Saturday, July 21, 2018
အုန်းနို့သာကူပြင် - လက် စမိုင် - ပိန်းဥအော်ကွေ့ကြည်
ပိန်းဥအော်ကွေ့ကြည်လုပ်နည်း
〰〰〰〰〰〰〰〰〰〰〰
ပါဝင်ပစ္စည်းများ~
   ပိန်းဥ - ၁၀ကျပ်သား
   မွှေး ဆန်စိမ်းမှုန့် - ၁ထုပ်
   မွှေး ကော်မှုန့် - ထမင်းစားဇွန်း၂ဇွန်း
   ပုဇွန်ခြောက် - အနည်းငယ်
   ဆား - အနည်းငယ်
    အရသာမှုန့် - အနည်းငယ်
    ငရုတ်ကောင်းမှုန့် - အနည်းငယ်
    သကြား - ၁ဇွန်း တို့လိုအပ်ပါတယ်။
 -ပထမဦးစွာပိန်းဥများကိုအခွံခွာရေဆေးပြီးအတုံးငယ်လေးများတုံးထားပါ။
 -ဆန်မှုန့်နဲ့ကော်မှုန့်တို့ကိုရေနို့ဆီဗူးတစ်ဝက်သာသာနဲ့မပျစ်မကျဲဖျော်ထားပါ။
 -ဒယ်အိုးထဲပိန်းဥများထည့်ပုဇွန်ခြောက်ကိုရေဆေးထည့် ဆား အရသာမှုန့် သကြား
ငရုတ်ကောင်းမှုန့်တို့ထည့်ရေမြုပ်အောင်ထည့်ပြီးပိန်းဥမနူးမခြင်းရေနဲနဲစီထပ်ထည့်၍ပြုတ်ပါ။နူးခါနီးကျပိန်းဥလေးတွေကျေအောင်ခြေပေးပါ။
 -ပိန်းဥနူးလျှင်ဖျော်ထားသည့်ဆန်မှုန့်နဲ့ကော်မှုန့်ထည့်မီးအားလျှော့ချပြီးမွှေပေးပါ။
-ရေခမ်းပြီးပျစ်ခဲလာလျှင်ဆီသုတ်ထားသည့်မိမိပေါင်းမယ့်ခွက်ထဲထည့်ဇွန်းဖင်ကိုဆီလေးသုတ်ပြီးဖိထည့်ပေးပါ။
ပြီးလျှင်ပေါင်းမယ့်အိုးထဲအောက်ကရေခံ၍စကာပေါ်ခွက်များစီထည့်ပြီးပုံထဲကအတိုင်းခွက်ကိုအဖုံးအုပ်၍မိနစ်၄၀ခန့်ပေါင်းပါ။
-ပြီးလျှင်အအေးခံ၍လိုသလိုလှီးဖြတ်ကြော်စားနိုင်ပါပြီ။
-ပုဇွန်ခြောက်နံ့သင်းသင်းလေးနဲ့အော်ကွေ့ကြည်လေးအရမ်းစားကောင်းပါတယ်ရှင့်။
-မုန်လာဥ ၊ ရွှေဖရုံသီးတို့နဲ့လည်းပိန်းဥအစားလုပ်နိုင်ပါသည်သကြားထည့်စရာမလိုပါ။
                             ကျေးဇူးတင်ပါတယ်
                                       မိုးသန္တာ
အုန်းနို့များများနဲ့ သာကူပြင်
လတ်တလောနာမည်ကြီးနေတာကို ကိုယ်တိုင်ပဲ လုပ်စားလိုက်တော့တယ်။
1. အုန်းသီး 2 လုံး ( ဦးရေညှစ်ပြီး ဖယ်ထား....ကျန်တဲ့အုန်းသီးဖတ်တွေကို 3 ရေညှစ်) 2400 Kyats
2. သာကူစေ့ ( 15 ကျပ်သားခန့်)  800 Kyats
3.သကြား ( 25 သားခန့်) 250 kyats
4.ဂျုံမှုန့် ( ထမင်းစားဇွန်း 5 ဇွန်း) 200 kyats
5.ထောပါတ် ထမင်းစားဇွန်း 4 ဇွန်း ( မုန့်ဖုတ်မယ့်ဗန်းထဲသုတ်ထားပါ)
6.နို့စိမ်း ဘူးတဝက် - 500 ကျပ်
**အုန်းသီး 3 ရေညှစ်ထားတာကိုတည်ပြီး ဆူလာရင် သကြား 10 သား ၊ ဆား လက်ဖက်ဇွန်တဇွန်း ၊ သာကူစေ့ထည့်ကျို
**အဖြူဆံလေးတွေ မပျောက်တပျောက်အထိကျိုပြီး ထောပါတ်သုတ်ထားတဲ့ဗန်းထဲ ညီအောင်လောင်ထည့်ပြီး အအေးခံ
**အုန်းနို့ဦးရေ ၊ နို့စိမ်း ၊ သကြားလက်ကျန် ၊ ဆား လက်ဖက်ရည် 1 ဇွန်း ၊ ဂျုံရေဖျော် တို့ကိုပျစ်နေတဲ့အထိ ကျို..
**ကပ်တတ်လို့ မကြာခဏမွှေးပေးပါ
**ပျစ်ခဲလာရင် အအေးခံထားတဲ့ သာကူပြင်ပေါ်လောင်းထည့်ပြီး Ovan ထဲ 20 min ထည့်ဖုတ်ပါတယ် ( 200'C)
အအေးခံ....လှီး။
**ကျွန်မ ဂျုံမှုန့်ထည့်နည်းသွားလို့ အပေါ် အုန်းနို့တထပ်က အနည်းငယ်ပျော့သွားပါတယ်။ ကျွန်မအနေနဲ့တော့ အနေတော်ပါပဲ။ခပ်မာမာလေးဖြစ်ချင်ရင် ဂျုံမှုန့် ပိုထည့်ပါ။
ဂျုံမှုန့်မပါ အုန့်နို့ကြီးသာဆိုရင် မာဖို့မလွယ်ဘူးထင်လို့ ဂျုံမှုန့်ထည့်သုံးရတာပါ။
အိမ်ကသူတွေကတော့ very good လို့ပြောပါတယ်။
ကုန်ကျစရိတ် ခန့်မှန်းခြေ 5000 လောက်ပဲရှိပြီး 2 ဗန်းရပါတယ်။
လက်​စမိုင်
လက်​စမိုင်​    ၅၀သား
အုန်းသီး       ၅ လုးံ
သကြား        ၅၀သား
ထောပတ်​      ၅ကျပ်​သား
မြေပဲ​လှော်     ၁၀သား
သီဟိုဠ်​​စေ့      ၂၀သား
အုန်းသီးအနု    ၁လုးံ
ဆား              စားပွဲတင်​ဇွန်း ၂ဇွန်း
ရေ.               ၁၅လီတာ
နို့စိမ်း             ၂ဘူး
       လက်​စမိုင်​   ဆိုတာ  ဂျုံကို  စက်​နဲ့  အမျှင်​ဖြစ်​​အောင်​လုပ်​ထားတဲ့  စမိုင်​မဟုတ်​ဘဲ။ ဂျုံကို  ​ရေနဲ့နယ်​  ရလာတဲ့  ဂျုံသားကို  ပွလာ​အောင်​ခဏထားပြီး  လက်​က​လေးနဲ့. ပွတ်​ပြီး  စမိုင်​အ​စေ့​လေး​တွေရလာ​အောင်​လှိမ့်​  ဂျုံမှုန့်​နဲ့. ပြန်​သမ​အောင်​​မွှေပြီး  ​နေပူလှမ်းထားတဲ့   စမိုင်​အ​စေ့​လေး​တွေပါ   လုပ်​ရတာ  လက်​၀င်​လွန်းလှပါတယ်​။
           လက်​စမိုင်​​လေး​တွေကို   နီ​ရောင်​သမ်းလာ​အောင်​  ​လှော်​ထားပါ။
            အုန်းသီး၅လုးံကို    ခြစ်​ပြီး  ​ရေ၁၅လီတာနဲ့.  အုန်းရည်​ညှစ်​ထားပြီး   ဆူ​အောင်​ကျိုထားပါ။
            အုန်းသီးနုနုတလုးံကို   အခွံခွာပြီး  ပါးပါးလှီးထားပါ။
            သီဟိုဠ်​​စေ့      ​ရေ​နွေး​လေးနှင့်​​ဆေးပြီး   ​ရေစစ်​ထားပါ။
             အုန်း​ရေ၁၅လီတာ နှင့်​ နို့စိမ်း၂ဘူးကို  ဆူ​အောင်​တည်​ပြီး    ဆူလာလျှင်​  သကြား  ဆား   အုန်းသီးအနုလှီးထားတာ  ​မြေပဲ   သီဟိုဠ်​​စေ့  အားလုးံ​ရောထည့်​ပါ   ပြန်​ပြီး  ပွက်​ပွက်​ဆူလာလျှင်​   လက်​စမိုင်​​လှော်​ပြီးသားများထည့်​ပြီး   ​မွှေ​ပေးပါ။ထောပတ်​၅ကျပ်​သားကို  အပူ​ပေးထားပြီး   စမိုင်​အိုးထဲသို့ထည့်​ပါ။
   လက်​စမိုင်​​လေးများ  အုန်း​ရည်​အိုးထဲ  ထည့်​ပြီး ၁၀မိနစ်​ခန့်​အကြာတွင်​  မီးဖို​ပေါ်မှချပြီး  အိုးအဖုးံဖုးံ​ပေးထားပါ။
     မီးဖို​ပေါ်. ဆက်​တင်​ထားလျှင်​   လက်​စမိုင်​​လေးများ  ​ပျော်​သွားမှာ  စိုး၍ဖြစ်​ပါတယ်​။
     မီးဖို​ပေါ်မှ  ​အောက်​ချပြီး ၁၅မိနစ်​ခန့်​အကြာတွင်​    လက်​စမိုင်​​လေးများ  နူးအိ​နေပြီ   ဖြစ်​လို့.  စားသုးံလို့ရပါပြီ။
   [ကိုယ်​တိုင်​ပြုလုပ်​သူ    သွဲ့ဦးမွန်​ ThweooMon]
*** စား/ချက် Group မှ ကူးယူဖော်ပြခြင်း ဖြစ်သည်။
No comments: