ပုံမှန် ၀မ်းနည်းသမှု ခံစားနေရခြင်းသာဖြစ်တယ်လို့ တွေးထင်တတ်ကြပါတယ်။ ဒီလိုနဲ့ အမှန်တရား တစ်ခုကနေ ဝေးကွာရတာပါပဲ။

ကုသခြင်းမပြုလုပ်ဘဲနေမယ်ဆိုရင် စိတ်ဓာတ်ကျ ခြင်းရောဂါဟာ မိမိဘာသာ သာမန်ဘ၀တစ်ခုလို ကျန်းမာပြည့်စုံတဲ့ဘ၀အဖြစ်နေထိုင်လုပ်ကိုင်နိုင်စွမ်း နှောင့်နှေးစေနိုင်ပါတယ်။ အမျိုးသားများအနေနဲ့
စိတ်ဓာတ်ကျခြင်း ရောဂါလက္ခဏာအများစုထဲက ဘယ်လို လက္ခဏာတွေက ဘုံသဘောပိုကျနေသလဲ မှတ်မိလျှင် မိမိကျန်းမာရေးဂရုစိုက်မှုအတွက် အထောက်အပံ့ပြု သူနဲ့ ရက်ချိန်းယူသင့်ပါပြီ။ ဒါဟာ အထောက်အကူကောင်းတစ်ခု ဖြစ်ပါတယ်။

ဝမ်းနည်းစိတ်ဓာတ်ကျခြင်း အခြေအနေပိုမိုပြင်းထန်လာသလို
စိတ်ဆိုးမာန်ဆိုးဖြစ်ခြင်း၊မောပန်နွမ်းနယ်ခြင်း၊ စားသောက်ချင်စိတ် မရှိခြင်းတွေအပြင် ကိုယ်ခန္ဓာ နာကျင်ခြင်းကဲ့သို့ အခြား ရောဂါလက္ခဏာများ ပေါင်းစပ် ခံစားရမှု ပိုလာနိုင်ပါတယ်။

(၁) စိတ်ခံစားမှုအထွေထွေ ထိုးကျနေခြင်း

အမေဖြစ်သူ အမြဲပြောနေတဲ့ဘယ်အရာက အမှန်တရားဖြစ်နေလဲ? လူတိုင်းက ဆိုးရွားတဲ့ နေ့ရက်တွေကို အချိန်တိုင်း အချိန်တိုင်း ပိုင်ဆိုင်နေရတာပါ။ ဒါပေမဲ့ ဆေးပညာရှုထောင့်အရ စိတ်ဓာတ်ကျခြင်းရောဂါ ၀င်တယ်ဆိုတာက စာဖတ်သူအနေနဲ့ တစ်ရက်ထက် ပိုမိုကြာရှည် ၀မ်းနည်းအားငယ်မှုဖြစ်နေနိုင်တာမျိုးကို ခေါ်တာပါတဲ့။

သာမန်အားဖြင့် စာဖတ်သူဟာ ဇနီးဖြစ်သူနဲ့ ကတောက်ကဆတ် ရုတ်ခြည်းဆိုသလိုဖြစ်စဉ်၊ တစ်ညလုံးလိုလို စိတ်ဓာတ်ကျ ကာ အနားမရဘဲ နောက်နေ့ နံနက် အလုပ်သွားမယ်ဆိုတဲ့အချိန် အရင်ထက်စာရင် စိတ်တို စိတ်ဆတ် ခံစားချက်တွေကို လျော့မရတဲ့ဖြစ်စဉ် ဖြစ်တယ်ဆိုပါစို့။ နောက်ဆုံးတော့ စိတ်တိုတာ သဘောမကျတာကို ဖွင့်ပြောချင်ပြောလိမ့်မယ် ပြီးရင် စိတ်ထဲနေလို့ကောင်းသွားရော။

ဒါပေမဲ့ စိတ်အားငယ်ချိန်၊စိတ်ဓာတ်ကျနေချိန်ဆိုရင် အပျက်သဘောဆောင်သော စိတ်ခံစားမှုအရ​လေးလံထိုင်းမှိုင်းတဲ့ အာရုံခံစားချက်ကို တစ်ပတ် သို့မဟုတ်​ တစ်လကြာတဲ့အထိ ဖျောက်မရဖြစ်နေတတ်ပါတယ်။ နောက်တော့ စာဖတ်သူ လုပ်သမျှ အရာတွေမှာ အ​နှောင့်​အယှက်​ ၀င်နေပါရော။

(၂) ဘယ်နေရာမှာမှ ဒေါသထွက်မရခြင်း

လူအများစုအနေနဲ့ မြင်သာထင်သာရှိနိုင်တဲ့ စိတ်ဓာတ်ကျခြင်း ရောဂါလက္ခဏာများမှာ ၀မ်းနည်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း သို့မဟုတ် တိုးလာခြင်းဖြစ်ပါတယ်။ ဒါကလည်း ဟာကွက် ပျော့ညံ့ချက်တစ်ခုလိုကို ဖြစ်နေတယ်လေ။ လူတွေအနေနဲ့ ထုံးစံမဟုတ်သော အကျိုးသင့်အကြောင်းသင့်ရှင်းပြရခက်သော လက္ခဏာ တစ်ခုမှာ ဒေါသဆိုတာကိုတော့ မမြင်သာဘူးထင်ပါတယ်။ အဆိုပါလူမျိုးဟာ အရာဝတ္ထု ပစ္စည်းပစ္စယတွေကို ပစ်ပေါက် လွှင့်ပစ်မယ်၊ သို့မဟုတ် အော်ဟစ်မယ်၊ သို့မဟုတ် အခြားလူတွေကို ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း နာကျင်အောင်ပြုလုပ်ဖို့ ကြိုးစားမယ် ပြီးတော့မှ တဘက်သားကို ရှင်းပြတောင်းပန်တာ လုပ်ပါလိမ့်မယ်။

စိတ်ဓာတ်ကျခြင်း ခံစားနေရချိန် ဒေါသစိတ်ကို ဘယ်မှာမှ ပွင့်ထွက်ခွင့်မရှိနိုင်တဲ့အချိန် ဘယ်လိုမှ ဒေါသမထွက်သင့်တဲ့ သာမန်အ​ကြောင်းအရာများအပေါ် မီးပွားလွင့် လောင်မြိုက်တတ်ပါတယ်။ ဥပမာ - ညစာစားပွဲမှာ အကြောင်းအရာ တစ်ခုခုကို အခြေအတင်ဆွေးနွေးနေကြချိန် ရုတ်တရက်ဆိုသလို ကိုယ့်ရှေ့က ငွေထည် ဇွန်းခက်ရင်းတွေကို ပစ်ချပစ်တာ လွှင့်ပစ်တာမျိုးက အကြောင်းအရာတစ်ရပ်အပေါ်စိတ်ခံစားမှု တုန့်ပြန်ချက်တစ်ခုသက်သက်မဟုတ်ပါဘူး စိတ်အတွင်းပိုင်းကနေ အမြစ်တွယ်နေခဲ့တာမျိုးပါ။

အမျိုးသားအများစုဟာ သူတို့ရဲ့ ယောက်ျားပီသမှုတွေကို စိတ်ဓာတ်ကျခြင်း ဖြစ်နေချိန်မှာ ဆုံးရှူံးနိုင်ခြေရှိတယ်လို့ ခံစားတတ်ပါတယ်။ ဒါပေမဲ့ တကယ့်ကို ဘာဆိုဘာမှ ကောင်းကောင်းမလုပ်နိုင်၊ အကူအညီလိုအပ်နေပါတယ်ဆိုတဲ့ စိတ်ခံစားချက်နဲ့ အမြဲလိုလိုရင်ဆိုင်လာနေရမှ စိတ်ကျရောဂါတကယ်ဟုတ်မဟုတ် ဆန်းစစ်နိုင်မှာပါ။ အဲ့သလို စိတ်အခြေအနေရှိလား သိဖို့လိုအပ်တယ်။

(၃) အကြောင်းအကျိုး မစဉ်စားဘဲ မိုက်မဲတဲ့အရာတွေ လုပ်မိခြင်း

ရမယ်​ရှာမရ အကြောင်းအကျိုးမဲ့ ကိစ္စတွေကို စိတ်ဓာတ်ကျ ရောဂါ ခံစားနေရသည့် အမျိုးသမီးများထက် အမျိုးသားများက ပိုမိုပြုလုပ်တတ်ကြတာ ​ယေဘုယျ အားဖြင့် တွေ့ရပါတယ်။ ဒါကလည်း ဖိုသဘာဝ အဆိပ်သင့်မှုရဲ့ ဘေးထွက်ပစ္စည်းတစ်ခု ဖြစ်နိုင်ပါတယ်။ ကိုယ့်စိတ်ခံစားမှုကို မဖော်ပြနိုင်ဘူးလို့ ခံစားရလျှင် ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်တာမျိုး သို့မဟုတ် အခြားသူများအပေါ် ​ဒေါသူပုန်​ထလိုက်တာမျိုး စတဲ့နည်းလမ်း တစ်ခုနဲ့ စိတ်ဓာတ်ကျ ရောဂါ ခံစားမှုအပေါ် ရင်ဆိုင်တတ်ကြပါတယ်။ ဥပမာ ကိုယ်နေတဲ့အခန်း ၊ ကိုယ်နေတဲ့အိမ်ကို တစ်နာရီ ၁၁၀ မိုင်နှုန်းနဲ့ ကားအရောက်မောင်းနိုင်တယ်ဆိုပြီး သက်သေပြဖို့လုပ်တာ သို့မဟုတ် ကိုယ့်ထက်အများကြီးစွမ်းတဲ့ လူတစ်ယောက်နဲ့ သိသိကြီး စိန်ခေါ်ပြိုင်မောင်းတာမျိုးပေါ့။

အပေါ်မှာ ပြောခဲ့သလိုပဲ အဆိုးဘက်ရောက်တဲ့ စီရင်ချက်မျိုးကို အပြောင်းအလဲမရှိစွာ ချမှတ်လေ့ လုပ်ဆောင်လေ့ရှိသော လက္ခဏာရပ်တစ်ခုပိုင်ဆိုင်သည့် စိတ်အခြေအနေကို စူးစမ်းရပါမယ်။
စိတ်ခံစားမှု အမြင့်ပိုင်းနဲ့ အနိမ့်ပိုင်းအခြေအနေများစီ အပြန်အလှန် အချိန်တိုအတွင်း ပြောင်းလဲတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခု သို့မဟုတ် ဘိုင်ပိုလာရောဂါ (bipolar disorder)လို့ သိတဲ့ စိတ်ကျရောဂါ အမျိုးအစားရဲ့ အတိအကျ အချက်ပြမှုဖြစ်နေနိုင်တာကြောင့်ပါ။

 (၄) အသောက်များခြင်း 

အရက်က ခံစားမှုကောင်းအောင်ပြုလုပ်ပေးနိုင်တယ်ဆိုတဲ့ လျှို့ဝှက်ချက်မရှိပါဘူး။ ဦး​ဏှောက်​ထဲက ဒိုပါမင်းလမ်းကြောင်း (the dopamine pathways)ကို အယ်လ်ကိုဟောက တို့မီးရှို့မီးလုပ်ပါတယ်။ နူ ရိုထရန်စမစ်တာ (neurotransmitter) တစ်ခုက စာဖတ်သူ့ ဦး​ဏှောက်​ရဲ့ ဆုလာဘ်​နဲ့ သာယာမှု ဗဟိုချက်ကို ထိန်းကွပ်​ရာမှာ အကူအညီပေးပါမယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ကျရောဂါ ခံစားနေရချိန်မှာ အဆိုပါ အချက်ပြစနစ်က ကောင်းကောင်းအလုပ်မလုပ်လို့ပါ။ စိတ်ဓာတ်ကျခြင်းနဲ့ နပမ်းလုံးနေရတဲ့ အမျိုးသား ၂၀ မှ ၃၀ ရာခိုင်​နှုန်းမှာ အရက်သောက်ခြင်းပြဿနာတစ်ခုကနေ ဝေဒနာတစ်ရပ်အနေနဲ့ ခံစားရမယ်လို့ ပြောနိုင်ပါတယ်။

တစ်ကြိမ်တော့ အရက်သောက်သူတွေသာသိတဲ့ ခံစားချက်ကောင်းအပေါ် စွဲနေတတ်တာပါပဲ။ သောက်လို့ခံစားရတာကို ဖြေတဲ့အနေနဲ့သောက်၊ သောက်လို့ကောင်းလို့ပြန်သောက်ဆိုတဲ့ သံသရာကို ရပ်ဖို့ခက်ပါတယ်။ ဒါပေမဲ့ အယ်လ်ကိုဟောက အတော်ဆိုးရွားတဲ့ စိတ်ကျရောဂါသက်သာစေသောဆေးပါ။ အိပ်မပျော်ခြင်းနဲ့ ဒေါသစိတ်ကဲ့သို့ ရောဂါလက္ခဏာများကို မကြာခဏ ပုံကြီးချဲ့ပါတယ်။ ပြီးတော့ အယ်လ်ကိုဟော အသောက်များခြင်းဟာ တကိုယ်လုံးက ကြွက်သားများကို နာကျင်စေနိုင်သလို နှလုံးနဲ့ အခြား ခန္ဓာကိုယ်အစိတ်​အပိုင်း တွေကို ထိခိုက်စေပါတယ်။

 (၅) အမြဲလိုလို ​ခြေကုန်လက်ပန်းကျတတ်ခြင်း

အိပ်မပျော်နိုင်ဘူးလား? နောက်တနေ့ နံနက်ခင်းတိုင် မနိုးတ၀က်နိုးတ၀က်ဖြစ်နေဆဲလား? အိပ်စက်ရာမှာ အ​နှောင့်​အယှက်​ဖြစ်နေခြင်းဆိုတာ အစောဆုံးနဲ့ အသိအများဆုံးသော စိတ်ဓာတ်ကျ ခြင်းဆိုင်ရာ  လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။ စိတ်ကျရောဂါသည်အများစုရဲ့ သုံးရာခိုင်နှုန်းမှာ အိပ်မပျော်သည့် ရောဂါလက္ခဏာများ (insomnia) အမှန်တွေ့ရပါတယ်လို့ လက်တွေ့ကုသမှုပေးနေသူများက ပြောပါတယ်။ အိပ်ပျော်ဖို့ အ​နှောင့်​အယှက်​ ဖြစ်နေနိုင်တယ် သို့မဟုတ် ညတ၀က်မှာနိုးနေမယ် သို့မဟုတ် နာရီနှိုးစက် မပိတ်ရခင် နံနက်အစောကြီးနိုးနေနိုင်ပါတယ်။

ဆိုးဝါးတဲ့ အတွေ့အကြုံ ၊ အလုပ်ပြဿနာတွေ ၊ မိသားစုအကြောင်း စသည့်မကောင်းတဲ့ အတွေးတွေ စိတ်ထဲမှာ ပတ်​လည်​၀ိုင်းနေလျင် ဦး​ဏှောက်​ ဆက်လက်နိုးကြားနေအောင်ပြုလုပ်သလို ဖြစ်နေပါတယ်။ မအိပ်နိုင်ဘဲ နိုးနေတော့ လူက တနေကုန် တောက်လျောက် အလွန်​အကျွံ ​မောပန်းနွမ်းနယ်​ခြင်းဖြစ်လာတာပါပဲ။ ဒီဖြစ်စဉ်ကြောင့် အခြားသော ပိုဆိုးသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာအောင် ပြုလုပ်သလိုဖြစ်နေမှာပါ။

(၆) လူတွေကို အဝေးတွန်းထုတ်ဖို့ စလုပ်ခြင်း 

စိတ်ကျရောဂါ ခံစားရသူများဟာ သူတို့ကိုယ်သူတို့ကော သူတို့အနာဂတ်အပေါ်ကော အနုတ်လက္ခဏာဆောင်တဲ့ အမြင်တစ်ခုရှိပါတယ်။ စိတ်ကျရောဂါကနေ ရုန်းကန်နေသော ကာလမှာ မိမိရှေ့ရေးကို ဘာအကြောင်းအရာမှမရှိတဲ့အတိုင်း ခံစားရနိုင်သလို မိမိဘ၀ရဲ့ အပြုသဘောဆောင်သော အစိတ်​အပိုင်းအားလုံးကို ဂရုပြုဖို့ မေ့နေပါလိမ့်မယ်။ အခြားလူတွေနဲ့ ပေါင်းသင်းဆက်ဆံ ရာမှာလည်း ထို့အတူပေါ့။

ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေစီကနေ မိမိကိုယ်​ကို သီးခြားခွဲထုတ်စပြုမိတဲ့ အဓိပ္ပါယ်​လို့ပြောရပါမယ်။ ကိုယ့်ကိုယ်ပိုင်ကမ္ဘာထဲ ဆုတ်ခွာနေထိုင်စပြုလာတယ်ဆိုတာကို ချစ်ခင်သူ တစ်ယောက်ယောက်က စိတ်အခြေအနေပြောင်းလာကြောင်း အစဦးဆုံး သတိပြုမိနိုင်ပါလိမ့်မယ်။ ၂၀၁၁ခုနှစ်အတွင်း လေ့လာဆန်းစစ်မှု တစ်ခုအရ စိတ်ကျရောဂါ လက္ခဏာ ခံစားနေရသူများရဲ့ ဆယ်ကျော်သက်အရွယ်က အချစ်ရေးကိစ္စရပ် သဘောထားကွဲလွဲမှု အတွေ့အကြုံ များတွင် အခြားသော သာမန်လူငယ်များ၏ အချစ်ရေးအတွေ့အကြုံများထက် ရှုပ်ထွေးမှုပိုစွာဖြင့် ကြီးပြင်းလာရကြောင်းတွေ့ရပါတယ်။

 (၇) လိင်ကိစ္စဆိုင်ရာ ခံစားချက်​ ပြောင်းလဲခြင်း 

လိင်ကိစ္စရပ်သည် မိမိစိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်သယောင် ထင်မြင်ယူဆခဲ့ပေမယ့် စိတ်ကျရောဂါ ခံစားရင်ဆိုင်နေရချိန်မှာတော့ ဒီကိစ္စကို သိပ်လက်မခံဘူးဖြစ်လာတယ်။ စတန်းဖို့ဒ်တက္ကသိုလ် လေ့လာဆန်းစစ်မှုတွေရဲ့ ပြဆိုချက်အရ စိတ်ကျရောဂါ လူနာများ၏ ၇၅ ရာခိုင်​နှုန်းဟာ လိင်စိတ်လျော့နည်းတဲ့ အတွေ့အကြုံရှိကြကြောင်း သိရပါတယ်။ အထူးသဖြင့် လူငယ်အမျိုးသားများတွင် လိင်စိတ် သိသိသာသာ လျော့ပါးလာခြင်းသည် စိတ်ကျရောဂါ၏ အစောဆုံးပြသည့် လက္ခဏာရပ် တစ်ခုဖြစ်နိုင်ပါတယ်။

ဒါဟာ အာသီသ၊ အိပ်စက်ခြင်း၊ အားထုတ်မှုနှင့် လိင်စိတ်ဆန္ဒ တွေကို ထိန်းကွပ်တဲ့ ဦး​ဏှောက်​ နယ်ပယ်တစ်ခုဖြစ်သည့် လင်းဘစ် စနစ်(limbic system) ကို စိတ်ဓာတ်ကျခြင်းက ယိုယွင်းစေနိုင်ကြောင်း ပြတာပါပဲ။ ကံဆိုးချင်တော့ စိတ်ကျရောဂါကို ကုသရာမှာ အသုံးတည့်​သော စိတ်ကျရောဂါ သက်သာဆေးအချို့ဟာ လိင်စိတ်ယိုယွင်းလာတာကိုလည်း ကုသမှုပေးနိုင်ပါတယ်။ ပရိုဇက် (Prozac) နဲ့ လက်ဇာပရို (Lexapro) တို့လို ဆီရိုတိုနင်(serotonin) ပြန်မြှင့်ပေးတဲ့ဆေးဟာ သုက်ထွက်နှေးတာနဲ့ တက်စထရိုစတုန်း လျော့ပါးလာတာကို အဆင်ပြေလာစေပါမယ်။

(၈) ထင်ရှားတဲ့ အကြိုးအကြောင်း မရှိဘဲ ကိုယ်အလေးချိန် တက်လာခြင်း သို့မဟုတ် ကျဆင်းသွားခြင်း

များသောအားဖြင့်  ထင်ကြတာက ကိုယ်အလေးချိန် မတိုးဘဲ ကျဆင်းတာက ကောင်းတဲ့အချက်တစ်ခုလို့ ယူဆထင်မြင်မိကြတာပါပဲ။ ဒါပေမဲ့ စားသောက်ချင်စိတ် လျော့နည်းလာတယ်၊ ရှင်းပြလို့မရ သို့မဟုတ် စားနေကြ အစားအစာပုံစံပြောင်းခြင်း၊ လေ့ကျင်ခန်းအစီအစဉ်ပြောင်းလိုက်ခြင်းကြောင့် မဟုတ်ဘဲ
ကိုယ်အလေးချိန် ပေါင်ချိန်အနည်းငယ် ရုတ်တရက်ဆိုသလို ကျဆင်းလာတယ် ဆိုတာတွေဟာ စိတ်ဓာတ်ကျ ရောဂါလက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ အလားတူပဲ ရှင်းပြရခက်စွာ ကိုယ်အလေးချိန် တိုးလာခြင်း ဖြစ်တာလဲရှိပါတယ်။ အားကစားခန်းမ Gym သွားပြီး လေ့ကျင်ခန်းလုပ်ဖို့ စိတ်လက်မချမ်းသာဖြစ်နေတာ သို့မဟုတ် ဘာအစားအစာကို စားနေတယ် ဘာသောက်နေတယ် ဂရုမစိုက်မိတာတွေကြောင့် ပေါင်ချိန်အနည်းငယ် အမြန်အဆန် စတိုးလာတာဖြစ်နိုင်ပါတယ်။

စိတ်ကျရောဂါ ဖြစ်နေပြီလို့ယူဆမိရင် ဘာလုပ်ကြမှာလဲ 

စိတ်​ထဲ အရောရောအထွေးထွေးဖြစ်နေချိန် စိတ်ဓာတ်ကျ ရောဂါ၏ ဘေးထွက်ဆိုးကျိုးက သေဆုံးခြင်း ဖြစ်နိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စု မိမိကိုယ်​ကို သတ်သေမှုမှ ကာကွယ်​​ရေး ဖောင်ဒေးရှင်း(American Foundation For Suicide Prevention) ရဲ့ တွေ့ရှိချက်ကတော့ အမျိုးသားများနဲ့ အမျိုးသမီးများ သတ်သေတဲ့အကြိမ်အရေအတွက်မှာ အမျိုးသားက ၃ ဒဿ     မ ၅ ကြိမ်ပိုသလို သေဆုံးရခြင်းရဲ့ အကြောင်းပြချက်မှာ နံပါတ် ၇ချိတ်ပါတယ်။ အဆိုပါလူတွေဟာ စိတ်ကျရောဂါ လက္ခဏာပုံစံအချို့ကို ရင်ဆိုင်ဖြတ်သန်းရင်း မိမိကိုယ်​ကို သတ်သေတဲ့အမှုကို ကျူးလွန်ခဲ့ကြခြင်းဖြစ်ပါတယ်။

မည်​မည်​ရရ ကုသချက်မှာ ပြန်လည်ကျန်းမာခြင်းဖြစ်နိုင်တယ် အချိန်ယူရမယ် ဆိုတာပါပဲ။ အချို့တွေက စိတ်ဓာတ်ရေးရာ ကုထုံး(Psychotherapy) သို့မဟုတ် ဆေးဝါးတစ်ခုခုဖြင့် ကုသမှုခံယူခြင်း သူတို့တွေရဲ့ စိတ်ဓာတ်ကျရောဂါကို ကုသကြပါတယ်။ လေ့လာသူများရဲ့ အကြံပေးချက်ကတော့ ကုထုံးနဲ့ ဆေးဝါး နှစ်မျိုးစလုံးကို တပြိုင်နက်တည်း ပေါင်းစည်းခံယူတာက အထိရောက်ဆုံးလို့ဆိုပါတယ်။

လူအမျိုးမျိုး စိတ်အထွေထွေကွဲပြားကြတာဆိုတော့ မိသားစုဆရာဝန် သို့မဟုတ် သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားပြ တိုင်ပင်ပြီး ဘယ်လိုကုသချက်က မိမိနဲ့အဆင်ပြေမလဲတိုင်ပင်ရပါမယ်။ သူတို့က မလွှဲမရှောင်သာ စိတ်ကျရောဂါ သက်သာပျောက်ကင်းဆေးကို သောက်ဖို့ညွှန်းချိန် အမျိုးသားအများစုဟာ စိတ်ကုထုံးနဲ့ ဦးစွာ ကုသဖို့ ပိုနှစ်သက်ကြတာတွေ့ရပါတယ်။ ရွေးချယ်ခွင့်ရခဲ့ရင်တော့ အဆင်ပြေတဲ့ စိတ်ရောဂါကုထုံးပညာရှင် (Psychologist or Psycho Therapist) တို့ စိတ်ရောဂါကုဆရာဝန်ကြီးတို့ထဲက တစ်ယောက်ယောက်စီ အရင်ချဉ်းကပ်ရမှာပေါ့ ခင်ဗျာ။

Alex Aung (16 July 2018)

Ref: 8 Signs Of Depression You Probably Don't Know About BY ALISA HRUSTIC 

No comments: